သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ တရက္ထဲ ကိုဗစ္ကူးစက္သူ ၁ သိန္းေက်ာ္


နယူေယာက္ျပည္နယ္ Brooklyn ၿမိဳ႕မွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻ႔ကိုဗစ္ထိပ္ဆံုး အေမရိကန္ႏိုင္ငံမွာ ပထမဆံုး စံခ်ိန္တင္ပိုးေတြ႔သူသစ္ ဗုဒၶဟူးေန႔တေန႔ထဲမွာ ၁၀၀,၀၀၀ ေက်ာ္ခဲ့တယ္လို႔ Atlantic မဂၢဇင္းရဲ႕ ကိုဗစ္ေစာင့္ၾကည့္ေရးအစီအစဥ္အဖြဲ႔က ဆိုလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ ျပန္တက္လာေနတာကို အထူးသျဖင့္ ႏိုင္ငံ အေနာက္အလယ္ပိုင္း၊ ေနာက္ ႏိုင္ငံအလယ္ပိုင္းနဲ႔အေနာက္ပိုင္း ေဒသေတြက်ယ္က်ယ္ျပန္႔ျပန္႔ပါတဲ့ Great Plains (ေခၚ) ႀကီးမားတဲ့လြင္ျပင္ေဒသေတြ တေလွ်ာက္မွာ ေတြ႔ႀကံဳေနရပါတယ္။

ဒါ့အျပင္ အေမရိကန္ႏိုင္ငံတလႊား ေဆးရံုတင္ရသူေပါင္းလည္း ၂ ရက္ဆက္တိုက္အျဖစ္ မေန႔ဗုဒၶဟူးေန႔မွာ ၅၀,၀၀၀ ေက်ာ္ေနေၾကာင္း ဒီ ကိုဗစ္ေစာင့္ၾကည့္ေရးအစီအစဥ္က မွတ္တမ္းတင္ထားပါတယ္။

ဒီကမာၻ႔ကပ္ေရာဂါႀကီး ဥေရာပတလႊားမွာလည္း ဒုတိယလိႈင္းအျဖစ္ ျပန္ျဖစ္လာေနခ်ိန္မွာ အရင္အသည္းအသန္ျဖစ္ခဲ့တဲ့ အီတလီမွာ ဝန္ႀကီးခ်ဳပ္ Giuseppe Conte က၊ ကိုဗစ္ေခါင္းျပန္မေထာင္ေအာင္ထိန္းႏိုင္ေရး ကန္႔သတ္မႈအမ်ိဳးမ်ိဳးပါတဲ့ အဆင့္ (၃) ဆင့္စနစ္သစ္ကို ေၾကညာလိုက္ပါတယ္။

ဒီစနစ္အရ အီတလီက ေဒသေပါင္း ၂၀ ကို ၃ ပိုင္းခြဲကာ ကန္႔သတ္မႈအရ အမ်ားဆံုးအျဖစ္ အနီေရာင္၊ ေနာက္ အလယ္အလတ္ လိေမၼာ္ေရာင္နဲ႔ အနည္းဆံုးအျဖစ္ အဝါေရာင္ဇုန္ေတြ ခြဲျခားသတ္မွတ္လိုက္ပါတယ္။

အနီေရာင္သတ္မွတ္ထားတဲ့ေဒသမွာ ႏိုင္ငံေျမာက္ပိုင္းေဒသေတြျဖစ္တဲ့ Lombardy၊ ေနာက္ Piedmont နဲ႔ Valle d’ Aosta အျပင္ ေတာင္ပိုင္းက Calabria ေဒသတို႔ပါဝင္ကာ အဲဒီကလူေတြအေနနဲ႔ အလုပ္နဲ႔ က်န္းမာေရးအတြက္ကလြဲလို႔ အိမ္ျပင္ထြက္ခြင့္မျပဳပါဘူး။

ေနာက္လိေမၼာ္ေရာင္ေဒသထဲမွာ Puglia နဲ႔ ေတင္ပိုင္းက Sicily ကၽြန္းတို႔ပါဝင္ၿပီး အဲဒီကလူေတြအေနနဲ႔ ေဒသတြင္းမွာ လြတ္လြတ္လပ္လပ္သြားႏိုင္ေပမဲ့ ေဒသအျပင္ဘက္ တျခားေနရာေတြကို သြားခြင့္ပိတ္ထားၿပီး စားေသာက္ဆိုင္နဲ႔ဘားေတြမွာ ပါဆယ္စနစ္နဲ႔သာေရာင္းခ်ခြင့္ေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်မှာ တရက်ထဲ ကိုဗစ်ကူးစက်သူ ၁ သိန်းကျော်

ကမ္ဘာ့ကိုဗစ်ထိပ်ဆုံး အမေရိကန်နိုင်ငံမှာ ပထမဆုံး စံချိန်တင်ပိုးတွေ့သူသစ် ဗုဒ္ဓဟူးနေ့တနေ့ထဲမှာ ၁၀၀,၀၀၀ ကျော်ခဲ့တယ်လို့ Atlantic မဂ္ဂဇင်းရဲ့ ကိုဗစ်စောင့်ကြည့်ရေးအစီအစဉ်အဖွဲ့က ဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်တက်လာနေတာကို အထူးသဖြင့် နိုင်ငံ အနောက်အလယ်ပိုင်း၊ နောက် နိုင်ငံအလယ်ပိုင်းနဲ့အနောက်ပိုင်း ဒေသတွေကျယ်ကျယ်ပြန့်ပြန့်ပါတဲ့ Great Plains (ခေါ်) ကြီးမားတဲ့လွင်ပြင်ဒေသတွေ တလျှောက်မှာ တွေ့ကြုံနေရပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံတလွှား ဆေးရုံတင်ရသူပေါင်းလည်း ၂ ရက်ဆက်တိုက်အဖြစ် မနေ့ဗုဒ္ဓဟူးနေ့မှာ ၅၀,၀၀၀ ကျော်နေကြောင်း ဒီ ကိုဗစ်စောင့်ကြည့်ရေးအစီအစဉ်က မှတ်တမ်းတင်ထားပါတယ်။

ဒီကမ္ဘာ့ကပ်ရောဂါကြီး ဥရောပတလွှားမှာလည်း ဒုတိယလှိုင်းအဖြစ် ပြန်ဖြစ်လာနေချိန်မှာ အရင်အသည်းအသန်ဖြစ်ခဲ့တဲ့ အီတလီမှာ ဝန်ကြီးချုပ် Giuseppe Conte က၊ ကိုဗစ်ခေါင်းပြန်မထောင်အောင်ထိန်းနိုင်ရေး ကန့်သတ်မှုအမျိုးမျိုးပါတဲ့ အဆင့် (၃) ဆင့်စနစ်သစ်ကို ကြေညာလိုက်ပါတယ်။

ဒီစနစ်အရ အီတလီက ဒေသပေါင်း ၂၀ ကို ၃ ပိုင်းခွဲကာ ကန့်သတ်မှုအရ အများဆုံးအဖြစ် အနီရောင်၊ နောက် အလယ်အလတ် လိမ္မော်ရောင်နဲ့ အနည်းဆုံးအဖြစ် အဝါရောင်ဇုန်တွေ ခွဲခြားသတ်မှတ်လိုက်ပါတယ်။

အနီရောင်သတ်မှတ်ထားတဲ့ဒေသမှာ နိုင်ငံမြောက်ပိုင်းဒေသတွေဖြစ်တဲ့ Lombardy၊ နောက် Piedmont နဲ့ Valle d’ Aosta အပြင် တောင်ပိုင်းက Calabria ဒေသတို့ပါဝင်ကာ အဲဒီကလူတွေအနေနဲ့ အလုပ်နဲ့ ကျန်းမာရေးအတွက်ကလွဲလို့ အိမ်ပြင်ထွက်ခွင့်မပြုပါဘူး။

နောက်လိမ္မော်ရောင်ဒေသထဲမှာ Puglia နဲ့ တေင်ပိုင်းက Sicily ကျွန်းတို့ပါဝင်ပြီး အဲဒီကလူတွေအနေနဲ့ ဒေသတွင်းမှာ လွတ်လွတ်လပ်လပ်သွားနိုင်ပေမဲ့ ဒေသအပြင်ဘက် တခြားနေရာတွေကို သွားခွင့်ပိတ်ထားပြီး စားသောက်ဆိုင်နဲ့ဘားတွေမှာ ပါဆယ်စနစ်နဲ့သာရောင်းချခွင့်ပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG