သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၁ အတွင်း ကန်လက်ခံမယ့် ဒုက္ခသည်အရေအတွက် သမ္မတ Trump လျှော့ချ


(Zawgyi/Unicode)

၂၀၂၁ ခုနှစ်အတွက် အမေရိကန်နိုင်ငံထဲ အခြေချ နေထိုင်နိုင်မယ့် ဒုက္ခသည် အရေအတွက်ကို သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက လျှော့ချ သတ်မှတ်လိုက်ပါတယ်။ ရှေ့နှစ်အတွက် ဒုက္ခသည် ဦးရေ အများဆုံး ၁၅,၀၀၀ လက်ခံဖို့ သတ်မှတ်လိုက်တာပါ။

ဒါဟာ အမေရိကန် နိုင်ငံရဲ့ ဒုက္ခသည် လက်ခံရေး အစီအစဉ် စတင်တဲ့ ခေတ်သစ်သမိုင်းမှာ အရေအတွက် အနည်းဆုံး ဖြစ်ပါတယ်။ မနှစ်ကတော့ အများဆုံး လက်ခံမယ့် အရေအတွက် ၁၈,၀၀၀ သတ်မှတ်ထားတာပါ။

နိုဝင်ဘာလ ၃ ရက်နေ့ သမ္မတ ရွေးကောက်ပွဲမှာ ပြန်လည် ရွေးချယ်ခံရဖို့ ကြိုးပမ်းနေတဲ့ သမ္မတ ထရမ့်က တရားမဝင် ဝင်ရောက် မှုရော တရားဝင် ရွှေ့ပြောင်း ဝင်ရောက်မှုကိစ္စ နှစ်ခုစလုံးအပေါ်မှာ တင်းမာတဲ့ သဘောထားကို ကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ် သမ္မတ ဖြစ်လာချိန်ကတည်းစလို့ နှစ်စဉ် လက်ခံနိုင်တဲ့ ဒုက္ခသည် အရေအတွက်ကို လျှော့ချ ဖြတ်တောက်နေခဲ့တာပါ။

ဖိနှိပ်ခံရသူတွေရဲ့ ခိုလှုံရာ နေရာအဖြစ် နှစ်ကာလ တာရှည် တည်ရှိခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍကို သမ္မတ ထရမ့်က စွန့်လွှတ်ခဲ့ပြီ ဖြစ်ကြောင်းနဲ့ လက်ခံမယ့် ဒုက္ခသည် အရေအတွက် လျှော့ချတာက နိုင်ငံခြားရေး မူဝါဒရည်မှန်းချက်တွေကိုထိခိုက်စေကြောင်း ဝေဖန်သူတွေက ပြောပါတယ်။

သမ္မတ ထရမ့်ရဲ့ ပြိုင်ဘက် Joe Biden ကတော့ သူသာ အနိုင်ရရင် လက်ခံနိုင်မယ့် ဒုက္ခသည် အရေအတွက်ကို တနှစ် ၁၂၅, ၀၀၀ အထိ တိုးမြှင့်သွားမယ်လို့ ကတိပြုထားပါတယ်။

၂၀၂၁ ခုနှစ်အတွက် ဒုက္ခသည်လက်ခံရေးဆိုင်ရာ သမ္မတ ထရမ့်ရဲ့ အစီအစဉ်မှာ ဘာသာရေး ဖိနှိပ်မှုကို ကြုံတွေ့ရတဲ့ ဒုက္ခသည် ၅,၀၀၀၊ အမေရိကန်တွေကို အကူအညီပေးတဲ့ အီရတ်က ဒုက္ခသည် ၄,၀၀၀၊ El Salvador၊ Guatemala နဲ့ Honduras နိုင်ငံက ဒုက္ခသည် ၁,၀၀၀ နဲ့ ကျန် ၅,၀၀၀ ကို တခြားနိုင်ငံတွေအတွက် ထားရှိမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ လူသားချင်း စာနာထောက်မှုဆိုင်ရာ ကိစ္စတွေကလွဲလို့ ဆိုမာလီ၊ ဆီရီးယားနဲ့ ယီမင်နိုင်ငံက ဒုက္ခသည်တွေကိုတော့ အကြမ်းဖက်ဝါဒကိစ္စကို အကြောင်းပြပြီး လုံးလုံးလျားလျား ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


.......

(Unicode)







XS
SM
MD
LG