သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တစ္ဘက္သတ္အပစ္ရပ္ ေၾကညာခ်ိန္ ရခုိင္မွာ တုိက္ပြဲဆက္ျဖစ္


တ႐ုတ္-ျမန္မာနယ္စပ္ အေျခစုိက္ တုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔ ၃ ဖဲြ႔က ဒီႏွစ္ကုန္အထိ တစ္ဘက္သတ္ အပစ္အခတ္ရပ္စဲဖုိ႔ ေၾကညာလုိက္တဲ့ တခ်ိန္တည္းမွာပဲ အဖဲြ႔၀င္ျဖစ္တဲ့ ရခုိင္လက္နက္ကုိင္ AA နဲ႔ တပ္မေတာ္ၾကား ရခုိင္ျပည္နယ္မွာ တုိက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနၿပီး ထိခုိက္ေသဆုံးမႈေတြလည္း ရွိေနပါတယ္။ ဘူးသီးေတာင္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္မွာ မေန႔ညကေန ဒီေန႔အေစာပုိင္းအထိ ျဖစ္ခဲ့တဲ့ တုိက္ပဲြေတြနဲ႔ ပတ္သက္လုိ႔လည္း အျပန္အလွန္ စြပ္စဲြေနၾကတာပါ။ အျပည့္အစုံကုိေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ ႏုိင္ကြမ္းအိန္က ေျပာျပေပးမွာ ျဖစ္ပါတယ္။

ျပည္တြင္းစစ္ ရပ္စဲၿပီး အပစ္အခတ္ရပ္စဲေရး လက္မွတ္ေရးထုိးႏုိင္ဖုိ႔ ရည္ရြယ္ၿပီး ႏွစ္ကုန္အထိ တစ္ဘက္သတ္ အပစ္ရပ္ထားဖုိ႔ ေၾကညာလုိက္တဲ့ တခ်ိန္တည္းမွာပဲ ရခုိင္ျပည္နယ္မွာ တုိက္ပဲြေတြ အျပင္းအထန္ ဆက္ျဖစ္ေနတာပါ။ တုိက္ခုိက္မႈေတြ ရပ္ဆုိင္းထားဖုိ႔ ေၾကညာထားခ်ိန္မွာပဲ ဘူးသီးေတာင္ျမိဳ႕နယ္ ဥယ်ာဥ္သာေက်းရြာက ျမန္မာစစ္တပ္စခန္းတစ္ခုကုိ မေန႔ညပုိင္းက တုိက္ခုိ္က္ခဲ့တဲ့ ကိစၥအေပၚမွာေတာ့ AA အဖဲြ႔ ျပန္ၾကားေရးအရာရွိ ခိုင္သုခက အခုလုိ တုံ႔ျပန္ပါတယ္။

“မေန႔ညက အဲဒီဥယ်ာဥ္သာရြာအေျခစိုက္ လက္နက္ၾကီးစခန္းကို က်ေနာ္္တို႔ဘက္က သြားေရာက္ျပီးေတာ့ သတိ ေပးပစ္ခတ္မႈေတြ လုပ္ခဲ့တာ ရွိတယ္။ ည ၁၁ နာရီ ၄၅ ကေနျပီးေတာ့ ည ၂ နာရီေလာက္အထိေပါ့။ ႏွစ္နာရီနီးပါး အၾကာ သတိေပးပစ္ခတ္မႈေတြ လုပ္ခဲ့တာ။ ဘာေၾကာင့္ အဲဒီလို လုပ္ရလည္းဆိုရင္ အဲဒီလက္နက္ၾကီး စခန္းကေနျပီးေတာ့မွ ဗမာစစ္တပ္ေတြက ေဒသတြင္းတခုလုံးကို ရမ္းကားပစ္ခတ္မႈေတြ လုပ္ေနတဲ့အတြက္ေၾကာင့္မို႔လို႔ သတိေပး ပစ္ခတ္မႈ ေတြလုပ္ရတာ ျဖစ္တယ္။ ဒီပစ္ခတ္မႈအတြင္းမွာေတာ့ ဗမာစစ္တပ္ဘက္ကေတာ့ ဆယ္ဂဏန္းအထိ က်ဆုံးနိုင္တယ္လို႔ေတာ့ က်ေနာ္္တို႔ ေျမျပင္သတင္းေတြအရ သိရတယ္။ က်ေနာ္္တို႔ဘက္ကလည္း ဒဏ္ရာရတာ ႏွစ္ ေယာက္ ရွိတယ္ဗ်။”

တိုက္ပြဲျဖစ္စဥ္အတြင္း ထိခိုက္က်ဆုံးမႈေတြကိုေတာ့ စီစစ္ေနဆဲလို႔ ခိုင္သုခက ဆိုပါတယ္။

တိုက္ပြဲျဖစ္ပြားစဥ္အတြင္း လက္နက္ၾကီးေတြနဲ႔ ပစ္ခတ္မႈေတြ မ်ားျပားတယ္လို႔ စစ္ေရွာင္ေနရတဲ့ ဥယ်ာဥ္သာ ရြာသား တဦးက ဆိုပါတယ္။

အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တပ္မေတာ္ ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးကေတာ့ AA ဘက္က လာေရာက္ပစ္ခတ္လို႔ တိုက္ပြဲျဖစ္ပြားတဲ့ အေျခအေနအေၾကာင္း အခုလိုေျပာပါတယ္။

“ဥယ်ာဥ္သာရြာရဲ႕ ေျမာက္ဘက္ ကုန္းမွာ အေျချပဳေနတဲ့ စစ္ေၾကာင္းကို ည ၁၂ နာရီေလာက္မွာ အငိုက္လာခ်တာ။ ဒီကစစ္တပ္ကေကာင္ေတြက လက္သံေျပာင္ေျပာင္နဲ႔ဆို အဲဒီေကာင္ေတြ အကုန္လုံးက်ျပီး ျပန္လွည့္ထြက္ေျပးတယ္။”

မေန႔ညကေန ဒီမနက္ပိုင္း ၂ နာရီအထိ ျဖစ္ပြားတဲ့ တိုက္ပြဲအတြင္း အထိခိုက္မ်ားေၾကာင္း ႏွစ္ဘက္ တပ္ဖြဲ႔ေတြကေန ေျပာဆိုေနသလို ဗီြအိုေအအေနနဲ႔ သီးျခား အတည္မျပဳနိုင္ေသးပါဘူး။

အခုတိုက္ပြဲျဖစ္ပြားခဲ့တဲ့ ဘူးသီးေတာင္ျမိဳ႕နယ္က ဥယ်ာဥ္သာရြာအပါအ၀င္ စံဂိုးေထာင္ ႏြားရံုေတာင္အစရွိတဲ့ ေက်းရြာသားေတြဟာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားေနမႈေၾကာင့္ ရြာကေနတိမ္းေရွာင္ေနရတာ သံုး လတာ ရွိေနျပီး ျဖစ္ပါတယ္။

မေန႔ကလည္း ေျမာက္ဦးျမိဳ႕နယ္အတြင္း မုိင္းနဲ႔ ပတ္သက္တဲ့ ပစၥည္းေတြနဲ႔အတူ ဖမ္းမိတဲ့ ေတာင္ဦးေက်းရြာက အမ်ိဳးသမီး တဦးကို ရဲတပ္ဖြဲ႔ေတြက ဖမ္းဆီးေခၚေဆာင္အလာ လမ္းမွာၾကားျဖတ္ တိုက္ခိုက္လုယူခံရတယ္လို႔ ဗိုလ္မွဴးၾကီး၀င္း ေဇာ္ဦးက ဆက္ေျပာပါတယ္။

“AA က ဟုတ္လား။ ေယာက်ာ္းေတြတင္ မဟုတ္ေတာ့ဘူး။ ေယာက်ာ္းေတြက သိတဲ့အတြက္ေၾကာင့္မို႔ မိန္းမေတြနဲ႔ တဘက္လွည့္ေပါ့။ မိန္းမေတြကလည္း အၾကပ္ကိုင္လို႔ပဲ လုပ္သလား ဘယ္လ္ုိလည္းေတာ့ က်ေနာ္္တို႔လည္း စီစစ္ေနတုန္းပဲ။ မိုင္းေတြနဲ႔ မိတယ္။ အဲဒီအမ်ိဳးသမီးကို ရဲအရာရွိေတြ တရားခံကို ေခၚသြားတာ လင္းေျမြေတာင္နားမွာ ေစာင့္ျပီးေတာ့ အခ်ခံရတာ။ အဲဒီအမ်ိဳးသမီး လြတ္သြားလား၊ မလြတ္လား က်ေနာ္္မသိဘူး။”

ေတာင္ဦးရြာနဲ႔ တိမ္ညိဳရြာၾကားက လင္းေျမြေတာင္အနား ရဲတပ္ဖြဲ႔ကို တိုက္ခိုက္ခဲ့တဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ရခိုင္ လက္နက္ကိုင္ AA အဖြဲ႔ရဲ့ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကအခုလိုေျပာပါတယ္။

“အဲဒီမွာေတာ့ ပစ္ခတ္မႈေတာ့ျဖစ္တာ့ ရွိတယ္ဗ်။ အဲဒီ မတရားဖမ္းဆီးခံရတဲ့ အမ်ိဳးသမီးကို က်ေနာ္္တို႔ ကာကြယ္ဖို႔ အတြက္ကေတာ့ က်ေနာ္္တို႔အဲဒီမွာ ပစ္ခတ္မႈေတြ လုပ္ခဲ့ရတာ ရွိတယ္။ အဲဒီမွာ ဒီ ဗမာရဲေတြဘက္ကလည္း က်ဆုံးမႈ တခ်ိဳ႕ရွိတယ္လို႔လည္း သိရတယ္။ မေန႔က ျဖစ္စဥ္မွာေတာ့ ဘာမွမဆိုင္တဲ့ အဲဒီ အမ်ိဳးသမီးတေယာက္ကို မတရားအမႈ ဆင္ျပီးေတာ့ အဲဒီလိုမ်ိဳးဖမ္းဆီးတဲ့ ဥစၥာကေတာ့ လူမ်ိဳးေရးအရ မတရားႏွိပ္ကြပ္တာလို႔ က်ေနာ္္တို႔ဘက္က ခံယူ တယ္။ က်ေနာ္္တို႔ဘက္က အေကာင္းဆုံး အကာကြယ္ေပးတာ ျဖစ္တယ္ဗ်။”

စက္တင္ဘာ ၁၈ ရက္ေန႔ ညေနပိုင္းမွာ ျမန္မာစစ္ေၾကာင္းကေန ေတာင္ဦးေက်းရြာကို ေရာက္ရွိလာျပီး အိမ္အတြင္းနဲ႔ ဘုန္းၾကီးေက်ာင္းေတြမွာ ရွာေဖြစစ္ေဆးခဲ့ျပီး မေန႔က မနက္ဘက္မွာ မလွနုရဲ႕အိမ္မွာ ဗုံးရွာေဖြ ေတြ႔ရွိခဲ့တယ္ဆိုျပီး စစ္တပ္ကေန တိမ္ညိဳရဲတပ္ဖြဲ႔၀င္ေတြကိုစစ္ေဆးဖို႔ လႊဲအပ္ေပးခဲ့ျပီး အျပန္လမ္းမွာ တိုက္ခိုက္ခံရတာပါ။

ေနအိမ္အတြင္း ဗုံးရွာေဖြေတြ႔ရွိမႈနဲ႔ အဖမ္းခံရတဲ့ ေတာင္ဦးရြာသူမလွနုရဲ႕ ျဖစ္စဥ္ကိုေတာ့ ေတာင္ဦးရြာသား တဦးက အခုလိုေျပာပါတယ္။

“သူတို႔မွာ အဲဒီလိုမ်ိဳး မရွိပါဘူး။ သူတို႔က ဆိုင္ေရာင္းတာေပါ့ေနာ။ စက္ပစၥည္းေတြ ညာေတြ ေရာင္းစားတယ္။ သူ႔ေယာက်ာ္းကလည္း ၀ပ္ေရွာပ့္ေတြ ဘာေတြလုပ္တယ္ဆိုေတာ့ အဲဒီလိုမ်ိဳး လုပ္စားေတာေတာ့ ရွိတယ္။ အခုျဖစ္ရတဲ့ ပုံစံကေတာ့ သူတို႔လုပ္ၾကံတဲ့အကြက္ကေတာ့ အမ်ားၾကီးရွိတယ္။ ဘာလို႔လည္းဆိုေတာ့ သူတို႔ ျမန္မာစစ္တပ္ တေနကုန္ရွာေနျပီေပါ့ အဲဒီမွာ။ အဲဒီအခ်ိန္မွာ မေတြ႔ဘူးေပါ့။ သူတို႔တညအိပ္ျပီးမွ မိုးလင္းမွ ေတြ႔တယ္ဆိုေတာ့ အဲတာေတာ့ အရပ္ဘက္ လူေတြေတာ့ စိုးရိမ္စရာျဖစ္ေနျပီး။ က်ေနာ္္တို႔ကေတာ့ လုပ္ၾကံတယ္လို႔ေတာ့ ထင္တာပဲ။”

ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ဥ္ေတြအၾကား ပစ္ခတ္တိုက္ခိုက္မႈေတြကလည္း ေန႔စဥ္ လိုလိုျဖစ္ပြါးေနျပီး ၾကားထဲမွာ အရပ္သားေတြကလည္း ထိခိုက္ေသဆုံးမႈ အဖမ္းဆီးခံရမႈ စစ္ေဘးတိမ္းေရွာင္ေနရမႈေတြ မ်ားျပားလာေနပါတယ္။

ဒီကေန႔မွာလည္း AA အပါအ၀င္ တအာင္းပေလာင္အဖြဲ႔ TNLA ၊ ကိုးကန္႔အဖြဲ႔ MNDAA စတဲ့ေျမာက္ပုိင္း မဟာမိတ္ ၃ ဖြဲ႔က ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ အပစ္အခတ္ရပ္စဲေၾကာင္း ထပ္မံေၾကညာထားပါတယ္။

တပ္မေတာ္ဘက္ကလည္း စစ္တိုင္းၾကီး ၅ ခုမွာ အပစ္ရပ္ေၾကာင္း ေၾကညာထားသလို ႏွစ္ဘက္စလုံး အပစ္ရပ္ေၾကညာေနေပမဲ့ ရခိုင္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္အတြင္းမွာေတာ့ တိုက္ပြဲေတြ ျဖစ္ပြားေနဆဲျဖစ္ပါတယ္။

[Unicode Version]

တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က ဒီနှစ်ကုန်အထိ တစ်ဘက်သတ် အပစ်အခတ်ရပ်စဲဖို့ ကြေညာလိုက်တဲ့ တချိန်တည်းမှာပဲ အဖွဲ့ဝင်ဖြစ်တဲ့ ရခိုင်လက်နက်ကိုင် AA နဲ့ တပ်မတော်ကြား ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဘူးသီးတောင်နဲ့ မြောက်ဦးမြို့နယ်မှာ မနေ့ညကနေ ဒီနေ့အစောပိုင်းအထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့လည်း အပြန်အလှန် စွပ်စွဲနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွမ်းအိန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ပြည်တွင်းစစ် ရပ်စဲပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ရည်ရွယ်ပြီး နှစ်ကုန်အထိ တစ်ဘက်သတ် အပစ်ရပ်ထားဖို့ ကြေညာလိုက်တဲ့ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေတာပါ။ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ ကြေညာထားချိန်မှာပဲ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာက မြန်မာစစ်တပ်စခန်းတစ်ခုကို မနေ့ညပိုင်းက တိုက်ခိုက်ခဲ့တဲ့ ကိစ္စအပေါ်မှာတော့ AA အဖွဲ့ ပြန်ကြားရေးအရာရှိ ခိုင်သုခက အခုလို တုံ့ပြန်ပါတယ်။

“မနေ့ညက အဲဒီဥယျာဉ်သာရွာအခြေစိုက် လက်နက်ကြီးစခန်းကို ကျနော်တို့ဘက်က သွားရောက်ပြီးတော့ သတိ ပေးပစ်ခတ်မှုတွေ လုပ်ခဲ့တာ ရှိတယ်။ ည ၁၁ နာရီ ၄၅ ကနေပြီးတော့ ည ၂ နာရီလောက်အထိပေါ့။ နှစ်နာရီနီးပါး အကြာ သတိပေးပစ်ခတ်မှုတွေ လုပ်ခဲ့တာ။ ဘာကြောင့် အဲဒီလို လုပ်ရလည်းဆိုရင် အဲဒီလက်နက်ကြီး စခန်းကနေပြီးတော့မှ ဗမာစစ်တပ်တွေက ဒေသတွင်းတခုလုံးကို ရမ်းကားပစ်ခတ်မှုတွေ လုပ်နေတဲ့အတွက်ကြောင့်မို့လို့ သတိပေး ပစ်ခတ်မှု တွေလုပ်ရတာ ဖြစ်တယ်။ ဒီပစ်ခတ်မှုအတွင်းမှာတော့ ဗမာစစ်တပ်ဘက်ကတော့ ဆယ်ဂဏန်းအထိ ကျဆုံးနိုင်တယ်လို့တော့ ကျနော်တို့ မြေပြင်သတင်းတွေအရ သိရတယ်။ ကျနော်တို့ဘက်ကလည်း ဒဏ်ရာရတာ နှစ် ယောက် ရှိတယ်ဗျ။”

တိုက်ပွဲဖြစ်စဉ်အတွင်း ထိခိုက်ကျဆုံးမှုတွေကိုတော့ စီစစ်နေဆဲလို့ ခိုင်သုခက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ များပြားတယ်လို့ စစ်ရှောင်နေရတဲ့ ဥယျာဉ်သာ ရွာသား တဦးက ဆိုပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ AA ဘက်က လာရောက်ပစ်ခတ်လို့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေအကြောင်း အခုလိုပြောပါတယ်။

“ဥယျာဉ်သာရွာရဲ့ မြောက်ဘက် ကုန်းမှာ အခြေပြုနေတဲ့ စစ်ကြောင်းကို ည ၁၂ နာရီလောက်မှာ အငိုက်လာချတာ။ ဒီကစစ်တပ်ကကောင်တွေက လက်သံပြောင်ပြောင်နဲ့ဆို အဲဒီကောင်တွေ အကုန်လုံးကျပြီး ပြန်လှည့်ထွက်ပြေးတယ်။”

မနေ့ညကနေ ဒီမနက်ပိုင်း ၂ နာရီအထိ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အထိခိုက်များကြောင်း နှစ်ဘက် တပ်ဖွဲ့တွေကနေ ပြောဆိုနေသလို ဗွီအိုအေအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ်က ဥယျာဉ်သာရွာအပါအဝင် စံဂိုးထောင် နွားရုံတောင်အစရှိတဲ့ ကျေးရွာသားတွေဟာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရွာကနေတိမ်းရှောင်နေရတာ သုံး လတာ ရှိနေပြီး ဖြစ်ပါတယ်။

မနေ့ကလည်း မြောက်ဦးမြို့နယ်အတွင်း မိုင်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းမိတဲ့ တောင်ဦးကျေးရွာက အမျိုးသမီး တဦးကို ရဲတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်အလာ လမ်းမှာကြားဖြတ် တိုက်ခိုက်လုယူခံရတယ်လို့ ဗိုလ်မှူးကြီးဝင်း ဇော်ဦးက ဆက်ပြောပါတယ်။

“AA က ဟုတ်လား။ ယောကျာ်းတွေတင် မဟုတ်တော့ဘူး။ ယောကျာ်းတွေက သိတဲ့အတွက်ကြောင့်မို့ မိန်းမတွေနဲ့ တဘက်လှည့်ပေါ့။ မိန်းမတွေကလည်း အကြပ်ကိုင်လို့ပဲ လုပ်သလား ဘယ်လိုလည်းတော့ ကျနော်တို့လည်း စီစစ်နေတုန်းပဲ။ မိုင်းတွေနဲ့ မိတယ်။ အဲဒီအမျိုးသမီးကို ရဲအရာရှိတွေ တရားခံကို ခေါ်သွားတာ လင်းမြွေတောင်နားမှာ စောင့်ပြီးတော့ အချခံရတာ။ အဲဒီအမျိုးသမီး လွတ်သွားလား၊ မလွတ်လား ကျနော်မသိဘူး။”

တောင်ဦးရွာနဲ့ တိမ်ညိုရွာကြားက လင်းမြွေတောင်အနား ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရခိုင် လက်နက်ကိုင် AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကအခုလိုပြောပါတယ်။

“အဲဒီမှာတော့ ပစ်ခတ်မှုတော့ဖြစ်တာ့ ရှိတယ်ဗျ။ အဲဒီ မတရားဖမ်းဆီးခံရတဲ့ အမျိုးသမီးကို ကျနော်တို့ ကာကွယ်ဖို့ အတွက်ကတော့ ကျနော်တို့အဲဒီမှာ ပစ်ခတ်မှုတွေ လုပ်ခဲ့ရတာ ရှိတယ်။ အဲဒီမှာ ဒီ ဗမာရဲတွေဘက်ကလည်း ကျဆုံးမှု တချို့ရှိတယ်လို့လည်း သိရတယ်။ မနေ့က ဖြစ်စဉ်မှာတော့ ဘာမှမဆိုင်တဲ့ အဲဒီ အမျိုးသမီးတယောက်ကို မတရားအမှု ဆင်ပြီးတော့ အဲဒီလိုမျိုးဖမ်းဆီးတဲ့ ဥစ္စာကတော့ လူမျိုးရေးအရ မတရားနှိပ်ကွပ်တာလို့ ကျနော်တို့ဘက်က ခံယူ တယ်။ ကျနော်တို့ဘက်က အကောင်းဆုံး အကာကွယ်ပေးတာ ဖြစ်တယ်ဗျ။”

စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ မြန်မာစစ်ကြောင်းကနေ တောင်ဦးကျေးရွာကို ရောက်ရှိလာပြီး အိမ်အတွင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရှာဖွေစစ်ဆေးခဲ့ပြီး မနေ့က မနက်ဘက်မှာ မလှနုရဲ့အိမ်မှာ ဗုံးရှာဖွေ တွေ့ရှိခဲ့တယ်ဆိုပြီး စစ်တပ်ကနေ တိမ်ညိုရဲတပ်ဖွဲ့ဝင်တွေကိုစစ်ဆေးဖို့ လွှဲအပ်ပေးခဲ့ပြီး အပြန်လမ်းမှာ တိုက်ခိုက်ခံရတာပါ။

နေအိမ်အတွင်း ဗုံးရှာဖွေတွေ့ရှိမှုနဲ့ အဖမ်းခံရတဲ့ တောင်ဦးရွာသူမလှနုရဲ့ ဖြစ်စဉ်ကိုတော့ တောင်ဦးရွာသား တဦးက အခုလိုပြောပါတယ်။

“သူတို့မှာ အဲဒီလိုမျိုး မရှိပါဘူး။ သူတို့က ဆိုင်ရောင်းတာပေါ့နော။ စက်ပစ္စည်းတွေ ညာတွေ ရောင်းစားတယ်။ သူ့ယောကျာ်းကလည်း ဝပ်ရှောပ့်တွေ ဘာတွေလုပ်တယ်ဆိုတော့ အဲဒီလိုမျိုး လုပ်စားတောတော့ ရှိတယ်။ အခုဖြစ်ရတဲ့ ပုံစံကတော့ သူတို့လုပ်ကြံတဲ့အကွက်ကတော့ အများကြီးရှိတယ်။ ဘာလို့လည်းဆိုတော့ သူတို့ မြန်မာစစ်တပ် တနေကုန်ရှာနေပြီပေါ့ အဲဒီမှာ။ အဲဒီအချိန်မှာ မတွေ့ဘူးပေါ့။ သူတို့တညအိပ်ပြီးမှ မိုးလင်းမှ တွေ့တယ်ဆိုတော့ အဲတာတော့ အရပ်ဘက် လူတွေတော့ စိုးရိမ်စရာဖြစ်နေပြီး။ ကျနော်တို့ကတော့ လုပ်ကြံတယ်လို့တော့ ထင်တာပဲ။”

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ဉ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေကလည်း နေ့စဉ် လိုလိုဖြစ်ပွါးနေပြီး ကြားထဲမှာ အရပ်သားတွေကလည်း ထိခိုက်သေဆုံးမှု အဖမ်းဆီးခံရမှု စစ်ဘေးတိမ်းရှောင်နေရမှုတွေ များပြားလာနေပါတယ်။

ဒီကနေ့မှာလည်း AA အပါအဝင် တအာင်းပလောင်အဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA စတဲ့မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ထပ်မံကြေညာထားပါတယ်။

တပ်မတော်ဘက်ကလည်း စစ်တိုင်းကြီး ၅ ခုမှာ အပစ်ရပ်ကြောင်း ကြေညာထားသလို နှစ်ဘက်စလုံး အပစ်ရပ်ကြေညာနေပေမဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG