သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ကိုဗစ္ကူးစက္မႈ လူဦးေရ ၁၀ သန္းေက်ာ္လာမည္


Florida ျပည္နယ္ Miami ၿမိဳ႕မွာ ကိုဗစ္ေရာဂါ စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ဇြန္ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 အတည္ျပဳလူနာသစ္ တေန႔ကို ပ ွ်မ္းမ ွ် ၁၀၀,၀၀၀ ေက်ာ္ တိုးေနတဲ့ အေမရိကန္ျပည္ေထာင္စုမွာ စုစုေပါင္း အတည္ျပဳလူနာ ဒီေန႔ တနလၤာေန႔မွာ ၁၀ သန္း ေက်ာ္သြားေတာ့မယ့္ အေျခအေန႐ွိေနပါတယ္။ အေမရိကန္မွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေန႔စဥ္ ေသဆံုးသူကလည္း ၉၀၀ ေလာက္႐ွိပါတယ္။

အေနာက္အလယ္ပိုင္း ျပည္နယ္ေတြမွာ ေရာဂါကူးစက္မႈ အဆိုးဆံုးျဖစ္ေနၿပီး ဒီေဒသထဲမွာ ေဆး႐ံုတက္ ကုသသူႏႈန္းကလည္း စံခ်ိန္တင္ေအာင္ ျမင့္တက္ေနပါတယ္။ ေဆး႐ံုေတြမွာ လူနာသစ္ေတြ လက္မခံႏိုင္ေလာက္ေအာင္ လူနာေတြျပည့္ေနတဲ့ Utah မွာ အေရးေပၚအေျခအေနထုတ္ျပန္ေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Gary Herbert က တနဂၤေႏြေန႔က ေၾကညာခဲ့ပါတယ္။

"Utah ျပည္နယ္ထဲမွာ ထိတ္လန္႔စရာေကာင္းေလာက္တဲ့ႏႈန္းနဲ႔ ေရာဂါကူးစက္ေနတဲ့အတြက္ ေဆး႐ံုေတြမွာ လူျပည့္ေနၿပီး က်န္းမာေရးဝန္ထမ္းေတြ မႏိုင္ျဖစ္ေနတဲ့ အေျခအေနေၾကာင္း ျပည္နယ္ထဲမွာ အေရးေပၚ အေျခအေနေၾကညာေၾကာင္း Utah ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ေျပာၾကားသြားတာျဖစ္ပါတယ္။ ျပည္နယ္ထဲမွာ လူတိုင္းႏွာေခါင္းစည္း မျဖစ္မေနတပ္ၾကရမွာျဖစ္ၿပီး မတပ္သူေတြကို ဒဏ္တပ္မယ္။" လို႔လည္း သတိေပးခဲ့ပါတယ္။

ေ႐ြးေကာက္ခံသမၼတ Joe Biden က ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအထူးအဖဲြ႔ကို ဖဲြ႔ထားၿပီး အဖဲြ႔ဝင္ေတြနဲ႔ ဒီေန႔တနလၤာေန႔မွာ ေတြ႔ဆံုမွာျဖစ္ပါတယ္။ ေတြ႔ဆံုေဆြးေႏြးပဲြၿပီးရင္ ကိုဗစ္ကပ္ေရာဂါထိန္းခ်ဳပ္ေရး သူ႔ရဲ႕ အစီအစဥ္ေတြကို မိန္႔ခြန္းေျပာၾကားဖုိ႔ စီစဥ္ထားပါတယ္။ လက္႐ွိ Trump အစိုးရရဲ႕ ကိုဗစ္ထိန္းခ်ဳပ္ေရး အထူးအဖဲြ႔ေခါင္းေဆာင္ ဒုသမၼတ Mike Pence ကလည္း ဒီကေန႔မွာ အစည္းအေဝးေခၚထားပါတယ္။ ဒါဟာ ေအာက္တိုဘာ ၂၀ ရက္ေန႔ထဲက ဆိုရင္ ကိုဗစ္ေရာဂါဆိုင္ရာ ပထမဆံုး အစည္းအေဝးျဖစ္ပါတယ္။

ဥေရာပအပါအဝင္ ကမာၻ႔တျခားေနရာေတြမွာလည္း ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားသူ တိုးေနတာမွာ တကမာၻလံုးအတည္ျပဳလူနာဟာ သန္း ၅၀ ေက်ာ္႐ွိပါတယ္။ ကိုဗစ္ေၾကာင့္ ေသဆံုးသူက ၁.၂ သန္းျဖစ္ၿပီး ျပန္ၿပီး ေနေကာင္းသူကေတာ့ ၃၃ သန္းေလာက္႐ွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန် ကိုဗစ်ကူးစက်မှု လူဦးရေ ၁၀ သန်းကျော်လာမည်

COVID-19 အတည်ပြုလူနာသစ် တနေ့ကို ပ ျှမ်းမ ျှ ၁၀၀,၀၀၀ ကျော် တိုးနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ စုစုပေါင်း အတည်ပြုလူနာ ဒီနေ့ တနင်္လာနေ့မှာ ၁၀ သန်း ကျော်သွားတော့မယ့် အခြေအနေရှိနေပါတယ်။ အမေရိကန်မှာ ကိုဗစ်ကပ်ရောဂါကြောင့် နေ့စဉ် သေဆုံးသူကလည်း ၉၀၀ လောက်ရှိပါတယ်။

အနောက်အလယ်ပိုင်း ပြည်နယ်တွေမှာ ရောဂါကူးစက်မှု အဆိုးဆုံးဖြစ်နေပြီး ဒီဒေသထဲမှာ ဆေးရုံတက် ကုသသူနှုန်းကလည်း စံချိန်တင်အောင် မြင့်တက်နေပါတယ်။ ဆေးရုံတွေမှာ လူနာသစ်တွေ လက်မခံနိုင်လောက်အောင် လူနာတွေပြည့်နေတဲ့ Utah မှာ အရေးပေါ်အခြေအနေထုတ်ပြန်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Gary Herbert က တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။

"Utah ပြည်နယ်ထဲမှာ ထိတ်လန့်စရာကောင်းလောက်တဲ့နှုန်းနဲ့ ရောဂါကူးစက်နေတဲ့အတွက် ဆေးရုံတွေမှာ လူပြည့်နေပြီး ကျန်းမာရေးဝန်ထမ်းတွေ မနိုင်ဖြစ်နေတဲ့ အခြေအနေကြောင်း ပြည်နယ်ထဲမှာ အရေးပေါ် အခြေအနေကြေညာကြောင်း Utah ပြည်နယ်အုပ်ချုပ်ရေးမှူး ပြောကြားသွားတာဖြစ်ပါတယ်။ ပြည်နယ်ထဲမှာ လူတိုင်းနှာခေါင်းစည်း မဖြစ်မနေတပ်ကြရမှာဖြစ်ပြီး မတပ်သူတွေကို ဒဏ်တပ်မယ်။" လို့လည်း သတိပေးခဲ့ပါတယ်။

ရွေးကောက်ခံသမ္မတ Joe Biden က ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအထူးအဖွဲ့ကို ဖွဲ့ထားပြီး အဖွဲ့ဝင်တွေနဲ့ ဒီနေ့တနင်္လာနေ့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲပြီးရင် ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေး သူ့ရဲ့ အစီအစဉ်တွေကို မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။ လက်ရှိ Trump အစိုးရရဲ့ ကိုဗစ်ထိန်းချုပ်ရေး အထူးအဖွဲ့ခေါင်းဆောင် ဒုသမ္မတ Mike Pence ကလည်း ဒီကနေ့မှာ အစည်းအဝေးခေါ်ထားပါတယ်။ ဒါဟာ အောက်တိုဘာ ၂၀ ရက်နေ့ထဲက ဆိုရင် ကိုဗစ်ရောဂါဆိုင်ရာ ပထမဆုံး အစည်းအဝေးဖြစ်ပါတယ်။

ဥရောပအပါအဝင် ကမ္ဘာ့တခြားနေရာတွေမှာလည်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားသူ တိုးနေတာမှာ တကမ္ဘာလုံးအတည်ပြုလူနာဟာ သန်း ၅၀ ကျော်ရှိပါတယ်။ ကိုဗစ်ကြောင့် သေဆုံးသူက ၁.၂ သန်းဖြစ်ပြီး ပြန်ပြီး နေကောင်းသူကတော့ ၃၃ သန်းလောက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG