သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမား ၈၀ ကျော် ထိုင်း ပြည်နှင်ဒဏ်ပေး


ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - မြန်မာရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ၊ နိုဝင်ဘာ ၂၂၊ ၂၀၁၉)
ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - မြန်မာရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ၊ နိုဝင်ဘာ ၂၂၊ ၂၀၁၉)

(Zawgyi / Unicode)

မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ အဲဒီလူတွေကို ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကနေ သောကြာနေ့က ပြန်ပို့ခဲ့တာဖြစ်ပြီး သူတို့အများစုဟာ မြန်မာပြည်မပြန်ချင်ဘဲ ထိုင်းနိုင်ငံမှာပဲ လုပ်ကိုင်ချင်ကြတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှု၊ တရားဝင် အထောက်အထားတွေ အပြည့်အစုံ မရှိမှုတွေကြောင့် မြန်မာအလုပ်သမား ၈၀ ကျော်ကို ပြည်နှင်ဒဏ်ပေးတာဖြစ်တယ်လို့ ကော့သောင်းမြို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ တာဝန်ခံ ဦးမိုးဝေက အခုလိုပြောပါတယ်။

“အားလုံး ၈၁ ယောက်၊ မိန်းကလေးက ၁၂ ယောက်၊ ယောက်ျားလေးက ၆၉ ယောက်၊ ဒီထဲမှာ စိတ်မနှံ့တဲ့ မိန်းကလေးတယောက် ပါတယ်။ တချို့က ၄၅ ရက်နေရတယ်၊ မကွေးတိုင်းဘက်က ၂ ယောက်နဲ့ ကျန်တဲ့ ၃ ယောက် အားလုံးပေါင်း ၅ ယောက်၊ တချို့က ၄ လ နေရတယ်၊ တချို့က ၃ လနေရတယ်။ နယ်တွေမှာဆို နည်းနည်းကြာကြာနေရတယ်။ လူကုန်ကူးမှုနဲ့ ဆက်စပ်လားဆိုတာ သူတို့ စစ်ဆေးနေတာတွေ ရှိတယ်။”

အခုလို ပြည်နှင်ဒဏ်ပေးခံရတဲ့ အလုပ်သမားတွေထဲက နိုင်ငံကူးစာအုပ်ရှိတဲ့သူတွေဟာ ထိုင်းနိုင်ငံထဲကို နောက်ထပ် အနည်းဆုံး ၆ လကနေ ၂ နှစ်ထိ ပြန်ဝင်ခွင့်မရကြဘူးလို့ ဆိုပါတယ်။

“စာအုပ်ရှိတဲ့သူတွေ၊ အလုပ်ရှင်မတူတဲ့သူတွေဆို ဒီလူတွေ သွားလို့မရဘူး၊ အနည်းဆုံး ၆ လကနေ ၂ နှစ်ထိ ပြန်သွားလို့မရဘူး။ စာရွက်စာတမ်းမရှိတဲ့ သူတွေကတော့ လက်ဗွေရာ တခုတည်းနဲ့ဆိုရင်တော့ သူတို့က တရားဝင်လုပ်ပြီး ပြန်သွားလို့ရတယ်။ မြန်မာပြည်ပြန် စာရွက်စာတမ်း သေချာလုပ်ပြီး ပြန်သွားလို့ရတယ်။ အခု ဖမ်းပြီး ပြန်ပို့ခံရတဲ့သူတွေက အများစုက မပြန်ချင်ကြဘူး။ တချို့က အိမ်ပေါင် ခြံပေါင်ပြီး လာကြတာ၊ သူတို့က ထိုင်းမှာ လုပ်စားချင်သေးတယ်။”

အခုလို ဖမ်းဆီးပြီး ပြန်ပို့ခံရတာတွေ ရှိနေတဲ့ကြားမှာပဲ အလုပ်အကိုင် အခွင့်အလမ်း ရှာနေကြတဲ့ မြန်မာအလုပ်သမားတွေကတော့ ထိုင်းနိုင်ငံထဲကို နေ့စဉ် သွားရောက်နေဆဲပါ။

အခုဆိုရင် နှစ်နိုင်ငံ သဘောတူစာချုပ် (MOU) နဲ့ တရားဝင် အလုပ်သွားလုပ်ကြမယ့် ရေလုပ်သား ၃၉ ဦးကို ဒီရက်ပိုင်းအတွင်းမှာပဲ ကော့သောင်းခရိုင်၊ အေးရိပ်ငြိမ်ရပ်ကွက်မှာ ထိုင်းနိုင်ငံထဲမှာ လုံခြုံစွာသွားလာပြီး အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အသိပညာ ပေးတာတွေကို ကော့သောင်းခရိုင်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်း‌ရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း ဦးမိုးဝေက ပြောပါတယ်။

---------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG