သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် နုတ်မထွက်သေးတဲ့အတွက် ဆက်လက်ဆန္ဒပြနေ


ဘန်ကောက်မြို့မှာ ပြုလုပ်နေတဲ့ ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြပွဲမြင်ကွင်း။ (အောက်တိုဘာ ၂၅၊ ၂၀၂၀)
ဘန်ကောက်မြို့မှာ ပြုလုပ်နေတဲ့ ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြပွဲမြင်ကွင်း။ (အောက်တိုဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

၂၀၁၄ မှာ စစ်တပ်နဲ့ အာဏာသိမ်း တက်လာခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-Cha ကို စနေနေ့ည နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေဘက်က ရာဇသံပေးထားပေမယ့် ဝန်ကြီးချုပ် Prayuth ခုထိ နုတ်မထွက်သေးတဲ့အတွက် ထောင်ချီတဲ့ ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့ လူစည်ကားရာ ဈေးဝယ်စင်တာရပ်ကွက်တဝိုက် စုရုံး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် Prayuth ကတော့ သူ နုတ်ထွက်မှာမဟုတ်ဘဲ နိုင်ငံရေးပြဿနာကို တနင်္လာနဲ့ အင်္ဂါနေ့မှာ ကျင်းပမယ့် ပါလီမန်ထဲမှာ ဖြေရှင်းကြဖို့ တွစ်တာက ရေးသားခဲ့ပါတယ်။ ဒီလို ပါလီမန် အထူးအစည်းအဝေး ခေါ်လိုက်ခြင်းအားဖြင့် ဆန္ဒပြပွဲတွေကို ငြိမ်သက်သွားစေချင်ပုံရတယ်လို့ သုံးသပ်ကြပါတယ်။

ပါလီမန် အထူးအစည်းအဝေး ခေါ်ရတာဟာ နှစ်ဖက်ကြား မျှခြေတခုရှာနိုင်ဖို့ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဆန္ဒပြသူတွေဘက်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တောင်းဆိုနေပြီး အထူးသဖြင့် ထိုင်းဘုရင့်သြဇာ အရှိန်အဝါ လျှော့ချရေးကို လိုလားနေကြတာပါ။

ထိုင်းဥပဒေက အခွင့်ထူးခံလူတန်းစားကို အကာအကွယ် ပေးထားသလို ဘုရင်ကို ပုတ်ခတ်ဝေဖန်ခဲ့ရင် အရေးယူ အပြစ်ပေးခံရမယ်လို့ ဖွဲ့စည်းပုံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG