(Zawgyi/Unicode)
ထိုင္းႏိုင္ငံမွာ နာမည္ႀကီးလာတဲ့ အတိုက္အခံပါတီသစ္ Future Forward ပါတီကို ဖ်က္သိမ္းဖို႔ ေရြးေကာက္ပြဲေကာ္မရွင္က ဆံုးျဖတ္အၿပီးမွာ ပါတီေခါင္းေဆာင္က ဘန္ေကာက္မွာ ဒီေန႔ ဆႏၵျပၾကဖို႔ ႏိႈ္းေဆာ္ထားပါတယ္။
ခုလို ပါတီဖ်က္သိမ္းဖို႔ ဆံုးျဖတ္အၿပီး ရက္ပိုင္းအတြင္းမွာ အနာဂတ္ေရွ႕ေဆာင္လို႔ အဓိပၸါယ္ထြက္မယ့္ ဒီ Future Forward ပါတီေခါင္းေဆာင္ လူငယ္မ်ိဳးဆက္သစ္ Thanathorn Juangroongruangkit က ဘန္ေကာက္ၿမိဳ႕မွာ ဆႏၵျပပြဲလုပ္ဖို႔ ေထာက္ခံသူေတြကို တိုက္တြန္းထားတာျဖစ္ပါတယ္။
အသက္ ၄၁ ႏွစ္အရြယ္ Thanathorn ဟာ အရင္အာဏာသိမ္း စစ္အုပ္စုေခါင္းေဆာင္ေဟာင္း လည္းျဖစ္တဲ့ အသက္ ၆၅ ႏွစ္ အရြယ္ လက္ရွိဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha အစိုးရအတြက္ အထင္ရွားဆံုး အတိုက္အခံေခါင္းေဆာင္ ျဖစ္လာေနပါတယ္။
ၿပီးခဲ့တဲ့ မတ္လေရြးေကာက္ပြဲမွာ Future Forward မ်ိဳးဆက္သစ္ပါတီအေနနဲ႔ မထင္မွတ္ဘဲ တတိယ မဲအမ်ားဆံုး ရခဲ့ပါတယ္။
ဒီေရြးေကာက္ပြဲမွာ ၂၀၁၄ ခုႏွစ္က အာဏာသိမ္းျဖဳတ္ခ်ခံခဲ့ရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း Thaksin Shinawatra ဦးေဆာင္ခဲ့တဲ့ Pheu Thai ပါတီက အမတ္ ၅၀၀ ရွိတဲ့ ေအာက္လႊတ္ေတာ္မွာ မဲအမ်ားဆံုးရခဲ့ေပမယ့္ ဒုတိယ မဲအမ်ားဆံုးရခဲ့တဲ့ စစ္တပ္ပါတီ Palang Pracharat က စစ္တပ္စိတ္ႀကိဳက္ေရးဆြဲထားတဲ့ ဖြဲ႔စည္းပံုသစ္အရ အထက္လႊတ္ေတာ္မွာ စစ္တပ္ခန္႔အမတ္အမ်ားစုမဲနဲ႔ အသာရၿပီး အစိုးရဖြဲ႔ထားတာပါ။
ဝန္ႀကီးခ်ဳပ္ Prayuth ကေတာ့ ခုလို ဆႏၵျပပြဲေတြလုပ္ဖို႔ စီစဥ္တာက ႏွစ္ကုန္ခါနီးမွာ မသင့္ေတာ္တဲ့ လုပ္ရပ္ျဖစ္တယ္၊ ႏွစ္သစ္မွာ လူေတြ သူ႔ဟာသူ ေပွ်ာ္ရြင္ခြင့္ရသင့္တယ္လို႔ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။
Pheu Thai ပါတီဟာ လက္ရွိမွာ အႀကီးမားဆံုးအတိုက္အခံျဖစ္ေနေပမဲ့ ဒီ Future Forward မ်ဳိးဆက္သစ္ပါတီအေနနဲ႔ အစိုးရကို ထိထိေရာက္ေရာက္ အတိုက္အခံလုပ္ေနၿပီး အနာဂတ္အတြက္ အလားအလာေကာင္းေနခ်ိန္မွာ ခုလို ပါတီကို ဖ်က္သိမ္းဖို႔ ၫႊန္ၾကားခံရတာပါ။
..................
ထိုင်းမှာ ဆန္ဒပြပွဲကြီးလုပ်ဖို့ အတိုက်အခံပါတီသစ်ခေါင်းဆောင် နှိုးဆော်ထား
(Unicode)
ထိုင်းနိုင်ငံမှာ နာမည်ကြီးလာတဲ့ အတိုက်အခံပါတီသစ် Future Forward ပါတီကို ဖျက်သိမ်းဖို့ ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်အပြီးမှာ ပါတီခေါင်းဆောင်က ဘန်ကောက်မှာ ဒီနေ့ ဆန္ဒပြကြဖို့ နှိုးဆော်ထားပါတယ်။
ခုလို ပါတီဖျက်သိမ်းဖို့ ဆုံးဖြတ်အပြီး ရက်ပိုင်းအတွင်းမှာ အနာဂတ်ရှေ့ဆောင်လို့ အဓိပ္ပါယ်ထွက်မယ့် ဒီ Future Forward ပါတီခေါင်းဆောင် လူငယ်မျိုးဆက်သစ် Thanathorn Juangroongruangkit က ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲလုပ်ဖို့ ထောက်ခံသူတွေကို တိုက်တွန်းထားတာဖြစ်ပါတယ်။
အသက် ၄၁ နှစ်အရွယ် Thanathorn ဟာ အရင်အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင်ဟောင်း လည်းဖြစ်တဲ့ အသက် ၆၅ နှစ် အရွယ် လက်ရှိဝန်ကြီးချုပ် Prayuth Chan-ocha အစိုးရအတွက် အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် ဖြစ်လာနေပါတယ်။
ပြီးခဲ့တဲ့ မတ်လရွေးကောက်ပွဲမှာ Future Forward မျိုးဆက်သစ်ပါတီအနေနဲ့ မထင်မှတ်ဘဲ တတိယ မဲအများဆုံး ရခဲ့ပါတယ်။
ဒီရွေးကောက်ပွဲမှာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဦးဆောင်ခဲ့တဲ့ Pheu Thai ပါတီက အမတ် ၅၀၀ ရှိတဲ့ အောက်လွှတ်တော်မှာ မဲအများဆုံးရခဲ့ပေမယ့် ဒုတိယ မဲအများဆုံးရခဲ့တဲ့ စစ်တပ်ပါတီ Palang Pracharat က စစ်တပ်စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံသစ်အရ အထက်လွှတ်တော်မှာ စစ်တပ်ခန့်အမတ်အများစုမဲနဲ့ အသာရပြီး အစိုးရဖွဲ့ထားတာပါ။
ဝန်ကြီးချုပ် Prayuth ကတော့ ခုလို ဆန္ဒပြပွဲတွေလုပ်ဖို့ စီစဉ်တာက နှစ်ကုန်ခါနီးမှာ မသင့်တော်တဲ့ လုပ်ရပ်ဖြစ်တယ်၊ နှစ်သစ်မှာ လူတွေ သူ့ဟာသူ ပျှော်ရွင်ခွင့်ရသင့်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
Pheu Thai ပါတီဟာ လက်ရှိမှာ အကြီးမားဆုံးအတိုက်အခံဖြစ်နေပေမဲ့ ဒီ Future Forward မျိုးဆက်သစ်ပါတီအနေနဲ့ အစိုးရကို ထိထိရောက်ရောက် အတိုက်အခံလုပ်နေပြီး အနာဂတ်အတွက် အလားအလာကောင်းနေချိန်မှာ ခုလို ပါတီကို ဖျက်သိမ်းဖို့ ညွှန်ကြားခံရတာပါ။