သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ျပည္ေထာင္စုတြင္း ကိုဗစ္ကူးစက္မႈ စံခ်ိန္တက္


နယူးေယာက္ၿမိဳ႕မွာ ႏွာေခါင္းစည္းတပ္ သြားလာေနၾကသူမ်ား။ (ေအာက္တိုဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း အေမရိကန္ျပည္ေထာင္စုမွာ ပ်မ္းမွ်အားျဖင့္ တေန႔ကို COVID-19 ဓာတ္ခဲြေတြ႔ရွိသူ ၁၀၀,၀၀၀ ေက်ာ္ရွိခဲ့ရာက ေသာၾကာေန႔ကေတာ့ တေန႔တည္းတင္ ကိုဗစ္ဓာတ္ခဲြအတည္ျပဳႏိုင္သူ ၁၂၈,၀၀၀ အထိ စံခ်ိန္တက္သြားခဲ့ပါတယ္။

ႏုိင္ငံအတြင္းပိုင္း၊ အေနာက္အလယ္ပိုင္းနဲ႔ ေတာင္ပိုင္းျပည္နယ္ေတြက ေဆး႐ံုေတြမွာ သိသိသာသာ တိုးလာေနတဲ့ လူနာသစ္ေတြအတြက္ အေရးေပၚတာဝန္ေတြ၊ လိုအပ္ခ်က္ေတြနဲ႔ ဖိစီးလာေနပါတယ္။

အေမရိကန္ရဲ႕ အရပ္ေဒသတိုင္းမွာ ကူးစက္မႈ တိုးမ်ားလာေနသလို ေသဆံုးမႈႏႈန္းလည္း ျမင့္တက္ေနပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၉.၈ သန္း ရွိေနၿပီး ေသဆံုးသူကေတာ့ ၂၃၇,၀၀၀ ေက်ာ္ ရွိေနေၾကာင္း Johns Hopkins တကၠသိုလ္ရဲ႕ စစ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

ေရြးေကာက္ပဲြအႏိုင္ရၿပီလို႔ ေၾကညာႏိုင္တဲ့ သမၼတ Joe Biden ဟာ ဇန္နဝါရီမွာ စတင္တာဝန္ထမ္းေဆာင္ၾကရမယ့္ သူ႔အစိုးရအတြက္ ကို႐ိုနာဗုိင္းရပ္စ္ လုပ္ငန္းအဖြဲ႔ဝင္ ၁၂ ေယာက္ရဲ႕ အမည္စာရင္းကို လာမယ့္ တနလၤာေန႔က်ရင္ ေၾကညာဖို႔ရွိပါတယ္။

ဥေရာပဘက္မွာလည္း COVID-19 ဒုတိယလိႈင္းကို ခံစားေနၾကရပါတယ္။

ဂ်ာမနီႏိုင္ငံဟာ စေနေန႔မွာ လူနစ္သစ္ ၂,၃၀၀ ေက်ာ္ရွိခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ Angela Merkel က လုိဏ္ဂူရဲ႕အဆံုးဘက္က အလင္းေရာင္ကိုျမင္ရဖို႔ ခရီးေဝးေနေသးတယ္လို႔ ဆိုပါတယ္။

ေသာၾကာေန႔မွာ ျပင္သစ္ႏုိင္ငံအတြင္း လူနာသစ္ ၆၀,၀၀၀ ေက်ာ္ရွိခဲ့တာေၾကာင့္ စုစုေပါင္း ကူးစက္ခံရသူ ၁.၇ သန္းနဲ႔ ေသဆံုးသူ ၄၀,၀၀၀ ေက်ာ္ရွိေၾကာင္း၊ အိႏၵိယႏိုင္ငံမွာလည္း တနဂၤေႏြေန႔မွာ လူနာသစ္ ၄ ေသာင္းခြဲေက်ာ္နဲ႔ ေလာေလာဆယ္အထိ ကူးစက္ခံရသူ ၈.၅ သန္းနဲ႔ ေတာင္အာရွမွာ စံခ်ိန္တင္ေနေၾကာင္း Johns Hopkins တကၠသိုလ္က ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

အမေရိကန်ပြည်ထောင်စုတွင်း ကိုဗစ်ကူးစက်မှု စံချိန်တက်

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ ပျမ်းမျှအားဖြင့် တနေ့ကို COVID-19 ဓာတ်ခွဲတွေ့ရှိသူ ၁၀၀,၀၀၀ ကျော်ရှိခဲ့ရာက သောကြာနေ့ကတော့ တနေ့တည်းတင် ကိုဗစ်ဓာတ်ခွဲအတည်ပြုနိုင်သူ ၁၂၈,၀၀၀ အထိ စံချိန်တက်သွားခဲ့ပါတယ်။

နိုင်ငံအတွင်းပိုင်း၊ အနောက်အလယ်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေက ဆေးရုံတွေမှာ သိသိသာသာ တိုးလာနေတဲ့ လူနာသစ်တွေအတွက် အရေးပေါ်တာဝန်တွေ၊ လိုအပ်ချက်တွေနဲ့ ဖိစီးလာနေပါတယ်။

အမေရိကန်ရဲ့ အရပ်ဒေသတိုင်းမှာ ကူးစက်မှု တိုးများလာနေသလို သေဆုံးမှုနှုန်းလည်း မြင့်တက်နေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉.၈ သန်း ရှိနေပြီး သေဆုံးသူကတော့ ၂၃၇,၀၀၀ ကျော် ရှိနေကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲအနိုင်ရပြီလို့ ကြေညာနိုင်တဲ့ သမ္မတ Joe Biden ဟာ ဇန်နဝါရီမှာ စတင်တာဝန်ထမ်းဆောင်ကြရမယ့် သူ့အစိုးရအတွက် ကိုရိုနာဗိုင်းရပ်စ် လုပ်ငန်းအဖွဲ့ဝင် ၁၂ ယောက်ရဲ့ အမည်စာရင်းကို လာမယ့် တနင်္လာနေ့ကျရင် ကြေညာဖို့ရှိပါတယ်။

ဥရောပဘက်မှာလည်း COVID-19 ဒုတိယလှိုင်းကို ခံစားနေကြရပါတယ်။

ဂျာမနီနိုင်ငံဟာ စနေနေ့မှာ လူနစ်သစ် ၂,၃၀၀ ကျော်ရှိခဲ့ပြီး ဝန်ကြီးချုပ် Angela Merkel က လိုဏ်ဂူရဲ့အဆုံးဘက်က အလင်းရောင်ကိုမြင်ရဖို့ ခရီးဝေးနေသေးတယ်လို့ ဆိုပါတယ်။

သောကြာနေ့မှာ ပြင်သစ်နိုင်ငံအတွင်း လူနာသစ် ၆၀,၀၀၀ ကျော်ရှိခဲ့တာကြောင့် စုစုပေါင်း ကူးစက်ခံရသူ ၁.၇ သန်းနဲ့ သေဆုံးသူ ၄၀,၀၀၀ ကျော်ရှိကြောင်း၊ အိန္ဒိယနိုင်ငံမှာလည်း တနင်္ဂနွေနေ့မှာ လူနာသစ် ၄ သောင်းခွဲကျော်နဲ့ လောလောဆယ်အထိ ကူးစက်ခံရသူ ၈.၅ သန်းနဲ့ တောင်အာရှမှာ စံချိန်တင်နေကြောင်း Johns Hopkins တက္ကသိုလ်က ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG