သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားထိန္းသိမ္းေရးစခန္းေတြက ျမန္မာ ၇၀၀ နီးပါး ေနရပ္ျပန္ခြင့္ရ


မေလးရွားထိန္းသိမ္းေရးစခန္း ၁၃ ခုက ျမန္မာေတြကို မေလးရွားနဲ႔ ျမန္မာႏွစ္ႏိုင္ငံအစိုးရအစီစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ခဲ့တဲ့ ျမင္ကြင္း (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ႏိုဝင္ဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္အေပၚကာလမွာ မေလးရွားႏိုင္ငံ ထိန္းသိမ္းေရးစခန္းေတြက ျမန္မာ ၇၀၀ နီးပါးကို မေလးရွားနဲ႔ ျမန္မာႏွစ္ႏိုင္ငံအစီအစဥ္နဲ႔ ႏုိ၀င္ဘာလ ၅ ရက္ေန႔မွာ ဒုတိယအသုတ္အေနနဲ႔ အစုလိုက္အျပံဳလိုက္ျပန္ပို႔ေပးခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလးရွားထိန္းသိမ္းေရးစခန္း ၁၃ ခုက ျမန္မာေတြကို မေလးရွားနဲ႔ ျမန္မာႏွစ္ႏိုင္ငံအစိုးရအစီစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ခဲ့တဲ့ ျမင္ကြင္း (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ႏိုဝင္ဘာ ၀၅၊ ၂၀၂၀)
မေလးရွားထိန္းသိမ္းေရးစခန္း ၁၃ ခုက ျမန္မာေတြကို မေလးရွားနဲ႔ ျမန္မာႏွစ္ႏိုင္ငံအစိုးရအစီစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ခဲ့တဲ့ ျမင္ကြင္း (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ႏိုဝင္ဘာ ၀၅၊ ၂၀၂၀)

မေလးရွားႏိုင္ငံက လူ၀င္မႈႀကီးၾကပ္ေရး အက်ဥ္းေထာင္ေတြထဲမွာ ထိန္းသိမ္းခံထားရတဲ့ျမန္မာႏိုင္ငံသားေတြထဲက လူဦးေရ ၁၀၀၀ နီးပါးကို ဒီရက္ပိုင္းအတြင္း ျပန္ရာမွာ ဒီီထဲက က်န္ေနတဲ့ ၇၀၀ နီးပါးကုိေတာ့ အစုအေ၀းနဲ႔ ဒုတိယအသုတ္အျဖစ္ ပုိ႔ခဲ့ေၾကာင္း မေလးရွားႏုိင္ငံ ကြာလာလမ္ပူေလဆိပ္မွာ ေရာက္ရွိေနတဲ့ မေလးရွားႏိုင္ငံျမန္မာလူမႈကူညီေရးအသင္းဥကၠ႒ ဦးစန္း၀င္းကအခုလိုေျပာျပပါတယ္။

"၇၀၀ ပတ္၀န္းက်င္ေပါ့။ နဂုိကတည္းက ျပန္ဖို႔လုပ္ထားတာ ၇၁၀ ေလာက္ရွိတယ္။ ၇၀၀ ပတ္၀န္းက်င္ေတာ့ျပန္ျဖစ္တယ္။ မေလးရွားႏိုင္ငံမွာ အေႀကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိန္းသိမ္းေရး စခန္းထားရတဲ့ ထိန္းသိမ္းေရးစခန္း ၁၃ ခုမွာ ရွိတ့ဲ ျမန္မာႏိုင္ငံသားေတြကို ႏွစ္ႏုိင္ငံအစိုးရရဲ႕ ညိွႏိႈင္းထားခ်က္အရ အခု မေလးရွားအစုိးရက အခမဲ့ ျပန္ပုိ႔ေပးတဲ့အစီစဥ္ပါ။"

ထိန္းသိမ္းေရးစခန္း ၁၃ ခုက ခ်ဳပ္ရက္ျပည့္ေနတဲ့ျမန္မာ ၃,၀၀၀ ေလာက္ရွိတဲ့အထဲက က်န္းမာေရးအရေရာ ႏိုင္ငံသားျဖစ္မႈေတြပါ စီစစ္ထားျပီးသား လူေတြကို ႏို၀င္ဘာလ ၁ ရက္ေန့စျပီး ျပန္ပို႔ေပးေနတာျဖစ္ျပီး ႏို၀င္ဘာလ ၅ရက္ေန႔မွာေတာ့ ေလယာဥ္ ၃ စီးနဲ႔ ျပန္ပုိ႔ေပးေနတာပါ။ သူတို႔ကုိေတာ့ အ၀တ္အစားနဲ႔ စားစရာေလးေတြကို မေလးရွားႏိုင္ငံျမန္မာလူမႈကူညီေရးအသင္းနဲ႔ ေစတနာရွင္ေတြ၊ အလွဴရွင္ေတြ၊ ပရဟိတအဖဲြ႔ေတြက ကူညီေပးခဲ့ႀကပါတယ္။

ထိန္းသိမ္းစခန္းေတြထဲက ဖမ္းဆီးခံရသူေတြထဲမွာ ကိုယ္၀န္ေဆာင္ေတြနဲ႔ ကေလးငယ္ရွိသူေတြပါ ပါ၀င္ၾကတယ္လို႔ ဆုိပါတယ္။

"မေလးရွားမွာ ကုိဗစ္ကာလ ပိတ္ဆုိ႔ကန္႔သတ္ခ်ိန္ထဲက ဖမ္းဆီးခံရတဲ့သူေတြဆိုရင္ပုိၾကာသြားတယ္။ အခုဆို ၆ လ၊ ၇ လေလာက္ရွိျပီ။ ဖမ္းခံထားရတာေပါ့ တခ်ိဳ႕လည္း ၂ လ၊ ၃ လၾကာတာေတြလည္းပါတယ္။ တခ်ိဳ႕ လြတ္ခါနီး တျခားအသုတ္မွာ ကုိယ္၀န္ေဆာင္ေတြျဖစ္ေနတယ္။ ေမြးဖြားဖို႔နဲ႔ ေမြးကင္းစအရြယ္ေတြကုိေတာ့ျပန္လႊတ္လို႔ မရပါဘူး။ အခုေတာ့ ကေလး ၂ လ ေက်ာ္၊ ၃လသားအရြယ္ကေလးေတြ ၃ ေယာက္ေတြ႔တယ္ တႏွစ္၊ နွစ္ႏွစ္ပတ္၀န္းက်င္ကေလးငယ္ေတြလည္း ေလး၊ ငါးေယာက္ေလာက္ေတာ့ ရွိပါတယ္။"

ခန႔္မွန္းေျခ ျမန္မာႏိုင္ငံသား ၅၅၀,၀၀၀ ေလာက္ အလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားႏိုင္ငံမွာ ကပ္ေရာဂါကာလ ကန႔္သတ္ခ်က္ေတြေၾကာင့္ ျမန္မာႏုိင္ငံသားေတြ အလုပ္အကိုင္နဲ႔ စားဝတ္ေနေရး အခက္အခဲေတြ ႀကဳံေနၾကရတာပါ။ ဒါေၾကာင့္လည္း ေနရပ္ျပန္ဖို႔ စာရင္းေပးသြင္းထားတဲ့ တရားမ၀င္ အလုပ္သမား ၁၀,၀၀၀ ေက်ာ္ရွိေနပါတယ္။ ေနရပ္ျပန္ဖို႔က ခက္ခဲတဲ့အေျခအေနေတြေၾကာင့္တရားမဝင္ နည္းလမ္းေတြနဲ႔ ႀကိဳးစားရင္း မေလးရွား-ထိုင္းနယ္စပ္မွာ ဖမ္းဆီးခံရသူေတြလည္း အမ်ားအျပား ရွိေနသလို တခ်ဳိ႕ဆိုရင္ လူေမွာင္ခိုကူးသူေတြရဲ႕ သားေကာင္ေတြအျဖစ္ က်ေရာက္သြားၾကရတာပါ။ ကိုဗစ္အေရးေပၚကာလမွာ မေလးရွားေရာက္ျမန္မာေတြထဲက မိမိကိုယ္ကုိ အဆံုးစီရင္တာကေတာ့ ၁၈ ဦးထိ ရွိသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားထိန်းသိမ်းရေးစခန်းတွေက မြန်မာ ၇၀၀ နီးပါး နေရပ်ပြန်ခွင့်ရ

ကိုဗစ်အပေါ်ကာလမှာ မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေက မြန်မာ ၇၀၀ နီးပါးကို မလေးရှားနဲ့ မြန်မာနှစ်နိုင်ငံအစီအစဉ်နဲ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ဒုတိယအသုတ်အနေနဲ့ အစုလိုက်အပြုံလိုက်ပြန်ပို့ပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မေလးရွားထိန္းသိမ္းေရးစခန္း ၁၃ ခုက ျမန္မာေတြကို မေလးရွားနဲ႔ ျမန္မာႏွစ္ႏိုင္ငံအစိုးရအစီစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ခဲ့တဲ့ ျမင္ကြင္း (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ႏိုဝင္ဘာ ၀၅၊ ၂၀၂၀)
မေလးရွားထိန္းသိမ္းေရးစခန္း ၁၃ ခုက ျမန္မာေတြကို မေလးရွားနဲ႔ ျမန္မာႏွစ္ႏိုင္ငံအစိုးရအစီစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ခဲ့တဲ့ ျမင္ကြင္း (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ႏိုဝင္ဘာ ၀၅၊ ၂၀၂၀)

မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတဲ့မြန်မာနိုင်ငံသားတွေထဲက လူဦးရေ ၁၀၀၀ နီးပါးကို ဒီရက်ပိုင်းအတွင်း ပြန်ရာမှာ ဒီထဲက ကျန်နေတဲ့ ၇၀၀ နီးပါးကိုတော့ အစုအဝေးနဲ့ ဒုတိယအသုတ်အဖြစ် ပို့ခဲ့ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံမြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းကအခုလိုပြောပြပါတယ်။

"၇၀၀ ပတ်ဝန်းကျင်ပေါ့။ နဂိုကတည်းက ပြန်ဖို့လုပ်ထားတာ ၇၁၀ လောက်ရှိတယ်။ ၇၀၀ ပတ်ဝန်းကျင်တော့ပြန်ဖြစ်တယ်။ မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းရေး စခန်းထားရတဲ့ ထိန်းသိမ်းရေးစခန်း ၁၃ ခုမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကို နှစ်နိုင်ငံအစိုးရရဲ့ ညှိနှိုင်းထားချက်အရ အခု မလေးရှားအစိုးရက အခမဲ့ ပြန်ပို့ပေးတဲ့အစီစဉ်ပါ။"

ထိန်းသိမ်းရေးစခန်း ၁၃ ခုက ချုပ်ရက်ပြည့်နေတဲ့မြန်မာ ၃,၀၀၀ လောက်ရှိတဲ့အထဲက ကျန်းမာရေးအရရော နိုင်ငံသားဖြစ်မှုတွေပါ စီစစ်ထားပြီးသား လူတွေကို နိုဝင်ဘာလ ၁ ရက်နေ့စပြီး ပြန်ပို့ပေးနေတာဖြစ်ပြီး နိုဝင်ဘာလ ၅ရက်နေ့မှာတော့ လေယာဉ် ၃ စီးနဲ့ ပြန်ပို့ပေးနေတာပါ။ သူတို့ကိုတော့ အဝတ်အစားနဲ့ စားစရာလေးတွေကို မလေးရှားနိုင်ငံမြန်မာလူမှုကူညီရေးအသင်းနဲ့ စေတနာရှင်တွေ၊ အလှူရှင်တွေ၊ ပရဟိတအဖွဲ့တွေက ကူညီပေးခဲ့ကြပါတယ်။

ထိန်းသိမ်းစခန်းတွေထဲက ဖမ်းဆီးခံရသူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်ရှိသူတွေပါ ပါဝင်ကြတယ်လို့ ဆိုပါတယ်။

"မလေးရှားမှာ ကိုဗစ်ကာလ ပိတ်ဆို့ကန့်သတ်ချိန်ထဲက ဖမ်းဆီးခံရတဲ့သူတွေဆိုရင်ပိုကြာသွားတယ်။ အခုဆို ၆ လ၊ ၇ လလောက်ရှိပြီ။ ဖမ်းခံထားရတာပေါ့ တချို့လည်း ၂ လ၊ ၃ လကြာတာတွေလည်းပါတယ်။ တချို့ လွတ်ခါနီး တခြားအသုတ်မှာ ကိုယ်ဝန်ဆောင်တွေဖြစ်နေတယ်။ မွေးဖွားဖို့နဲ့ မွေးကင်းစအရွယ်တွေကိုတော့ပြန်လွှတ်လို့ မရပါဘူး။ အခုတော့ ကလေး ၂ လ ကျော်၊ ၃လသားအရွယ်ကလေးတွေ ၃ ယောက်တွေ့တယ် တနှစ်၊ နှစ်နှစ်ပတ်ဝန်းကျင်ကလေးငယ်တွေလည်း လေး၊ ငါးယောက်လောက်တော့ ရှိပါတယ်။"

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရတာပါ။ ဒါကြောင့်လည်း နေရပ်ပြန်ဖို့ စာရင်းပေးသွင်းထားတဲ့ တရားမဝင် အလုပ်သမား ၁၀,၀၀၀ ကျော်ရှိနေပါတယ်။ နေရပ်ပြန်ဖို့က ခက်ခဲတဲ့အခြေအနေတွေကြောင့်တရားမဝင် နည်းလမ်းတွေနဲ့ ကြိုးစားရင်း မလေးရှား-ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေသလို တချို့ဆိုရင် လူမှောင်ခိုကူးသူတွေရဲ့ သားကောင်တွေအဖြစ် ကျရောက်သွားကြရတာပါ။ ကိုဗစ်အရေးပေါ်ကာလမှာ မလေးရှားရောက်မြန်မာတွေထဲက မိမိကိုယ်ကို အဆုံးစီရင်တာကတော့ ၁၈ ဦးထိ ရှိသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG