သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားရွိ အေထာက္အထားမဲ့ျမန္မာႏိုင္ငံသားမ်ား ဖမ္းဆီးခံရ


လန္ကာ၀ီမွာ ဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - မေလးရွားလ၀က - ေအာက္တိုဘာ ၇၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလ မေလးရွားႏုိင္ငံမွာ တရားမ၀င္ ေရာက္ရွိေနထုိင္သူေတြကုိ ရွာေဖြႏွိမ္နင္းေနရာမွာ ျမန္မာႏုိင္ငံသား အမ်ားအျပားလည္း ဖမ္းဆီးခံခဲ့ရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏိုင္ငံ လန္ကာ၀ီ ျပည္နယ္Bukit Malut မွာ မေလးရွားရဲတပ္ဖြဲ႔၊ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ က်န္းမာေရး၀န္ထမ္းေတြ ပါ၀င္တဲ့ ပူးေပါင္းအဖဲြ႔က အထူးစစ္ဆင္ေရးအျဖစ္ တရားမ၀င္ ေနထုိင္သူေတြကုိ ရွာေဖြဖမ္းဆီးရာမွာ ျမန္မာႏုိင္ငံသား အမ်ားအျပားလည္း ဖမ္းဆီးခံခဲ့ရတာပါ။ တရားမ၀င္ ေနထုိင္သူေတြကု ႏွိမ္နင္းတဲ့ မေန႔တုန္းက အထူးစစ္ဆင္ေ၇းနဲ႔ ပတ္သက္လုိ႔ လန္ကာ၀ီျပည္နယ္ေရာက္ ျမန္မာႏုိင္ငံသား ဦးေက်ာ္၀င္းက အခုလုိ ေျပာျပပါတယ္။

"ဖမ္းတာေတာ့ ရြာထဲမွာ ၀င္ဖမ္းသြားတယ္။ ၾကားရသေလာက္ေတာ့ ျမန္မာနဲ႔ ရိုဟင္ဂ်ာေတြ၊ အမ်ားစုက ျမိတ္သား၊ ထား၀ယ္သားေတြ မ်ားတယ္။ ရိုဟင္ဂ်ာေတြလည္း ပါတယ္။ ဖမ္းတာ ၆၅ ေယာက္၊ ၆၇ ေလာက္ပါတယ္။ တရားမ၀င္ေနထုိင္ေနတဲ့သူေတြပါ သူတို႔ စဖမ္းကလည္း က်န္းမာေရးစစ္တယ္ေျပာတယ္။ သူဖမ္းတာကလည္း သီးသန္႔အဖဲြ ့စံုဖမ္းတာ လ၀ကပါမယ္။ က်န္းမာေရး၀န္ထမ္းေတြပါတယ္။ လ၀ကေတြ အေကာက္ခြန္ေတြ ပါတယ္။"

မေလးရွားႏုိင္ငံမွာ မေန႔တုန္းက ဖမ္းဆီးမိသူေတြကုိေတာ့ အာဏာပုိင္ေတြက ေရာဂါပုိး ရွိ၊ မရွိ စစ္ေဆးတာေတြ လုပ္ခဲ့ပါတယ္။ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္တုိးလာေနခ်ိန္မွာ တရားမ၀င္ ေနထုိင္သူေတြနဲ႔ လူစုလူေ၀းလုပ္တဲ့သူေတြကုိ အဓိက ႏွိမ္နင္းေနတာ ျဖစ္ေၾကာင္းလည္း ေဒသခံ လူ၀င္မႈႀကီးၾကပ္ေရးဌာန ဒါ႐ုိက္တာ Zuhair Jamaludin ကုိကုိးကားၿပီး မေလးရွားႏုိင္ငံက သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ကစတင္ခဲ့တဲ့ စစ္ဆင္ေရးအတြင္း ျပည္နယ္ထဲမွာရွိတဲ့ ႏုိင္ငံျခားသားေတြ အမ်ားစုေနထုိင္ရာ ရပ္ကြက္ေတြ၊ ဆုိင္ခန္းေတြနဲ႔ ေဖ်ာ္ေျဖေရးလုပ္ငန္းေတြကုိ ပစ္မွတ္ထားခဲ့ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

မေန႔တုန္းက ဖမ္းဆီးခံရသူေတြထဲမွာေတာ့ ၃ လအရြယ္ကေလးကေန အသက္ ၄၅ ႏွစ္အထိ ပါ၀င္ျပီး အမ်ိဳးသား ၂၀၊ အမ်ိဳးသမီး ၁၂ ဦး၊ ေယာက်ာ္းေလး ၁၃ ေယာက္နဲ ့ မိန္းကေလး ၁၁ ေယာက္ပါ၀င္ေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။ ဖမ္းဆီးခံရသူေတြကုိေတာ့ မေလးရွားႏုိင္ငံ လူ၀င္မႈႀကီးၾကပ္ေရးဥပေဒနဲ႔ အေရးယူမွာျဖစ္ပါတယ္။

ခန႔္မွန္းေျခ ျမန္မာႏိုင္ငံသား ၅၅၀,၀၀၀ ေလာက္ အလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားႏိုင္ငံမွာ ကပ္ေရာဂါကာလ ကန႔္သတ္ခ်က္ေတြေၾကာင့္ အလုပ္အကိုင္နဲ႔ စားဝတ္ေနေရး အခက္အခဲေတြ ႀကဳံေနၾကရၿပီး ကုိယ့္ကုိယ္ကုိ အဆုံးစီရင္တဲ့သူတခ်ဳိ႕လည္း ရွိခဲ့ပါတယ္။ အခက္အခဲေတြေၾကာင့္ တရား၀င္ေရာ၊ တရားမ၀င္ နည္းလမ္းေတြနဲ႔ပါ ေနရပ္ျပန္ဖို႔ ႀကိဳးစားတဲ့သူေတြထဲမွာလည္း အာဏာပုိင္ေတြ ဖမ္းဆီးတာခံရသူေတြ ရွိသလုိ လူေမွာင္ခိုကူးသူေတြရဲ႕ သားေကာင္ျဖစ္သြားသူေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားရှိ အထောက်အထားမဲ့မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ

ကိုဗစ်ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေထိုင်သူတွေကို ရှာဖွေနှိမ်နင်းနေရာမှာ မြန်မာနိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ လန်ကာဝီ ပြည်နယ်Bukit Malut မှာ မလေးရှားရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က အထူးစစ်ဆင်ရေးအဖြစ် တရားမဝင် နေထိုင်သူတွေကို ရှာဖွေဖမ်းဆီးရာမှာ မြန်မာနိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံခဲ့ရတာပါ။ တရားမဝင် နေထိုင်သူတွေကု နှိမ်နင်းတဲ့ မနေ့တုန်းက အထူးစစ်ဆင်ရေးနဲ့ ပတ်သက်လို့ လန်ကာဝီပြည်နယ်ရောက် မြန်မာနိုင်ငံသား ဦးကျော်ဝင်းက အခုလို ပြောပြပါတယ်။

"ဖမ်းတာတော့ ရွာထဲမှာ ဝင်ဖမ်းသွားတယ်။ ကြားရသလောက်တော့ မြန်မာနဲ့ ရိုဟင်ဂျာတွေ၊ အများစုက မြိတ်သား၊ ထားဝယ်သားတွေ များတယ်။ ရိုဟင်ဂျာတွေလည်း ပါတယ်။ ဖမ်းတာ ၆၅ ယောက်၊ ၆၇ လောက်ပါတယ်။ တရားမဝင်နေထိုင်နေတဲ့သူတွေပါ သူတို့ စဖမ်းကလည်း ကျန်းမာရေးစစ်တယ်ပြောတယ်။ သူဖမ်းတာကလည်း သီးသန့်အဖွဲ့စုံဖမ်းတာ လဝကပါမယ်။ ကျန်းမာရေးဝန်ထမ်းတွေပါတယ်။ လဝကတွေ အကောက်ခွန်တွေ ပါတယ်။"

မလေးရှားနိုင်ငံမှာ မနေ့တုန်းက ဖမ်းဆီးမိသူတွေကိုတော့ အာဏာပိုင်တွေက ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန်တိုးလာနေချိန်မှာ တရားမဝင် နေထိုင်သူတွေနဲ့ လူစုလူဝေးလုပ်တဲ့သူတွေကို အဓိက နှိမ်နင်းနေတာ ဖြစ်ကြောင်းလည်း ဒေသခံ လူဝင်မှုကြီးကြပ်ရေးဌာန ဒါရိုက်တာ Zuhair Jamaludin ကိုကိုးကားပြီး မလေးရှားနိုင်ငံက သတင်းတွေမှာ ဖော်ပြကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကစတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ပြည်နယ်ထဲမှာရှိတဲ့ နိုင်ငံခြားသားတွေ အများစုနေထိုင်ရာ ရပ်ကွက်တွေ၊ ဆိုင်ခန်းတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို ပစ်မှတ်ထားခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။

မနေ့တုန်းက ဖမ်းဆီးခံရသူတွေထဲမှာတော့ ၃ လအရွယ်ကလေးကနေ အသက် ၄၅ နှစ်အထိ ပါဝင်ပြီး အမျိုးသား ၂၀၊ အမျိုးသမီး ၁၂ ဦး၊ ယောကျာ်းလေး ၁၃ ယောက်နဲ့ မိန်းကလေး ၁၁ ယောက်ပါဝင်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရသူတွေကိုတော့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူမှာဖြစ်ပါတယ်။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့သူတချို့လည်း ရှိခဲ့ပါတယ်။ အခက်အခဲတွေကြောင့် တရားဝင်ရော၊ တရားမဝင် နည်းလမ်းတွေနဲ့ပါ နေရပ်ပြန်ဖို့ ကြိုးစားတဲ့သူတွေထဲမှာလည်း အာဏာပိုင်တွေ ဖမ်းဆီးတာခံရသူတွေ ရှိသလို လူမှောင်ခိုကူးသူတွေရဲ့ သားကောင်ဖြစ်သွားသူတွေလည်း ရှိပါတယ်။

XS
SM
MD
LG