သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ Pheu Thai ပါတီ မဲအများစုရ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မဲရေတွက်နေပုံ (မတ်၊ ၂၄၊ ၂၀၁၉)

မတ်လ ၂၄ ရက်နေ့ကကျင်းပတဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲတွေမှာ ပြည်ပမှာရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ အဆက်အစပ်ရှိတဲ့ Pheu ထိုင်းပါတီက မဲဆန္ဒနယ်မြေ ၁၃၆ နေရာမှာ အနိုင်ရပြီး အများဆုံးအနိုင်ရတဲ့ပါတီဖြစ် တယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ တရားဝင်ကြေညာလိုက်ပါတယ်။

စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ Palang Pracharath ပါတီက ၉၇ နေရာမှာအနိုင်ရပြီး ဒုတိယ လိုက်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဟာ ရလဒ်ထုတ်ပြန်ဖို့ အချိန်ဆွဲထားတယ်။ ရှုပ်ထွေးနေတဲ့ ကနဦး မဲရလဒ်တွေကို ထုတ်ပြန်ခဲ့တယ်ဆိုပြီး အပြင်းအထန် ဝေဖန်ခံနေရသလို စစ်တပ်ဘက်ကို ယိမ်းတယ်လို့လည်း စွပ်စွဲခံခဲ့ရတာပါ။

ထိုင်းအောက်လွှတ်တော်မှာ အမတ်နေရာ ၅၀၀ ရှိပြီး ၃၅၀ ကို လူထု တိုက်ရိုက်မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်တာဖြစ်ပါတယ်။ အဲဒီထဲက ၃၄၉ နေရာကို ကော်မရှင်က အတည်ပြုထားပြီးပါပြီ။

ကျန်တဲ့အမတ်နေရာ ၁၅၀ ကိုတော့ ရှုပ်ထွေးတဲ့နည်းလမ်းနဲ့ တွက်ချက်ပြီး တနိုင်ငံလုံးမှာ ပါတီတခုစီက အနိုင်ရတဲ့ စုစုပေါင်း မဲအရေအတွက်အလိုက် အချိုးကျ ခွဲပေးမှာပါ။ အဲဒီအမတ်နေရာ တွေကို ကြာသပတေးနေ့ နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကော်မရှင်က ခွဲဝေသတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

ဘယ်လို တွက်ချက် ခွဲဝေမယ်ဆိုတာကို ကော်မရှင်က မပြောတဲ့အတွက် ပါတီတွေအနေနဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ဘယ်လောက်စီ ရမယ်ဆိုတာကို အတိအကျတွက်ဖို့ မလွယ်ပါဘူး။

ထိုင်းရွေးကောက်ပွဲ Pheu Thai ပါတီ မဲအများစုရ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG