သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘုရားသံုးဆူနယ္စပ္ဂိတ္ သီတင္းႏွစ္ပတ္ ထပ္တိုးပိတ္


ျပီးခဲ့တဲ့ စက္တင္ဘာလက ဘုရားသံုးဆူနယ္စပ္ကုိ စတင္ကန္႔သတ္ခ်ိန္က ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ေဒသခံ)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ ထုိင္းႏုိင္ငံက ယာယီပိတ္ထားတဲ့ ဘုရားသုံးဆူနယ္စပ္ အ၀င္အထြက္ကုိ ေနာက္ထပ္ ၂ ပတ္ သက္တမ္းထပ္တိုးမယ့္အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ခ႐ိုင္နဲ႔ ထုိင္းႏုိင္ငံ ကန္ခ်နဘူရီခ႐ုိင္ၾကား ဘုရားသုံးဆူနယ္စပ္မွာ ၀င္ထြက္ သြားလာမႈေတြကုိ စက္တင္ဘာလေႏွာင္းပုိင္းကစ ယာယီပိတ္ထားတဲ့ ထုိင္းႏုိင္ငံက အခုေနာက္ထပ္ ၂ ပတ္ထပ္တိုးဖုိ႔ ေၾကညာလိုက္တာျဖစ္ပါတယ္။ ထုိင္းနဲ႔ ျမန္မာ ၂ ႏုိင္ငံၾကား အဓိက နယ္စပ္လမ္းေၾကာင္းေတြထဲက တခုျဖစ္တဲ့ ဘုရားသုံးဆူမွာ ထုိင္းႏုိင္ငံဘက္က ယာယီပိတ္ထားတဲ့အတြက္ အျပန္အလွန္အေနနဲ႔ ျမန္မာဘက္ကလည္း ကန္႔သတ္မႈေတြ လုပ္ထားတယ္လုိ႔ ဘုရားသုံးဆူၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္စိုးဦးက ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ ဂိတ္တရားဝင္ဖြင့္မထားေသာ္လည္းဘဲ ဟိုဘက္၊ ဒီဘက္ နီးစပ္ေနတဲ့ ၿမိဳ႕ဆိုေတာ့ဗ်ာ သြားလာေနၾကတာေပါ့။ အခုကေတာ့ ေရာဂါပိုးေၾကာင့္ ခဏ ရပ္ထားတဲ့ သေဘာပါပဲ။ က်ေနာ္တို႔ကလည္း ဟိုဘက္က ေရာဂါေတြျဖစ္လို႔ က်ေနာ္တို႔ဘက္လည္း မလာနဲ႔ဆိုၿပီး ကန႔္ထားတာေပါ့။ အလားတူ က်ေနာ္တို႔ ဘက္က ထပ္ျဖစ္ေတာ့လည္း သူတို႔ဘက္က ျပန္ကန႔္ထားတာေပါ့ အဲလိုေတြေပါ့။”

အခုရက္ပိုင္း ထိုင္းႏိုင္ငံထဲကို တရားမဝင္ ဝင္ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားတခ်ိဳ႕ ဖမ္းဆီးခံေနရၿပီး ကပ္ေရာဂါ ဥပေဒေတြနဲ႔ အေရးယူခံေနရတာ ရွိေၾကာင္း ျမန္မာသံ႐ုံး အလုပ္သမားသံအရာရွိ ဦးေဝလင္းေမာင္က ဗြီအုိေအကုိ ေျပာပါတယ္။ တရားမဝင္ဝင္လာသူေတြကို ထိုင္းဘက္က ေထာင္ဒဏ္ရက္ ၆၀ ခ်မွတ္ေလ့ရွိေပမဲ့ တရား႐ုံးမွာ ဝန္ခံတယ္ဆိုရင္ေတာ့ ျပစ္ဒဏ္ေလွ်ာ့ေပါ့ႏိုင္တယ္လုိ႔လည္း ေျပာပါတယ္။

“နယ္စပ္ျဖတ္ေက်ာ္တာ သူတို႔က ရက္ ၆၀ ေပါ့၊ သူတို႔က က်န္းမာေရးဥပေဒအရ အေရးယူတာ ေလးေတြေတာ့ ရွိတယ္။ ဒါေပမဲ့ အဲဒါမွာ သူတို႔က မဲေဆာက္ထဲမွာတင္ မိတယ္ ဆိုရင္ သူတို႔ဥပေဒအရ ဝန္ခံတယ္ဆိုရင္ သူတို႔ တလေလ်ာ့သြားတယ္၊ ရက္ ၃၀ ေလာက္ ေထာင္ခ်တာေလးေတြ၊ ေလွ်ာ့ခ်တာေလးေတြေတာ့ ရွိတယ္။”

ျမန္မာျပည္မွာ ကိုဗစ္ေရာဂါ ကူးစက္မႈေတြအရွိန္ျမင့္လာတဲ့ စက္တင္ဘာလ အေစာပိုင္းကစလို႔ ထိုင္းစိုးရက ျမန္မာနဲ႔ထိစပ္ေနတဲ့ မယ္ဆိုင္- တာခ်ီလိတ္၊ မဲေဆာက္- ျမဝတီ၊ ရေနာင္း- ေကာ့ေသာင္း ဒီနယ္စပ္ဂိတ္ေတြမွာ လုံၿခဳံေရးပိုၿပီး တင္းၾကပ္လာတာပါ။

ႏိုဝင္ဘာ ၂ ရက္ တနလၤာေန႔က ကမ္ခ်ဘူရီခ႐ိုင္၊ စံခဘူရီနယ္စပ္ကေန လူကုန္ကူးအဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္ၿပီးဝင္လာတဲ့ ျမန္မာႏိုင္ငံသား အေယာက္ ၃၀ ေလာက္ကို ထိုင္းရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး ကိုဗစ္ထိန္းခ်ဳပ္ေရး ဥပေဒနဲ႔ အေရးယူထားပါတယ္။ စက္တင္ဘာလ တလထဲမွာတင္ ျမန္မာႏိုင္ငံသား အေယာက္ ၆,၀၀၀ ေက်ာ္ေလာက္ဖမ္းဆီးမိတယ္လို႔လည္း ထုိင္းလုံၿခံဳေရး တာ၀န္ရွိသူေတြက သတင္းထုတ္ျပန္ထားပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၉ ေယာက္နဲ႔ ကူးစက္သူ ၃,၈၀၀ ေက်ာ္ရွိခဲ့တဲ့ ထုိင္းႏုိင္ငံမွာ ေရာဂါကူးစက္မႈေတြ ေလ်ာ့လာတာေၾကာင့္ ကန္႔သတ္မႈေတြ ေလွ်ာ့ေပါ့ေပးခဲ့ေပမဲ့ မၾကာေသးခင္လေတြအတြင္း ျမန္မာႏုိင္ငံမွာ ေသဆုံးသူ ေထာင္ေက်ာ္နဲ႔ ကူးစက္သူ ေသာင္းဂဏန္းအထိ တုိးလာရာက ေရာဂါကူးစက္မႈေတြ ပ်ံ႕ႏွံ႔လာမွာ စုိးရိမ္မႈေၾကာင့္ နယ္စပ္အ၀င္အထြက္ေတြနဲ႔ သြားလာလႈပ္ရွားမႈေတြကုိ ထုိင္းႏုိင္ငံက ကန္႔သတ္ထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘုရားသုံးဆူနယ်စပ်ဂိတ် သီတင်းနှစ်ပတ် ထပ်တိုးပိတ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ထိုင်းနိုင်ငံက ယာယီပိတ်ထားတဲ့ ဘုရားသုံးဆူနယ်စပ် အဝင်အထွက်ကို နောက်ထပ် ၂ ပတ် သက်တမ်းထပ်တိုးမယ့်အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်နဲ့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ကြား ဘုရားသုံးဆူနယ်စပ်မှာ ဝင်ထွက် သွားလာမှုတွေကို စက်တင်ဘာလနှောင်းပိုင်းကစ ယာယီပိတ်ထားတဲ့ ထိုင်းနိုင်ငံက အခုနောက်ထပ် ၂ ပတ်ထပ်တိုးဖို့ ကြေညာလိုက်တာဖြစ်ပါတယ်။ ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံကြား အဓိက နယ်စပ်လမ်းကြောင်းတွေထဲက တခုဖြစ်တဲ့ ဘုရားသုံးဆူမှာ ထိုင်းနိုင်ငံဘက်က ယာယီပိတ်ထားတဲ့အတွက် အပြန်အလှန်အနေနဲ့ မြန်မာဘက်ကလည်း ကန့်သတ်မှုတွေ လုပ်ထားတယ်လို့ ဘုရားသုံးဆူမြို့အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက ပြောပါတယ်။

“ကျနော်တို့ကတော့ ဂိတ်တရားဝင်ဖွင့်မထားသော်လည်းဘဲ ဟိုဘက်၊ ဒီဘက် နီးစပ်နေတဲ့ မြို့ဆိုတော့ဗျာ သွားလာနေကြတာပေါ့။ အခုကတော့ ရောဂါပိုးကြောင့် ခဏ ရပ်ထားတဲ့ သဘောပါပဲ။ ကျနော်တို့ကလည်း ဟိုဘက်က ရောဂါတွေဖြစ်လို့ ကျနော်တို့ဘက်လည်း မလာနဲ့ဆိုပြီး ကန့်ထားတာပေါ့။ အလားတူ ကျနော်တို့ ဘက်က ထပ်ဖြစ်တော့လည်း သူတို့ဘက်က ပြန်ကန့်ထားတာပေါ့ အဲလိုတွေပေါ့။”

အခုရက်ပိုင်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ ဖမ်းဆီးခံနေရပြီး ကပ်ရောဂါ ဥပဒေတွေနဲ့ အရေးယူခံနေရတာ ရှိကြောင်း မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ဗွီအိုအေကို ပြောပါတယ်။ တရားမဝင်ဝင်လာသူတွေကို ထိုင်းဘက်က ထောင်ဒဏ်ရက် ၆၀ ချမှတ်လေ့ရှိပေမဲ့ တရားရုံးမှာ ဝန်ခံတယ်ဆိုရင်တော့ ပြစ်ဒဏ်လျှော့ပေါ့နိုင်တယ်လို့လည်း ပြောပါတယ်။

“နယ်စပ်ဖြတ်ကျော်တာ သူတို့က ရက် ၆၀ ပေါ့၊ သူတို့က ကျန်းမာရေးဥပဒေအရ အရေးယူတာ လေးတွေတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါမှာ သူတို့က မဲဆောက်ထဲမှာတင် မိတယ် ဆိုရင် သူတို့ဥပဒေအရ ဝန်ခံတယ်ဆိုရင် သူတို့ တလလျော့သွားတယ်၊ ရက် ၃၀ လောက် ထောင်ချတာလေးတွေ၊ လျှော့ချတာလေးတွေတော့ ရှိတယ်။”

မြန်မာပြည်မှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေအရှိန်မြင့်လာတဲ့ စက်တင်ဘာလ အစောပိုင်းကစလို့ ထိုင်းစိုးရက မြန်မာနဲ့ထိစပ်နေတဲ့ မယ်ဆိုင်- တာချီလိတ်၊ မဲဆောက်- မြဝတီ၊ ရနောင်း- ကော့သောင်း ဒီနယ်စပ်ဂိတ်တွေမှာ လုံခြုံရေးပိုပြီး တင်းကြပ်လာတာပါ။

နိုဝင်ဘာ ၂ ရက် တနင်္လာနေ့က ကမ်ချဘူရီခရိုင်၊ စံခဘူရီနယ်စပ်ကနေ လူကုန်ကူးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးဝင်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ လောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ကိုဗစ်ထိန်းချုပ်ရေး ဥပဒေနဲ့ အရေးယူထားပါတယ်။ စက်တင်ဘာလ တလထဲမှာတင် မြန်မာနိုင်ငံသား အယောက် ၆,၀၀၀ ကျော်လောက်ဖမ်းဆီးမိတယ်လို့လည်း ထိုင်းလုံခြုံရေး တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၈၀၀ ကျော်ရှိခဲ့တဲ့ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုတွေ လျော့လာတာကြောင့် ကန့်သတ်မှုတွေ လျှော့ပေါ့ပေးခဲ့ပေမဲ့ မကြာသေးခင်လတွေအတွင်း မြန်မာနိုင်ငံမှာ သေဆုံးသူ ထောင်ကျော်နဲ့ ကူးစက်သူ သောင်းဂဏန်းအထိ တိုးလာရာက ရောဂါကူးစက်မှုတွေ ပျံ့နှံ့လာမှာ စိုးရိမ်မှုကြောင့် နယ်စပ်အဝင်အထွက်တွေနဲ့ သွားလာလှုပ်ရှားမှုတွေကို ထိုင်းနိုင်ငံက ကန့်သတ်ထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG