သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံ အေရးေပၚအေျခအေနအမိန္႔ ျပန္႐ုပ္သိမ္း


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ထုိင္းႏုိင္ငံမွာ အစိုးရနဲ႔ ဘုရင္စနစ္ကို လေပါင္းမ်ားစြာ ဆန္႔က်င္ကန္႔ကြက္ေနတာေတြ အဆံုးသတ္ေရး ရည္ရြယ္ၿပီး ႏုိင္ငံေတာ္အေရးေပၚအေျခအေန ေၾကညာထားတာကို ဒီကေန႔ ၾကာသပေတးေန႔မွာ ျပန္လည္ ႐ုပ္သိမ္းေပးခဲ့ပါတယ္။

ဒီစည္းကမ္းခ်က္ေတြေၾကာင့္ပဲ ေထာင္ေပါင္းမ်ားစြာေသာ လူေတြကို စိတ္ဆိုးေဒါသထြက္ေစခဲ့ၿပီး ဘန္ေကာက္ၿမိဳ႕ လမ္းေတြေပၚမွာ ဆႏၵျပပြဲေတြ ပိုျဖစ္လာခဲ့တာပါ။

ဒီအေတာအတြင္းမွာပဲ ဗုဒၶဟူးေန႔က ဖမ္းဆီးခံခဲ့ရသူ ဆႏၵျပေခါင္းေဆာင္တေယာက္ျဖစ္တဲ့ ေက်ာင္းသူ Patsaravalee "Mind" Tanakitvibulpon ကို ဒီကေန႔ ၾကာသပေတးေန႔မွာ ျပန္လြတ္လာပါတယ္။

ပတ္ဆာရာဗယ္လီ ဟာ မေန႔ ေအာက္တိုဘာလ ၂၁ ရက္ေန႔တုန္းက ဝန္ႀကီးခ်ဳပ္ ပရာရြတ္ ခ်န္အိုခ်ာ ၃ ရက္အတြင္း ရာထူးကႏုတ္ထြက္မေပးရင္ အခုလို ကန္႔ကြက္ဆႏၵျပပြဲေတြကို ပိုၿပီး ရင္ဆုိင္ရလိမ့္မယ္လို႔ ေၾကညာခဲ့တာပါ။

ဆန္႔က်င္ကန္႔ကြက္မႈေတြ ရပ္တန္႔ဖို႔ ၿပီးခဲ့တဲ့သီတင္းပတ္ထဲက ထုတ္ျပန္ခဲ့တဲ့ အေရးေပၚ ကန္႔သတ္ စည္းကမ္းေတြအရ သူ႔ကို ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္းနဲ႔ သူ႔အေပၚစြဲခ်က္ေတြဟာ ခုိင္လံုမႈမရွိဘူးလို႔ တရား႐ံုးက ယူဆတဲ့အတြက္ေရာ၊ ေက်ာင္းတက္ဖို႔ စာေမးပြဲေျဖဖို႔ေတြလည္း ရွိေေနေသးတာေၾကာင့္ အာမခံတင္စရာ မလိုဘဲ ျပန္လႊတ္ေပးလိုက္ေၾကာင္း သတင္းေထာက္ေတြကို သူက ေျပာပါတယ္။

ပတ္ဆာရာဗယ္လီဟာ ၿပီးခဲ့တဲ့ သီတင္း ၂ ပတ္အတြင္း ဆန္႔က်င္ကန္႔ကြက္ပြဲေတြလုပ္ခဲ့ၾကသူ ဒါဇင္နဲ႔ခ်ီတဲ့ တက္ႂကြလႈပ္ရွားသူေတြရဲ႕ စာရင္းထဲမွာ ပါဝင္ေနၿပီး ေအာက္တိုဘာလ ၁၅ ရက္ေန႔က ကန္႔ကြက္ပဲြနဲ႔ ဆက္စပ္ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံ အရေးပေါ်အခြေအနေအမိန့် ပြန်ရုပ်သိမ်း

ထိုင်းနိုင်ငံမှာ အစိုးရနဲ့ ဘုရင်စနစ်ကို လပေါင်းများစွာ ဆန့်ကျင်ကန့်ကွက်နေတာတွေ အဆုံးသတ်ရေး ရည်ရွယ်ပြီး နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားတာကို ဒီကနေ့ ကြာသပတေးနေ့မှာ ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။

ဒီစည်းကမ်းချက်တွေကြောင့်ပဲ ထောင်ပေါင်းများစွာသော လူတွေကို စိတ်ဆိုးဒေါသထွက်စေခဲ့ပြီး ဘန်ကောက်မြို့ လမ်းတွေပေါ်မှာ ဆန္ဒပြပွဲတွေ ပိုဖြစ်လာခဲ့တာပါ။

ဒီအတောအတွင်းမှာပဲ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံခဲ့ရသူ ဆန္ဒပြခေါင်းဆောင်တယောက်ဖြစ်တဲ့ ကျောင်းသူ Patsaravalee "Mind" Tanakitvibulpon ကို ဒီကနေ့ ကြာသပတေးနေ့မှာ ပြန်လွတ်လာပါတယ်။

ပတ်ဆာရာဗယ်လီ ဟာ မနေ့ အောက်တိုဘာလ ၂၁ ရက်နေ့တုန်းက ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ ၃ ရက်အတွင်း ရာထူးကနုတ်ထွက်မပေးရင် အခုလို ကန့်ကွက်ဆန္ဒပြပွဲတွေကို ပိုပြီး ရင်ဆိုင်ရလိမ့်မယ်လို့ ကြေညာခဲ့တာပါ။

ဆန့်ကျင်ကန့်ကွက်မှုတွေ ရပ်တန့်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်ထဲက ထုတ်ပြန်ခဲ့တဲ့ အရေးပေါ် ကန့်သတ် စည်းကမ်းတွေအရ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်းနဲ့ သူ့အပေါ်စွဲချက်တွေဟာ ခိုင်လုံမှုမရှိဘူးလို့ တရားရုံးက ယူဆတဲ့အတွက်ရော၊ ကျောင်းတက်ဖို့ စာမေးပွဲဖြေဖို့တွေလည်း ရှိေနေသေးတာကြောင့် အာမခံတင်စရာ မလိုဘဲ ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းထောက်တွေကို သူက ပြောပါတယ်။

ပတ်ဆာရာဗယ်လီဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ဆန့်ကျင်ကန့်ကွက်ပွဲတွေလုပ်ခဲ့ကြသူ ဒါဇင်နဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ စာရင်းထဲမှာ ပါဝင်နေပြီး အောက်တိုဘာလ ၁၅ ရက်နေ့က ကန့်ကွက်ပွဲနဲ့ ဆက်စပ်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG