သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း၀န္ႀကီးခ်ဳပ္ ၃ ရက္အတြင္း ႏုတ္ထြက္ဖို႔ ဆႏၵျပသမားေတြ ေတာင္းဆို


(Zawgyi/Unicode)

ဆႏၵျပပြဲေတြကို ႏွိမ္နင္းဖို႔ ရည္ရြယ္ ထုတ္ျပန္ထားတဲ့ အေရးေပၚ အေျခအေန အမိန္႔ကို ႐ုပ္သိမ္းေကာင္း ႐ုပ္သိမ္း သြားမယ္လို႔ ထိုင္း ဝန္ႀကီးခ်ဳပ္က ဗုဒၶဟူးေန႔ က ေျပာပါတယ္။ ဒါေပမဲ့ ဆႏၵျပေနသူေတြကေတာ့ ဝန္ႀကီးခ်ဳပ္ Prayuth Chan-O-Cha သုံးရက္အတြင္း ရာထူး က ႏုတ္ထြက္ေပးရမယ္ လို႔ ေတာင္းဆိုလိုက္ၿပီ ျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္က အာဏာသိမ္းေခါင္းေဆာင္ ျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ Prayuth က တနိုင္ငံလုံးကို မိန္႔ခြန္း ေျပာၾကားရာမွာ အၾကမ္းဖက္မႈေတြ မရွိဘူးဆိုရင္ ဘန္ေကာက္ၿမိဳ႕အတြင္း အေရးေပၚ အေျခအေနကို ႐ုပ္သိမ္းေပးနိုင္တယ္လို႔လည္းေျပာပါတယ္။ ဘယ္ေတာ့ ႐ုပ္သိမ္းေပးမလဲဆိုတာကိုေတာ့ ေျပာၾကားတာ မရွိပါဘူး။

ဆႏၵျပပြဲကို ဦးေဆာင္ေနသူေတြကေတာ့ ၃ ရက္အတြင္း ဝန္ႀကီးခ်ဳပ္ Prayuth ရာထူးက မႏုတ္ထြက္ဘူးဆိုရင္ ဆႏၵျပပြဲေတြ ထပ္လုပ္သြားမယ္လို႔ ဗုဒၶဟူးေန႔က ေျပာပါတယ္။

ဗုဒၶဟူးေန႔က ေထာင္ခ်ီတဲ့ ဆႏၵျပသူေတြက လူ ၄ ေယာက္ထက္ ပိုမစုရဆိုတဲ့ အမိန္႔ကို အာခံၿပီး ဒီမိုကေရစီ အထိမ္းအမွတ္ အိမ္ေတာ္နဲ႔ ဝန္ႀကီးခ်ဳပ္ အိမ္ေတာ္ေတြဆီကို ၆ ရက္ဆက္တိုက္ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ဗုဒၶဟူးေန႔ အေစာပိုင္းကလည္း VOICE TV ကို ပိတ္ပင္တဲ့ ဆုံးျဖတ္ခ်က္ကို တရား႐ုံးက ျပန္႐ုပ္သိမ္းခဲ့ပါတယ္။ အဲဒီ TV လိုင္းကို ျပည္ပမွာ ေရာက္ရွိေနတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း Thaksin Shinawatra မိသားစု ပိုင္တာ ျဖစ္ပါတယ္။ အစိုးရက စုံစမ္းစစ္ေဆးမႈေတြ အလုပ္ခံေနရတဲ့ မီဒီယာ ၄ ခုထဲ အဲဒီ VOICE TV လည္း ပါဝင္တာပါ။

ဆႏၵျပသူေတြက ထိုင္း စည္းမ်ဥ္းခံ ဘုရင္စနစ္ကို ျပဳျပင္ ေျပာင္းလဲေပးဖို႔ကိုလည္း ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။ ထိုင္း ေတာ္ဝင္ေတြကို ေစာ္ကားရင္ ရာဇဝတ္မႈ ေျမာက္တာမို႔ ထိုင္း စည္းမ်ဥ္းခံ ဘုရင္ စနစ္ဟာ ထိုင္းနိုင္ငံမွာ အထိမခံတဲ့ အရာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ထိုင်းဝန်ကြီးချုပ် ၃ ရက်အတွင်း နုတ်ထွက်ဖို့ ဆန္ဒပြသမားတွေ တောင်းဆို

(Unicode)

ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ ရည်ရွယ် ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေ အမိန့်ကို ရုပ်သိမ်းကောင်း ရုပ်သိမ်း သွားမယ်လို့ ထိုင်း ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့ က ပြောပါတယ်။ ဒါပေမဲ့ ဆန္ဒပြနေသူတွေကတော့ ဝန်ကြီးချုပ် Prayuth Chan-O-Cha သုံးရက်အတွင်း ရာထူး က နုတ်ထွက်ပေးရမယ် လို့ တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က အာဏာသိမ်းခေါင်းဆောင် ဖြစ်တဲ့ ဝန်ကြီးချုပ် Prayuth က တနိုင်ငံလုံးကို မိန့်ခွန်း ပြောကြားရာမှာ အကြမ်းဖက်မှုတွေ မရှိဘူးဆိုရင် ဘန်ကောက်မြို့အတွင်း အရေးပေါ် အခြေအနေကို ရုပ်သိမ်းပေးနိုင်တယ်လို့လည်းပြောပါတယ်။ ဘယ်တော့ ရုပ်သိမ်းပေးမလဲဆိုတာကိုတော့ ပြောကြားတာ မရှိပါဘူး။

ဆန္ဒပြပွဲကို ဦးဆောင်နေသူတွေကတော့ ၃ ရက်အတွင်း ဝန်ကြီးချုပ် Prayuth ရာထူးက မနုတ်ထွက်ဘူးဆိုရင် ဆန္ဒပြပွဲတွေ ထပ်လုပ်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ထောင်ချီတဲ့ ဆန္ဒပြသူတွေက လူ ၄ ယောက်ထက် ပိုမစုရဆိုတဲ့ အမိန့်ကို အာခံပြီး ဒီမိုကရေစီ အထိမ်းအမှတ် အိမ်တော်နဲ့ ဝန်ကြီးချုပ် အိမ်တော်တွေဆီကို ၆ ရက်ဆက်တိုက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းကလည်း VOICE TV ကို ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို တရားရုံးက ပြန်ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီ TV လိုင်းကို ပြည်ပမှာ ရောက်ရှိနေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra မိသားစု ပိုင်တာ ဖြစ်ပါတယ်။ အစိုးရက စုံစမ်းစစ်ဆေးမှုတွေ အလုပ်ခံနေရတဲ့ မီဒီယာ ၄ ခုထဲ အဲဒီ VOICE TV လည်း ပါဝင်တာပါ။

ဆန္ဒပြသူတွေက ထိုင်း စည်းမျဉ်းခံ ဘုရင်စနစ်ကို ပြုပြင် ပြောင်းလဲပေးဖို့ကိုလည်း တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ထိုင်း တော်ဝင်တွေကို စော်ကားရင် ရာဇဝတ်မှု မြောက်တာမို့ ထိုင်း စည်းမျဉ်းခံ ဘုရင် စနစ်ဟာ ထိုင်းနိုင်ငံမှာ အထိမခံတဲ့ အရာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG