(Zawgyi/Unicode)
COVID-19 ေရာဂါ ျဖစ္ပြါးေစတဲ့ ကိုရိုနာဗိုင္းရပ္စ္ အတြက္ ထိေရာက္ၿပီး စိတ္ခ်ရတဲ့ ကာကြယ္ေဆး ရဖို႔ ကမာၻတလႊားႀကိဳးစားမႈေတြကေန ၾကာသပေတးေန႔မွာလည္း ၿဗိတိန္ေဆးကုမၸဏီ ဆီက သတင္းေကာင္း ထြက္လာခဲ့ပါတယ္။
လူငယ္ေတြမွာေရာ လူႀကီးေတြမွာပါ ကိုယ္ခံအားေကာင္းေကာင္းနဲ႔ တုံ႔ျပန္ႏိုင္စြမ္းရွိမယ့္ စိတ္ခ်ရတဲ့ ေဆး ထုတ္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ ၿဗိတိန္က AstraZeneca ေဆးကုမၸဏီႀကီးဟာ Oxford တကၠသိုလ္နဲ႔ ပူးတြဲၿပီး စမ္းသပ္ေနတဲ့ ကာကြယ္ေဆးဟာ အလားအလာေကာင္းေၾကာင္း နာမည္ႀကီး Lancet ေဆးဂ်ာနယ္ က ေရးသားခဲ့တာ ျဖစ္ပါတယ္။
၂ ႀကိမ္ထိုးဖို႔ လုိအပ္တဲ့ ဒီကာကြယ္ေဆးကို က်န္းမာတဲ့ လူရြယ္လုပ္အားေပး ၅၆၀ နဲ႔ အသက္ ၇၀ နဲ႔အထက္ လူႀကီးလုပ္အားေပး ၂၄၀ တို႔နဲ႔ ဒုတိယအဆင့္ Stage 2 စမ္းသပ္မႈေတြ လုပ္ခဲ့ရာမွာ အလားအလာေကာင္းေၾကာင္း ေတြ႔ခဲ့ရတာပါ။
အခုဒီကာကြယ္ေဆးကို ေနာက္ဆံုး အဆင့္ Stage-3 အဆင့္မွာ စမ္းသပ္ေနၿပီျဖစ္ပါတယ္။
COVID-19 အတြက္ ထိေရာက္ၿပီး စိတ္ခ်ရတဲ့ ကာကြယ္ေဆး ၂ မ်ိဳး ကို အေမရိကန္ေဆးကုမၸဏီေတြက ေတြ႔ရွိေၾကာင္း ေၾကညာၿပီး ရက္ပိုင္းအတြင္း အခုလို အလားအလာရွိတဲ့ ေနာက္ေဆးတမ်ိဳးေတြ႔ေၾကာင္း သတင္းေကာင္း ထြက္ေပၚလာတာ ျဖစ္ပါတယ္။
ဂ်ာမဏီက BioNTech နဲ႔လက္တြဲၿပီး Pfizer ေဆးကုမၸဏီက စမ္းသပ္ေနတဲ့ ကာကြယ္ေဆးဟာ ရာခိုင္ႏႈန္း ၉ ၀ ေက်ာ္ ထိေရာက္မႈရွိသလို အေမရိကန္အေျခစိုက္ Moderna ကလည္း သူတို႔ရဲ့ ကာကြယ္ေဆးဟာ ၉ ၅% ထိေရာက္မႈ ရွိေၾကာင္း ဒီသီတင္းပတ္ထဲမွာပဲ ေၾကညာခဲ့တာပါ။
ကမာၻတလႊား ႏိုင္ငံအေတာ္မ်ားမ်ားမွာ ဒီေရာဂါ ျဖစ္ပြါးမႈ တိုးလာတဲ့ အတြက္ Lockdown ခ်တာေတြနဲ႔ ကန္႔သတ္မႈေတြ တိုးလုပ္လာခ်ိန္မွာပဲ အခုလို COVID-19 အတြက္ အလားအလာရွိတဲ့ ကာကြယ္ေဆး ေတြ ထုတ္ႏိုင္ေတာ့မယ္ သတင္းေကာင္း ၾကားရတာ ျဖစ္ပါတယ္။
........
ဗြိတိန်က ကိုဗစ်ကာကွယ်ဆေး အလားအလာကောင်း
(Unicode)
COVID-19 ရောဂါ ဖြစ်ပွါးစေတဲ့ ကိုရိုနာဗိုင်းရပ်စ် အတွက် ထိရောက်ပြီး စိတ်ချရတဲ့ ကာကွယ်ဆေး ရဖို့ ကမ္ဘာတလွှားကြိုးစားမှုတွေကနေ ကြာသပတေးနေ့မှာလည်း ဗြိတိန်ဆေးကုမ္ပဏီ ဆီက သတင်းကောင်း ထွက်လာခဲ့ပါတယ်။
လူငယ်တွေမှာရော လူကြီးတွေမှာပါ ကိုယ်ခံအားကောင်းကောင်းနဲ့ တုံ့ပြန်နိုင်စွမ်းရှိမယ့် စိတ်ချရတဲ့ ဆေး ထုတ်နိုင်ဖို့ ကြိုးစားနေတဲ့ ဗြိတိန်က AstraZeneca ဆေးကုမ္ပဏီကြီးဟာ Oxford တက္ကသိုလ်နဲ့ ပူးတွဲပြီး စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ အလားအလာကောင်းကြောင်း နာမည်ကြီး Lancet ဆေးဂျာနယ် က ရေးသားခဲ့တာ ဖြစ်ပါတယ်။
၂ ကြိမ်ထိုးဖို့ လိုအပ်တဲ့ ဒီကာကွယ်ဆေးကို ကျန်းမာတဲ့ လူရွယ်လုပ်အားပေး ၅၆၀ နဲ့ အသက် ၇၀ နဲ့အထက် လူကြီးလုပ်အားပေး ၂၄၀ တို့နဲ့ ဒုတိယအဆင့် Stage 2 စမ်းသပ်မှုတွေ လုပ်ခဲ့ရာမှာ အလားအလာကောင်းကြောင်း တွေ့ခဲ့ရတာပါ။
အခုဒီကာကွယ်ဆေးကို နောက်ဆုံး အဆင့် Stage-3 အဆင့်မှာ စမ်းသပ်နေပြီဖြစ်ပါတယ်။
COVID-19 အတွက် ထိရောက်ပြီး စိတ်ချရတဲ့ ကာကွယ်ဆေး ၂ မျိုး ကို အမေရိကန်ဆေးကုမ္ပဏီတွေက တွေ့ရှိကြောင်း ကြေညာပြီး ရက်ပိုင်းအတွင်း အခုလို အလားအလာရှိတဲ့ နောက်ဆေးတမျိုးတွေ့ကြောင်း သတင်းကောင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဂျာမဏီက BioNTech နဲ့လက်တွဲပြီး Pfizer ဆေးကုမ္ပဏီက စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ ရာခိုင်နှုန်း ၉ ၀ ကျော် ထိရောက်မှုရှိသလို အမေရိကန်အခြေစိုက် Moderna ကလည်း သူတို့ရဲ့ ကာကွယ်ဆေးဟာ ၉ ၅% ထိရောက်မှု ရှိကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ကြေညာခဲ့တာပါ။
ကမ္ဘာတလွှား နိုင်ငံအတော်များများမှာ ဒီရောဂါ ဖြစ်ပွါးမှု တိုးလာတဲ့ အတွက် Lockdown ချတာတွေနဲ့ကန့်သတ်မှုတွေ တိုးလုပ်လာချိန်မှာပဲ အခုလို COVID-19 အတွက် အလားအလာရှိတဲ့ ကာကွယ်ဆေး တွေ ထုတ်နိုင်တော့မယ် သတင်းကောင်း ကြားရတာ ဖြစ်ပါတယ်။