သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚလာ သန္း ၈၀၀ ေက်ာ္ ထိုင္းပို႔ကုန္အခြန္ကင္းလြတ္ခြင့္ ကန္႐ုပ္သိမ္း


အေမရိကန္ရွိ Costco ဆုိင္မွာ ေရာင္းခ်ေနတဲ့ ဝက္သားမ်ား။ (ေမ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

ထုိင္းႏုိင္ငံကေန အေမရိကန္ကို တင္ပို႔ေနတဲ့ အေမရိကန္ေဒၚလာ ၈၁၇ သန္း တန္ဖိုးရွိတဲ့ ကုန္ပစၥည္းေတြအေပၚ အခြန္ကင္းလြတ္ခြင့္ ေပးထားတာကို လာမယ့္ ဒီဇင္ဘာ ၃၀ ရက္ေန႔ကစၿပီး ျပန္႐ုပ္သိမ္းသြားမွာျဖစ္တယ္လို႔ သမၼတ Trump က မေန႔က ေၾကညာပါတယ္။

အေမရိကန္က ဝက္သားနဲ႔ ဝက္သားနဲ႔ဆုိင္တဲ့ ကုန္ပစၥည္းေတြကို ထိုင္းေစ်းကြက္ကို ဖြင့္ဖို႔ကိစၥ တုိးတက္မႈမရွိတာေၾကာင့္ အခုလိုလုပ္တာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ထုိင္းႏုိင္ငံကေန အေမရိကန္ကို တင္သြင္းေနတဲ့ အေမရိကန္ေဒၚလာ ၁.၃ ဘီလီယံတန္ဖိုးရွိတဲ့ သြင္းကုန္ေတြကို အခုႏွစ္အေစာပိုင္းမွာ ရပ္ဆုိင္းလိုက္ၿပီးတဲ့ေနာက္ အခုလို ကုန္သြယ္မႈ အထူးအခြင့္အေရးေပးတာကို ရပ္ဆုိင္းလိုက္တာ ျဖစ္ပါတယ္။

တခ်ိန္ကေတာ့ ထုိင္းႏုိင္ငံဟာ အေမရိကန္ဆီကေန ကုန္သြယ္မႈ အထူးအခြင့္အေရးအျဖစ္နဲ႔ ျပည္ပပုိ႔ကုန္တန္ဖိုး ၄.၄ ဘီလီယံေလာက္ ကုန္သြယ္မႈ အထူးအခြင့္အေရး ရရွိခဲ့တာ ျဖစ္ပါတယ္။

အခုရပ္ဆုိင္းလိုက္တဲ့ ကုန္ပစၥည္းေတြထဲမွာ ကားပစၥည္းအစိတ္အပိုင္းေတြ၊ လွ်ပ္စစ္ပစၥည္းေတြ၊ ကုန္ေျခာက္ေတြ၊ မီးဖိုးေခ်ာင္သုံး အလူမီနီယံပစၥည္းေတြနဲ႔ တျခားပစၥည္းကိရိယာေတြ ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ဒေါ်လာ သန်း ၈၀၀ ကျော် ထိုင်းပို့ကုန်အခွန်ကင်းလွတ်ခွင့် ကန်ရုပ်သိမ်း

ထိုင်းနိုင်ငံကနေ အမေရိကန်ကို တင်ပို့နေတဲ့ အမေရိကန်ဒေါ်လာ ၈၁၇ သန်း တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်ကင်းလွတ်ခွင့် ပေးထားတာကို လာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့ကစပြီး ပြန်ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ သမ္မတ Trump က မနေ့က ကြေညာပါတယ်။

အမေရိကန်က ဝက်သားနဲ့ ဝက်သားနဲ့ဆိုင်တဲ့ ကုန်ပစ္စည်းတွေကို ထိုင်းဈေးကွက်ကို ဖွင့်ဖို့ကိစ္စ တိုးတက်မှုမရှိတာကြောင့် အခုလိုလုပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကနေ အမေရိကန်ကို တင်သွင်းနေတဲ့ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိတဲ့ သွင်းကုန်တွေကို အခုနှစ်အစောပိုင်းမှာ ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် အခုလို ကုန်သွယ်မှု အထူးအခွင့်အရေးပေးတာကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

တချိန်ကတော့ ထိုင်းနိုင်ငံဟာ အမေရိကန်ဆီကနေ ကုန်သွယ်မှု အထူးအခွင့်အရေးအဖြစ်နဲ့ ပြည်ပပို့ကုန်တန်ဖိုး ၄.၄ ဘီလီယံလောက် ကုန်သွယ်မှု အထူးအခွင့်အရေး ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုရပ်ဆိုင်းလိုက်တဲ့ ကုန်ပစ္စည်းတွေထဲမှာ ကားပစ္စည်းအစိတ်အပိုင်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ကုန်ခြောက်တွေ၊ မီးဖိုးချောင်သုံး အလူမီနီယံပစ္စည်းတွေနဲ့ တခြားပစ္စည်းကိရိယာတွေ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG