(Zawgyi / Unicode)
ၿဗိတိန္ႏုိင္ငံ လန္ဒန္မွာ စေနေန႔က COVID-19 အေရး အသြားအလာ ကန္႔သတ္တားျမစ္ခ်က္ေတြနဲ႔ ကာကြယ္ေဆးထိုးေရးကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြအတြင္း ရဲတပ္ဖြဲ႔က လူေပါင္း ၆၀ ေက်ာ္ ဖမ္းဆီးခဲ့ပါတယ္။ ဖမ္းဆီးခံ အေရအတြက္ ထပ္တိုးႏုိင္တယ္လို႔လည္း ရဲတပ္ဖြဲ႔က ေျပာပါတယ္။
ကို႐ုိနာဗိုင္းရပ္စ္ဆိုင္ရာ တားျမစ္ကန္႔သတ္ခ်က္ေတြကို ေဖာက္ဖ်က္မႈ အပါအဝင္ တျခားစြဲခ်က္ေတြနဲ႔ပါ ဖမ္းဆီးတာလို႔လည္း ရဲတပ္ဖြဲ႔က ေျပာပါတယ္။
အဂၤလန္မွာ လက္ရွိခ်မွတ္ထားတဲ့ အသြားအလာ ကန္႔သတ္တားျမစ္ခ်က္က ဒီဇင္ဘာလ ၂ ရက္ေန႔မွာ အဆံုးသတ္မွာ ျဖစ္ပါတယ္။
ကို႐ုိနာဗိုင္းရပ္စ္ဆိုင္ရာ တားျမစ္ကန္႔သတ္ခ်က္ေတြဟာ မတရား ဖိႏွိပ္ျခယ္လွယ္ေနတာျဖစ္ၿပီး စိုးရိမ္ေၾကာင့္ၾကစိတ္နဲ႔ ေနေနရတာေတြကို စိတ္ကုန္ေနၿပီလို႔ ဆႏၵျပသူတဦး ေျပာသြားတာပါ။ ဆႏၵျပသူ ၃၀၀ နဲ႔ ၄၀၀ ၾကား ရွိမယ္လို႔လည္း ရဲတပ္ဖြဲ႔က ခန္႔မွန္းပါတယ္။
ကမၻာမွာ COVID-19 ျဖစ္ပြားမႈ ဒုတိယအဆိုးဆံုးျဖစ္တဲ့ ဥေရာပမွာ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူဟာ စေနေန႔မွာ ၄၀၀,၀၀၀ ေက်ာ္ကို ေရာက္ရွိခဲ့ပါတယ္။
ျပင္သစ္ႏုိင္ငံမွာ တလၾကာ ပိတ္ထားခဲ့တဲ့ မရွိမျဖစ္ ဖြင့္စရာမလိုတဲ့ ေစ်းဆိုင္ေတြကို အားလပ္ရက္ ရာသီအတြက္ ျပန္ၿပီး ဖြင့္ခြင့္ျပဳထားပါတယ္။ ပိုလန္မွာလည္း စီးပြားေရးလုပ္ငန္းေတြ ျပန္စေနၿပီျဖစ္ၿပီး ဘယ္လ္ဂ်ီယံကေတာ့ ဒီဇင္ဘာ ၁ ရက္ေန႔မွာ ဆိုင္ေတြျပန္ဖြင့္ခြင့္ ျပဳမွာပါ။
ဂ်ာမနီ၊ လူဇင္ဘာ့ဂ္နဲ႔ နယ္သာလန္တို႔မွာလည္း အလားတူ ေျဖေလွ်ာ့မႈ လုပ္လာပါတယ္။ အိုင္ယာလန္မွာလည္း ခရစၥမတ္ရာသီတြင္း မိသားစုေတြ ျပန္ဆံုႏုိင္ဖို႔နဲ႔ စီးပြားေရးလုပ္ငန္းတခ်ိဳ႕ ျပန္ဖြင့္ႏုိင္ေရးအတြက္ ကန္႔သတ္ခ်က္တခ်ိဳ႕ကို ေျဖေလွ်ာ့ေၾကာင္း ေၾကညာထားပါတယ္။
------------------------
(Unicode)
ကိုဗစ်ကာလ တားမြစ်ချက် ကန့်ကွက်ဆန္ဒပြသူ ၆၀ ကျော် ဗြိတိန်ဖမ်းဆီး
ဗြိတိန်နိုင်ငံ လန်ဒန်မှာ စနေနေ့က COVID-19 အရေး အသွားအလာ ကန့်သတ်တားမြစ်ချက်တွေနဲ့ ကာကွယ်ဆေးထိုးရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့က လူပေါင်း ၆၀ ကျော် ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံ အရေအတွက် ထပ်တိုးနိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ တားမြစ်ကန့်သတ်ချက်တွေကို ဖောက်ဖျက်မှု အပါအဝင် တခြားစွဲချက်တွေနဲ့ပါ ဖမ်းဆီးတာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အင်္ဂလန်မှာ လက်ရှိချမှတ်ထားတဲ့ အသွားအလာ ကန့်သတ်တားမြစ်ချက်က ဒီဇင်ဘာလ ၂ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ တားမြစ်ကန့်သတ်ချက်တွေဟာ မတရား ဖိနှိပ်ခြယ်လှယ်နေတာဖြစ်ပြီး စိုးရိမ်ကြောင့်ကြစိတ်နဲ့ နေနေရတာတွေကို စိတ်ကုန်နေပြီလို့ ဆန္ဒပြသူတဦး ပြောသွားတာပါ။ ဆန္ဒပြသူ ၃၀၀ နဲ့ ၄၀၀ ကြား ရှိမယ်လို့လည်း ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။
ကမ္ဘာမှာ COVID-19 ဖြစ်ပွားမှု ဒုတိယအဆိုးဆုံးဖြစ်တဲ့ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ စနေနေ့မှာ ၄၀၀,၀၀၀ ကျော်ကို ရောက်ရှိခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ တလကြာ ပိတ်ထားခဲ့တဲ့ မရှိမဖြစ် ဖွင့်စရာမလိုတဲ့ ဈေးဆိုင်တွေကို အားလပ်ရက် ရာသီအတွက် ပြန်ပြီး ဖွင့်ခွင့်ပြုထားပါတယ်။ ပိုလန်မှာလည်း စီးပွားရေးလုပ်ငန်းတွေ ပြန်စနေပြီဖြစ်ပြီး ဘယ်လ်ဂျီယံကတော့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ဆိုင်တွေပြန်ဖွင့်ခွင့် ပြုမှာပါ။
ဂျာမနီ၊ လူဇင်ဘာ့ဂ်နဲ့ နယ်သာလန်တို့မှာလည်း အလားတူ ဖြေလျှော့မှု လုပ်လာပါတယ်။ အိုင်ယာလန်မှာလည်း ခရစ္စမတ်ရာသီတွင်း မိသားစုတွေ ပြန်ဆုံနိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတချို့ ပြန်ဖွင့်နိုင်ရေးအတွက် ကန့်သတ်ချက်တချို့ကို ဖြေလျှော့ကြောင်း ကြေညာထားပါတယ်။