(Zawgyi / Unicode)
ဥရောပမှာ လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကို အစိုးရတွေက အသေအချာ ကိုင်တွယ်ထိန်းချုပ်မှု မလုပ်ရင် ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ကိုဗစ်တတိယလှိုင်း ဖြစ်လာမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ COVID-19 ဆိုင်ရာ အထူးသံတမန်က ပြောကြားလိုက်ပါတယ်။
အခုဖြစ်နေတဲ့ ဒုတိယလှိုင်းအတွက် လိုအပ်တဲ့ အခြေခံစည်းကမ်းတွေကို မချမှတ်ဘူးဆိုရင် နောက်နှစ်အစောပိုင်းမှာ တတိယလှိုင်းဒဏ်ကို ခံစားကြရပါလိမ့်မယ်လို့ Mr. David Nabarro က ပြောခဲ့တာပါ။
အခုဆိုရင် ဂျာမနီနဲ့ ပြင်သစ်မှာ စနေနေ့က အတည်ပြုလူနာ စုစုပေါင်း ၃၃,၀၀၀ အထိ ရှိခဲ့ပြီး ဆွစ်ဇာလန်နဲ့ သြစတြီးယားမှာလည်း အတည်ပြုလူနာ နေ့စဉ် ထောင်ပေါင်းများစွာ ရှိနေပါတယ်။
အာရှမှာတော့ တောင်ကိုရီးယားလို နိုင်ငံတွေဟာ ရောဂါထိန်းချုပ်မှု အောင်မြင်နေပြီး ကူးစက်မှုတွေ အခု ကျဆင်းလာနေကြောင်း Mr. Nabarro က ချီးကျူးပြောဆိုပါတယ်။
လူတွေဟာ ဗိုင်းရပ်စ်ကူးစက်လို့ မရနိုင်အောင် စည်းကမ်းတွေကို အပြည့်အဝ လိုက်နာကြပါတယ်၊ အချင်းချင်း ခပ်လှမ်းလှမ်းကပဲ နေကြတယ်၊ နှာခေါင်းစည်းတွေ တပ်ကြတယ်၊ နေမကောင်းဖြစ်ရင် သီးသန့်ခွဲပြီးနေကြတယ်၊ လက်တွေနဲ့ အပေါ်ယံမျက်နှာပြင်တွေကို ဆေးကြောကြတယ်၊ ဒီနည်းနဲ့ အုပ်စုလိုက်ကူးစက်မှုကို ကာကွယ်ခဲ့ကြတယ်လို့ သူက ပြောခဲ့တာပါ။
ဒါ့အပြင် အာရှနိုင်ငံတွေဟာ ကန့်သတ်စည်းကမ်းတွေကို အချိန်မတိုင်သေးဘဲ ပြန်ဖြေလျော့ပေးတာမျိုးတွေ မလုပ်ကြကြောင်းကိုလည်း ပြောခဲ့ပါတယ်။
-------------------------
(Unicode)