သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ ဒုက္ခသည် ရွှေ့ပြောင်းမှု ကျဆင်း


Montagnards emerge from the forest after having fled from neighbouring Vietnam in Korng village, Ratanakiri province, northeastern Cambodia, 10 kilometers (6.3 miles) from the Vietnamese border, in this Thursday, July 22, 2004 file photo. Twenty-seven Vie
Montagnards emerge from the forest after having fled from neighbouring Vietnam in Korng village, Ratanakiri province, northeastern Cambodia, 10 kilometers (6.3 miles) from the Vietnamese border, in this Thursday, July 22, 2004 file photo. Twenty-seven Vie

အရှေ့တောင် အာရှဒေသအတွင်း ဒုက္ခသည်တွေ ရွှေ့ပြောင်းသွားလာမှုှုတွေ ၁၈ လအတွင်း သိသိသာသာ ထိုးကျသွားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အင်္ဂါနေ့က ဘန်ကောက်မြို့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ကနေ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းမှာ အခုလို လျော့ကျသွားပေမဲ့ အကြမ်းဖက်မှုတွေနဲ့ နှိပ်ကွပ် ချုပ်ချယ်မှုတွေကြောင့် ထွက်ပြေးရကြမယ့် အန္တရာယ်ကတော့ ရှိနေဆဲလို့လည်း ရေးသားထားပါတယ်။

ဒီဒေသတွင်းမှာ ရိုဟင်ဂျာတွေက ရွှေ့ပြောင်းသွားလာမှု အကြီးမားဆုံး ရှိနေတဲ့ ဒုက္ခသည်အုပ်စုအဖြစ် ရပ်တည်နေပါတယ်။ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကာလအတွင်းမှာ ရိုဟင်ဂျာ ၁ သောင်း ၈ ထောင်နီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသစ်ရောက်လာတဲ့ဒုက္ခသည်တွေအဖြစ် မှတ်ပုံတင်ခဲ့ပါတယ်။ ၂၀၁၇ ခှနှစ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည် ခန့်မှန်းခြေ ၇ သိန်း ဘင်္ဂလားဒေ့ရှ်ကို ရောက်လာပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ် အစောပိုင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ နောက်ဆုံး ရောက်လာခဲ့တာဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို လက်ခံခြင်း မရှိပါဘူး။

တစ်ခြား ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းသူ ၁၆၀၀ လောက်ဟာ အန္တာရယ်ကြီးတဲ့ ပင်လယ်ရေကြောင်း ခရီးအဖြစ် ဘင်္ဂလား ပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ထဲ သွားလာခဲ့ကြရာမှာ အနည်းဆုံး လူ ၁၅ ဦး ရေနစ် သေဆုံးခဲ့ပါတယ်။ သေဆုံးမှုတွေရဲ့ တရားခံ လက်သည်ကတော့ လူမှောင်ခိုတွေ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရှေ့တောင်အာရှဒေသအတွင်း ဒုက္ခသည် အနည်းငယ်ဟာ သူတို့ ကနဦး ခိုလှုံရာ နိုင်ငံကနေ တစ်ခြား နိုင်ငံကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အခြေအနေ၊ အခြေခံ လိုအပ်ချက်တွေ မရရှိမှုှု၊ နှင်ထုတ်ခံရမှာကို စိုးရိမ်ရမှု၊ လက်ခံရာ နိုင်ငံက ဒေသခံတွေနဲ့ ဆက်ဆံရေးတင်းမာမှု၊ ပညာရေး အခွင့်အရေး မခံစားရမှုတွေဟာ သူတို့ကနဦး ခိုလှုံရာ နိုင်ငံကနေ တစ်ခြား တစ်နိုင်ငံကို ပြောင်း ရွှေ့ရခြင်းရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။

.................





တိုက်ရိုက် လင့်ခ်


XS
SM
MD
LG