(Zawgyi / Unicode)
ကို႐ိုနာဗိုင္းရပ္စ္ေရာဂါအတြက္ ထိေရာက္တဲ့ ကာကြယ္ေဆးတခု ရေတာ့မယ့္ အလားအလာ တိုးတက္မႈရွိလာတဲ့အေပၚ သမၼတ Donald Trump က ေသာၾကာေန႔မွာ ဂုဏ္ယူေျပာဆိုခဲ့ပါတယ္။ ဒါဟာ ႏုိဝင္ဘာလ ၃ ရက္ေန႔ ေရြးေကာက္ပြဲမွာ ဒုတိယသမၼတေဟာင္း Joe Biden အႏုိင္ရတယ္လို႔ ေၾကညာခဲ့ၿပီး ၆ ရက္ေျမာက္ေန႔မွာ အမ်ားျပည္သူျမင္ကြင္းေရွ႕ သမၼတ Trump ပထမဆံုးအႀကိမ္ စကားေျပာဆိုတာ ျဖစ္ပါတယ္။
ေရြးေကာက္ပြဲ႐ံႈးတယ္ဆုိတာကို လက္မခံေသးတဲ့ သမၼတ Trump ဟာ အိမ္ျဖဴေတာ္ ႏွင္းဆီဥယ်ာဥ္မွာ စကားေျပာခဲ့တာျဖစ္ေပမယ့္ သတင္းေထာက္ေတြ ေမးျမန္းတာကိုေတာ့ မေျဖခဲ့ပါဘူး။
ကိုဗစ္ေရာဂါကာကြယ္ေဆးရဖို႔ လုပ္ေဆာင္ေနတာေတြဟာ အေမရိကန္ သမိုင္းတေလွ်ာက္ ကာကြယ္ေဆးတခုရဖို႔ လုပ္ေဆာင္ခ်က္မွာ အႀကီးမားဆံုး စုေပါင္းလုပ္ေဆာင္မႈ ျဖစ္တယ္လို႔ သမၼတ Trump က ေျပာပါတယ္။ ထိေရာက္တဲ့ ေရာဂါကာကြယ္ေဆးတခုကုိ ထုတ္လုပ္ဖို႔အတြက္ ပံုမွန္အားျဖင့္ဆိုရင္ ၈ ႏွစ္ေက်ာ္ၾကာတယ္လုိ႔လည္း ဆိုပါတယ္။
အေမရိကန္ ေဆးဝါးထုတ္လုပ္ေရး ကုမၸဏီႀကီးျဖစ္တဲ့ Pfizer က ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ၉၀ ရာခုိင္ႏႈန္း ထိေရာက္မႈရွိတဲ့ ကာကြယ္ေဆး ထုတ္လုပ္ႏုိင္ၿပီလို႔ ၿပီးခဲ့တဲ့ တနလၤာေန႔က ေၾကညာခဲ့ၿပီး "သိပ္ေကာင္းတဲ့သတင္း" ပဲလို႔ သမၼတ Trump က တြစ္တာမွာ ေရးခဲ့ပါတယ္။ ဒီကာကြယ္ေဆးကို စမ္းသပ္တာေတြ အၿပီးသတ္ဖို႔လိုေသးၿပီး အေမရိကန္ အစားအစာနဲ႔ ေဆးဝါးကြပ္ကဲေရးဌာန (FDA) ရဲ႕ အတည္ျပဳခ်က္ ရယူရမွာလည္း ျဖစ္ပါတယ္။
ေနာက္တက္မယ့္ အေမရိကန္အစိုးရအဖြဲ႔အတြက္ မေရရာ မေသခ်ာမႈေတြ ရွိေနတယ္ ဆုိတာကိုလည္း သမၼတ Trump က ပထမဆံုးအႀကိမ္အျဖစ္ ထည့္သြင္းေျပာဆိုသြားပါတယ္။
သူ႔အစိုးရအဖြဲ႔အေနနဲ႔ "ဘယ္လိုအေျခအေနမ်ဳိးမွာျဖစ္ျဖစ္" ကိုဗစ္ေရာဂါေၾကာင့္ လံုးဝ ပိတ္ပင္ကန္႔သတ္တာမ်ဳိး လုပ္မွာမဟုတ္ေပမယ့္ Mr. Biden သမၼတျဖစ္လာရင္ေတာ့ လုပ္မွာပဲဆိုတာမ်ဳိးလည္း သမၼတ Trump က ေျပာသြားပါတယ္။
--------------------------
(Unicode)
ကိုဗစ်ကာကွယ်ဆေး အလားအလာကောင်း သမ္မတ Trump ဂုဏ်ယူပြောဆို
ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် ထိရောက်တဲ့ ကာကွယ်ဆေးတခု ရတော့မယ့် အလားအလာ တိုးတက်မှုရှိလာတဲ့အပေါ် သမ္မတ Donald Trump က သောကြာနေ့မှာ ဂုဏ်ယူပြောဆိုခဲ့ပါတယ်။ ဒါဟာ နိုဝင်ဘာလ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ ဒုတိယသမ္မတဟောင်း Joe Biden အနိုင်ရတယ်လို့ ကြေညာခဲ့ပြီး ၆ ရက်မြောက်နေ့မှာ အများပြည်သူမြင်ကွင်းရှေ့ သမ္မတ Trump ပထမဆုံးအကြိမ် စကားပြောဆိုတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲရှုံးတယ်ဆိုတာကို လက်မခံသေးတဲ့ သမ္မတ Trump ဟာ အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာ စကားပြောခဲ့တာဖြစ်ပေမယ့် သတင်းထောက်တွေ မေးမြန်းတာကိုတော့ မဖြေခဲ့ပါဘူး။
ကိုဗစ်ရောဂါကာကွယ်ဆေးရဖို့ လုပ်ဆောင်နေတာတွေဟာ အမေရိကန် သမိုင်းတလျှောက် ကာကွယ်ဆေးတခုရဖို့ လုပ်ဆောင်ချက်မှာ အကြီးမားဆုံး စုပေါင်းလုပ်ဆောင်မှု ဖြစ်တယ်လို့ သမ္မတ Trump က ပြောပါတယ်။ ထိရောက်တဲ့ ရောဂါကာကွယ်ဆေးတခုကို ထုတ်လုပ်ဖို့အတွက် ပုံမှန်အားဖြင့်ဆိုရင် ၈ နှစ်ကျော်ကြာတယ်လို့လည်း ဆိုပါတယ်။
အမေရိကန် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Pfizer က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့ ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီလို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာခဲ့ပြီး "သိပ်ကောင်းတဲ့သတင်း" ပဲလို့ သမ္မတ Trump က တွစ်တာမှာ ရေးခဲ့ပါတယ်။ ဒီကာကွယ်ဆေးကို စမ်းသပ်တာတွေ အပြီးသတ်ဖို့လိုသေးပြီး အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ့ အတည်ပြုချက် ရယူရမှာလည်း ဖြစ်ပါတယ်။
နောက်တက်မယ့် အမေရိကန်အစိုးရအဖွဲ့အတွက် မရေရာ မသေချာမှုတွေ ရှိနေတယ် ဆိုတာကိုလည်း သမ္မတ Trump က ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းပြောဆိုသွားပါတယ်။
သူ့အစိုးရအဖွဲ့အနေနဲ့ "ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်" ကိုဗစ်ရောဂါကြောင့် လုံးဝ ပိတ်ပင်ကန့်သတ်တာမျိုး လုပ်မှာမဟုတ်ပေမယ့် Mr. Biden သမ္မတဖြစ်လာရင်တော့ လုပ်မှာပဲဆိုတာမျိုးလည်း သမ္မတ Trump က ပြောသွားပါတယ်။