သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး နယ်သာလန်ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမည်


နယ်သာလန် နိုင်ငံခြား ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီး Sigrid Kaag
နယ်သာလန် နိုင်ငံခြား ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီး Sigrid Kaag

နယ်သာလန် နိုင်ငံခြား ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီး Sigrid Kaag ရဲ့ ဒီသတင်းပတ် အတွင်း မြန်မာနိုင်ငံ ခရီးစဉ်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေး ဆွေးနွေးမယ်လို့ နယ်သာလန် အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာ ၂ ထောင်ကျော်တို့ ပထမဆုံး အသုတ် အနေနဲ့ လာမယ့် သတင်းပတ်တွေ အတွင်း မြန်မာနိုင်ငံကို ပြန်လာဖို့ ရှိနေချိန်မှာဘဲ ဝန်ကြီး Kaag ရဲ့ ခရီးစဉ် ထွက်ပေါ်လာတာပါ။ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးမှာ ဘေးကင်းလုံခြုံမှု ရှိရှိ၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဆန္ဒအလျောက် ဖြစ်မှသာ ဆောင်ရွက်ဖို့ နယ်သာလန်ဘက်က ဆက်ပြီး တိုက်တွန်းမှာ ဖြစ်သလို ဒီသတင်းပတ် တွေ့ဆုံဆွေးနွေးမှု တွေမှာလည်း ဒီကိစ္စကို တိုက်တွန်း ပြောဆိုမယ်လို့ ဝန်ကြီး Kaag က ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကို သွားမယ့် နယ်သာလန် နိုင်ငံခြား ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီး Sigrid Kaag ကတော့ အခြေအနေကို ဘက်ပေါင်းစုံက ရှုမြင် သုံးသပ်နိုင်ဖို့ အတွက် နိုင်ငံရေး သုံးသပ်သူတွေ၊ တတိယ နိုင်ငံတွေက သံတမန်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ နဲ့လည်း တွေ့ဆုံမယ်လို့ ပြောဆိုထားပါတယ်။ ဒုက္ခသည် ပြဿနာ၊ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးမှုတွေကို ဝန်ကြီး Kaag အနေနဲ့ အတွင်းကျကျ လေ့လာဖို့ ဆန္ဒရှိကြောင်းလည်း အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။ ဒုက္ခသည်တွေက သူတို့ကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုဖို့ နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ အပါအဝင် ဌာနေပြန်နိုင်ရေး အတွက် မြန်မာ အစိုးရကို တောင်းဆိုချက်တွေ အတော်များများ ရှိနေပါတယ်။ မြန်မာ အစိုးရဘက်ကတော့ မြန်မာဘက်က ထွက်ပြေးရသူတွေကို လက်ခံမယ်လို့ ပြောထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို နိုင်ငံသား ဖြစ်ရေး အတွက်လည်း အာမခံချက် ပေးမထားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG