သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၁ ႏွစ္အတြက္ ဒုကၡသည္လက္ခံမည့္အေရအတြက္ သမၼတ Trump အစုိးရ ေလ်ာ့ခ်


မွတ္တမ္းဓါတ္ပံု-၂၀၁၇ ဇြန္လတုန္းက Washington Dulles အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ခရီးသြားမ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

၂၀၂၁ ဘ႑ာေရးႏွစ္အတြက္ အေမရိကန္ျပည္ေထာင္စုမွာ အေျခခ်ဖို႔ ဒုကၡသည္ တေသာင္းခြဲပဲ လက္ခံဖို႔ရည္ရြယ္ထားေၾကာင္း ထရမ့္အစိုးရအဖြဲ႔က ဗုဒၶဟူးေန႔မွာ ေျပာၾကားလိုက္တဲ့ အတြက္ ဒါဟာ အေမရိကန္ႏိုင္ငံရဲ့ ဒုကၡသည္ လက္ခံေရးအစီအစဥ္ သမိုင္းမွာ လက္ခံသူဦးေရ ေနာက္တခ်ီ စံခ်ိန္တင္ေလာက္ေအာင္ နည္းေနတာ ျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္အတြက္ ဒုကၡသည္ ၁၈,၀၀၀ လက္ခံဖုိ႔ စီစဥ္ထားရာကေန ၂၀၂၁ ခုႏွစ္အတြက္ ၃,၀၀၀ ေလ်ာ့ခ်ၿပီး ၁၅,၀၀၀ သာ လက္ခံဖုိ႔ သမၼတ Trump အစုိးရ ဆုံးျဖတ္လုိက္တာပါ။

ဒါဟာ အေမရိကန္ႏိုင္ငံသားေတြရဲ့ အက်ိဳးအတြက္နဲ႔ အႏၱရာယ္ကင္းေစဖို႔ ထရမ့္အစိုးရအဖြဲ႔ရဲ့ ဦးစားေပးေဆာင္ရြက္္္မႈေပၚ မူတည္ေဆာင္ရြက္တာ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။ မႏွစ္က ဒုကၡသည္အေရအတြက္ ၁၈,၀၀၀ အထိေလွ်ာ့ခ် လက္ခံခဲ့ေပမယ့္ အဲဒီထဲက ထက္ဝက္ေလာက္ပဲ ဝင္ေရာက္ခြင့္ရတာပါ။ ဒုကၡသည္ေတြနဲ႔ပတ္သက္ၿပီး စံုစမ္းစစ္ေဆးမႈေတြ တိုးလုပ္ခဲ့သလို ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္လည္း ဒုကၡသည္ေတြ လာဖို႔ေႏွာင့္ေႏွးခဲ့ရပါတယ္။

ထံုးစံအတိုင္းဆို ဘ႑ာေရးႏွစ္ တႏွစ္အတြက္ ႏွစ္စအခ်ိန္တိုင္းမွာ ဒုကၡသည္ ဘယ္ႏွစ္ေယာက္ လက္ခံမယ္ ဆိုတာကို သမၼတကခ်မွတ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုဥပေဒအရ ႏွစ္စဥ္ လက္ခံဖို႔ စီစဥ္ထားတဲ့ ဒုကၡသည္အေရအတြက္ကို မဆံုးျဖတ္ခင္ သမၼတက လႊတ္ေတာ္နဲ႔ တိုင္ပင္ရတာ ျဖစ္ေပမယ့္ ဘယ္ႏွစ္ေယာက္ ေခၚမယ္ ဆိုတာကေတာ့ သမၼတအိမ္ျဖဴကပဲ ခ်မွတ္ရတာ ျဖစ္ပါတယ္။

အစီအစဥ္ထဲမွာ ဒုကၡသည္ေတြကို ဘယ္မွာ ေနရာခ်ထားမယ္ ဆိုတာကိုပါခ်မွတ္ထားရတာပါ။ ဒီဒုကၡသည္ေတြဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အသက္ေဘးစိုးရိမ္ရသူေတြ ျဖစ္ၿပီး တခ်ိဳ႕က ကိုးကြယ္တဲ့ဘာသာေၾကာင့္၊ အီရတ္ႏိုင္ငံက ဆိုရင္ အေမရိကန္ကို အကူညီေပးတာေၾကာင့္ ျဖစ္သလို El Salvador, Guatemala, Honduras, Hong Kong၊ က်ဴးဘားနဲ႔ Venezuela လို ႏိုင္ငံေတြက လာေရာက္ၾကတာျဖစ္ပါတယ္။

ႏိုဝင္ဘာ ၃ ရက္ ေရြးေကာက္ပြဲမွာ သမၼတထရမ့္နဲ႔ ယွဥ္ၿပိဳင္အေရြးခံမယ့္ ဒီမိုကရက္တစ္ပါတီက ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္ကေတာ့ သူသာ သမၼတ အေရြးခံရရင္ ဒုကၡသည္ ၁၂၅,၀၀၀ အထိတိုးျမွင့္ လက္ခံမွာ ျဖစ္ေၾကာင္း ကတိျပဳေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘယ္ေလာက္ ျမန္ျမန္တိုးၿပီး ေခၚဖို႔ လုပ္မယ္ ဆိုတာကိုေတာ့ မေျပာပါဘူး။

တိုက္႐ိုက္ လင့္ခ္


..............

၂၀၂၁ နှစ်အတွက် ဒုက္ခသည်လက်ခံမည့်အရေအတွက် သမ္မတ Trump အစိုးရ လျော့ချ


(Unicode)

၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ပြည်ထောင်စုမှာ အခြေချဖို့ ဒုက္ခသည် တသောင်းခွဲပဲ လက်ခံဖို့ရည်ရွယ်ထားကြောင်း ထရမ့်အစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်တဲ့ အတွက် ဒါဟာ အမေရိကန်နိုင်ငံရဲ့ ဒုက္ခသည် လက်ခံရေးအစီအစဉ် သမိုင်းမှာ လက်ခံသူဦးရေ နောက်တချီ စံချိန်တင်လောက်အောင် နည်းနေတာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အတွက် ဒုက္ခသည် ၁၈,၀၀၀ လက်ခံဖို့ စီစဉ်ထားရာကနေ ၂၀၂၁ ခုနှစ်အတွက် ၃,၀၀၀ လျော့ချပြီး ၁၅,၀၀၀ သာ လက်ခံဖို့ သမ္မတ Trump အစိုးရ ဆုံးဖြတ်လိုက်တာပါ။

ဒါဟာ အမေရိကန်နိုင်ငံသားတွေရဲ့ အကျိုးအတွက်နဲ့ အန္တရာယ်ကင်းစေဖို့ ထရမ့်အစိုးရအဖွဲ့ရဲ့ ဦးစားပေးဆောင်ရွက်မှုပေါ် မူတည်ဆောင်ရွက်တာ ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။ မနှစ်က ဒုက္ခသည်အရေအတွက် ၁၈,၀၀၀ အထိလျှော့ချ လက်ခံခဲ့ပေမယ့် အဲဒီထဲက ထက်ဝက်လောက်ပဲ ဝင်ရောက်ခွင့်ရတာပါ။ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ တိုးလုပ်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း ဒုက္ခသည်တွေ လာဖို့နှောင့်နှေးခဲ့ရပါတယ်။

ထုံးစံအတိုင်းဆို ဘဏ္ဍာရေးနှစ် တနှစ်အတွက် နှစ်စအချိန်တိုင်းမှာ ဒုက္ခသည် ဘယ်နှစ်ယောက် လက်ခံမယ် ဆိုတာကို သမ္မတကချမှတ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဥပဒေအရ နှစ်စဉ် လက်ခံဖို့ စီစဉ်ထားတဲ့ ဒုက္ခသည်အရေအတွက်ကို မဆုံးဖြတ်ခင် သမ္မတက လွှတ်တော်နဲ့ တိုင်ပင်ရတာ ဖြစ်ပေမယ့် ဘယ်နှစ်ယောက် ခေါ်မယ် ဆိုတာကတော့ သမ္မတအိမ်ဖြူကပဲ ချမှတ်ရတာ ဖြစ်ပါတယ်။

အစီအစဉ်ထဲမှာ ဒုက္ခသည်တွေကို ဘယ်မှာ နေရာချထားမယ် ဆိုတာကိုပါချမှတ်ထားရတာပါ။ ဒီဒုက္ခသည်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် အသက်ဘေးစိုးရိမ်ရသူတွေ ဖြစ်ပြီး တချို့က ကိုးကွယ်တဲ့ဘာသာကြောင့်၊ အီရတ်နိုင်ငံက ဆိုရင် အမေရိကန်ကို အကူညီပေးတာကြောင့် ဖြစ်သလို El Salvador, Guatemala, Honduras, Hong Kong၊ ကျူးဘားနဲ့ Venezuela လို နိုင်ငံတွေက လာရောက်ကြတာဖြစ်ပါတယ်။

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ သမ္မတထရမ့်နဲ့ ယှဉ်ပြိုင်အရွေးခံမယ့် ဒီမိုကရက်တစ်ပါတီက ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကတော့ သူသာ သမ္မတ အရွေးခံရရင် ဒုက္ခသည် ၁၂၅,၀၀၀ အထိတိုးမြှင့် လက်ခံမှာ ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက် မြန်မြန်တိုးပြီး ခေါ်ဖို့ လုပ်မယ် ဆိုတာကိုတော့ မပြောပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG