သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Joe Biden ေအာင္ပြဲေၾကာင္႔ မေလးရွားေရာက္ ျမန္မာဒုကၡသည္ေတြ အားတက္ 


မွတ္တမ္းဓါတ္ပံု - ၂၀၁၇ မတ္လ ၁၁ ရက္ေန႔တုန္းက မေလးရွား ကြာလာလမ္ပူမွာရွိတဲ့ ျမန္မာဒုကၡသည္ ကေလးငယ္မ်ား

(Zawgyi/Unicode)

၂၀၂၀ အေမရိကန္သမၼတေရြးေကာက္ပဲြမွာ သူ အႏိုင္ရေၾကာင္း ၿပီးခဲ့တဲ့ စေနေန႔က ဂ်ိဳးဘိုင္ဒန္ ေၾကညာခဲ့ၿပီးတဲ့ေနာက္ အာရွနဲ႔ အာဖရိကမွာရွိေနတဲ့ ဒုကၡသည္ေတြအတြက္ ေမွ်ာ္လင့္ခ်က္ေတြ ျမင့္တက္လာခဲ့ပါတယ္။ အဲဒီထဲမွာ မေလးရွားေရာက္ ျမန္မာဒုကၡသည္ေတြလည္း ပါ၀င္ပါတယ္။

သူတို႔ ေရာက္ရွိေနတဲ့ ႏိုင္ငံေတြမွာ အလုပ္လုပ္ခြင့္၊ ပညာသင္ၾကားခြင့္မရၾကတဲ့ ဒုကၡသည္ေတြအတြက္ ဘိုင္ဒန္ သမၼတသက္တမ္းအတြင္း အေမရိကန္မွာ အေျခခ်ခိုလံႈခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္ေတြရွိလာခဲ့ၾကပါတယ္။

လူသိမ်ားတဲ့ တတိယႏိုင္ငံမွာ အေျခခ်ခိုလံႈခြင့္ရေရး လုပ္ငန္းစဥ္အရေနရပ္ကို ျပန္လို႔မရသူေတြ၊ ဒါမွမဟုတ္ ႏိုင္ငံေရးခိုလႈံခြင့္ေတာင္းခံသူေတြအပါအ၀င္ ေထာင္ေပါင္းမ်ားစြာေသာ ဒုကၡသည္ေတြကို အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ႏွစ္ေပါင္း အေတာ္ၾကာကတည္းက လက္ခံခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ သမၼတ Donald Trump တာ၀န္မယူခင္ ၂၀၁၆ ခုႏွစ္ကေန သူ႔သက္တမ္းကာလ ၂၀၁၉ ခုႏွစ္အတြင္း ဒုကၡသည္ေတြကို လက္ခံတဲ့အေရအတြက္ဟာ ၈၅၀၀၀ ကေန ၃၀၀၀၀ ထိ ေလ်ာ့က်သြားခဲ့ပါတယ္။ ဒါေပမဲ့ ဘိုင္ဒန္ကေတာ့ သူသမၼတျဖစ္လာရင္ ဒီလို ဒုကၡသည္ဦးေရ ေလ်ာ့ၿပီးေခၚယူတာကို ဖ်က္သိမ္းမယ္လို႔ ကတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

Joe Biden အောင်ပွဲကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည်တွေ အားတက်

(Unicode)

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သူ အနိုင်ရကြောင်း ပြီးခဲ့တဲ့ စနေနေ့က ဂျိုးဘိုင်ဒန် ကြေညာခဲ့ပြီးတဲ့နောက် အာရှနဲ့ အာဖရိကမှာရှိနေတဲ့ ဒုက္ခသည်တွေအတွက် မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့ပါတယ်။ အဲဒီထဲမှာ မလေးရှားရောက် မြန်မာဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။

သူတို့ ရောက်ရှိနေတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်ခွင့်၊ ပညာသင်ကြားခွင့်မရကြတဲ့ ဒုက္ခသည်တွေအတွက် ဘိုင်ဒန် သမ္မတသက်တမ်းအတွင်း အမေရိကန်မှာ အခြေချခိုလှုံခွင့်ရဖို့ မျှော်လင့်ချက်တွေရှိလာခဲ့ကြပါတယ်။

လူသိများတဲ့ တတိယနိုင်ငံမှာ အခြေချခိုလှုံခွင့်ရရေး လုပ်ငန်းစဉ်အရနေရပ်ကို ပြန်လို့မရသူတွေ၊ ဒါမှမဟုတ် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေအပါအဝင် ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်ပေါင်း အတော်ကြာကတည်းက လက်ခံခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတ Donald Trump တာဝန်မယူခင် ၂၀၁၆ ခုနှစ်ကနေ သူ့သက်တမ်းကာလ ၂၀၁၉ ခုနှစ်အတွင်း ဒုက္ခသည်တွေကို လက်ခံတဲ့အရေအတွက်ဟာ ၈၅၀၀၀ ကနေ ၃၀၀၀၀ ထိ လျော့ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ဒန်ကတော့ သူသမ္မတဖြစ်လာရင် ဒီလို ဒုက္ခသည်ဦးရေ လျော့ပြီးခေါ်ယူတာကို ဖျက်သိမ်းမယ်လို့ ကတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG