သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘုရင္ခ်ီးျမႇင့္တဲ့ ဘဲြ႔ႏွင္းသဘင္ ထိုင္းေက်ာင္းသားေတြ သပိတ္ေမွာက္


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္းဘုရင္နဲ႔ မိဖုရားတို႔ တက္ေရာက္ခ်ီးျမႇင့္တဲ့ ဘြဲ႔ႏွင္းသဘင္ အခမ္းအနားတခုကို ထိုင္းတကၠသိုလ္ေက်ာင္းသား ေတာ္ေတာ္မ်ားမ်ား ဒုတိယေျမာက္ေန႔အျဖစ္ ဆက္ၿပီး သပိတ္ေမွာက္ခဲ့ၾကပါတယ္။ ထိုင္းႏိုင္ငံရဲ႕ စည္းမ်ဥ္းခံဘုရင္စနစ္ ျပဳျပင္ေျပာင္းလဲေရး မႀကဳံစဘူး တြန္းအားေပး ေတာင္းဆိုေနမႈကို ဘြဲ႔ႏွင္းသဘင္ မတက္ေရာက္ဘဲ ျပသေနၾကတာ ျဖစ္ပါတယ္။

ဘုရင္စနစ္ကိုေထာက္ခံသူ အနည္းငယ္ကေတာ့ ဘုရင္ Maha Vajiralongkorn နဲ႔ မိဖုရား Suthida တို႔ Thamasat တကၠသိုလ္ကို ေရာက္လာခ်ိန္မွာ ႀကိဳဆိုခဲ့ၾကပါတယ္။

အခုလို ေက်ာင္းသားေတာ္ေတာ္မ်ားမ်ား ဘြဲ႔ႏွင္းသဘင္ကို မတက္ေရာက္ေပမယ့္ တကၠသိုလ္ ပရိဝုဏ္အတြင္းနဲ႔ တကၠသိုလ္အေနာက္ဘက္ ျမစ္ထဲမွာ ရဲတပ္ဖြဲ႔ဝင္ အင္အား အမ်ားအျပား ခ်ထားတာကို ေတြ႔ရပါတယ္။

ထိုင္းႏိုင္ငံအတြင္း ဒီမိုကေရစီလိုလားတဲ့ ဆႏၵျပပြဲေတြကို ႏိုင္ငံတဝန္း ေန႔စဥ္နီးပါး ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ အာဏာပိုင္ေတြက အဲဒီဆႏၵျပပြဲေတြကို ႏွိမ္နင္းဖို႔ အေရးေပၚအေျခအေန ထုတ္ျပန္ေၾကညာတာနဲ႔ မီဒီယာတခ်ဳိ႕ကို ဆင္ဆာျဖတ္ ပိတ္ပင္ဖို႔ ႀကိဳးပမ္းခဲ့တာကလည္း မေအာင္မျမင္ ျဖစ္ခဲ့ရပါတယ္။

ကနဦး ဆႏၵျပပြဲေတြက ေရြးေကာက္ပြဲအသစ္ က်င္းပေပးဖို႔နဲ႔ ႏိုင္ငံေရး လႈပ္ရွားသူေတြကို ဖိႏွိပ္ေနတာေတြ ရပ္ဆိုင္းဖို႔ အဓိက ေတာင္းဆိုခဲ့တာပါ။ ဒါေပမယ့္ ထိုင္းႏိုင္ငံရဲ႕ လက္ရွိ စည္းမ်ဥ္းခံဘုရင္စနစ္ကို ျပဳျပင္ေျပာင္းလဲေရးကိုပါ ေတာင္းဆိုလာခ်ိန္မွာေတာ့ ဆႏၵျပပြဲေတြရဲ႕ အရွိန္အဟုန္က တမုဟုတ္ခ်င္း ျမင့္တက္သြားခဲ့ပါတယ္။

ဘုရင့္ေတာ္ဝင္အဖြဲ႔အစည္းအတြင္း ပိုၿပီး ပြင့္လင္းျမင္သာမႈရွိေရးနဲ႔ ဘုရင့္အာဏာကို ထိန္းကြပ္ေရး မႀကဳံစဘူး ေတာင္းဆိုမႈေတြက ဆႏၵျပပြဲေတြထဲ အဓိက အခန္းက႑က ပါဝင္လာေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ဘုရင်ချီးမြှင့်တဲ့ ဘွဲ့နှင်းသဘင် ထိုင်းကျောင်းသားတွေ သပိတ်မှောက်

ထိုင်းဘုရင်နဲ့ မိဖုရားတို့ တက်ရောက်ချီးမြှင့်တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားတခုကို ထိုင်းတက္ကသိုလ်ကျောင်းသား တော်တော်များများ ဒုတိယမြောက်နေ့အဖြစ် ဆက်ပြီး သပိတ်မှောက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး မကြုံစဘူး တွန်းအားပေး တောင်းဆိုနေမှုကို ဘွဲ့နှင်းသဘင် မတက်ရောက်ဘဲ ပြသနေကြတာ ဖြစ်ပါတယ်။

ဘုရင်စနစ်ကိုထောက်ခံသူ အနည်းငယ်ကတော့ ဘုရင် Maha Vajiralongkorn နဲ့ မိဖုရား Suthida တို့ Thamasat တက္ကသိုလ်ကို ရောက်လာချိန်မှာ ကြိုဆိုခဲ့ကြပါတယ်။

အခုလို ကျောင်းသားတော်တော်များများ ဘွဲ့နှင်းသဘင်ကို မတက်ရောက်ပေမယ့် တက္ကသိုလ် ပရိဝုဏ်အတွင်းနဲ့ တက္ကသိုလ်အနောက်ဘက် မြစ်ထဲမှာ ရဲတပ်ဖွဲ့ဝင် အင်အား အများအပြား ချထားတာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံအတွင်း ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံတဝန်း နေ့စဉ်နီးပါး ပြုလုပ်နေတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက အဲဒီဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာတာနဲ့ မီဒီယာတချို့ကို ဆင်ဆာဖြတ် ပိတ်ပင်ဖို့ ကြိုးပမ်းခဲ့တာကလည်း မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

ကနဦး ဆန္ဒပြပွဲတွေက ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့နဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖိနှိပ်နေတာတွေ ရပ်ဆိုင်းဖို့ အဓိက တောင်းဆိုခဲ့တာပါ။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ လက်ရှိ စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေးကိုပါ တောင်းဆိုလာချိန်မှာတော့ ဆန္ဒပြပွဲတွေရဲ့ အရှိန်အဟုန်က တမုဟုတ်ချင်း မြင့်တက်သွားခဲ့ပါတယ်။

ဘုရင့်တော်ဝင်အဖွဲ့အစည်းအတွင်း ပိုပြီး ပွင့်လင်းမြင်သာမှုရှိရေးနဲ့ ဘုရင့်အာဏာကို ထိန်းကွပ်ရေး မကြုံစဘူး တောင်းဆိုမှုတွေက ဆန္ဒပြပွဲတွေထဲ အဓိက အခန်းကဏ္ဍက ပါဝင်လာနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG