သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါတိုးလာလို႔ မေလးရွားေရာက္ျမန္မာႏိုင္ငံသားေတြကို သံရံုးသတိေပး


မေလးရွားႏိုင္ငံ Kuala Lumpur ၿမိဳ႕မွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဧၿပီ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

မေလးရွားႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မႈေတြ ျပန္တုိးလာေနတဲ့အတြက္ သြားလာလႈပ္ရွားမႈေတြကုိ ဒီေန႔ကစ ျပန္လည္ကန္႔သတ္လုိက္တာေၾကာင့္ ျမန္မာႏုိင္ငံသားေတြ သတိထား သြားလာၾကဖုိ႔ ျမန္မာသံ႐ုံးက သတိေပးလိုက္တဲ့အေၾကာင္း ေျပာျပမွာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏိုင္ငံမွာ ကိုဗစ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္တုိးလာေနတာေၾကာင့္ အဓိကၿမိဳ႕ႀကီးေတြမွာ ဒီေန႔ကစၿပီး သီတင္း ၂ ပတ္ၾကာ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္လုိက္ပါတယ္။ ေန႔စဥ္ကူးစက္သူ ရာဂဏန္းအထိ တုိးလာေနတာေၾကာင့္ ၁၄ ရက္ၾကာ ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္လုိက္တဲ့ မေလးရွားႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြ အေနနဲ႔လည္း စည္းကမ္းအတုိင္း လုိက္နာၾကဖုိ႔နဲ႔ သတိထားသြားလာၾကဖုိ႔ ျမန္မာသံ႐ုံး အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းက တုိက္တြန္းလုိက္ပါတယ္။

“ကြာလာလမ္ပူရယ္၊ စလန္းေဂါရယ္၊ ပူထရာဂ်ာယာရယ္ အဲဒီျပည္နယ္သုံးခုကိုေတာ့ ေလာေလာဆယ္ lockdown ခ်လိုက္တာ ဒီေန႔ ၁၄ ရက္ကစၿပီးေတာ့ ၂၇ ရက္အထိ ၂ ပတ္ေပါ့။ အခု ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ မလိုအပ္ဘဲ အျပင္ေတြဘာေတြ မထြက္ဖို႔ေတာ့ လိုလိမ့္မယ္၊ အသြားအလာေတာ့ သတိထားဖို႔ လိုပါမယ္။ လိုအပ္တယ္ဆိုရင္ အေထာက္အထား အျပည့္အစုံေတြ ယူသြားဖို႔ လိုလိမ့္မယ္။ အရမ္းႀကီး စိုးရိမ္ဖို႔ေတာ့ မလိုပါဘူး၊ သူ႔ႏိုင္ငံရဲ႕ ဒီ သူတို႔သတ္မွတ္ထားတဲ့ စည္းကမ္းေလးေတြေတာ့ ဒီအခ်ိန္မွာ ပိုၿပီး တိတိက်က် ေလးေလးစားစား လိုက္နာဖို႔ေတာ့ လိုပါတယ္လို႔ ေျပာခ်င္ပါတယ္။”

ကပ္ေရာဂါ ကာကြယ္ေရးအတြက္ ၃ လၾကာ တႏုိင္ငံလုံး အသြားအလာ ပိတ္ဆုိ႔ကန္႔သတ္မိန္႔ကုိ ျပန္လည္႐ုပ္သိမ္းၿပီး ၄ လ အၾကာမွာပဲ ကန္႔သတ္မႈေတြ ထုတ္ျပန္ခဲ့ရတာပါ။ ဒီလ ၂၅ ရက္ေန႔အထိ စာသင္ေက်ာင္းေတြ၊ ဘာသာေရး အခမ္းအနားေတြ၊ အားကစားပဲြေတြနဲ႔ လူမႈေရးလုပ္ငန္းေတြကုိ ရပ္နားထားမွာ ျဖစ္ေပမဲ့ စီးပြားေရးလုပ္ငန္းေတြကုိေတာ့ တင္းၾကပ္တဲ့ စည္းမ်ဥ္းေတြနဲ႔ ဆက္လုပ္ခြင့္ျပဳထားပါတယ္။

ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္ထားတဲ့ ၿမိဳ႕ေတြမွာ အဓိကလမ္းမႀကီးေတြကို ပိတ္ထားေပမဲ့ အလုပ္သမားေတြကုိေတာ့ လုပ္ငန္းရွင္ရဲ႕ ေထာက္ခံခ်က္နဲ႔ သြားလာလႈပ္ရွားခြင့္ျပဳထားပါတယ္။

အာဏာပုိင္ေတြ ထုတ္ျပန္ထားတဲ့ ကန္႔သတ္ခ်က္ေတြကို မေလးရွားေရာက္ ျမန္မာႏိုင္ငံသားေတြ သိရွိႏုိင္ေအာင္ ျမန္မာပရဟိတအဖြဲ႕ေတြက လူမႈကြန္ရက္နဲ႔ ဖုန္းေတြကေန အသိေပးေနေၾကာင္းလည္း ကြာလာလမ္ပူ အေျခစိုက္ ကပုန္းလူမႈကူညီေရးအသင္း ဥကၠ႒ ဦးဆန္းဝင္းက ေျပာပါတယ္။

“စက္႐ုံေတြဆိုရင္ နီးစပ္တဲ့ စက္႐ုံေတြကို က်ေနာ္တို႔ အေၾကာင္းၾကားေပးတယ္ေပါ့ေလေနာ္။ အဲဒီအခ်က္ ၁၆ ခ်က္နဲ႔ ညီၫြတ္ေအာင္။ အဲလိုမွမဟုတ္ဘဲ သူတို႔လုပ္ေနမယ္ဆိုရင္ က်ေနာ္တို႔ၿပီးခဲ့တဲ့ တႀကိမ္တုန္းကလိုေပါ့ သၾကၤန္ပြဲလုပ္လို႔ အဖမ္းခံရတာမ်ိဳးေတြ မလိုလားအပ္တဲ့ ကိစၥမ်ိဳးေတြ ျဖစ္မွာစိုးလို႔ အားလုံးကို ပိတ္ပင္ထားပါတယ္။ ဒီအခ်ိန္ဟာ မေလးရွားႏိုင္ငံမွာ ဒီေရာဂါေလးေတြ ျပန္ျဖစ္ေနတဲ့ အေနအထားရွိသလို ျမန္မာႏိုင္ငံရဲ႕ သီတင္းကြၽတ္လလည္း ျဖစ္ေတာ့ ဒီဥစၥာကို လူငယ္ေတြက မသိဘဲ ေပ်ာ္ပြဲ႐ႊင္ပြဲ လုပ္မိမွာ စိုးလို႔ပါ။”

ရဲစစ္၊ စစ္သားနဲ႔ အရပ္ဝတ္ လုံၿခဳံေရးအဖြဲ႕ေတြက သြားလာတဲ့သူေတြကို ေစာင့္ၾကည့္မွာျဖစ္ၿပီး ေၾကညာခ်က္ေတြကို ေဖာက္ဖ်က္ရင္ အေရးယူမယ္လို႔လည္း သတိေပးထားပါတယ္။ စက္တင္ဘာလလယ္ပိုင္းမွာ ေရာဂါကူးစက္မႈ မရွိသေလာက္ ျဖစ္ခဲ့တဲ့ မေလးရွားႏိုင္ငံက ေအာက္တိုဘာ ၆ ရက္မွာ အေယာက္ ၆၉၀ ေက်ာ္တေန႔တည္းေတြ႕ခဲ့ၿပီး မေန႔က ေအာက္တိုဘာ ၁၃ ရက္အထိ ျပန္မက်ေသးတာမို႔ အခုလို အသြားအလာကန႔္သတ္မႈေတြ တေၾကာ့ျပန္လုပ္ခဲ့တာျဖစ္ပါတယ္။

မေလးရွားႏိုင္ငံမွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးရသူ ၁၆၃ ေယာက္ရွိၿပီး ကူးစက္ခံရသူအေရအတြက္ကေတာ့ ၁၇,၀၀၀ ေလာက္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကပ်ရောဂါတိုးလာလို့ မလေးရှားရောက်မြန်မာနိုင်ငံသားတွေကို သံရုံးသတိပေး

မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ပြန်တိုးလာနေတဲ့အတွက် သွားလာလှုပ်ရှားမှုတွေကို ဒီနေ့ကစ ပြန်လည်ကန့်သတ်လိုက်တာကြောင့် မြန်မာနိုင်ငံသားတွေ သတိထား သွားလာကြဖို့ မြန်မာသံရုံးက သတိပေးလိုက်တဲ့အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ တကျော့ပြန်တိုးလာနေတာကြောင့် အဓိကမြို့ကြီးတွေမှာ ဒီနေ့ကစပြီး သီတင်း ၂ ပတ်ကြာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်လိုက်ပါတယ်။ နေ့စဉ်ကူးစက်သူ ရာဂဏန်းအထိ တိုးလာနေတာကြောင့် ၁၄ ရက်ကြာ ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်တဲ့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း စည်းကမ်းအတိုင်း လိုက်နာကြဖို့နဲ့ သတိထားသွားလာကြဖို့ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက တိုက်တွန်းလိုက်ပါတယ်။

“ကွာလာလမ်ပူရယ်၊ စလန်းဂေါရယ်၊ ပူထရာဂျာယာရယ် အဲဒီပြည်နယ်သုံးခုကိုတော့ လောလောဆယ် lockdown ချလိုက်တာ ဒီနေ့ ၁၄ ရက်ကစပြီးတော့ ၂၇ ရက်အထိ ၂ ပတ်ပေါ့။ အခု ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ မလိုအပ်ဘဲ အပြင်တွေဘာတွေ မထွက်ဖို့တော့ လိုလိမ့်မယ်၊ အသွားအလာတော့ သတိထားဖို့ လိုပါမယ်။ လိုအပ်တယ်ဆိုရင် အထောက်အထား အပြည့်အစုံတွေ ယူသွားဖို့ လိုလိမ့်မယ်။ အရမ်းကြီး စိုးရိမ်ဖို့တော့ မလိုပါဘူး၊ သူ့နိုင်ငံရဲ့ ဒီ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းလေးတွေတော့ ဒီအချိန်မှာ ပိုပြီး တိတိကျကျ လေးလေးစားစား လိုက်နာဖို့တော့ လိုပါတယ်လို့ ပြောချင်ပါတယ်။”

ကပ်ရောဂါ ကာကွယ်ရေးအတွက် ၃ လကြာ တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့ကန့်သတ်မိန့်ကို ပြန်လည်ရုပ်သိမ်းပြီး ၄ လ အကြာမှာပဲ ကန့်သတ်မှုတွေ ထုတ်ပြန်ခဲ့ရတာပါ။ ဒီလ ၂၅ ရက်နေ့အထိ စာသင်ကျောင်းတွေ၊ ဘာသာရေး အခမ်းအနားတွေ၊ အားကစားပွဲတွေနဲ့ လူမှုရေးလုပ်ငန်းတွေကို ရပ်နားထားမှာ ဖြစ်ပေမဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ ဆက်လုပ်ခွင့်ပြုထားပါတယ်။

ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတဲ့ မြို့တွေမှာ အဓိကလမ်းမကြီးတွေကို ပိတ်ထားပေမဲ့ အလုပ်သမားတွေကိုတော့ လုပ်ငန်းရှင်ရဲ့ ထောက်ခံချက်နဲ့ သွားလာလှုပ်ရှားခွင့်ပြုထားပါတယ်။

အာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို မလေးရှားရောက် မြန်မာနိုင်ငံသားတွေ သိရှိနိုင်အောင် မြန်မာပရဟိတအဖွဲ့တွေက လူမှုကွန်ရက်နဲ့ ဖုန်းတွေကနေ အသိပေးနေကြောင်းလည်း ကွာလာလမ်ပူ အခြေစိုက် ကပုန်းလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။

“စက်ရုံတွေဆိုရင် နီးစပ်တဲ့ စက်ရုံတွေကို ကျနော်တို့ အကြောင်းကြားပေးတယ်ပေါ့လေနော်။ အဲဒီအချက် ၁၆ ချက်နဲ့ ညီညွတ်အောင်။ အဲလိုမှမဟုတ်ဘဲ သူတို့လုပ်နေမယ်ဆိုရင် ကျနော်တို့ပြီးခဲ့တဲ့ တကြိမ်တုန်းကလိုပေါ့ သင်္ကြန်ပွဲလုပ်လို့ အဖမ်းခံရတာမျိုးတွေ မလိုလားအပ်တဲ့ ကိစ္စမျိုးတွေ ဖြစ်မှာစိုးလို့ အားလုံးကို ပိတ်ပင်ထားပါတယ်။ ဒီအချိန်ဟာ မလေးရှားနိုင်ငံမှာ ဒီရောဂါလေးတွေ ပြန်ဖြစ်နေတဲ့ အနေအထားရှိသလို မြန်မာနိုင်ငံရဲ့ သီတင်းကျွတ်လလည်း ဖြစ်တော့ ဒီဥစ္စာကို လူငယ်တွေက မသိဘဲ ပျော်ပွဲရွှင်ပွဲ လုပ်မိမှာ စိုးလို့ပါ။”

ရဲစစ်၊ စစ်သားနဲ့ အရပ်ဝတ် လုံခြုံရေးအဖွဲ့တွေက သွားလာတဲ့သူတွေကို စောင့်ကြည့်မှာဖြစ်ပြီး ကြေညာချက်တွေကို ဖောက်ဖျက်ရင် အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။ စက်တင်ဘာလလယ်ပိုင်းမှာ ရောဂါကူးစက်မှု မရှိသလောက် ဖြစ်ခဲ့တဲ့ မလေးရှားနိုင်ငံက အောက်တိုဘာ ၆ ရက်မှာ အယောက် ၆၉၀ ကျော်တနေ့တည်းတွေ့ခဲ့ပြီး မနေ့က အောက်တိုဘာ ၁၃ ရက်အထိ ပြန်မကျသေးတာမို့ အခုလို အသွားအလာကန့်သတ်မှုတွေ တကြော့ပြန်လုပ်ခဲ့တာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးရသူ ၁၆၃ ယောက်ရှိပြီး ကူးစက်ခံရသူအရေအတွက်ကတော့ ၁၇,၀၀၀ လောက် ရှိနေပါတယ်။

XS
SM
MD
LG