သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားက တရားမဝင္အလုပ္သမားေတြ တရားဝင္ျဖစ္ဖို႔ မေလးရွားအစိုးရစီစဥ္ေန


မေလးရွားႏိုင္ငံ Kuala Lumpur မွာ ေတြ႔ရတဲ့ လမ္းသြားလမ္းလာတခ်ိဳ႕။ (ၾသဂုတ္ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ မေလးရွားႏုိင္ငံမွာ တရားမဝင္ေရာက္လာတဲ့ အလုပ္သမားေတြကို အလုပ္ရွင္ေတြက အလုပ္ျပန္ခန႔္ႏိုင္မယ့္ အစီအစဥ္ကို မေလးရွားအစိုးရက ေၾကညာလိုက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပပါမယ္။

မေလးရွားမွာ တရားမဝင္ ေနထိုင္ေနတဲ့ အလုပ္သမားေတြကို လုပ္ငန္းခြင္ေတြမွာ တရားဝင္အလုပ္ျပန္ခန႔္ႏိုင္ဖို႔ ဆုံးျဖတ္ထားေၾကာင္း မေလးရွား ျပည္ထဲေရးဝန္ႀကီး Hamzah bin Zainudin က ႏိုဝင္ဘာ ၁၂ ရက္မွာ ေၾကညာလိုက္တာပါ။

အစီအစဥ္နဲ႔ ပတ္သက္လုိ႔ သက္ဆိုင္ရာ ႏိုင္ငံသံ႐ုံးေတြနဲ႔ ဘယ္လိုခ်ိတ္ဆက္ ေဆာက္႐ြက္ရမယ္ဆိုတဲ့ အေသးစိတ္ကိုေတာ့ မေလးရွားအစိုးရက ေနာက္ထပ္ ေၾကညာဖို႔ရွိေၾကာင္း ျမန္မာသံ႐ုံး အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းက ဗြီအိုေအကို ေျပာပါတယ္။

“တရားမဝင္ အလုပ္သမားကို သူက နည္းလမ္း ၂ ခုနဲ႔ အဆင္ေျပေအာင္ လုပ္ေပးမယ့္ သေဘာေပါ့ေနာ္။ ပထမနည္းလမ္းကေတာ့ ဒီႏိုင္ငံမွာ ရွိေနတဲ့ ေဆာက္လုပ္ေရး၊ စိုက္ပ်ိဳးေရး agriculture ေပါ့ေနာ္... အဲဒီလိုေနရာေတြကို သူတို႔က permit ခ်ေပးမယ္၊ ေနာက္တခုက ျပန္ခ်င္ရင္လည္း ျပန္ဖို႔ရန္အတြက္ programme တခု လုပ္ေပးမယ္ဆိုၿပီး သူတို႔ခ်င္း ေဆြးေႏြးထားတာေပါ့ေနာ္။ human resource ရယ္၊ immigration ရယ္၊ ျပည္ထဲေရးရယ္ သူတို႔ ေဆြးေႏႊးၿပီးေတာ့ ျပန္ပို႔မယ့္အစီအစဥ္ ရွိတယ္ဆိုတာကို သတင္းထုတ္ျပန္ တာေပါ့ေနာ္။”

မေလးရွားအစိုးရရဲ႕ အခုေၾကညာခ်က္မွာ အလုပ္လုပ္ခြင့္သက္တမ္း ေက်ာ္ေနတဲ့သူေတြကိုလည္း သက္ေသခံလက္မွတ္ ျပန္ေလွ်ာက္ခြင့္ရမယ္ ဆိုတာလည္း ထည့္သြင္းေျပာသြားပါတယ္။ မေလးရွားႏိုင္ငံက အိမ္နီးခ်င္း အင္ဒိုနီးရွားႏိုင္ငံေလာက္ ကိုဗစ္ေရာဂါ ဆိုးဆိုး႐ြား႐ြား မျဖစ္ေပမဲ့ ကပ္ေရာေၾကာင့္ ျဖစ္လာတဲ့ ေနာက္ဆက္တြဲ စီးပြားေရးထိခိုက္တဲ့ သက္ေရာက္မႈကို ခံစားေနရေၾကာင္း သတင္းေတြမွာ ေရးသားၾကပါတယ္။

ဒါေၾကာင့္လည္း အခုလို အစီအစဥ္ေတြ လုပ္လာတာျဖစ္ႏိုင္ေၾကာင္း ဦးေအာင္ေဇာ္မင္းက ဆက္ေျပာပါတယ္။

“သူတို႔ႏိုင္ငံရဲ႕ စီးပြားေရးက ေသခ်ာေပါက္ က်ေနတဲ့ သေဘာမ်ိဳးမွာ ရွိတယ္။ အဲဒီလိုမ်ိဳးဟာကို ေသခ်ာေပါက္ recover လုပ္ခ်င္တာလည္း ပါႏိုင္တယ္။ ေနာက္တခုက အေထာက္အထားမဲ့ေတြကို ျပန္ၿပီးေတာ့ ရွင္းခ်င္တာလည္း ပါလိမ့္မယ္ေပါ့ေနာ္။ တခ်ိဳ႕ အေထာက္အထားမဲ့ေတြက သူတို႔ contact လုပ္လို႔မရတာတို႔ ဘာတို႔၊ ေနာက္တခုက တရားဝင္ ေဆးကုသခြင့္မရေတာ့ အတြင္းထဲမွာ က်ိတ္ၿပီး ျဖစ္တာတို႔ဘာတို႔ အဲဒီလိုမ်ိဳးဟာရဲ႕ အေၾကာင္းျပခ်က္ကေတာ့ issue ေလး၊ ငါးမ်ိဳးေလာက္ ရွိတာေပါ့ေနာ္။”

မေလးရွားမွာ တရားဝင္အလုပ္လုပ္ေနတဲ့ ျမန္မာလုပ္သားက ၂၅၀,၀၀၀ ဝန္းက်င္ရွိၿပီး စာရင္းမေရာက္တဲ့ တရားမဝင္ အလုပ္သမားလည္း သိန္းခ်ီ ရွိႏိုင္တယ္လို႔ ခန႔္မွန္းထားတာလည္း ရွိပါတယ္။ ျမန္မာအသိုင္းအဝန္းမွာလည္း ဒီကိစၥကို နားစြင့္ေနၿပီး မေလးရွားအစိုးရက တရားမဝင္ အလုပ္သမားေတြကို အေရးယူတဲ့ အစီအစဥ္ေတြ ေလွ်ာ့ေပါ့လာမယ္လို႔ ျမင္ေၾကာင္း မေလးရွားေရာက္ အလုပ္သမားတဦးျဖစ္တဲ့ ကိုေအာင္ေဇာ္က ဗြီအိုေအကို ေျပာပါတယ္။

“ပါမစ္ထုတ္ေပးဖို႔ေတာ့ တရားဝင္ေတာ့ သူတို႔ေၾကညာထားတယ္။ ဘယ္ရက္ကေန စလုပ္ေပးမယ္ ဆိုတာကေတာ့ ေၾကညာခ်က္ထဲမွာေတာ့ တင္ထားတယ္။ ေလွ်ာ့ေပါ့လိုက္မယ့္သေဘာေတာ့ ရွိပါတယ္။”

တေက်ာ့ျပန္ ကိုဗစ္ေရာဂါကူးစက္ႏႈန္း ျပန္တက္လာလို႔ မေလးရွားႏိုင္ငံရဲ႕ ၿမိဳ႕အမ်ားမွာ အသြားအလာ ကန႔္သတ္ထားတုန္း ျဖစ္ပါတယ္။ ဒီကပ္ေရာဂါအေျခအေနေတြေၾကာင့္ ျပည္ပက အလုပ္သမားေတြကို ထပ္ၿပီးဝင္ခြင့္ မျပဳေသးပါဘူး။ ဒါေၾကာင့္ လတ္ရွိပါမစ္သက္တမ္း ကုန္ေနတဲ့ ႏိုင္ငံတြင္းက ျမန္မာအပါအဝင္ ျပည္ပလုပ္သားေတြကို ေလွ်ာ့ေပါ့ေပးမယ့္ အစီအစဥ္ေတြ စဥ္းစားလာေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားက တရားမဝင်အလုပ်သမားတွေ တရားဝင်ဖြစ်ဖို့ မလေးရှားအစိုးရစီစဉ်နေ

မြန်မာနိုင်ငံသားတွေ အပါအဝင် မလေးရှားနိုင်ငံမှာ တရားမဝင်ရောက်လာတဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေက အလုပ်ပြန်ခန့်နိုင်မယ့် အစီအစဉ်ကို မလေးရှားအစိုးရက ကြေညာလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပါမယ်။

မလေးရှားမှာ တရားမဝင် နေထိုင်နေတဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင်တွေမှာ တရားဝင်အလုပ်ပြန်ခန့်နိုင်ဖို့ ဆုံးဖြတ်ထားကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး Hamzah bin Zainudin က နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာလိုက်တာပါ။

အစီအစဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံသံရုံးတွေနဲ့ ဘယ်လိုချိတ်ဆက် ဆောက်ရွက်ရမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မလေးရှားအစိုးရက နောက်ထပ် ကြေညာဖို့ရှိကြောင်း မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက ဗွီအိုအေကို ပြောပါတယ်။

“တရားမဝင် အလုပ်သမားကို သူက နည်းလမ်း ၂ ခုနဲ့ အဆင်ပြေအောင် လုပ်ပေးမယ့် သဘောပေါ့နော်။ ပထမနည်းလမ်းကတော့ ဒီနိုင်ငံမှာ ရှိနေတဲ့ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး agriculture ပေါ့နော်... အဲဒီလိုနေရာတွေကို သူတို့က permit ချပေးမယ်၊ နောက်တခုက ပြန်ချင်ရင်လည်း ပြန်ဖို့ရန်အတွက် programme တခု လုပ်ပေးမယ်ဆိုပြီး သူတို့ချင်း ဆွေးနွေးထားတာပေါ့နော်။ human resource ရယ်၊ immigration ရယ်၊ ပြည်ထဲရေးရယ် သူတို့ ဆွေးနွှေးပြီးတော့ ပြန်ပို့မယ့်အစီအစဉ် ရှိတယ်ဆိုတာကို သတင်းထုတ်ပြန် တာပေါ့နော်။”

မလေးရှားအစိုးရရဲ့ အခုကြေညာချက်မှာ အလုပ်လုပ်ခွင့်သက်တမ်း ကျော်နေတဲ့သူတွေကိုလည်း သက်သေခံလက်မှတ် ပြန်လျှောက်ခွင့်ရမယ် ဆိုတာလည်း ထည့်သွင်းပြောသွားပါတယ်။ မလေးရှားနိုင်ငံက အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံလောက် ကိုဗစ်ရောဂါ ဆိုးဆိုးရွားရွား မဖြစ်ပေမဲ့ ကပ်ရောကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ စီးပွားရေးထိခိုက်တဲ့ သက်ရောက်မှုကို ခံစားနေရကြောင်း သတင်းတွေမှာ ရေးသားကြပါတယ်။

ဒါကြောင့်လည်း အခုလို အစီအစဉ်တွေ လုပ်လာတာဖြစ်နိုင်ကြောင်း ဦးအောင်ဇော်မင်းက ဆက်ပြောပါတယ်။

“သူတို့နိုင်ငံရဲ့ စီးပွားရေးက သေချာပေါက် ကျနေတဲ့ သဘောမျိုးမှာ ရှိတယ်။ အဲဒီလိုမျိုးဟာကို သေချာပေါက် recover လုပ်ချင်တာလည်း ပါနိုင်တယ်။ နောက်တခုက အထောက်အထားမဲ့တွေကို ပြန်ပြီးတော့ ရှင်းချင်တာလည်း ပါလိမ့်မယ်ပေါ့နော်။ တချို့ အထောက်အထားမဲ့တွေက သူတို့ contact လုပ်လို့မရတာတို့ ဘာတို့၊ နောက်တခုက တရားဝင် ဆေးကုသခွင့်မရတော့ အတွင်းထဲမှာ ကျိတ်ပြီး ဖြစ်တာတို့ဘာတို့ အဲဒီလိုမျိုးဟာရဲ့ အကြောင်းပြချက်ကတော့ issue လေး၊ ငါးမျိုးလောက် ရှိတာပေါ့နော်။”

မလေးရှားမှာ တရားဝင်အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားက ၂၅၀,၀၀၀ ဝန်းကျင်ရှိပြီး စာရင်းမရောက်တဲ့ တရားမဝင် အလုပ်သမားလည်း သိန်းချီ ရှိနိုင်တယ်လို့ ခန့်မှန်းထားတာလည်း ရှိပါတယ်။ မြန်မာအသိုင်းအဝန်းမှာလည်း ဒီကိစ္စကို နားစွင့်နေပြီး မလေးရှားအစိုးရက တရားမဝင် အလုပ်သမားတွေကို အရေးယူတဲ့ အစီအစဉ်တွေ လျှော့ပေါ့လာမယ်လို့ မြင်ကြောင်း မလေးရှားရောက် အလုပ်သမားတဦးဖြစ်တဲ့ ကိုအောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

“ပါမစ်ထုတ်ပေးဖို့တော့ တရားဝင်တော့ သူတို့ကြေညာထားတယ်။ ဘယ်ရက်ကနေ စလုပ်ပေးမယ် ဆိုတာကတော့ ကြေညာချက်ထဲမှာတော့ တင်ထားတယ်။ လျှော့ပေါ့လိုက်မယ့်သဘောတော့ ရှိပါတယ်။”

တကျော့ပြန် ကိုဗစ်ရောဂါကူးစက်နှုန်း ပြန်တက်လာလို့ မလေးရှားနိုင်ငံရဲ့ မြို့အများမှာ အသွားအလာ ကန့်သတ်ထားတုန်း ဖြစ်ပါတယ်။ ဒီကပ်ရောဂါအခြေအနေတွေကြောင့် ပြည်ပက အလုပ်သမားတွေကို ထပ်ပြီးဝင်ခွင့် မပြုသေးပါဘူး။ ဒါကြောင့် လတ်ရှိပါမစ်သက်တမ်း ကုန်နေတဲ့ နိုင်ငံတွင်းက မြန်မာအပါအဝင် ပြည်ပလုပ်သားတွေကို လျှော့ပေါ့ပေးမယ့် အစီအစဉ်တွေ စဉ်းစားလာနေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG