သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖိုင္ဇာရဲ့ ကိုဗစ္ ၁၉ ကာကြယ္ေဆး


A technician inspects vials of coronavirus disease (COVID-19) vaccine candidate BNT162b2 at a Pfizer manufacturing site in manufacturing site in St. Louis, Missouri, U.S. in an undated photograph. (Pfizer/Handout via REUTERS)

အေမရိကန္ ေဆးကုမၸဏီ Pfizer က ဂ်ာမဏီ BioNTech နဲ႔ လက္တြဲၿပီး စမ္းသပ္ေနတဲ့ COVID-19 ကာကြယ္ေဆးဟာ ရာခိုင္ႏႈန္း ၉ ၀ ေက်ာ္ ထိေရာက္မႈရွိတယ္လို႔ ႏိုဝင္ဘာလ ၉ ရက္မွာ ေၾကညာခဲ့ပါတယ္။ ဒီကာကြယ္ေဆးရဲ့ အလားအလာ နဲ႔ပတ္သက္ၿပီး အဏုဇီဝေဗဒပညာရွင္ မခင္ဇာဝင္းျပည့္ ရဲ့ အျမင္ကို ၾကည့္ရေအာင္ပါ။

ဖိုင္ဇာရဲ့ ကိုဗစ္ ၁၉ ကာကြယ္ေဆး
please wait

No media source currently available

0:00 0:07:27 0:00
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

(Zawgyi)

အေမရိကန္ ေဆးကုမၸဏီ Pfizer က ဂ်ာမဏီက BioNTechနဲ႔ လက္တြဲၿပီး ႏိုင္ငံေပါင္း ၆ ႏိုင္ငံမွာ လူေပါင္း ၄ ေသာင္းေက်ာ္နဲ႔ စမ္းသပ္ေနတဲ့ COVID-19 ကာကြယ္ေဆးဟာ ရာခိုင္ႏႈန္း ၉ ၀ ေက်ာ္ ထိေရာက္မႈရွိတယ္လို႔ ႏိုဝင္ဘာလ ၉ ရက္မွာ ေၾကညာခဲ့ပါတယ္။ ဒီကာကြယ္ေဆးရဲ့ အလားအလာ နဲ႔ပတ္သက္ၿပီး အဏုဇီဝေဗဒပညာရွင္ မခင္ဇာဝင္းျပည့္ ရဲ့ အျမင္ကို ၾကည့္ရေအာင္ပါ။

မခင္ဇာဝင္းျပည့္။. ။“ကာကြယ္ေဆးကို ေဖၚရာမွာ လူနဲ႔စမ္းသပ္တဲ့ clinical trial အဆင့္ ၃ ေပါ့ေနာ္။ ေနာက္ဆံုး အဆင့္ကို ေရာက္ေနၿပီ။ အဲဒီေနာက္ဆံုး အဆင့္မွာ လူနဲ႔စမ္းတာက ၄၃၀၀၀ ေက်ာ္နဲ႔ စမ္းတယ္။ ဒါက က်န္းမာေရး ဆိုင္ရာ လုပ္အားေပး ေတြနဲ႔ စမ္းတယ္။ ၉ ၀ ရာခိုင္ႏႈန္းေသာ လူေတြက ဒီဗိုင္းရပ္စ္ ကူးတဲ့ ဒဏ္ကို ခံႏိုင္တယ္ ဆိုတာကို ျပတယ္။ ေနာက္ၿပီးေတာ့ ေဘးထြက္ဆိုးက်ိဳးလည္း မရွိသေလာက္ နည္းတယ္ ဆိုတာကို ျပပါတယ္။ ဒါေၾကာင့္ သူတုိ႔က result ေကာင္းတယ္ဆိုၿပီး ေၾကညာခဲ့ပါတယ္ရွင့္။”

ေမး။. ။“ဒီလိုမ်ိဳး အေျခေနေကာင္းေနတဲ့ ေဆးတခုက FDA အစိုးရ အသိမွတ္ျပဳတဲ့ အဆင့္ကို ဘယ္လို အေနထားမ်ိဳး ေရာက္မွ သူတို႔ ရႏိုင္မွာပါလဲ။”

မခင္ဇာဝင္းျပည့္။. ။“ဟုတ္ကဲ့ပါ။ ဒီဖိုင္ဇာက ထုတ္တဲ့ ေဆးအတြက္ကိုက်ေတာ့ သူတို႔က ၂ ႀကိမ္ ထိုးရမယ္။ volunteer ထိုးၿပီးတဲ့ လူေတြမွာ သူက ထိုးၿပီးေတာ့ ၂၈ ရက္ အထိကို သူတို႔က ခုခံအား ရႏိုင္တယ္ ဆိုၿပီးေတာ့ ေသခ်ာေျပာႏုိင္တယ္။ ဒါေပမယ့္ ဒါက သူတို႔ ပထမအႀကိမ္ ထုိးတာေပါ့ေနာ္။

ကာကြယ္ေဆး တခုကို ထုိးတယ္ဆိုရင္ dose ျပည့္ေအာင္ ထုိးရတယ္။ ပထမအႀကိမ္ထိုးမယ္။ ဒုတိယအႀကိမ္ ထိုးၿပီးရင္ ဘယ္ေလာက္ၾကာၾကာ ခံမလဲဆိုတာ ရွိတယ္။ အေမရိကန္ႏိုင္ငံ FDA (Food and Drug Administration) ကေနၿပီးးေတာ့ အေရးေပၚ အေျခေနမွာ သံုးစြဲခြင့္ (Emergency Use Authorization) EUA ရဖို႔ အတြက္က ၂ လ ခုခံအား ခံႏုိင္တယ္ ဆိုတာမ်ိဳး ျပႏိုင္တယ္ ဆိုရင္ သူတို႔က EUA ရႏိုင္တယ္။ ဆိုေတာ့ ဒီ ၂ လ ခုခံအား ရႏိုင္မရႏိုင္ဆိုတဲ့ အခ်က္အလက္ data ေတြကိုေတာ့ သူတို႔က ေနာက္ ႏိုဝင္ဘာ တတိယပတ္ထဲမွာ ေျပာႏိုင္မယ္ေပါ့ေနာ္။”

“ဒါဆို မၾကာခင္မွာပဲ ရေတာ့မွာ ေပါ့ေနာ္။”

“ဟုတ္ပါတယ္။ မၾကာခင္မွာပဲ ရေတာ့မွာပါ။ တကယ္လို႔သူတို႔ EUA ရခဲ့မယ္ ဆိုရင္ ဒီႏွစ္ကုန္ကို သူတို႔က သန္း ၅၀ ေပါ့။ dose ထုတ္ႏိုင္မယ္လုိ႔ ေမ ွ်ာ္မွန္းထားတယ္။ ၂၀၂၁ ထဲမွာ ဆိုရင္ သူတို႔ ၁.၃ ဘီလီယန္ေလာက္ကို ထုတ္ႏိုင္ဖို႔ ရည္မွန္းထားတယ္လို႔ ေျပာပါတယ္။”

ေမး။. “ဒီေဆးရဲ့ အလားအလာနဲ႔ ပတ္သက္ၿပီးေတာ့ အဏုဇီဝေဗဒ ပညာရွင္ေတြ ဘယ္လို ေလ့လာ သံုးသပ္ပါလဲ။”

မခင္ဇာဝင္းျပည့္။. ။“အဏုဇီဝေဗဒ ရႈေဒါင့္က ၾကည့္မယ္ ဆိုရင္ ဒီ ေဆးတခု ၾကာၾကာခံႏိုင္ေလ၊သူ႔ရဲ့ ခုခံအားက ကုိယ့္ကို ၾကာၾကာ ေပးႏုိင္ေလေလ ေကာင္းေလပဲ ေပါ့ေနာ္။ အခု ေလ့လာထားတဲ့ ေလ့လာခ်က္ေတြ အကုန္လံုး အေတာ္မ်ားမ်ား အခု သုေတသနလုပ္ေနတဲ့ ေဆးေတြ အေတာ္မ်ားမ်ားက အခ်ိန္အတိုင္းအတာ တိုေနတဲ့ ဟာေတြပဲ ေတြ႔ရတယ္။ အခ်ိန္အတိုင္းအတာ ရွည္ေလ ပိုေကာင္းေလ ပဲေပါ့ေနာ္။

ဘာလို႔လည္း ဆိုေတာ့ဥပမာ အခုု ရာသီတုပ္ေကြးဆိုရင္ တႏွစ္မွ တခါ ထိုးရတယ္။ တႏွစ္တခါ ထုိးရတယ္ ဆိုရင္ သူ႔ရဲ့ ခုခံအား ခံႏိုင္အားက ဒီတုပ္ေကြးရာသီ တခုလံုးကို ခံႏိုင္ရည္ ေပးတယ္။ အဲဒါက ၆ လ တန္သည္ ရွိတယ္။ အဲဒီေတာ့ အခု ေလာေလာဆယ္ က ၂ လ ခုခံအား ခံႏိုင္အားရွိတယ္ဆိုတာ ျပႏိုင္ရင္ FDA က ခြင့္ျပဳေပးတယ္။ ၂ လက အနည္းဆံုးေပါ့။ ၂ လထက္ သူတို႔ ဘယ္ေလာက္ ေက်ာ္ႏုိင္မလဲ၊ ေက်ာ္ႏိုင္ေလ ပိုေကာင္းေလပဲ။”

ေမး။. ။“ဒါဆိုရင္ ဒီေဆး စမ္းသပ္တာကအခ်ိန္ကေတာ့ ေစာင့္ရအံုးမွာ ေပါ့ေနာ္။”

“ေစာင့္ရအံုးမွာပါ။”

“ေစာေစာက dose ကို ၂ ႀကိမ္ ေပးရမယ္ဆိုတာ ဘယ္လိုပံုစံနဲ႔ ဘာေၾကာင့္ ေပးရတယ္ ဆိုတာ ေျပာျပေပးပါ။”

မခင္ဇာဝင္းျပည့္။. ။“သူက ပထမဦးဆံုး initial response ကနဦး တုန္႔ျပန္မႈ ဆိုတဲ့ဟာ ရွိတယ္။ ဥပမာ ေျပာရမယ္ ဆိုရင္ ဘီပိုးကာကြယ္ေဆး ထိုးတဲ့ဟာကိုၾကည့္မယ္ ဆိုရင္ ကေလးေတြမွာ ဘီပိုး ကာကြယ္ေဆးကို သူ႔ course ျပည့္ေအာင္ ထုိးမယ္ဆိုရင္ ၃ ခါ ခြဲထိုးရတယ္။ ၃ ခါ ထိုးတဲ့ ထဲက booster ဆိုတဲ့ ဟာက ေနာက္ပိုင္း အသက္ႀကီးမွ ထုိးရတာ။ ၃ ခါ course ျပည့္ေအာင္ ထိုးရတယ္ ဆိုတာ၊ ပထမ အႀကိမ္ထုိးတယ္။ ေနာက္ လေလး နဲနဲျခားၿပီး ဒုတိယ အႀကိမ္ ထပ္ထိုးတယ္။ ေနာက္ၿပီး တတိယအႀကိမ္ ထုိးတယ္။

ဒီ တုပ္ေကြးေဆးမွာ ဆိုရင္ ဒီ COVID Vaccine မွာ ဆိုရင္ သူက ပထမအႀကိမ္ထိုးမယ္။ ၂၈ ရက္က်ရင္ ေနာက္တႀကိမ္ ထပ္ထုိးမယ္။ အဲဒီအခါ က်ရင္ သူ႔ရဲ့ ၂ ခါ ထိုးလိုက္ရတဲ့၊ ၂ ခါ ခြဲထိုးလိုက္ရတဲ့ ခႏၶာကိုယ္ထဲက ရမယ့္ ခုခံအားက ဘယ္ေလာက္ ၾကာၾကာ ခံမလဲ။ ဘာလို႔လည္း ဆိုေတာ့ ခႏၶာကိုယ္ထဲက ေသြးျဖဴဥေတြ ထဲက ပထမအႀကိမ္က နဲနဲထိုးမယ္၊ ေနာက္ဒုတိယ အႀကိမ္က်ေတာ့ သူက နဲနဲျမင့္တဲ့ dose နဲ႔သူက ထပ္ထိုးမယ္။ ဆိုတဲ့ အခါက်ေတာ့ သူက မွတ္ဥာဏ္ ေလ့က်င့္ၿပီးသား ျဖစ္သြားမယ္။ အဲဒါေၾကာင့္ သူတို႔ တကယ္တမ္း ကိုဗစ္ တကယ္ အစစ္ဝင္ၿပီ။ ဗိုင္းရပ္စ္ အစစ္ ဝင္ၿပီ ဆိုတဲ့ အခါ က်ရင္ သူက ဒဏ္ မခံရ ပဲနဲ႔ သူက ျပန္ၿပီးေတာ့ တုန္႔ျပန္ႏိုင္ ေအာင္ သူတို႔က အဲဒီလိုမ်ိဳး ေလ့က်င့္ေပးတာပါ။”

ေမး။. ။“အဲဒီ ကာကြယ္ေဆး ထိုးတာနဲ႔ ပတ္သက္ၿပီး ေျပာျပေပးပါ။ ကာကြယ္ေဆး ထိုးတဲ့ သေဘာတရားက ဘာလဲ။ ခႏၶာကိုယ္ထဲကို ကာကြယ္ေဆး အေနနဲ႔ ဘာကို ထိုးသြင္းတာလဲ ေျပာျပေပးပါ။”

မခင္ဇာဝင္းျပည့္။. ။“ကာကြယ္ေဆး ဆိုတဲ့ဟာကေတာ့ က်မတို႔ ခုနေျပာတဲ့ ဘီပိုး ကာကြယ္ေဆးကိုပဲ ဥပမာ အေနနဲ႔ ျပန္ေျပာမယ္ ဆိုရင္ ဗိုင္းရပ္စ္ တခုမွာ သူ႔မွာ ေရာဂါေပးႏုိင္တဲ့ဓါတ္ ရွိသလို မေပးႏိုင္တဲ့ ဓါတ္ရွိတယ္။ အဲဒီ ေရာဂါေပးႏိုင္တဲ့ ဓါတ္ အပိုင္းအစေလး တခုကို ကိုယ္ထဲကို ထည့္လိုက္တယ္ ဆိုလို႔ရွိရင္ ခႏၶာကိုယ္ထဲက ခုခံအားသည္ ေသြးျဖဴဥေတြက သူက round လွည့္ေနတယ္။ အဲဒီ round လွည့္ေနတဲ့ ေသြးျဖဴဥေတြက ဒီ ဓါတ္ကို ေတြ႔တယ္။ ဒါက ဗိုင္းရပ္စ္ အပိုင္းအစပဲ၊ ဒါက ျပင္ပေရာဂါဆိုၿပီး ဒါကို တိုက္ခိုက္တယ္။

သူတို႔မွာ တိုက္ခိုက္တဲ့ သူရွိတယ္။ မွတ္တမ္းယူတဲ့သူ ရွိတယ္။ မွတ္တမ္းယူတဲ့ ေသြးျဖဴဥက မွတ္တမ္းယူၿပီး သြားလို႔ရွိရင္၊ ေနာက္တႀကိမ္ တကယ္လို႔မ်ား ဒီလူက ဗိုင္းရပ္စ္ အစစ္နဲ႔ ထိေတြ႔ရတဲ့ အခ်ိန္ဆို၊ ဗုိင္းရပ္စ္ အစစ္ ဝင္လာၿပီ ဆိုတဲ့ အခ်ိန္မ်ိဳးမွာ မွတ္တမ္းထဲက record ထဲက ျပန္ရွာၿပီးေတာ့ ဒီလိုဟာမ်ိဳးက ငါတို႔ဆီမွာ ဝင္ဘူးတယ္။ ငါတုိ႔ ဒီလုိ ပံုစံမ်ိဳးနဲ႔ တိုက္မယ္၊ အဲဒါဆို response က. ပိုျမန္တယ္။ ဒါက ကာကြယ္ေဆးရဲ့ သေဘာတရားပါ။

အခု ကိုဗစ္မွာ ဆိုလို႔ရွိရင္ေတာ့ ဒီ ဖိုင္ဇာက လုပ္တဲ့ဟာက ဗိုင္းရပ္စ္ရဲ့ M RNA ကို သံုးၿပီးေတာ့ ထည့္တဲ့ ကာကြယ္ေဆးပါ။ M RNA ဆိုတဲ့ဟာက ဒီ ဗိုင္းရပ္စ္ရဲ့ မ်ိဳးဗီဇ ထဲက ေရာဂါျဖစ္ေစတဲ့ ဓါတ္ကို ထုတ္ၿပီးေတာ့ သြင္းလိုက္တယ္။ အဲဒီလို သြင္းလိုက္တဲ့ အခါ ခႏၶာကိုယ္ထဲက မွတ္တမ္းယူတဲ့ ေသြးျဖဴဥေတြက ယူထားမယ္။ ယူထားၿပီးရင္ တကယ္ အစစ္နဲ႔ ေတြ႔ၿပီ ဆိုတဲ့ အခါက်ရင္ သူတို႔ တုန္႔ျပန္မယ္။ အဲဒါ ကာကြယ္ေဆး ေပးတယ္လို႔ ေျပာတာပါ။”

ေမး။. ။“အဲဒါက လူေတြမွာ အႏၱရာယ္မရွိဘူး ဆုိတာ ေသခ်ာေအာင္ ဘယ္လို လုပ္ၾကသလဲ ေျပာျပေပးပါ။”

မခင္ဇာဝင္းျပည့္။. ။“ဟုတ္ကဲ့။ သူတို႔က viral M RNA ဆိုတာကို သံုးတယ္ဆိုတဲ့ ဟာက viral M RNA မွာ ဗိုင္းရပ္စ္ရဲ့ မ်ိဳးဗီဇမွာ သူက ဒီအပိုင္းက ဒါလုပ္မယ္၊ ဒီအပိုင္းက ဒါလုပ္မယ္။ ဆိုၿပီး အမ်ိဳးမ်ိဳး ရွိတယ္။ အခု လုပ္မယ့္ အပိုင္းကေလးက၊ ဒီ viral M RNA အပိုင္းေလးက သူက မ်ိဳးဗီဇ ဆိုင္ရာ ေလ့လာတဲ့. လူေတြကေန- ဒီအပို္င္းကေတာ့ ေရာဂါ ျဖစ္ေစတဲ့ ေနရာကို အက်ိဳး သက္ေရာက္မႈ မရွိဘူး။ အဲဒါေၾကာင့္ မို႔လို႔ ဒါနဲ႔ ခြဲထုတ္ၿပီးေတာ့ ဒီဥစၥာကို လူေတြ အတြက္ကို အသံုးျပဳတယ္။ အဲဒါမ်ိဳး ဆံုးျဖတ္ခ့ဲတာပါရွင့္။”

ေမး။. ။“ဒီကာကြယ္ေဆးက လူအတြက္ အႏၱရာယ္ မရွိေအာင္ ေသခ်ာစဥ္းစားၿပီးမွ လုပ္ထားတယ္ေပါ့ေနာ္။”

မခင္ဇာဝင္းျပည့္။. ။“ဟုတ္ကဲ့ သီအိုရီနဲ႔ အရင္ လုပ္ရတယ္။ ၿပီးတဲ့ အခါက်ရင္ သတၱဝါမဲ့ ၊ သတၱဝါရွိ၊ အဲလိုမ်ိဳး ေတြနဲ႔ သူတုိ႔ စမ္းၿပီးမွ လူေတြ အဆင့္ကို ေရာက္လာတာေပါ့။ သတၱဝါေတြနဲ႔စမ္းတဲ့ အဆင့္မွာ တုန္းက ဘယ္ေလာက္ပဲ အႏၱရာယ္ မရွိဘူး ျဖစ္ပေစ၊ လူေတြနဲ႔ စမ္းတဲ့ အဆင့္မွာ အႏၱရာယ္ရွိလား ဆိုတာကို သူတို႔က စမ္းတာပါ။ အဲဒီလုိ စမ္းေတာ့ ၉ ၀ % ေသာ လူေတြမွာ အဆိပ္အေတာက္ ျဖစ္တာေတြ၊ ဖ်ားၿပီးေတာ့ အသက္ပါ ပါတဲ့ အဆင့္အထိ ျဖစ္တာေတြ ကို သူတုိ႔က လံုးဝမေတြ႔ရတဲ့ အတြက္ေၾကာင့္ သူတုိ႔က အေျခေန ေကာင္းတယ္ လို႔ ေျပာတာပါ။”

ေမး။. ။“အခုလိုမ်ိဳး အလားအလာ ရွိတဲ့ ေဆးေတြ ဘယ္ကုမၸဏီေတြက စမ္းေနလဲ ေျပာျပေပးပါ။”

မခင္ဇာဝင္းျပည့္။. ။“အေမရိကား ဘက္က ဆိုရင္ အေမရိကန္အေျခစိုက္ တျခားကုမၸဏီေတြ ဆိုရင္ Johnson and Johnson ရွိမယ္။ မာ့ခ္ (Merck) ရွိမယ္။ ေမာ္ဒါးနား (Moderna) ရွိပါမယ္။”

မခင္ဇာဝင္းျပည့္ပါ။

(Unicode)

အမေရိကန် ဆေးကုမ္ပဏီ Pfizer က ဂျာမဏီက BioNTechနဲ့ လက်တွဲပြီး နိုင်ငံပေါင်း ၆ နိုင်ငံမှာ လူပေါင်း ၄ သောင်းကျော်နဲ့ စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးဟာ ရာခိုင်နှုန်း ၉ ၀ ကျော် ထိရောက်မှုရှိတယ်လို့ နိုဝင်ဘာလ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီကာကွယ်ဆေးရဲ့ အလားအလာ နဲ့ပတ်သက်ပြီး အဏုဇီဝဗေဒပညာရှင် မခင်ဇာဝင်းပြည့် ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

မခင်ဇာဝင်းပြည့်။. ။“ကာကွယ်ဆေးကို ဖေါ်ရာမှာ လူနဲ့စမ်းသပ်တဲ့ clinical trial အဆင့် ၃ ပေါ့နော်။ နောက်ဆုံး အဆင့်ကို ရောက်နေပြီ။ အဲဒီနောက်ဆုံး အဆင့်မှာ လူနဲ့စမ်းတာက ၄၃၀၀၀ ကျော်နဲ့ စမ်းတယ်။ ဒါက ကျန်းမာရေး ဆိုင်ရာ လုပ်အားပေး တွေနဲ့ စမ်းတယ်။ ၉ ၀ ရာခိုင်နှုန်းသော လူတွေက ဒီဗိုင်းရပ်စ် ကူးတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာကို ပြတယ်။ နောက်ပြီးတော့ ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက် နည်းတယ် ဆိုတာကို ပြပါတယ်။ ဒါကြောင့် သူတို့က result ကောင်းတယ်ဆိုပြီး ကြေညာခဲ့ပါတယ်ရှင့်။”

မေး။. ။“ဒီလိုမျိုး အခြေနေကောင်းနေတဲ့ ဆေးတခုက FDA အစိုးရ အသိမှတ်ပြုတဲ့ အဆင့်ကို ဘယ်လို အနေထားမျိုး ရောက်မှ သူတို့ ရနိုင်မှာပါလဲ။”

မခင်ဇာဝင်းပြည့်။. ။“ဟုတ်ကဲ့ပါ။ ဒီဖိုင်ဇာက ထုတ်တဲ့ ဆေးအတွက်ကိုကျတော့ သူတို့က ၂ ကြိမ် ထိုးရမယ်။ volunteer ထိုးပြီးတဲ့ လူတွေမှာ သူက ထိုးပြီးတော့ ၂၈ ရက် အထိကို သူတို့က ခုခံအား ရနိုင်တယ် ဆိုပြီးတော့ သေချာပြောနိုင်တယ်။ ဒါပေမယ့် ဒါက သူတို့ ပထမအကြိမ် ထိုးတာပေါ့နော်။

ကာကွယ်ဆေး တခုကို ထိုးတယ်ဆိုရင် dose ပြည့်အောင် ထိုးရတယ်။ ပထမအကြိမ်ထိုးမယ်။ ဒုတိယအကြိမ် ထိုးပြီးရင် ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ ရှိတယ်။ အမေရိကန်နိုင်ငံ FDA (Food and Drug Administration) ကနေပြီးးတော့ အရေးပေါ် အခြေနေမှာ သုံးစွဲခွင့် (Emergency Use Authorization) EUA ရဖို့ အတွက်က ၂ လ ခုခံအား ခံနိုင်တယ် ဆိုတာမျိုး ပြနိုင်တယ် ဆိုရင် သူတို့က EUA ရနိုင်တယ်။ ဆိုတော့ ဒီ ၂ လ ခုခံအား ရနိုင်မရနိုင်ဆိုတဲ့ အချက်အလက် data တွေကိုတော့ သူတို့က နောက် နိုဝင်ဘာ တတိယပတ်ထဲမှာ ပြောနိုင်မယ်ပေါ့နော်။”

“ဒါဆို မကြာခင်မှာပဲ ရတော့မှာ ပေါ့နော်။”

“ဟုတ်ပါတယ်။ မကြာခင်မှာပဲ ရတော့မှာပါ။ တကယ်လို့သူတို့ EUA ရခဲ့မယ် ဆိုရင် ဒီနှစ်ကုန်ကို သူတို့က သန်း ၅၀ ပေါ့။ dose ထုတ်နိုင်မယ်လို့ မေ ျှာ်မှန်းထားတယ်။ ၂၀၂၁ ထဲမှာ ဆိုရင် သူတို့ ၁.၃ ဘီလီယန်လောက်ကို ထုတ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။”

မေး။. “ဒီဆေးရဲ့ အလားအလာနဲ့ ပတ်သက်ပြီးတော့ အဏုဇီဝဗေဒ ပညာရှင်တွေ ဘယ်လို လေ့လာ သုံးသပ်ပါလဲ။”

မခင်ဇာဝင်းပြည့်။. ။“အဏုဇီဝဗေဒ ရှုဒေါင့်က ကြည့်မယ် ဆိုရင် ဒီ ဆေးတခု ကြာကြာခံနိုင်လေ၊သူ့ရဲ့ ခုခံအားက ကိုယ့်ကို ကြာကြာ ပေးနိုင်လေလေ ကောင်းလေပဲ ပေါ့နော်။ အခု လေ့လာထားတဲ့ လေ့လာချက်တွေ အကုန်လုံး အတော်များများ အခု သုတေသနလုပ်နေတဲ့ ဆေးတွေ အတော်များများက အချိန်အတိုင်းအတာ တိုနေတဲ့ ဟာတွေပဲ တွေ့ရတယ်။ အချိန်အတိုင်းအတာ ရှည်လေ ပိုကောင်းလေ ပဲပေါ့နော်။

ဘာလို့လည်း ဆိုတော့ဥပမာ အခု ရာသီတုပ်ကွေးဆိုရင် တနှစ်မှ တခါ ထိုးရတယ်။ တနှစ်တခါ ထိုးရတယ် ဆိုရင် သူ့ရဲ့ ခုခံအား ခံနိုင်အားက ဒီတုပ်ကွေးရာသီ တခုလုံးကို ခံနိုင်ရည် ပေးတယ်။ အဲဒါက ၆ လ တန်သည် ရှိတယ်။ အဲဒီတော့ အခု လောလောဆယ် က ၂ လ ခုခံအား ခံနိုင်အားရှိတယ်ဆိုတာ ပြနိုင်ရင် FDA က ခွင့်ပြုပေးတယ်။ ၂ လက အနည်းဆုံးပေါ့။ ၂ လထက် သူတို့ ဘယ်လောက် ကျော်နိုင်မလဲ၊ ကျော်နိုင်လေ ပိုကောင်းလေပဲ။”

မေး။. ။“ဒါဆိုရင် ဒီဆေး စမ်းသပ်တာကအချိန်ကတော့ စောင့်ရအုံးမှာ ပေါ့နော်။”

“စောင့်ရအုံးမှာပါ။”

“စောစောက dose ကို ၂ ကြိမ် ပေးရမယ်ဆိုတာ ဘယ်လိုပုံစံနဲ့ ဘာကြောင့် ပေးရတယ် ဆိုတာ ပြောပြပေးပါ။”

မခင်ဇာဝင်းပြည့်။. ။“သူက ပထမဦးဆုံး initial response ကနဦး တုန့်ပြန်မှု ဆိုတဲ့ဟာ ရှိတယ်။ ဥပမာ ပြောရမယ် ဆိုရင် ဘီပိုးကာကွယ်ဆေး ထိုးတဲ့ဟာကိုကြည့်မယ် ဆိုရင် ကလေးတွေမှာ ဘီပိုး ကာကွယ်ဆေးကို သူ့ course ပြည့်အောင် ထိုးမယ်ဆိုရင် ၃ ခါ ခွဲထိုးရတယ်။ ၃ ခါ ထိုးတဲ့ ထဲက booster ဆိုတဲ့ ဟာက နောက်ပိုင်း အသက်ကြီးမှ ထိုးရတာ။ ၃ ခါ course ပြည့်အောင် ထိုးရတယ် ဆိုတာ၊ ပထမ အကြိမ်ထိုးတယ်။ နောက် လလေး နဲနဲခြားပြီး ဒုတိယ အကြိမ် ထပ်ထိုးတယ်။ နောက်ပြီး တတိယအကြိမ် ထိုးတယ်။

ဒီ တုပ်ကွေးဆေးမှာ ဆိုရင် ဒီ COVID Vaccine မှာ ဆိုရင် သူက ပထမအကြိမ်ထိုးမယ်။ ၂၈ ရက်ကျရင် နောက်တကြိမ် ထပ်ထိုးမယ်။ အဲဒီအခါ ကျရင် သူ့ရဲ့ ၂ ခါ ထိုးလိုက်ရတဲ့၊ ၂ ခါ ခွဲထိုးလိုက်ရတဲ့ ခန္ဓာကိုယ်ထဲက ရမယ့် ခုခံအားက ဘယ်လောက် ကြာကြာ ခံမလဲ။ ဘာလို့လည်း ဆိုတော့ ခန္ဓာကိုယ်ထဲက သွေးဖြူဥတွေ ထဲက ပထမအကြိမ်က နဲနဲထိုးမယ်၊ နောက်ဒုတိယ အကြိမ်ကျတော့ သူက နဲနဲမြင့်တဲ့ dose နဲ့သူက ထပ်ထိုးမယ်။ ဆိုတဲ့ အခါကျတော့ သူက မှတ်ဉာဏ် လေ့ကျင့်ပြီးသား ဖြစ်သွားမယ်။ အဲဒါကြောင့် သူတို့ တကယ်တမ်း ကိုဗစ် တကယ် အစစ်ဝင်ပြီ။ ဗိုင်းရပ်စ် အစစ် ဝင်ပြီ ဆိုတဲ့ အခါ ကျရင် သူက ဒဏ် မခံရ ပဲနဲ့ သူက ပြန်ပြီးတော့ တုန့်ပြန်နိုင် အောင် သူတို့က အဲဒီလိုမျိုး လေ့ကျင့်ပေးတာပါ။”

မေး။. ။“အဲဒီ ကာကွယ်ဆေး ထိုးတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။ ကာကွယ်ဆေး ထိုးတဲ့ သဘောတရားက ဘာလဲ။ ခန္ဓာကိုယ်ထဲကို ကာကွယ်ဆေး အနေနဲ့ ဘာကို ထိုးသွင်းတာလဲ ပြောပြပေးပါ။”

မခင်ဇာဝင်းပြည့်။. ။“ကာကွယ်ဆေး ဆိုတဲ့ဟာကတော့ ကျမတို့ ခုနပြောတဲ့ ဘီပိုး ကာကွယ်ဆေးကိုပဲ ဥပမာ အနေနဲ့ ပြန်ပြောမယ် ဆိုရင် ဗိုင်းရပ်စ် တခုမှာ သူ့မှာ ရောဂါပေးနိုင်တဲ့ဓါတ် ရှိသလို မပေးနိုင်တဲ့ ဓါတ်ရှိတယ်။ အဲဒီ ရောဂါပေးနိုင်တဲ့ ဓါတ် အပိုင်းအစလေး တခုကို ကိုယ်ထဲကို ထည့်လိုက်တယ် ဆိုလို့ရှိရင် ခန္ဓာကိုယ်ထဲက ခုခံအားသည် သွေးဖြူဥတွေက သူက round လှည့်နေတယ်။ အဲဒီ round လှည့်နေတဲ့ သွေးဖြူဥတွေက ဒီ ဓါတ်ကို တွေ့တယ်။ ဒါက ဗိုင်းရပ်စ် အပိုင်းအစပဲ၊ ဒါက ပြင်ပရောဂါဆိုပြီး ဒါကို တိုက်ခိုက်တယ်။

သူတို့မှာ တိုက်ခိုက်တဲ့ သူရှိတယ်။ မှတ်တမ်းယူတဲ့သူ ရှိတယ်။ မှတ်တမ်းယူတဲ့ သွေးဖြူဥက မှတ်တမ်းယူပြီး သွားလို့ရှိရင်၊ နောက်တကြိမ် တကယ်လို့များ ဒီလူက ဗိုင်းရပ်စ် အစစ်နဲ့ ထိတွေ့ရတဲ့ အချိန်ဆို၊ ဗိုင်းရပ်စ် အစစ် ဝင်လာပြီ ဆိုတဲ့ အချိန်မျိုးမှာ မှတ်တမ်းထဲက record ထဲက ပြန်ရှာပြီးတော့ ဒီလိုဟာမျိုးက ငါတို့ဆီမှာ ဝင်ဘူးတယ်။ ငါတို့ ဒီလို ပုံစံမျိုးနဲ့ တိုက်မယ်၊ အဲဒါဆို response က. ပိုမြန်တယ်။ ဒါက ကာကွယ်ဆေးရဲ့ သဘောတရားပါ။

အခု ကိုဗစ်မှာ ဆိုလို့ရှိရင်တော့ ဒီ ဖိုင်ဇာက လုပ်တဲ့ဟာက ဗိုင်းရပ်စ်ရဲ့ M RNA ကို သုံးပြီးတော့ ထည့်တဲ့ ကာကွယ်ဆေးပါ။ M RNA ဆိုတဲ့ဟာက ဒီ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ထဲက ရောဂါဖြစ်စေတဲ့ ဓါတ်ကို ထုတ်ပြီးတော့ သွင်းလိုက်တယ်။ အဲဒီလို သွင်းလိုက်တဲ့ အခါ ခန္ဓာကိုယ်ထဲက မှတ်တမ်းယူတဲ့ သွေးဖြူဥတွေက ယူထားမယ်။ ယူထားပြီးရင် တကယ် အစစ်နဲ့ တွေ့ပြီ ဆိုတဲ့ အခါကျရင် သူတို့ တုန့်ပြန်မယ်။ အဲဒါ ကာကွယ်ဆေး ပေးတယ်လို့ ပြောတာပါ။”

မေး။. ။“အဲဒါက လူတွေမှာ အန္တရာယ်မရှိဘူး ဆိုတာ သေချာအောင် ဘယ်လို လုပ်ကြသလဲ ပြောပြပေးပါ။”

မခင်ဇာဝင်းပြည့်။. ။“ဟုတ်ကဲ့။ သူတို့က viral M RNA ဆိုတာကို သုံးတယ်ဆိုတဲ့ ဟာက viral M RNA မှာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇမှာ သူက ဒီအပိုင်းက ဒါလုပ်မယ်၊ ဒီအပိုင်းက ဒါလုပ်မယ်။ ဆိုပြီး အမျိုးမျိုး ရှိတယ်။ အခု လုပ်မယ့် အပိုင်းကလေးက၊ ဒီ viral M RNA အပိုင်းလေးက သူက မျိုးဗီဇ ဆိုင်ရာ လေ့လာတဲ့. လူတွေကနေ- ဒီအပိုင်းကတော့ ရောဂါ ဖြစ်စေတဲ့ နေရာကို အကျိုး သက်ရောက်မှု မရှိဘူး။ အဲဒါကြောင့် မို့လို့ ဒါနဲ့ ခွဲထုတ်ပြီးတော့ ဒီဥစ္စာကို လူတွေ အတွက်ကို အသုံးပြုတယ်။ အဲဒါမျိုး ဆုံးဖြတ်ခဲ့တာပါရှင့်။”

မေး။. ။“ဒီကာကွယ်ဆေးက လူအတွက် အန္တရာယ် မရှိအောင် သေချာစဉ်းစားပြီးမှ လုပ်ထားတယ်ပေါ့နော်။”

မခင်ဇာဝင်းပြည့်။. ။“ဟုတ်ကဲ့ သီအိုရီနဲ့ အရင် လုပ်ရတယ်။ ပြီးတဲ့ အခါကျရင် သတ္တဝါမဲ့ ၊ သတ္တဝါရှိ၊ အဲလိုမျိုး တွေနဲ့ သူတို့ စမ်းပြီးမှ လူတွေ အဆင့်ကို ရောက်လာတာပေါ့။ သတ္တဝါတွေနဲ့စမ်းတဲ့ အဆင့်မှာ တုန်းက ဘယ်လောက်ပဲ အန္တရာယ် မရှိဘူး ဖြစ်ပစေ၊ လူတွေနဲ့ စမ်းတဲ့ အဆင့်မှာ အန္တရာယ်ရှိလား ဆိုတာကို သူတို့က စမ်းတာပါ။ အဲဒီလို စမ်းတော့ ၉ ၀ % သော လူတွေမှာ အဆိပ်အတောက် ဖြစ်တာတွေ၊ ဖျားပြီးတော့ အသက်ပါ ပါတဲ့ အဆင့်အထိ ဖြစ်တာတွေ ကို သူတို့က လုံးဝမတွေ့ရတဲ့ အတွက်ကြောင့် သူတို့က အခြေနေ ကောင်းတယ် လို့ ပြောတာပါ။”

မေး။. ။“အခုလိုမျိုး အလားအလာ ရှိတဲ့ ဆေးတွေ ဘယ်ကုမ္ပဏီတွေက စမ်းနေလဲ ပြောပြပေးပါ။”

မခင်ဇာဝင်းပြည့်။. ။“အမေရိကား ဘက်က ဆိုရင် အမေရိကန်အခြေစိုက် တခြားကုမ္ပဏီတွေ ဆိုရင် Johnson and Johnson ရှိမယ်။ မာ့ခ် (Merck) ရှိမယ်။ မော်ဒါးနား (Moderna) ရှိပါမယ်။”

မခင်ဇာဝင်းပြည့်ပါ။

XS
SM
MD
LG