သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေက်ာင္းသားဆႏၵျပမႈ ထုတ္လႊင့္ေနတဲ့ အြန္လိုင္း႐ုပ္သံကို အေရးယူပိတ္ပင္


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းအစိုးရကို ေ၀ဖန္တဲ့ အြန္လိုင္း႐ုပ္ျမင္သံၾကားဌာနရဲ႕ ထုတ္လႊင့္မႈေတြကို ပိတ္ပင္ဖို႔ ထုိင္းတရား႐ုံးတခုက အဂၤါေန႔မွာ အမိန္႔ထုတ္ျပန္လိုက္ပါတယ္။ ၃ လၾကာေပၚေပါက္ေနတဲ့ ထုိင္းဆႏၵျပပြဲေတြ ရပ္ဆိုင္းေအာင္ အစိုးရက ထုတ္ျပန္တဲ့ အေရးေပၚလိုက္နာမယ့္ ျပဌာန္းခ်က္ေတြကို ခ်ိဳးေဖာက္တယ္ဆိုၿပီး Voice TV သတင္းဌာန စြပ္စြဲခံထားရတာပါ။

Voice TV သတင္းဌာနဟာ ကြန္ပ်ဴတာ ရာဇတ္မႈဆုိင္ရာျပဌာန္းခ်က္ကို ခ်ိဳးေဖာက္ၿပီး သတင္းမွားေတြကိုု ထုတ္လႊင့္ခဲ့တာကိုေတြ႔ရတယ္လို႔လည္း ဒစ္ဂ်စ္တယ္စီးပြားေရးနဲ႔ လူမႈေရး ၀န္ႀကီးဌာန ေျပာခြင့္ရသူ Putchapong Nodthaisong က သတင္းေထာက္ေတြကိုေျပာပါတယ္။ Voice TV အယ္ဒီတာခ်ဳပ္ကေတာ့ တရားရုံး အမိန္႔ေရာက္လာတဲ့အခ်ိန္ထိ သတင္းေတြကို ဆက္ၿပီး ထုတ္လႊင့္သြြားမယ္လို႔ေျပာပါတယ္။

၀န္ႀကီးခ်ဳပ္ပယာရြတ္ခ်ိန္အိုခ်ာ ႏုတ္ထြက္ေပးေရးနဲ႔ တန္ခိုးထြားတဲ့ သက္ဦးဆံပိုင္ဘုရင္စနစ္ျပဳျပင္ေျပာင္းလဲေရးေတာင္းဆိုေနတဲ့ ဆႏၵျပပြဲေတြဟာ အစိုးရရဲ ႔ ပုံရိပ္ကို ထိခိုက္ေစတယ္ဆိုၿပီး စဲြခ်က္တင္ခဲ့တာပါ။ အဲဒီ သတင္းေတြကို ပုံႏွိပ္ေဖာ္ျပခြင့္မျပဳတဲ့ ထုိင္းအစိုးရကို လူ႔အခြင့္အေရးအဖြဲ႔ေတြက ေ၀ဖန္ေနၾကပါတယ္။ အလားတူ အျခားသတင္းဌာန ၃ ခုကိုလည္း ဆက္လက္စုံစမ္းစစ္ေဆးေနတယ္လို႔ ထုိင္းတာ၀န္ရွိသူေတြကေျပာပါတယ္။

လူငယ္ေက်ာင္းသား အမ်ားစုဦးေဆာင္တဲ့ ထုိင္းဆႏၵျပပြဲေတြ ဇူလိုင္ကလယ္ေလာက္ကတည္းက ေပၚေပါက္ေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့တပတ္က ဖမ္းဆီးထားတဲ့ ထင္ရွားတဲ့ ဆႏၵျပေခါင္းေဆာင္ ၃ ဦးကို အာမခံနဲ႔ ဒီကေန႔ ျပန္လႊတ္ေပးခဲ့ေပမယ့္ သူတို႔ထဲက ၂ ေယာက္ကို ခ်က္ခ်င္းဆိုသလို ျပန္ၿပီး ဖမ္းဆီးလိုက္ပါတယ္။ ဘန္ေကာက္ၿမိဳ႕မွာ လူ ၄ ဦးထက္ပိုၿပီး မစုေ၀းရအမိန္႔ကို ေအာက္တိုဘာ ၁၅ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ေပမယ့္ ေထာင္ေသာင္းခ်ီတဲ့လူေတြကေတာ့ အမိန္႔ကိုအာခံၿပီး ဆက္လက္ဆႏၵျပေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းကျောင်းသားဆန္ဒပြမှု ထုတ်လွှင့်နေတဲ့ အွန်လိုင်းရုပ်သံကို အရေးယူပိတ်ပင်

ထိုင်းအစိုးရကို ဝေဖန်တဲ့ အွန်လိုင်းရုပ်မြင်သံကြားဌာနရဲ့ ထုတ်လွှင့်မှုတွေကို ပိတ်ပင်ဖို့ ထိုင်းတရားရုံးတခုက အင်္ဂါနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ၃ လကြာပေါ်ပေါက်နေတဲ့ ထိုင်းဆန္ဒပြပွဲတွေ ရပ်ဆိုင်းအောင် အစိုးရက ထုတ်ပြန်တဲ့ အရေးပေါ်လိုက်နာမယ့် ပြဌာန်းချက်တွေကို ချိုးဖောက်တယ်ဆိုပြီး Voice TV သတင်းဌာန စွပ်စွဲခံထားရတာပါ။

Voice TV သတင်းဌာနဟာ ကွန်ပျူတာ ရာဇတ်မှုဆိုင်ရာပြဌာန်းချက်ကို ချိုးဖောက်ပြီး သတင်းမှားတွေကို ထုတ်လွှင့်ခဲ့တာကိုတွေ့ရတယ်လို့လည်း ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Putchapong Nodthaisong က သတင်းထောက်တွေကိုပြောပါတယ်။ Voice TV အယ်ဒီတာချုပ်ကတော့ တရားရုံး အမိန့်ရောက်လာတဲ့အချိန်ထိ သတင်းတွေကို ဆက်ပြီး ထုတ်လွှင့်သွားမယ်လို့ပြောပါတယ်။

ဝန်ကြီးချုပ်ပယာရွတ်ချိန်အိုချာ နုတ်ထွက်ပေးရေးနဲ့ တန်ခိုးထွားတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးတောင်းဆိုနေတဲ့ ဆန္ဒပြပွဲတွေဟာ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်ဆိုပြီး စွဲချက်တင်ခဲ့တာပါ။ အဲဒီ သတင်းတွေကို ပုံနှိပ်ဖော်ပြခွင့်မပြုတဲ့ ထိုင်းအစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။ အလားတူ အခြားသတင်းဌာန ၃ ခုကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းတာဝန်ရှိသူတွေကပြောပါတယ်။

လူငယ်ကျောင်းသား အများစုဦးဆောင်တဲ့ ထိုင်းဆန္ဒပြပွဲတွေ ဇူလိုင်ကလယ်လောက်ကတည်းက ပေါ်ပေါက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တပတ်က ဖမ်းဆီးထားတဲ့ ထင်ရှားတဲ့ ဆန္ဒပြခေါင်းဆောင် ၃ ဦးကို အာမခံနဲ့ ဒီကနေ့ ပြန်လွှတ်ပေးခဲ့ပေမယ့် သူတို့ထဲက ၂ ယောက်ကို ချက်ချင်းဆိုသလို ပြန်ပြီး ဖမ်းဆီးလိုက်ပါတယ်။ ဘန်ကောက်မြို့မှာ လူ ၄ ဦးထက်ပိုပြီး မစုဝေးရအမိန့်ကို အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမယ့် ထောင်သောင်းချီတဲ့လူတွေကတော့ အမိန့်ကိုအာခံပြီး ဆက်လက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG