(Zawgyi / Unicode)
ထုိင္းႏိုင္ငံမွာ အစိုးရႏုတ္ထြက္ေပးဖို႔ ရက္ေပါင္းမ်ားစြာ ေတာင္းဆိုေနတဲ့ ဆႏၵျပပဲြေတြကို အိမ္နီးခ်င္း လာအိုႏုိင္ငံမွာ အားက်လာေနၾကၿပီး လာအိုအစိုးရအေပၚ ေဝဖန္တာေတြ အင္တာနက္အြန္လုိင္းေပၚမွာ ရွားရွားပါးပါး ျဖစ္ေပၚလာေစခဲ့ပါတယ္။
ကြန္ျမဴနစ္ႏုိင္ငံျဖစ္တဲ့ လာအိုႏုိင္ငံဟာ တပါတီစနစ္နဲ႔ အုပ္ခ်ဳပ္တဲ့ႏုိင္ငံျဖစ္ၿပီး အဲဒီမွာ အစိုးရကုိ ေဝဖန္တာေတြကို တင္းတင္းက်ပ္က်ပ္ တားျမစ္ထားၿပီး ေဝဖန္တဲ့သူေတြကိုလည္း ႀကီးမားတဲ့ျပစ္ဒဏ္ေတြ ခ်မွတ္ႏုိင္တာျဖစ္ပါတယ္။
ထုိင္းႏုိင္ငံမွာ အေရးေပၚအေျခအေန ေၾကညာထားတာကို ဆႏၵျပတဲ့သူေတြက ဆန္႔က်င္ၿပီး ရက္ေပါင္းမ်ားစြာ ဆႏၵျပခဲ့ၾကၿပီးတဲ့ေနာက္ ထုိင္းအစိုးရက ၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာ အဲဒီအမိန္႔ကို ျပန္႐ုပ္သိမ္းခဲ့ပါတယ္။
ထုိင္းႏုိင္ငံရဲ႕ လူမႈကြန္ရက္ေတြကို ေစာင့္ၾကည့္ေနတဲ့ လာအိုႏုိင္ငံသားေတြကလည္း ထုိင္းႏုိင္ငံက ဆႏၵျပေနတဲ့သူေတြနဲ႔အတူ တသားတည္းရွိေနတယ္ ဆုိတာကို ျပသခဲ့ၾကၿပီး ၿပီးခဲ့တဲ့ ေအာက္တုိဘာ ၂၀ ရက္ေန႔ကလည္း တြစ္တာ လူမႈကြန္ရက္မွာ “တကယ္လို႔ လာအိုႏုိင္ငံေရးသာ ေကာင္းခဲ့လွ်င္” ဆုိတဲ့ #hashtag လႈပ္ရွားမႈတရပ္ကို စတင္ခဲ့ၾကၿပီး လာအိုအစိုးရရဲ႕ အုပ္ခ်ဳပ္မႈအလဲြေတြကို ေဝဖန္ခဲ့ၾကပါတယ္။ အဲဒီထဲမွာ အစိုးရက အဂတိလိုက္စားမႈ၊ ဆင္းရဲမဲြေတမႈနဲ႔ တျခား လူမႈေရးျပႆနာေတြအေပၚ ကိုင္တြယ္ေျဖရွင္းဖို႔ ပ်က္ကြက္ခဲ့တာေတြ ပါဝင္ခဲ့ပါတယ္။
တကယ္လို႔ လာအုိႏုိင္ငံေရးက ေကာင္းတယ္ဆုိလွ်င္ သူတုိ႔အေနနဲ႔ အခုလိုမ်ိဳး အင္တာနက္အြန္လိုင္းမွာ အမည္မေဖာ္ဘဲ ေျပာေနစရာမလိုဘဲ လြတ္လပ္စြာ ေျပာဆုိခြင့္ရမွာ ျဖစ္တယ္လို႔ တြစ္တာမွာ ေရးပါတယ္။
GrumpyG ဆုိတဲ့ တြစ္တာအေကာင့္ပိုင္ရွင္ကေတာ့ လာအိုႏုိင္ငံမွာ တကယ့္ဒီမုိကေရစီစနစ္ ျဖစ္လာဖို႔အတြက္ တုိက္ပဲြဝင္ၾကဖို႔ ေတာင္းဆုိလိုက္ၿပီး သူတုိ႔ဟာ အနာဂတ္မ်ိဳးဆက္ေတြအတြက္ တုိက္ပဲြဝင္ေနတာျဖစ္ၿပီး အစိုးရအေနနဲ႔ သူတုိ႔ရဲ႕အသံေတြကို နားေထာင္လာလိမ့္မယ္လို႔ အမွန္တကယ္ ေမွ်ာ္လင့္ေၾကာင္း ေရးသားထားပါတယ္။
-----------------------
(Unicode)
ထိုင်းဆန္ဒပြမှု အိမ်နီးချင်း လာအိုနိုင်ငံတွင်း ဂယက်ဖြစ်
ထိုင်းနိုင်ငံမှာ အစိုးရနုတ်ထွက်ပေးဖို့ ရက်ပေါင်းများစွာ တောင်းဆိုနေတဲ့ ဆန္ဒပြပွဲတွေကို အိမ်နီးချင်း လာအိုနိုင်ငံမှာ အားကျလာနေကြပြီး လာအိုအစိုးရအပေါ် ဝေဖန်တာတွေ အင်တာနက်အွန်လိုင်းပေါ်မှာ ရှားရှားပါးပါး ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံဟာ တပါတီစနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပြီး အဲဒီမှာ အစိုးရကို ဝေဖန်တာတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ဝေဖန်တဲ့သူတွေကိုလည်း ကြီးမားတဲ့ပြစ်ဒဏ်တွေ ချမှတ်နိုင်တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားတာကို ဆန္ဒပြတဲ့သူတွေက ဆန့်ကျင်ပြီး ရက်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပြီးတဲ့နောက် ထိုင်းအစိုးရက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ လူမှုကွန်ရက်တွေကို စောင့်ကြည့်နေတဲ့ လာအိုနိုင်ငံသားတွေကလည်း ထိုင်းနိုင်ငံက ဆန္ဒပြနေတဲ့သူတွေနဲ့အတူ တသားတည်းရှိနေတယ် ဆိုတာကို ပြသခဲ့ကြပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ကလည်း တွစ်တာ လူမှုကွန်ရက်မှာ “တကယ်လို့ လာအိုနိုင်ငံရေးသာ ကောင်းခဲ့လျှင်” ဆိုတဲ့ #hashtag လှုပ်ရှားမှုတရပ်ကို စတင်ခဲ့ကြပြီး လာအိုအစိုးရရဲ့ အုပ်ချုပ်မှုအလွဲတွေကို ဝေဖန်ခဲ့ကြပါတယ်။ အဲဒီထဲမှာ အစိုးရက အဂတိလိုက်စားမှု၊ ဆင်းရဲမွဲတေမှုနဲ့ တခြား လူမှုရေးပြဿနာတွေအပေါ် ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာတွေ ပါဝင်ခဲ့ပါတယ်။
တကယ်လို့ လာအိုနိုင်ငံရေးက ကောင်းတယ်ဆိုလျှင် သူတို့အနေနဲ့ အခုလိုမျိုး အင်တာနက်အွန်လိုင်းမှာ အမည်မဖော်ဘဲ ပြောနေစရာမလိုဘဲ လွတ်လပ်စွာ ပြောဆိုခွင့်ရမှာ ဖြစ်တယ်လို့ တွစ်တာမှာ ရေးပါတယ်။
GrumpyG ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်ကတော့ လာအိုနိုင်ငံမှာ တကယ့်ဒီမိုကရေစီစနစ် ဖြစ်လာဖို့အတွက် တိုက်ပွဲဝင်ကြဖို့ တောင်းဆိုလိုက်ပြီး သူတို့ဟာ အနာဂတ်မျိုးဆက်တွေအတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး အစိုးရအနေနဲ့ သူတို့ရဲ့အသံတွေကို နားထောင်လာလိမ့်မယ်လို့ အမှန်တကယ် မျှော်လင့်ကြောင်း ရေးသားထားပါတယ်။