သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရသူ ၇၃ ဦး မြန်မာကို ထိုင်း ပြန်အပ်


မြန်မာနိုင်ငံဘက် ပြန်ပို့ခံရတဲ့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ
မြန်မာနိုင်ငံဘက် ပြန်ပို့ခံရတဲ့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းနိုင်ငံတွင်းမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား (၇၃) ဦးကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ (၁၉) ရက်နေ့က မြန်မာဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်း လဝက အဆင်မြင့်အရာရှိက ပြောပါတယ်။ လူကုန်ကူးခံရတဲ့မြန်မာနိုင်ငံသားတွေဟာ ထိုင်းတောင်ပိုင်းကနေ မလေးရှားနယ်စပ်ကို လူကုန်ကူးခံရသူများဖြစ်တယ်လို့ထိုင်းဘက်ကဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးမာသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံက လူဝင်မူကြီးကြပ်ရေးအဆင့်မြင့်အရာရှိ ရဲချုပ် ဆူရချေဟတ်ဖန် ဦးဆောင်ပြီး တာ့ခရိုင်လဝကအရာရှိတွေ၊ ထိုင်းလူမူကယ်ဆယ်ရေးအဖွဲတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲဟာ မြဝတီမြိုက အာဏာပိုင်တွေနဲ့ တွေဆုံပြီး လူကုန်ကူးခံရတဲ့မြန်မာနိုင်ငံသား (၇၃) ဦးကို လွဲပြောင်းပေးခဲ့ကြောင်း ရဲချုပ်ဆူရချေဟတ်ဖန်က ပြောပါတယ်။

ထိုင်းနယ်စပ်ကိုဖြတ်ပြီးမလေးရှားကို သွားကြတဲ့ မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံရသူတွေကို ပြန်လည်လွဲပြောင်းပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

ထိုင်မြန်မာနယ်စပ်မြိုဖြစ်တဲ့ မြန်မာနိုင်ငံဘက်က မြဝတီမြိုမှာ နှစ်နိုင်ငံလူကုန်ကူးမူ တားဆီး ကာကွယ်ရေးအတွက်နှစ်ဖက်အာဏာပိုင်တွေ တွေ ဆုံကြပြီးတဲ့နောက် လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား (၇၃)ဦးကို လွဲပြောင်းပေးခဲ့တာပါ။ ဒီလွဲပြောင်းပေးအပ်ပွဲမှာ မြန်မာနိုင်ငံဘက်ကတော့ကရင်ပြည်နယ် ပြည်သူလွတ်တော်ကိုယ်စားလှယ်တွေနဲ့ လူကုန်ကူးမူဆိုင်ရာ တားဆီး နှိမ်နင်းရေး အရာရှိတွေတက်ရောက်ခဲ့ပြီး၊ လူကုန်ကူးမူနဲ့ ပတ်သက်လို့ နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောဆိုသွားပါတယ်။

ထိုင်းဘက်ကတော့ လူကုန်ကူးခံရသူတွေ နေရပ်ပြန်ဖို့ အတွက်ဂရုဏာကြေး တဦးကို ဘတ်ငွေ ၂ထောင်စီနဲ့ လူဦးရေ (၇၃) ဦးအတွက် ဘတ်ငွေပေါင်း ၁၄၆၀၀၀ ကို ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ အခု လူကုန်ကူးခံရသူတွေဟာ လူပွဲစားတွေကို ဘတ်ငွေ သောင်းဂဏန်းနဲ့ ပေးပြီး မလေးရှားနိုင်ငံကို သွားဖို့ အတွက်ထွက်လာကြသူများဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းဘက်ကတော့ ထိုင်းတောင်ပိုင်းကိုဖြတ်ပြီး မလေးရှားနိုင်ငံကို သွားကြမဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးတာဟာ ၂၀၁၈ခုနှစ်ထဲမှာ လူဦးရေ တထောင်နီးပါးလောက်ရှိပြီ ဖြစ်ပါတယ်။ လူမှောင်ခိုဂိုဏ်းဝင် (၄၀) လောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ ပိုင်ဆိုင်တဲ့ဘတ်ငွေ သန်း (၅၀) လောက်ကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူခဲ့တယ်လို့ လည်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ လက်ရှိမှာလည်း ထိုင်းတောင်းပိုင်းမှာဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား (၂၀၀) ကျော်ကိုလည်း စစ်ဆေးနေဆဲဖြစ်ပါတယ်။

၂၀၁၈ခုနှစ် အတွက်ထုတ်ပြန်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမူနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို စောင့်ကြည့်အဆင့် tire 2 ကလျော့ချလိုက်ပြီး၊ အဆိုးဝါးဆုံး TIRE 3 အဆင့်ကိုသတ်မှတ်လိုက်တာပါ။ အခုလို Tier 3 ကို အဆင့်လျှော့ချ သတ်မှတ်လိုက်ရတာဟာ လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အပြည့်အဝပြည့်မီအောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ခြင်းမရှိသလို အဲဒီလိုပြည့်မီဖို့အတွက် သိသာတဲ့ လုပ်ဆောင်မှုတွေ မရှိ တာကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာလူမျိုးတွေ နဲဆက်စပ်ပြီး လူကုန်ကူးမူအများဆုံးဖြစ်နေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်ထဲမှာပဲ ထည့်သွင်းထားဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG