သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံမဲ႔အေရးေဆာင္ရြက္သူကို ဒုကၡသည္ဆု ခ်ီးျမွင္႔


Kyrgyzstan ႏိုင္ငံထဲမွာ ႏုိင္ငံမဲ့ျဖစ္ေနသူ လံုးဝမရွိေရး အတြက္ တရားေရးအရ အကူညီေပးေနတဲ့ လူ႔အခြင့္ေရးေရွ႕ေန အဇစ္ဘက္ အရွဴေရာ့ဗ္ Azizbek Ashurov ကို ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရံုး UNHCR ရဲ့ ၂၀၁၉ ခုႏွစ္အတြက္ Nansen ဒုကၡသည္ဆိုင္ရာဆု ခ်ီးျမွင့္ လိုက္ပါတယ္။

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးအျဖစ္ ပထမဆံုး တာဝန္ထမ္းေဆာင္ခဲ့သူ ဝင္ရိုးစြန္းေဒသ စူးစမ္းေလ့လာေရး ပညာရွင္ Fridjof Nansen ကိုအစဲြျပဳၿပီး ေပးတဲ့ ဒီဆု ရသြားသူအေၾကာင္း ဂ်နီဗာ ကုလသမဂၢရံုးခ်ဳပ္ကေန Lisa Schlein သတင္းပို႔ထားတာကို ေဒၚခင္မ်ိဳးသက္က ေျပာျပေပးမွာပါ။

ကမာၻတလႊားမွာ ႏိုင္ငံမဲ့ဦးေရက ဆယ္သန္းေက်ာ္ရွိပါတယ္။ ျမန္မာ၊ တူရကီ၊ ဒိုမီနီကန္ရီပတ္ဘလစ္နဲ႔ ဇင္ဘာေဘြႏိုင္ငံေတြမွာ ႏိုင္ငံမဲ့ အမ်ားအျပား ရွိေနၿပီး သူတို႔ရဲ့ အေျခေနေတြက မေရမရာလွပါဘူး။ သူတုိ႔ဟာ ႏိုင္ငံသားေတြရဲ့ အေျခခံရပိုင္ခြင့္ေတြကို မရၾကသလို အလုပ္လုပ္ခြင့္၊ ပညာသင္ၾကားခြင့္နဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ရပိုင္ခြင့္မရွိတဲ့အျပင္ မဂၤလာေဆာင္ဖို႔ပဲ ျဖစ္ျဖစ္ ကေလးေမြးဖြားတာ ပဲျဖစ္ျဖစ္ မွတ္ပံုတင္ခြင့္မရၾကပါဘူး။ ႏိုင္ငံထဲမွာ သူတို႔ရွိေပမယ့္ အသိမွတ္ျပဳ မခံၾကရသူေတြပါ။

အခုေတာ့ Kyrgyzstan က ကမာၻေပၚမွာ ႏိုင္ငံမဲ့တေယာက္မွ မရွိေအာင္လုပ္ႏုိင္တဲ့ ပထမဆံုး ႏိုင္ငံျဖစ္လာပါၿပီ။ ဒီလုိျဖစ္လာေအာင္ လုပ္ခဲ့သူကေတာ့ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ Nansen ဆု ရခဲ့တဲ့ Azizbek Ashurov ျဖစ္ပါတယ္။ သူနဲ႔ သူ႔အဖြဲ႔ျဖစ္တဲ့ နယ္စည္းမျခား ဖာဂါနာေတာင္ၾကား ေရွ႕ေနမ်ားအဖြဲ႔ (Ferghana Valley Lawyers Without Borders) ဟာ လူေပါင္း တေသာင္းေက်ာ္ေလာက္ကို Kyrgyzstan ႏိုင္ငံသားေတြ ျဖစ္လာေအာင္ ကူညီခဲ့ပါတယ္။

၁၉၉၁ ခုႏွစ္မွာ ဆိုဗီယက္ယူနီယံ ၿပိဳကြဲခဲ့ၿပီး Kyrgyzstan ႏိုင္ငံ ပၚေပါက္လာခဲ့တဲ့ေနာက္ ဘယ္ႏိုင္ငံသားလို႔ ေျပာရမွန္းမသိသူေတြ အမ်ားအျပားရွိေနခဲ့ပါတယ္။ သူတို႔ဟာ ဆိုဗီယက္ ခရီးသြား passport ကိုင္ထားေပမယ့္ အဲဒီ passport ေတြက အက်ံဳးမဝင္ဘဲ ျဖစ္သြားသလို သူတို႔ ဘယ္မွာေမြးဖြားတယ္ ဆိုတာကိုလည္း သက္ေသျပဖို႔မရွိျဖစ္ေနတာပါ။ ဒီလို အျဖစ္မ်ိဳးကို Ashurov နဲ႔ သူ႔မိသားစုေတြပါ ႀကံဳေန ရတာျဖစ္ၿပီး သူတုိ႔ဟာ ႏိုင္ငံမဲ့ အျဖစ္ကို ေရာက္လာတာပါ။

သူ႔မိသားစုရဲ့ ဒီလိုျဖစ္ေနတဲ့ အေနထားကို ေျပာင္းလဲခ်င္ေနတဲ့ Ashurov ဟာ တျခားသူတို႔လို ခံစားေနရသူ ေထာင္ေပါင္းမ်ားစြာကို သူတို႔ႏိုင္ငံေတြမွာ ႏိုင္ငံသားေတြ ျဖစ္လာေစဖုိ႔ပါ အကူညီေပးခ်င္လာတယ္လုိ႔ ေျပာပါတယ္။ ဒီအခါမွာ သူနဲ႔ သူ႔အဖြဲ႔ ပထမဆံုးႀကံဳေတြ႔ရတဲ့ အႀကီးမားဆံုး စိန္ေခၚမႈက ႏိုင္ငံတြင္း ႏုိင္ငံမဲ့ပေပ်ာက္ေရးအတြက္ အစိုးရစိတ္ဝင္စားလာေအာင္ လုပ္ရတာျဖစ္ေၾကာင္း VOA ကိုေျပာပါတယ္။ ႏိုင္ငံတြင္း ႏိုင္ငံမဲ့ပေပ်ာက္သြားတာဟာ ႏိုင္ငံအတြက္ေရာ ျပည္သူေတြ အတြက္ပါ ၂ ဖက္စလံုးအတြက္ အက်ိဳးရွိတယ္လုိ႔လည္း ေျပာပါတယ္။

“တကယ္လက္ေတြ႔ လုပ္ၾကတဲ့အခါမွာ က်ေနာ္တို႔ အဖြဲ႔ထဲမွာ အစိုးရရဲ့ႏိုင္ငံကူးလက္မွတ္ေရးရာ ဌာနက အရာရွိေတြပါ ပါလာပါတယ္။ သူတုိ႔က ေက်းလက္ေဒသေတြ၊ ေတာင္တန္းေဒသေတြကို က်ေနာ္တုိ႔နဲ႔ အတူလုိက္လာတာ ျဖစ္ၿပီး တခါတေလ က်ေနာ္တို႔ဟာ ျမင္းေတြနဲ႔ပါ သြားရတာပါ။ ဒါေၾကာင့္ အခုလို ၅ ႏွစ္ေလာက္ ၾကာလာတဲ့အခါ ပထမေျခလွမ္းကို လွမ္းႏုိင္ခဲ့တာပါ။ အခုဆို က်ေနာ္တို႔ႏိုင္ငံထဲမွာ ႏိုင္ငံမဲ့ဆိုတာ မရွိေတာ့သလို ႏိုင္ငံမဲ့နဲ႔ဆိုင္တဲ့ အမႈလည္းမရွိေတာ့ပါဘူး။”

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး Filippo Grandi ကလည္း ေရွ႕ေန Ashurov ရဲ့ ေအာင္ျမင္မွႈကို ခ်ီးၾကဴးလိုက္ပါတယ္။ ဒါဟာ Nansen ဆုေတြထဲမွာ ပထမဆံုးအျဖစ္ ႏိုင္ငံမဲ့ျပႆနာဆိုင္ရာ ေအာင္ျမင္မႈအတြက္ ခ်ီးျမွင့္တာလုိ႔လည္း ေျပာပါတယ္။

“ဒီဆုအတြက္ အရင္က ႏုိင္ငံမဲ့နဲ႔ ပတ္သက္ၿပီး မေပးဘူးပါဘူး။ ေရႊ႕ေျပာင္းအေျခခ်သူေတြနဲ႔ ဒုကၡသည္ေတြနဲ႔ ပတ္သက္ၿပီးပဲ အၿမဲေပးေနက် ပါ။ အခုေတာ့ Azizbek ရဲ့ ေအာင္ျမင္မႈကို က်ေနာ္တို႔ တကယ္ဂုဏ္ျပဳခ်င္လုိ႔ ေပးတာပါ။ ကမာၻတလႊား တကယ့္ကိုဆိုးဝါးတဲ့ အႏႈတ္လကၡဏာ တခု ျဖစ္ေနတဲ့ ႏိုင္ငံမဲ့ျပႆနာ ေလ်ာ့ပါးေစေရးအတြက္ ကိုယ္တိုင္ေရာ အဖြဲ႔အတြက္ပါ သံဓိဌာန္ခ်ၿပီးလုပ္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။”

Ashurov ရဲ့ အလုပ္က ၿပီးဆံုးမယ့္သေဘာေတာ့ မေတြ႔ရေသးပါဘူး။ သူနဲ႔ သူ႔ေဖါင္ေဒးရွင္းက မိုဘိုင္းတရားေရး အဖြဲ႔ေတြကို ဖြဲ႔စည္းခဲ့တာပါ။ ဒီအဖြဲ႔ေတြက Kyrgyzstan ႏိုင္ငံရဲ့ ေဝးလံေခါင္သီတဲ့ ေဒသေတြကိုသြားေရာက္ၿပီး အကာကြယ္မဲ့ေနသူေတြနဲ႔ လူမႈေရးအရ ေဘးဖယ္ျခင္း ခံေနရသူေတြကို လုိက္ရွာၿပီး သူတုိ႔ရဲ့အေျခေနေတြ အဆင္ေျပ သြားေအာင္ အကူညီေတြ ေပးဖို႔ လုပ္ေနတာပါ။

ေဒသတလႊားက ေထာင္နဲ႔ခ်ီတဲ့ ႏိုင္ငံမဲ့ျဖစ္ေနသူေတြကို သူတို႔ႏိုင္ငံေတြမွာႏို္င္ငံသားျဖစ္လာၿပီး ႏိုင္ငံသားေတြရသင့္တဲ့ ရပိုင္ခြင့္ေတြ ရလာေစဖို႔ တရားေရးဆိုင္ရာ အခက္အခဲျဖစ္ေနမႈေတြကို ေျဖရွင္းဖို႔ သူတို႔အဖြဲ႔က အကူညီေတြေပးေနတယ္လို႔လည္း Ashurov ကေျပာပါတယ္။

(ယူနီကုဒ္)


နိုင်ငံမဲ့အရေးဆောင်ရွက်သူကို ဒုက္ခသည်ဆု ချီးမြှင့်

Kyrgyzstan နိုင်ငံထဲမှာ နိုင်ငံမဲ့ဖြစ်နေသူ လုံးဝမရှိရေး အတွက် တရားရေးအရ အကူညီပေးနေတဲ့ လူ့အခွင့်ရေးရှေ့နေ အဇစ်ဘက် အရှူရော့ဗ် (Azizbek Ashurov) ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ၂၀၁၉ ခုနှစ်အတွက် Nansen ဒုက္ခသည်ဆိုင်ရာဆု ချီးမြှင့် လိုက်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဝင်ရိုးစွန်းဒေသ စူးစမ်းလေ့လာရေး ပညာရှင် Fridjof Nansen ကိုအစွဲပြုပြီး ပေးတဲ့ ဒီဆု ရသွားသူအကြောင်း ဂျနီဗာ ကုလသမဂ္ဂရုံးချုပ်ကနေ Lisa Schlein သတင်းပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ကမ္ဘာတလွှားမှာ နိုင်ငံမဲ့ဦးရေက ဆယ်သန်းကျော်ရှိပါတယ်။ မြန်မာ၊ တူရကီ၊ ဒိုမီနီကန်ရီပတ်ဘလစ်နဲ့ ဇင်ဘာဘွေနိုင်ငံတွေမှာ နိုင်ငံမဲ့ အများအပြား ရှိနေပြီး သူတို့ရဲ့ အခြေနေတွေက မရေမရာလှပါဘူး။ သူတို့ဟာ နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို မရကြသလို အလုပ်လုပ်ခွင့်၊ ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပိုင်ခွင့်မရှိတဲ့အပြင် မင်္ဂလာဆောင်ဖို့ပဲ ဖြစ်ဖြစ် ကလေးမွေးဖွားတာ ပဲဖြစ်ဖြစ် မှတ်ပုံတင်ခွင့်မရကြပါဘူး။ နိုင်ငံထဲမှာ သူတို့ရှိပေမယ့် အသိမှတ်ပြု မခံကြရသူတွေပါ။

အခုတော့ Kyrgyzstan က ကမ္ဘာပေါ်မှာ နိုင်ငံမဲ့တယောက်မှ မရှိအောင်လုပ်နိုင်တဲ့ ပထမဆုံး နိုင်ငံဖြစ်လာပါပြီ။ ဒီလိုဖြစ်လာအောင် လုပ်ခဲ့သူကတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ Nansen ဆု ရခဲ့တဲ့ Azizbek Ashurov ဖြစ်ပါတယ်။ သူနဲ့ သူ့အဖွဲ့ဖြစ်တဲ့ နယ်စည်းမခြား ဖာဂါနာတောင်ကြား ရှေ့နေများအဖွဲ့ (Ferghana Valley Lawyers Without Borders) ဟာ လူပေါင်း တသောင်းကျော်လောက်ကို Kyrgyzstan နိုင်ငံသားတွေ ဖြစ်လာအောင် ကူညီခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပြီး Kyrgyzstan နိုင်ငံ ပါ်ပေါက်လာခဲ့တဲ့နောက် ဘယ်နိုင်ငံသားလို့ ပြောရမှန်းမသိသူတွေ အများအပြားရှိနေခဲ့ပါတယ်။ သူတို့ဟာ ဆိုဗီယက် ခရီးသွား passport ကိုင်ထားပေမယ့် အဲဒီ passport တွေက အကျုံးမဝင်ဘဲ ဖြစ်သွားသလို သူတို့ ဘယ်မှာမွေးဖွားတယ် ဆိုတာကိုလည်း သက်သေပြဖို့မရှိဖြစ်နေတာပါ။ ဒီလို အဖြစ်မျိုးကို Ashurov နဲ့ သူ့မိသားစုတွေပါ ကြုံနေ ရတာဖြစ်ပြီး သူတို့ဟာ နိုင်ငံမဲ့ အဖြစ်ကို ရောက်လာတာပါ။

သူ့မိသားစုရဲ့ ဒီလိုဖြစ်နေတဲ့ အနေထားကို ပြောင်းလဲချင်နေတဲ့ Ashurov ဟာ တခြားသူတို့လို ခံစားနေရသူ ထောင်ပေါင်းများစွာကို သူတို့နိုင်ငံတွေမှာ နိုင်ငံသားတွေ ဖြစ်လာစေဖို့ပါ အကူညီပေးချင်လာတယ်လို့ ပြောပါတယ်။ ဒီအခါမှာ သူနဲ့ သူ့အဖွဲ့ ပထမဆုံးကြုံတွေ့ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုက နိုင်ငံတွင်း နိုင်ငံမဲ့ပပျောက်ရေးအတွက် အစိုးရစိတ်ဝင်စားလာအောင် လုပ်ရတာဖြစ်ကြောင်း VOA ကိုပြောပါတယ်။ နိုင်ငံတွင်း နိုင်ငံမဲ့ပပျောက်သွားတာဟာ နိုင်ငံအတွက်ရော ပြည်သူတွေ အတွက်ပါ ၂ ဖက်စလုံးအတွက် အကျိုးရှိတယ်လို့လည်း ပြောပါတယ်။

“တကယ်လက်တွေ့ လုပ်ကြတဲ့အခါမှာ ကျနော်တို့ အဖွဲ့ထဲမှာ အစိုးရရဲ့နိုင်ငံကူးလက်မှတ်ရေးရာ ဌာနက အရာရှိတွေပါ ပါလာပါတယ်။ သူတို့က ကျေးလက်ဒေသတွေ၊ တောင်တန်းဒေသတွေကို ကျနော်တို့နဲ့ အတူလိုက်လာတာ ဖြစ်ပြီး တခါတလေ ကျနော်တို့ဟာ မြင်းတွေနဲ့ပါ သွားရတာပါ။ ဒါကြောင့် အခုလို ၅ နှစ်လောက် ကြာလာတဲ့အခါ ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့တာပါ။ အခုဆို ကျနော်တို့နိုင်ငံထဲမှာ နိုင်ငံမဲ့ဆိုတာ မရှိတော့သလို နိုင်ငံမဲ့နဲ့ဆိုင်တဲ့ အမှုလည်းမရှိတော့ပါဘူး။”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ကလည်း ရှေ့နေ Ashurov ရဲ့ အောင်မြင်မှှုကို ချီးကြူးလိုက်ပါတယ်။ ဒါဟာ Nansen ဆုတွေထဲမှာ ပထမဆုံးအဖြစ် နိုင်ငံမဲ့ပြဿနာဆိုင်ရာ အောင်မြင်မှုအတွက် ချီးမြှင့်တာလို့လည်း ပြောပါတယ်။

“ဒီဆုအတွက် အရင်က နိုင်ငံမဲ့နဲ့ ပတ်သက်ပြီး မပေးဘူးပါဘူး။ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးပဲ အမြဲပေးနေကျ ပါ။ အခုတော့ Azizbek ရဲ့ အောင်မြင်မှုကို ကျနော်တို့ တကယ်ဂုဏ်ပြုချင်လို့ ပေးတာပါ။ ကမ္ဘာတလွှား တကယ့်ကိုဆိုးဝါးတဲ့ အနှုတ်လက္ခဏာ တခု ဖြစ်နေတဲ့ နိုင်ငံမဲ့ပြဿနာ လျော့ပါးစေရေးအတွက် ကိုယ်တိုင်ရော အဖွဲ့အတွက်ပါ သံဓိဌာန်ချပြီးလုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။”

Ashurov ရဲ့ အလုပ်က ပြီးဆုံးမယ့်သဘောတော့ မတွေ့ရသေးပါဘူး။ သူနဲ့ သူ့ဖေါင်ဒေးရှင်းက မိုဘိုင်းတရားရေး အဖွဲ့တွေကို ဖွဲ့စည်းခဲ့တာပါ။ ဒီအဖွဲ့တွေက Kyrgyzstan နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေကိုသွားရောက်ပြီး အကာကွယ်မဲ့နေသူတွေနဲ့ လူမှုရေးအရ ဘေးဖယ်ခြင်း ခံနေရသူတွေကို လိုက်ရှာပြီး သူတို့ရဲ့အခြေနေတွေ အဆင်ပြေ သွားအောင် အကူညီတွေ ပေးဖို့ လုပ်နေတာပါ။

ဒေသတလွှားက ထောင်နဲ့ချီတဲ့ နိုင်ငံမဲ့ဖြစ်နေသူတွေကို သူတို့နိုင်ငံတွေမှာနိုင်ငံသားဖြစ်လာပြီး နိုင်ငံသားတွေရသင့်တဲ့ ရပိုင်ခွင့်တွေ ရလာစေဖို့ တရားရေးဆိုင်ရာ အခက်အခဲဖြစ်နေမှုတွေကို ဖြေရှင်းဖို့ သူတို့အဖွဲ့က အကူညီတွေပေးနေတယ်လို့လည်း Ashurov ကပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG