သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းက ဆႏၵျပသူေတြကိုလည္း ဘုရင္က ေမတၱာထားတယ္လို႔ဆို


ဘုရင္စနစ္ကုိ ေထာက္ခံတဲ့ အဝါေရာင္ဝတ္ ဆႏၵျပသူေတြနဲ႔ ေတြ႔ဆုံေနတဲ့ ထုိင္းဘုရင္ Vajiralongkorn. (ႏုိဝင္ဘာ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္းဘုရင့္လုပ္ပိုင္ခြင့္အာဏာကို ကန္႔သတ္ေလွ်ာ့ခ်ဖို႔ လေပါင္းမ်ားစြာ ဆႏၵျပ ေတာင္းဆိုေနသူေတြကို သူ႔အေနနဲ႔ ေမတၱာမပ်က္ဘဲ ခ်စ္ခင္ပါေၾကာင္း ထိုင္းဘုရင္ Maha Vajiralongkorn က ပထမဆုံးအႀကိမ္ လူသိရွင္ၾကား ေျပာဆိုလိုက္ပါတယ္။

ျပည္သူေတြအားလုံးကို တေျပးညီ ခ်စ္ပါတယ္လုိ႔ ထိုင္းဘုရင္ Maha Vajiralongkorn က ထိုင္း႐ုပ္သံ Channel 4 သတင္းေထာက္ကို ေျဖၾကားခဲ့တာပါ။

"ဆႏၵျပသူေတြရဲ႕ ေတာင္းဆုိခ်က္ကို ညႇိႏႈိင္းလိုက္ေလ်ာဖုိ႔ ဆႏၵရွိပါသလား" ဆိုတဲ့ ေမးခြန္းကိုေတာ့ ထုိင္းဘုရင္က "ထုိင္းႏိုင္ငံဟာ ႏွစ္ဖက္ ညႇိႏႈိင္းေဆာင္ရြက္တတ္တဲ့ ႏိုင္ငံမ်ဳိးျဖစ္တယ္" လို႔သာ ေျဖၾကားခဲ့ပါတယ္။

ထိုင္းဆႏၵျပပဲြေတြကို ေက်ာင္းသားအမ်ားစုက ဦးေဆာင္ၿပီး အဓိကအားျဖင့္ ဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုေနတာပါ။ တခ်ိန္တည္းမွာပဲ ထိုင္းဘုရင္စနစ္ကိုလည္း အေျပာင္းအလဲလုပ္ဖုိ႔ ေတာင္းဆိုလာၾကပါတယ္။ ထိုင္းဘုရင္ကို ေဝဖန္ ေစာ္ကားရင္ ႏွစ္ရွည္ေထာင္ဒဏ္ သတ္မွတ္ထားတဲ့ ထုိင္းႏိုင္ငံမွာ ဘုရင္စနစ္ ေျပာင္းလဲေပးဖို႔ဆုိတဲ့ အခုလိုလႈပ္ရွားမႈေတြ မႀကဳံစဘူး ေပၚထြက္လာပါတယ္။

ထုိင္းဘုရင္ Vajiralongkorn ဟာ ထုိင္းဘုရင္စနစ္ကုိ ေထာက္ခံတဲ့ အဝါေရာင္ဝတ္ ဆႏၵျပသူေတြနဲ႔ သြားေရာက္ေတြ႔ဆုံခ်ိန္မွာ ေျပာဆိုလိုက္တာပါ။

ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း ဘုရင္စနစ္ ေထာက္ခံသူေတြနဲ႔ ဆန္႔က်င္သူေတြၾကား ထိပ္တိုက္ ခုိက္ရန္ျဖစ္ပြားမႈ အနည္းငယ္ ျဖစ္ခဲ့ပါတယ္။

လူငယ္အမ်ားစု ဦးေဆာင္တဲ့ ထိုင္း Future Forward ပါတီကို ဖ်က္သိမ္းေၾကာင္း ပါလီမန္က ေၾကညာခဲ့ခ်ိန္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီကစလို႔ ထိုင္းႏိုင္ငံတြင္း ဆႏၵျပပဲြေတြ ခုခ်ိန္ထိ ျဖစ္ပြားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ထိုင်းက ဆန္ဒပြသူတွေကိုလည်း ဘုရင်က မေတ္တာထားတယ်လို့ဆို

ထိုင်းဘုရင့်လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်လျှော့ချဖို့ လပေါင်းများစွာ ဆန္ဒပြ တောင်းဆိုနေသူတွေကို သူ့အနေနဲ့ မေတ္တာမပျက်ဘဲ ချစ်ခင်ပါကြောင်း ထိုင်းဘုရင် Maha Vajiralongkorn က ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောဆိုလိုက်ပါတယ်။

ပြည်သူတွေအားလုံးကို တပြေးညီ ချစ်ပါတယ်လို့ ထိုင်းဘုရင် Maha Vajiralongkorn က ထိုင်းရုပ်သံ Channel 4 သတင်းထောက်ကို ဖြေကြားခဲ့တာပါ။

"ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို ညှိနှိုင်းလိုက်လျောဖို့ ဆန္ဒရှိပါသလား" ဆိုတဲ့ မေးခွန်းကိုတော့ ထိုင်းဘုရင်က "ထိုင်းနိုင်ငံဟာ နှစ်ဖက် ညှိနှိုင်းဆောင်ရွက်တတ်တဲ့ နိုင်ငံမျိုးဖြစ်တယ်" လို့သာ ဖြေကြားခဲ့ပါတယ်။

ထိုင်းဆန္ဒပြပွဲတွေကို ကျောင်းသားအများစုက ဦးဆောင်ပြီး အဓိကအားဖြင့် ဝန်ကြီးချုပ် Prayut Chan-o-cha နုတ်ထွက်ပေးဖို့ တောင်းဆိုနေတာပါ။ တချိန်တည်းမှာပဲ ထိုင်းဘုရင်စနစ်ကိုလည်း အပြောင်းအလဲလုပ်ဖို့ တောင်းဆိုလာကြပါတယ်။ ထိုင်းဘုရင်ကို ဝေဖန် စော်ကားရင် နှစ်ရှည်ထောင်ဒဏ် သတ်မှတ်ထားတဲ့ ထိုင်းနိုင်ငံမှာ ဘုရင်စနစ် ပြောင်းလဲပေးဖို့ဆိုတဲ့ အခုလိုလှုပ်ရှားမှုတွေ မကြုံစဘူး ပေါ်ထွက်လာပါတယ်။

ထိုင်းဘုရင် Vajiralongkorn ဟာ ထိုင်းဘုရင်စနစ်ကို ထောက်ခံတဲ့ အဝါရောင်ဝတ် ဆန္ဒပြသူတွေနဲ့ သွားရောက်တွေ့ဆုံချိန်မှာ ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဘုရင်စနစ် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား ထိပ်တိုက် ခိုက်ရန်ဖြစ်ပွားမှု အနည်းငယ် ဖြစ်ခဲ့ပါတယ်။

လူငယ်အများစု ဦးဆောင်တဲ့ ထိုင်း Future Forward ပါတီကို ဖျက်သိမ်းကြောင်း ပါလီမန်က ကြေညာခဲ့ချိန် ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစလို့ ထိုင်းနိုင်ငံတွင်း ဆန္ဒပြပွဲတွေ ခုချိန်ထိ ဖြစ်ပွားနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG