သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားလူ၀င္မႈ ထိန္းသိမ္းေရးစခန္းက ျမန္မာ ၁,၀၀၀ ကို ေနရပ္ျပန္ပို႔ခဲ့


ႏို၀င္ဘာလ ၉ ရက္ေန႔က ေနရပ္ျပန္ပို႔ခဲ့တဲ့ ထိန္းသိမ္းေရးစခန္းက ျမန္မာမ်ား။ (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ႏိုဝင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလ မေလးရွားႏိုင္ငံ ထိန္းသိမ္းေရးစခန္းေတြမွာ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံသား ၁,၀၀၀ ေလာက္ကို ဒီရက္ပုိင္းအတြင္းမွာပဲ ေနရပ္ျပန္ပုိ႔ေပးခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏုိင္ငံ လူ၀င္မႈႀကီးၾကပ္ေရး အက်ဥ္းေထာင္ေတြမွာ ထိန္းသိမ္းခံထားရတဲ့ ျမန္မာႏုိင္ငံသား ၁,၀၀၀ ေလာက္ကုိ ဒီသီတင္းပတ္ထဲမွာပဲ ၃ သုတ္ခဲြ ေနရပ္ျပန္ပုိ႔ေပးခဲ့တာပါ။ မေန႔တုန္းကလည္း တတိယအသုတ္အျဖစ္ လူ ၅၀ နီးပါးကုိ ေနရပ္ျပန္ပုိ႔ခဲ့ေၾကာင္း ဂ်ဳိဟုိးၿမိဳ႕ ထိန္းသိမ္းေရးစခန္းက ျမန္မာႏုိင္ငံသားေတြကို သံရံုးနဲ႔အတူ အကူညီေပးေနတဲ့ ဦးသီဟေမာင္ေမာင္က ေျပာပါတယ္။

"အခု ၄၆ ေယာက္က ျပီးခဲ့တဲ့တေခါက္ကတုန္းက ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ က်န္ခဲ့တဲ့ အသုတ္ထဲက တခ်ိဳ႕ေတြ ပါသြားတာေပါ့ေနာ္။ အဲဒီေန႔က စခန္းတခု ဘာမွားယြင္းမႈ ျဖစ္လဲေတာ့ မသိဘူး။ ပုိ႔တာ သူတို႔က်န္ခဲ့တယ္။ အဲ့ဒီ က်န္တဲ့တသုတ္ ျပန္ပုိ႔ရတာပါ။ က်ေနာ္သိရသေလာက္ ပလန္တစ္ စခန္းက ထုိင္းနယ္စပ္ကပါ လူ ၁,၀၀၀ ေက်ာ္ေလာက္ရွိသြားျပီ။"

မေလးရွားႏုိင္ငံက ထိန္းသိမ္းေရးစခန္းေတြမွာ ရွိေနတဲ့ ျမန္မာႏိုင္ငံသား ၃,၀၀၀ နီးပါးကို ေနရပ္ျပန္ဖုိ႔ လြန္ခဲ့တဲ့ ၄ လ ေလာက္ကတည္းက ၂ ႏုိင္ငံ တာ၀န္ရွိသူေတြ စီစဥ္ေနတာျဖစ္ၿပီး ဒီလဆန္းကစ အသုတ္လုိက္ျပန္ပုိ႔ေနတာပါ။

ကပ္ေရာဂါႀကံဳေနရတဲ့ မေလးရွားႏုိင္ငံက ထိမ္းသိမ္းေရးစခန္းေတြမွာ ျမန္မာႏုိင္ငံသားေတြ တုိးလာေနခ်ိန္မွာပဲ ထိန္းသိမ္းထားသူ လူဦးေရ ေလွ်ာ့ခ်တဲ့အေနနဲ႔ မေလးရွားအာဏာပုိင္ေတြက ေနရပ္ျပန္ခြင့္ေပးေနတာလုိ႔လည္း ဦးသီဟေမာင္ေမာင္ကေျပာပါတယ္။

"စစ္ထားျပီးသားေတြကေတာ့ သိပ္မက်န္သေလာက္ပဲ။ တခ်ိဳ႕ေတြက ျမန္မာႏိုင္ငံသားမွန္ကန္မႈ မျပည့္စံုေသးလို႔ ေစာင့္ေနေသးတယ္။ ျပန္ပို႔တာကလည္း မေလးရွားအစုိးရက ထိန္းသိမ္းေရးစခန္းထဲမွာ ၀န္ထုတ္၀န္ပိုးျဖစ္ပံုရပါတယ္။ ဒါေၾကာင့္ မေလးရွားအစုိးရက မျဖစ္မေန ျပန္ပို႔ဖို႔အတြက္ စီစဥ္တာပါ။"

ခန႔္မွန္းေျခ ျမန္မာႏိုင္ငံသား ၅၅၀,၀၀၀ ေလာက္ အလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားႏိုင္ငံမွာ ကပ္ေရာဂါကာလ ကန႔္သတ္ခ်က္ေတြေၾကာင့္ ျမန္မာႏုိင္ငံသားေတြ အလုပ္အကိုင္နဲ႔ စားဝတ္ေနေရး အခက္အခဲေတြ ႀကဳံေနၾကရတာပါ။ ဒီအတြက္ တရားမ၀င္ေတြလည္း အလုပ္အကုိင္ရွာေဖြရင္း ဖမ္းဆီးခံရတာေတြ ရွိေနပါတယ္။ တရားမ၀င္ျမန္မာႏို္င္ငံသား ၁၀,၀၀၀ ေက်ာ္လည္း ေနရပ္ျပန္ဖို႔ စာရင္းေပးသြင္းထားေပမဲ့ အဲဒီထဲက လူဦးေရ ၁၀၀ ေက်ာ္သာ ေနရပ္ျပန္ႏိုင္ပါေသးတယ္။ ကိုဗစ္အေရးေပၚကာလမွာ မေလးရွားေရာက္ျမန္မာေတြထဲက မိမိကိုယ့္ကိုယ္ကို အဆံုးစီရင္ၾကတာကေတာ့ ၁၈ ဦးထိ ရွိသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားလူဝင်မှု ထိန်းသိမ်းရေးစခန်းက မြန်မာ ၁,၀၀၀ ကို နေရပ်ပြန်ပို့ခဲ့

ကိုဗစ်ကပ်ရောဂါကာလ မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁,၀၀၀ လောက်ကို ဒီရက်ပိုင်းအတွင်းမှာပဲ နေရပ်ပြန်ပို့ပေးခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁,၀၀၀ လောက်ကို ဒီသီတင်းပတ်ထဲမှာပဲ ၃ သုတ်ခွဲ နေရပ်ပြန်ပို့ပေးခဲ့တာပါ။ မနေ့တုန်းကလည်း တတိယအသုတ်အဖြစ် လူ ၅၀ နီးပါးကို နေရပ်ပြန်ပို့ခဲ့ကြောင်း ဂျိုဟိုးမြို့ ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသားတွေကို သံရုံးနဲ့အတူ အကူညီပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။

"အခု ၄၆ ယောက်က ပြီးခဲ့တဲ့တခေါက်ကတုန်းက ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ကျန်ခဲ့တဲ့ အသုတ်ထဲက တချို့တွေ ပါသွားတာပေါ့နော်။ အဲဒီနေ့က စခန်းတခု ဘာမှားယွင်းမှု ဖြစ်လဲတော့ မသိဘူး။ ပို့တာ သူတို့ကျန်ခဲ့တယ်။ အဲ့ဒီ ကျန်တဲ့တသုတ် ပြန်ပို့ရတာပါ။ ကျနော်သိရသလောက် ပလန်တစ် စခန်းက ထိုင်းနယ်စပ်ကပါ လူ ၁,၀၀၀ ကျော်လောက်ရှိသွားပြီ။"

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ၃,၀၀၀ နီးပါးကို နေရပ်ပြန်ဖို့ လွန်ခဲ့တဲ့ ၄ လ လောက်ကတည်းက ၂ နိုင်ငံ တာဝန်ရှိသူတွေ စီစဉ်နေတာဖြစ်ပြီး ဒီလဆန်းကစ အသုတ်လိုက်ပြန်ပို့နေတာပါ။

ကပ်ရောဂါကြုံနေရတဲ့ မလေးရှားနိုင်ငံက ထိမ်းသိမ်းရေးစခန်းတွေမှာ မြန်မာနိုင်ငံသားတွေ တိုးလာနေချိန်မှာပဲ ထိန်းသိမ်းထားသူ လူဦးရေ လျှော့ချတဲ့အနေနဲ့ မလေးရှားအာဏာပိုင်တွေက နေရပ်ပြန်ခွင့်ပေးနေတာလို့လည်း ဦးသီဟမောင်မောင်ကပြောပါတယ်။

"စစ်ထားပြီးသားတွေကတော့ သိပ်မကျန်သလောက်ပဲ။ တချို့တွေက မြန်မာနိုင်ငံသားမှန်ကန်မှု မပြည့်စုံသေးလို့ စောင့်နေသေးတယ်။ ပြန်ပို့တာကလည်း မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းထဲမှာ ဝန်ထုတ်ဝန်ပိုးဖြစ်ပုံရပါတယ်။ ဒါကြောင့် မလေးရှားအစိုးရက မဖြစ်မနေ ပြန်ပို့ဖို့အတွက် စီစဉ်တာပါ။"

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရတာပါ။ ဒီအတွက် တရားမဝင်တွေလည်း အလုပ်အကိုင်ရှာဖွေရင်း ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ တရားမဝင်မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်လည်း နေရပ်ပြန်ဖို့ စာရင်းပေးသွင်းထားပေမဲ့ အဲဒီထဲက လူဦးရေ ၁၀၀ ကျော်သာ နေရပ်ပြန်နိုင်ပါသေးတယ်။ ကိုဗစ်အရေးပေါ်ကာလမှာ မလေးရှားရောက်မြန်မာတွေထဲက မိမိကိုယ့်ကိုယ်ကို အဆုံးစီရင်ကြတာကတော့ ၁၈ ဦးထိ ရှိသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG