သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္တခ်ဳိ႕ ျမန္မာႏုိင္ငံျပန္


ဘဂၤလားေဒ့ရွ္ႏုိင္ငံ Cox's Bazar ဒုကၡသည္စခန္းက ဒုကၡသည္မ်ား (မတ္၊ ၀၇၊ ၂၀၁၉)

ရခုိင္ျပည္နယ္မွာ တေၾကာ့ျပန္ျဖစ္ပြားခဲ့တဲ့ ပဋိပကၡေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကုိ ထြက္ေျပးၿပီး ဒုကၡသည္ စခန္းေတြမွာ ေနထုိင္ေနၾကသူေတြအေနနဲ႔ စခန္းအတြင္းမွာ စား၀တ္ေနေရး အခက္အခဲ ရွိလာတာေၾကာင့္ လြန္ခဲ့တဲ့ လပုိင္းအတြင္းကစလုိ႔ သူတုိ႔ သေဘာဆႏၵအေလွ်ာက္ ျမန္မာႏုိင္ငံဘက္ကုိ အသုတ္လုိက္ တခ်ဳိ႕ ျပန္လာေနၾကပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၅ ရက္ေန႔ကလည္း မြတ္ဆလင္ ၂၆ ဦးဟာ ႏွစ္ႏုိင္ငံနယ္စပ္ ႀကိဳဆုိေရးစခန္းကတဆင့္ သူတုိ႔ ဆႏၵအေလွ်ာက္ ေနရပ္ကုိ ျပန္လာခဲ့ၾကေပမယ့္ စခန္းအတြင္းမွာ က်န္ေနတဲ့ အမ်ားစုကောတ့ တဘက္ႏုိင္ငံက အၾကမ္းဖက္ အဖြဲ႔အစည္းေတြရဲ႕ရန္ကိုေၾကာက္လို႔ မျပန္ရဲၾကဘူးလို႔ ေနရပ္ျပန္သူ တခ်ိဳ႕ကေျပာပါတယ္။ ဒီအေျခ အေနကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ဘဂၤလားေဒ့႐ွ္နိုင္ငံဘက္ကို တိမ္းေရွာင္သြားတာ ၂ ႏွစ္ေလာက္ ၾကာလာၿပီးတဲ့ေနာက္ စက္တင္ဘာ ၂၅ ရက္ေန႔က မိမိသေဘာဆႏၵ အေလွ်ာက္ ျပည္တြင္းကိုျပန္၀င္လာတဲ ့မြတ္ဆလင္ရြာသား ၂၆ ဟာ လက္ရွိ ေမာင္ေတာျမိဳ႕နယ္အတြင္း ေနရပ္ရင္းမွာ ျပန္လည္အေျခခ် ေနထိုင္ေနျပီး ျဖစ္ပါတယ္။

လက္ရွိ ဦး႐ွည့္က်ေက်း႐ြာက ျပန္လည္၀င္ေရာက္လာသူ၁၃ဦးရွိေနျပီး ေနထိုင္စားေသာက္ေရး အေျခအေနကိုေတာ့ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးဖီရက္က အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ရြာက ဘဂၤလားေဒ့ရွ္ ေရာက္လာတဲ့ သူက စုစုေပါင္း ၁၃ ေယာက္ ရွိပါတယ္။ အခုရြာမွာ ရွိပါတယ္။ သူတို႔ ဒီမွာ မိသားစု အိမ္မွာပဲ ေနတာပါ။”

ၾကက္႐ိုးျပင္ေက်း႐ြာမွာလည္း ျပန္လည္၀င္ေရာက္လာသူ၁၁ဦး ရွိေနပါတယ္။ ဘဂၤလားေဒ့႐ွ္နိုင္ငံဘက္ကို တိမ္းေရွာင္ သြားျပီး ဒုကၡသည္စခန္းမွာ စား၀တ္ေနထိုင္ေရး အခက္ခဲေၾကာင့္ ျပည္တြင္းျပန္၀င္လာတယ္လို႔ ေနရပ္ျပန္သူ တဦးက ေျပာပါတယ္။

“မေန႔က ေရာက္တာပါ။ သြားေရးရွဳပ္ေထြးတယ္။ တေန႔ဟိုဟာ စား၀တ္ေနေရး ပညာေရး၊ က်န္းမာေရး အဲ့ဒါ လူမႈေရးေတြ အခက္ခဲလို႔ အိမ္ကို ျပန္လာတာပါ။”

ဘဂၤလားေဒ့႐ွ္နိုင္ငံဘက္ကို တိမ္းေရွာင္သြားသူ တခ်ိဳ႕ ေနရပ္ျပန္ခ်င္ေပမဲ့ တဘက္နိုင္ငံက အၾကမ္းဖက္ အဖြဲ႔အစည္းရန္ကို ေၾကာက္ေနရတယ္လို႔ တျခား ေနရပ္ျပန္သူ ၾကက္႐ိုးျပင္ရြာသား တဦးက အခုလို ေျပာပါတယ္။

“ဒီဘက္ကေတာ့ က်ေနာ္တို႔ အစိုးရကလည္း က်ေနာ္တို႔ လက္ခံဖို႔ကလည္း အဆင္သင့္ရွိပါတယ္။ လာလိုခ်င္လည္း လာရခက္ေနပါတယ္။ ဒါေပမဲ့ မလာၾကတာကေတာ့ အၾကမ္းဖက္ေတြက သူတို႔ေၾကာက္ေနတယ္လို႔ပဲ က်ေနာ္တို႔ ၾကားေနရပါတယ္။”

လက္ရွိ ျပည္တြင္းျပန္၀င္ေရာက္လာသူေတြ အပါအ၀င္ ဦး႐ွည့္က်ေက်း႐ြာ၊ ၾကက္႐ိုးျပင္ေက်း႐ြာ၊ ကပၸေကာင္းေက်း႐ြာ၊ ေမွ်ာ့ေတာင္ ေက်း႐ြာစတဲ့ မြတ္ဆလင္ေက်းရြာေတြကို အျပည္ျပည္ဆိုင္ရာၾကက္ေျခနီအဖြဲ႔ ICRC ကေန ကူညီမႈေပး ထားတယ္လို႔ ၾကက္ရိုး ျပင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းနိုင္က ဆိုပါတယ္။

“လက္ရွိရြာမွာေနတဲ့သူကိုေတာ့ ICRC က ေထာက္ပံ့ေနတာ။ အခု သူတို႔မေန႔ကလာတာနဲ႔ စာရင္းတင္လို႔ မရဘူး။ ICRC အဖြဲ႔ဒီဘက္ ကိုလာမယ္ဆိုရင္ က်ေနာ္တို႔သတင္းပို႔မယ္။”

ရခိုင္ျပည္နယ္ ေမာင္ေတာခ႐ိုင္အတြင္း၂၀၁၇ ခုႏွစ္ ၾသဂုတ္လမွာ အၾကမ္းဖက္ တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ တပ္မေတာ္ကေန နယ္ေျမရွင္းလင္းေရးနဲ႔ လုံျခံဳေရးလုပ္ေဆာင္မႈအတြင္း ေဒသခံမူဆလင္ရြာသား ၇ သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ ႏိုငံဘက္ကို ထြက္ေျပးသြားေၾကာင္း ကုလသမဂၢက ထုတ္ျပန္ထားပါတယ္။

ဘဂၤလားေဒ့ရွ္နဲ႔ ႏွစ္ႏုိင္ငံ သေဘာတူညီခ်က္အရ ေနရပ္စြန္႔ခြာသူေတြကို သက္ဆိုင္ရာ တာဝန္ရွိသူေတြက ျပန္လည္ လက္ခံဖုိ႔အတြက္ ၂၀၁၈ ခုႏွစ္ ႏွစ္စပုိင္းကတည္းက ျမန္မာအစုိးရဘက္က ျပန္လည္ လက္ခံေရးစခန္းေတြဖြင့္ၿပီး ျပင္ဆင္ေဆာင္ရြက္လာခဲ့တာပါ။

၂၀၁၉ ခုႏွစ္ စက္တင္ဘာ လဆန္းပုိင္းထိေတာ့ မိမိဆႏၵအေလွ်ာက္ ေနရပ္ျပန္လာသူ၃၀၀ နီးပါးရွိေနျပီး သူတို႔ တေတြဟာ မိမိေနရပ္ရင္းမွာ အေျခခ်ေနထိုင္ေနၾကတယ္လို႔ လွဖိုးေခါင္ ၾကိဳဆိုလက္ခံေရးစခန္း အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးရံုး ညႊန္ၾကားေရးမႈး ဦးစိုးေရႊေအာင္က ေျပာပါတယ္။

“၂၅ ရက္ေန႔က ၂၆ ေယာက္ဆိုေတာ့ ဟိုဟာနဲ႔ဆို ၃၀၀ ေလာက္ ရွိမယ္။ သူတို႔ သေဘာဆႏၵအေလွ်ာက္ ခြင့္ျပဳခ်က္ေတြ ေတာင္းျပီးေတာ့ စီစစ္ခံျပီး၀င္လာတဲ့ လူေတြ ရွိတယ္ဆိုေတာ့ သူတို႔ဒီဘက္မွာ ေနစရာ ရွိတယ္။ သူတို႔ေဆြမ်ိဳးသားခ်င္းေတြ ရွိလို႔ ျပန္လာတဲ့ လူေတြျဖစ္ပါတယ္။ သူတို႔ေနခဲ့တဲ့ရြာက ေက်းရြာတာ၀န္ခံေတြ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြ သူတို႔ေဆြမ်ိဳးသားခ်င္းေတြက သူတို႔ဆက္သြယ္ျပီး တခါထဲ လာတာျဖစ္တဲ့အတြက္ သူတို႔ေနထိုင္မဲ့ေနရာေတြက ရွိျပီး သားျဖစ္တဲ့အတြက္ အဲဒီေနရာမွာပဲ ျပန္ျပီးေတာ့ ေနထိုင္ပါတယ္။"

သူတို႔ ဆနၵအေလွ်ာက္ ဝင္ေရာက္လာသူေတြကို UEHRD ေခၚ ေနရပ္စြန္႕ခြါမ်ား ျပန္လည္လက္ခံေရး လုပ္ငန္းအဖြဲ႔ကေန စီစစ္လက္ခံခဲ့ၿပီး ၎တို႔ဆႏၵအရ NV Card ထုတ္ေပးျခင္း၊ မူလေနထိုင္ရာ ေနရာေတြကို ပို႔ေဆာင္ေပးျခင္းေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ျမန္မာအာဏာပိုင္ေတြဘက္က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ တိမ္းေရွာင္သူေတြ ေနရပ္ျပန္ေရးအတြက္ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ အစိုးရတို႔ ညိွႏွႈိင္းခဲ့ရာမွာ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရ ျပန္လည္လက္ခံဖို႔အတြက္၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ၊ ႏိုဝင္ဘာလနဲ႔ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လတို႔မွာ စီစဥ္ခဲ့ေပမဲ့ ေအာင္ျမင္မႈ မရွိခဲ့ပါဘူး။

ျမန္မာအစုိးရကေတာ့ တဘက္ႏုိင္ငံကုိ ထြက္ေျပးသြားသူေတြကုိ ရုိဟင္ဂ်ာလုိ႔ ေခၚဆုိတာ လက္မခံေပမဲ့ သူတို႔ တေတြ ျပန္လာႏုိင္ေရးအတြက္ ဘဂၤလားေဒ့ရွ္ အစုိးရနဲ႔ နားလည္မႈ စာခၽြန္လႊာ လက္မွတ္ထုိးလုပ္ ေဆာင္ေနျပီး စစ္ေရွာင္ဒုကၡသည္ေတြ ျပန္လက္ခံဖို႔ ႀကိဳးစားေနတာ အခုထိ မေအာင္ျမင္ေသးပါဘူး။

[UNICODE VERSION]

ရခိုင်ပြည်နယ်မှာ တကြော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးပြီး ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြသူတွေအနေနဲ့ စခန်းအတွင်းမှာ စားဝတ်နေရေး အခက်အခဲ ရှိလာတာကြောင့် လွန်ခဲ့တဲ့ လပိုင်းအတွင်းကစလို့ သူတို့ သဘောဆန္ဒအလျှောက် မြန်မာနိုင်ငံဘက်ကို အသုတ်လိုက် တချို့ ပြန်လာနေကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း မွတ်ဆလင် ၂၆ ဦးဟာ နှစ်နိုင်ငံနယ်စပ် ကြိုဆိုရေးစခန်းကတဆင့် သူတို့ဆန္ဒအလျှောက် နေရပ်ကို ပြန်လာခဲ့ကြပေမယ့် စခန်းအတွင်းမှာ ကျန်နေတဲ့ အများစုကောတ့ တဘက်နိုင်ငံက အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ရန်ကိုကြောက်လို့ မပြန်ရဲကြဘူးလို့ နေရပ်ပြန်သူ တချို့ကပြောပါတယ်။ ဒီအခြေ အနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်သွားတာ ၂ နှစ်လောက် ကြာလာပြီးတဲ့နောက် စက်တင်ဘာ ၂၅ ရက်နေ့က မိမိသဘောဆန္ဒ အလျှောက် ပြည်တွင်းကိုပြန်ဝင်လာတဲ့မွတ်ဆလင်ရွာသား၂၆ ဟာ လက်ရှိ မောင်တောမြို့နယ်အတွင်း နေရပ်ရင်းမှာ ပြန်လည်အခြေချ နေထိုင်နေပြီး ဖြစ်ပါတယ်။

လက်ရှိ ဦးရှည့်ကျကျေးရွာက ပြန်လည်ဝင်ရောက်လာသူ၁၃ဦးရှိနေပြီး နေထိုင်စားသောက်ရေး အခြေအနေကိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖီရက်က အခုလိုပြောပါတယ်။

“ကျနော်တို့ရွာက ဘင်္ဂလားဒေ့ရှ်ရောက်လာတဲ့ သူက စုစုပေါင်း ၁၃ ယောက် ရှိပါတယ်။ အခုရွာမှာ ရှိပါတယ်။ သူတို့ ဒီမှာ မိသားစု အိမ်မှာပဲနေတာပါ။”

ကြက်ရိုးပြင်ကျေးရွာမှာလည်း ပြန်လည်ဝင်ရောက်လာသူ၁၁ဦး ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင် သွားပြီး ဒုက္ခသည်စခန်းမှာ စားဝတ်နေထိုင်ရေး အခက်ခဲကြောင့် ပြည်တွင်းပြန်ဝင်လာတယ်လို့ နေရပ်ပြန်သူ တဦးက ပြောပါတယ်။

“မနေ့က ရောက်တာပါ။ သွားရေးရှုပ်ထွေးတယ်။ တနေ့ဟိုဟာ စားဝတ်နေရေး ပညာရေး၊ ကျန်းမာရေး အဲတာလူမှုရေးတွေ အခက်ခဲလို့ အိမ်ကို ပြန်လာတာပါ။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်သွားသူ တချို့ နေရပ်ပြန်ချင်ပေမဲ့ တဘက်နိုင်ငံက အကြမ်းဖက် အဖွဲ့အစည်းရန်ကို ကြောက်နေရတယ်လို့ တခြား နေရပ်ပြန်သူ ကြက်ရိုးပြင်ရွာသား တဦးက အခုလို ပြောပါတယ်။

“ဒီဘက်ကတော့ ကျနော်တို့ အစိုးရကလည်း ကျနော်တို့ လက်ခံဖို့ကလည်း အဆင်သင့်ရှိပါတယ်။ လာလိုချင်လည်း လာရခက်နေပါတယ်။ ဒါပေမဲ့ မလာကြတာကတော့ အကြမ်းဖက်တွေက သူတို့ကြောက်နေတယ်လို့ပဲ ကျနော်တို့ ကြားနေရပါတယ်။”

လက်ရှိ ပြည်တွင်းပြန်ဝင်ရောက်လာသူတွေ အပါအဝင် ဦးရှည့်ကျကျေးရွာ၊ ကြက်ရိုးပြင်ကျေးရွာ၊ ကပ္ပကောင်းကျေးရွာ၊ မျှော့တောင် ကျေးရွာစတဲ့ မွတ်ဆလင်ကျေးရွာတွေကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ICRC ကနေ ကူညီမှုပေး ထားတယ်လို့ ကြက်ရိုး ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်က ဆိုပါတယ်။

“လက်ရှိရွာမှာနေတဲ့သူကိုတော့ ICRC က ထောက်ပံ့နေတာ။ အခု သူတို့မနေ့ကလာတာနဲ့ စာရင်းတင်လို့ မရဘူး။ ICRC အဖွဲ့ဒီဘက် ကိုလာမယ်ဆိုရင် ကျနော်တို့သတင်းပို့မယ်။”

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း၂၀၁၇ ခုနှစ် သြဂုတ်လမှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးနဲ့ လုံခြုံရေးလုပ်ဆောင်မှုအတွင်း ဒေသခံမူဆလင်ရွာသား ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုငံဘက်ကို ထွက်ပြေးသွားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်စွန့်ခွာသူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်လည် လက်ခံဖို့အတွက် ၂၀၁၈ ခုနှစ် နှစ်စပိုင်းကတည်းက မြန်မာအစိုးရဘက်က ပြန်လည် လက်ခံရေးစခန်းတွေဖွင့်ပြီး ပြင်ဆင်ဆောင်ရွက်လာခဲ့တာပါ။

၂၀၁၉ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းထိတော့ မိမိဆန္ဒအလျှောက် နေရပ်ပြန်လာသူ၃၀၀ နီးပါးရှိနေပြီး သူတို့ တတွေဟာ မိမိနေရပ်ရင်းမှာ အခြေချနေထိုင်နေကြတယ်လို့ လှဖိုးခေါင် ကြိုဆိုလက်ခံရေးစခန်း အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ညွှန်ကြားရေးမှုး ဦးစိုးရွှေအောင်က ပြောပါတယ်။

“၂၅ ရက်နေ့က ၂၆ ယောက်ဆိုတော့ ဟိုဟာနဲ့ဆို ၃၀၀ လောက် ရှိမယ်။ သူတို့ သဘောဆန္ဒအလျှောက် ခွင့်ပြုချက်တွေ တောင်းပြီးတော့ စီစစ်ခံပြီးဝင်လာတဲ့ လူတွေ ရှိတယ်ဆိုတော့ သူတို့ဒီဘက်မှာ နေစရာ ရှိတယ်။ သူတို့ဆွေမျိုးသားချင်းတွေ ရှိလို့ ပြန်လာတဲ့ လူတွေဖြစ်ပါတယ်။ သူတို့နေခဲ့တဲ့ရွာက ကျေးရွာတာဝန်ခံတွေ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ သူတို့ဆွေမျိုးသားချင်းတွေက သူတို့ဆက်သွယ်ပြီး တခါထဲ လာတာဖြစ်တဲ့အတွက် သူတို့နေထိုင်မဲ့နေရာတွေက ရှိပြီး သားဖြစ်တဲ့အတွက် အဲဒီနေရာမှာပဲ ပြန်ပြီးတော့ နေထိုင်ပါတယ်။"

သူတို့ ဆန္ဒအလျှောက် ဝင်ရောက်လာသူတွေကို UEHRD ခေါ် နေရပ်စွန့်ခွါများ ပြန်လည်လက်ခံရေး လုပ်ငန်းအဖွဲ့ကနေ စီစစ်လက်ခံခဲ့ပြီး ၎င်းတို့ဆန္ဒအရ NV Card ထုတ်ပေးခြင်း၊ မူလနေထိုင်ရာ နေရာတွေကို ပို့ဆောင်ပေးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေဘက်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် တိမ်းရှောင်သူတွေ နေရပ်ပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိုးရတို့ ညှိနှှိုင်းခဲ့ရာမှာ နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်လက်ခံဖို့အတွက်၂၀၁၈ ခုနှစ် ဇန်နဝါရီလ၊ နိုဝင်ဘာလနဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လတို့မှာ စီစဉ်ခဲ့ပေမဲ့ အောင်မြင်မှု မရှိခဲ့ပါဘူး။

မြန်မာအစိုးရကတော့ တဘက်နိုင်ငံကို ထွက်ပြေးသွားသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာ လက်မခံပေမဲ့ သူတို့ တတွေ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးလုပ် ဆောင်နေပြီး စစ်ရှောင်ဒုက္ခသည်တွေ ပြန်လက်ခံဖို့ ကြိုးစားနေတာ အခုထိ မအောင်မြင်သေးပါဘူး။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG