သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀န္ႀကီးခ်ဳပ္ေဟာင္း Thaksin နဲ႔ပတ္သက္တဲ႔ရုပ္သံ ထိုင္းတရားရံုးပိတ္ပင္


(Zawgyi/Unicode)

ျပည္ပမွာ တိမ္းေရွာင္ေနတဲ႔ ထိုင္း၀န္ႀကီးခ်ဳပ္ေဟာင္း Thaksin Shinawatra နဲ႔ ပတ္သက္ေနတဲ႔ ထိုင္း ရုပ္သံဌာန တခုကို အစုိးရ ဆန္႔က်င္ေရး ဆႏၵျပ သတင္းေတြ ေဖာ္ျပမႈေၾကာင့္ လုပ္ငန္းေတြ ရပ္ဖို႔ အဂၤါေန႔မွာ တရားရံုး တခုက အမိန္႔ခ်လိုက္ပါတယ္။

ၿမိဳ႕ေတာ္ ဘန္ေကာက္မွာ သီတင္း တပတ္နီးပါး ရွိလာၿပီ ျဖစ္တဲ႔ အစိုးရ ဆန္႔က်င္ေရး ဆႏၵျပ သတင္းေတြ ေဖာ္ျပမႈေၾကာင့္ လုပ္ငန္းေတြ ရပ္ဖို႔ အမိန္႔ထုတ္ခံရတဲ႔ သတင္း မီဒီယာ အဖြဲ႔ အစည္း ၄ ခုထဲမွာ သက္ဆင္မိသားစုရဲ႕ ပိုင္ဆိုင္မႈ ပါတဲ႔ Voice TV လည္း ပါ၀င္ခဲ႔တာပါ။

မီဒီယာေတြက သတင္းမွားေတြ ထုတ္လႊင့္ေနတယ္လို႔ ၀န္ႀကီးခ်ဳပ္Prayut Chan-O-Cha က အဂၤါေန႔မွာ စြပ္စြဲပါတယ္္။ ဒီဂ်စ္တယ္ စီးပြားေရး ၀န္ႀကီးဌာနရဲ႕ တိုင္ၾကားခ်က္ အေပၚ တရားရံုးက စီရင္ခ်က္ ခ်ခဲ႔ၿပီးေနာက္မွာ ၀န္ႀကီးခ်ဳပ္ Chan-O-Cha က ေျပာဆိုခဲ႔တာပါ။ အခုလို လုပ္ငန္းေတြ ပိတ္ဖို႔ ညႊန္ၾကားခံရတဲ႔ မီဒီယာ လုပ္ငန္းေတြဟာ ကြန္ပ်ဴတာ ျပစ္မႈဆိုင္ရာ ဥပေဒေတြနဲ႔ အေရးေပၚ အမိန္႔ကို ခ်ိဳးေဖာက္တယ္လို႔ ၀န္ႀကီးဌာနက ေျပာဆိုထားပါတယ္။

Voice TV ရဲ႕ အမႈေဆာင္ Makin Petplai ကေတာ့ သတင္းထုတ္လႊင့္မႈေတြက အမ်ိဳးသား လံုၿခံဳေရးကို ထိပါးတယ္ဆိုတာကို ျငင္းပါတယ္။ တရားရံုးရဲ႕ အမိန္႔စာ စာရြက္ လက္ခံမရ မခ်င္း အြန္လိုင္းကေန ရုပ္သံ ဆက္လက္ထုတ္လႊင့္မယ္လို႔လည္း Voice TV ရဲ႕ ႏုိင္ငံေရး အစီအစဥ္ တင္ဆက္သူ Virot Ali က ေျပာပါတယ္။

Voice TV, Prachatai, The Reporters နဲ႔ The Standard သတင္းဌာန ၄ ခုကို ထိုင္းရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးမႈကို အထူးဘဲ စိုးရိမ္ေၾကာင္း ထိုင္းႏုိင္ငံျခား သတင္းေထာက္မ်ား အသင္းကလည္း ေျပာဆိုထားပါတယ္။

လူ ၄ ဦးထက္ ပိုမစုရဆိုတဲ႔ တားျမစ္ခ်က္ကို ဆန္႔က်င္ၿပီး ၿပီးခဲ႔တဲ႔ သီတင္းပတ္က စလို႔ ၿမိဳ႕ေတာ္ ဘန္ေကာက္မွာ ေထာင္နဲ႔ခ်ီတဲ႔ ဆႏၵျပေနၾကတာပါ။ ၀န္ႀကီးခ်ဳပ္ ႏုတ္ထြက္ေပးဖို႔၊ စစ္တပ္က ေရးဆြဲတဲ႔ အေျခခံ ဥပေဒကို ျပင္ဆင္ဖို႔၊ ဘုရင္ စနစ္ျပဳျပင္ေျပာင္းလဲဖို႔ ဆႏၵျပသူေတြ ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

၀န်ကြီးချုပ်ဟောင်း Thaksin နဲ့ပတ်သက်တဲ့ရုပ်သံ ထိုင်းတရားရုံးပိတ်ပင်

(Unicode)

ပြည်ပမှာ တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ ပတ်သက်နေတဲ့ ထိုင်း ရုပ်သံဌာန တခုကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သတင်းတွေ ဖော်ပြမှုကြောင့် လုပ်ငန်းတွေ ရပ်ဖို့ အင်္ဂါနေ့မှာ တရားရုံး တခုက အမိန့်ချလိုက်ပါတယ်။

မြို့တော် ဘန်ကောက်မှာ သီတင်း တပတ်နီးပါး ရှိလာပြီ ဖြစ်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သတင်းတွေ ဖော်ပြမှုကြောင့် လုပ်ငန်းတွေ ရပ်ဖို့ အမိန့်ထုတ်ခံရတဲ့ သတင်း မီဒီယာ အဖွဲ့ အစည်း ၄ ခုထဲမှာ သက်ဆင်မိသားစုရဲ့ ပိုင်ဆိုင်မှု ပါတဲ့ Voice TV လည်း ပါဝင်ခဲ့တာပါ။

မီဒီယာတွေက သတင်းမှားတွေ ထုတ်လွှင့်နေတယ်လို့ ဝန်ကြီးချုပ် Prayut Chan-O-Cha က အင်္ဂါနေ့မှာ စွပ်စွဲပါတယ်။ ဒီဂျစ်တယ် စီးပွားရေး ဝန်ကြီးဌာနရဲ့ တိုင်ကြားချက် အပေါ် တရားရုံးက စီရင်ချက် ချခဲ့ပြီးနောက်မှာ ဝန်ကြီးချုပ် Chan-O-Cha က ပြောဆိုခဲ့တာပါ။ အခုလို လုပ်ငန်းတွေ ပိတ်ဖို့ ညွှန်ကြားခံရတဲ့ မီဒီယာ လုပ်ငန်းတွေဟာ ကွန်ပျူတာ ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးပေါ် အမိန့်ကို ချိုးဖောက်တယ်လို့ ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

Voice TV ရဲ့ အမှုဆောင် Makin Petplai ကတော့ သတင်းထုတ်လွှင့်မှုတွေက အမျိုးသား လုံခြုံရေးကို ထိပါးတယ်ဆိုတာကို ငြင်းပါတယ်။ တရားရုံးရဲ့ အမိန့်စာ စာရွက် လက်ခံမရ မချင်း အွန်လိုင်းကနေ ရုပ်သံ ဆက်လက်ထုတ်လွှင့်မယ်လို့လည်း Voice TV ရဲ့ နိုင်ငံရေး အစီအစဉ် တင်ဆက်သူ Virot Ali က ပြောပါတယ်။

Voice TV, Prachatai, The Reporters နဲ့ The Standard သတင်းဌာန ၄ ခုကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုကို အထူးဘဲ စိုးရိမ်ကြောင်း ထိုင်းနိုင်ငံခြား သတင်းထောက်များ အသင်းကလည်း ပြောဆိုထားပါတယ်။

လူ ၄ ဦးထက် ပိုမစုရဆိုတဲ့ တားမြစ်ချက်ကို ဆန့်ကျင်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က စလို့ မြို့တော် ဘန်ကောက်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြနေကြတာပါ။ ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့၊ စစ်တပ်က ရေးဆွဲတဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့၊ ဘုရင် စနစ်ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြသူတွေ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG