သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွား၀န္ႀကီးခ်ဳပ္ကိုျဖဳတ္ခ်ဖို႔ အတိုက္အခံေခါင္းေဆာင္ Anwar Ibrahim ႀကိဳးပမ္း


မေလးရွား အတိုက္အခံေခါင္းေဆာင္ Anwar Ibrahim။ (စက္တင္ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

မေလးရွား၀န္ႀကီးခ်ဳပ္ Muhyiddin Yassin
မေလးရွား၀န္ႀကီးခ်ဳပ္ Muhyiddin Yassin

မေလးရွား၀န္ႀကီးခ်ဳပ္ Muhyiddin Yassin ကို ျဖဳတ္ခ်ၿပီး အစိုးရသစ္တရပ္ဖြဲ႔စည္းႏုိင္မယ့္ ခိုင္မာတဲ့ အေထာက္အထားေတြကို မေလးရွားဘုရင္န႔ဲ အဂၤါေန႔က ေတြ႔ဆုံခ်ိန္မွာ တင္ျပခဲ့တယ္လို႔ အတုိက္အခံေခါင္းေဆာင္ Anwar Ibrahim ကေျပာပါတယ္။ သူ႔အေပၚ လႊတ္ေတာ္အမတ္ ၁၂၀ ေက်ာ္တု႔ိ ေထာက္ခံထားတယ္ဆိုတဲ့ ယုံၾကည္လက္ခံႏုိင္ေလာက္တဲ့ခိုင္မာတဲ့ သက္ေသအေထာက္အထားေတြကို ဘုရင္နဲ႔ နန္းေတာ္မွာ တနာရီနီးပါးေတြ႔ဆုံတဲ့အခ်ိန္မွာ တင္ျပခဲ့တယ္လို႔ Anwar ကေျပာပါတယ္။

ဒီသက္ေသေတြေၾကာင့္ ၀န္ႀကီးခ်ဳပ္ Muhyiddin ကို ျဖဳတ္ခ်ဖို႔ျဖစ္လာႏုိင္ေျခ ရွိပါတယ္။ ဘုရင္ကေတာ့ ဆုံးျဖတ္ခ်က္မခ်ခင္ အျခားပါတီေခါင္းေဆာင္ေတြနဲ႔ တုိင္ပင္ၿပီး ဖြဲ႔စည္းပုံအေျခခံဥပေဒပါျပဌာန္းခ်က္အရ လုပ္ကိုင္သြားမယ္လို႔ ကတိျပဳေျပာဆိုခဲ့တယ္လို႔လည္း အတုိက္အခံေခါင္းေဆာင္ Ibrahim ကေျပာပါတယ္။

အေသးစိတ္အခ်က္အလက္ေတြကို Ibrahim က ေျပာဆိုခဲ့ျခင္းမရွိေပမဲ့ ဘုရင္ဘက္က အေထာက္အထားေတြကို ေလ့လာသုံးသပ္ဖို႔ အခ်ိန္ေပးၾကပါလို႔ မေလးရွားျပည္သူေတြကို တုိက္တြန္းခဲ့ပါတယ္။ ေထာက္ခံမႈအမ်ားစုမရေတာ့တဲ့ ၀န္ႀကီးခ်ဳပ္ Muhyiddin Yassin အေနနဲ႔ ႏုတ္ထြက္မွ သင့္ေတာ္လိမ့္မယ္လို႔လည္း Ibrahim က ကြာလာလမ္ပူၿမိဳ ႔ကသတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာပါ။

လႊတ္ေတာ္အမတ္အမ်ားစုရဲ ႔ေထာက္ခံမႈနဲ႔ မတ္လမွာ ၀န္ႀကီးခ်ဳပ္ျဖစ္လာတဲ့ Muhiddin ကေတာ့ ေထာက္ခံမႈအမ်ားစု ဆုံးရႈံးသြားၿပီဆိုတဲ့ အတုိက္အခံေခါင္းေဆာင္ Ibrahim ရဲ ႔ေျပာဆိုခ်က္ကို ပယ္ခ်ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားဝန်ကြီးချုပ်ကိုဖြုတ်ချဖို့ အတိုက်အခံခေါင်းဆောင် Anwar Ibrahim ကြိုးပမ်း

မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin ကို ဖြုတ်ချပြီး အစိုးရသစ်တရပ်ဖွဲ့စည်းနိုင်မယ့် ခိုင်မာတဲ့ အထောက်အထားတွေကို မလေးရှားဘုရင်နဲ့ အင်္ဂါနေ့က တွေ့ဆုံချိန်မှာ တင်ပြခဲ့တယ်လို့ အတိုက်အခံခေါင်းဆောင် Anwar Ibrahim ကပြောပါတယ်။ သူ့အပေါ် လွှတ်တော်အမတ် ၁၂၀ ကျော်တု့ိ ထောက်ခံထားတယ်ဆိုတဲ့ ယုံကြည်လက်ခံနိုင်လောက်တဲ့ခိုင်မာတဲ့ သက်သေအထောက်အထားတွေကို ဘုရင်နဲ့ နန်းတော်မှာ တနာရီနီးပါးတွေ့ဆုံတဲ့အချိန်မှာ တင်ပြခဲ့တယ်လို့ Anwar ကပြောပါတယ်။

ဒီသက်သေတွေကြောင့် ဝန်ကြီးချုပ် Muhyiddin ကို ဖြုတ်ချဖို့ဖြစ်လာနိုင်ခြေ ရှိပါတယ်။ ဘုရင်ကတော့ ဆုံးဖြတ်ချက်မချခင် အခြားပါတီခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်အရ လုပ်ကိုင်သွားမယ်လို့ ကတိပြုပြောဆိုခဲ့တယ်လို့လည်း အတိုက်အခံခေါင်းဆောင် Ibrahim ကပြောပါတယ်။

အသေးစိတ်အချက်အလက်တွေကို Ibrahim က ပြောဆိုခဲ့ခြင်းမရှိပေမဲ့ ဘုရင်ဘက်က အထောက်အထားတွေကို လေ့လာသုံးသပ်ဖို့ အချိန်ပေးကြပါလို့ မလေးရှားပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ ထောက်ခံမှုအများစုမရတော့တဲ့ ဝန်ကြီးချုပ် Muhyiddin Yassin အနေနဲ့ နုတ်ထွက်မှ သင့်တော်လိမ့်မယ်လို့လည်း Ibrahim က ကွာလာလမ်ပူမြို့ကသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

လွှတ်တော်အမတ်အများစုရဲ့ထောက်ခံမှုနဲ့ မတ်လမှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ Muhiddin ကတော့ ထောက်ခံမှုအများစု ဆုံးရှုံးသွားပြီဆိုတဲ့ အတိုက်အခံခေါင်းဆောင် Ibrahim ရဲ့ပြောဆိုချက်ကို ပယ်ချခဲ့ပါတယ်။

XS
SM
MD
LG