သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ေၾကာင္႔ ေသဆံုးၿပီးသူ ျပည္နယ္လႊတ္ေတာ္အမတ္ အေရြးခံရ


David Andahl facebook

(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စု (အေနာက္အလယ္ပိုင္းေဒသက အထက္ပိုင္းျပည္နယ္တခုျဖစ္တဲ့) ေျမာက္ Dakota ျပည္နယ္မွာ COVID-19 ေၾကာင့္ ေအာက္တိုဘာလအေစာပိုင္းက ေသဆုံးသြားခဲ့ရသူ ကိုယ္စားလွယ္တစ္ဦး နိုဝင္ဘာ ျပည္နယ္ ဥပေဒျပဳလႊတ္ေတာ္ ေရြးေကာက္ပြဲမွာ ေရြးေကာက္ တင္ေျမႇာက္ခံရပါတယ္။

ျပည္နယ္ လႊတ္ေတာ္ မဲဆႏၵနယ္ေျမ အမွတ္ (၈)ေနရာအတြက္ ဝင္ေရာက္ ယွဥ္ၿပိဳင္တဲ့ အသက္ ၅၅ ႏွစ္အရြယ္ ရီပတ္ဘလစ္ကန္ ကိုယ္စားလွယ္ေလာင္း David Andahl ဟာ ကိုရိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ေအာက္တိုဘာလ ၅ ရက္ေန႔က ေသဆုံးခဲ့တာလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ သူ႔မွာ တျခားေရာဂါအခံေတြရွိတာေၾကာင့္ ေနာက္ဆက္တြဲ က်န္းမာေရးျပႆနာေတြနဲ႔ ေသဆုံးခဲ့ရ တာလို႔လည္း သူ႔မိသားစုက Facebook စာမ်က္ႏွာမွာ ေရးသားထားတာပါ။

Andahl ကြယ္လြန္ခဲ့ေပမဲ့ သူအနိုင္ရရင္ သူ႔ေနရာမွာ ေကာ္မတီတစ္ခုက အစားထိုးလူ ေရြးခ်ယ္တာ ဒါမွ မဟုတ္ မဲဆႏၵရွင္ေတြက အထူး ေရြးေကာက္ပြဲတစ္ခုလုပ္ဖို႔ ေတာင္းဆိုတာမ်ိဳး လုပ္နိုင္တယ္လို႔ ျပည္နယ္ေရွ႕ေနခ်ဳပ္က ေျပာအၿပီးမွာ ေရြးေကာက္ပြဲ အာဏာပိုင္ေတြက သူ႔နာမည္ကို မဲျပားေပၚမွာ ဆက္ၿပီး ထားရွိဖို႔ ဆုံးျဖတ္ခဲ့တာပါ။ ႀကိဳတင္မဲေပးတာေတြ စတင္ လုပ္ေနၿပီ ျဖစ္တာေၾကာင့္ အခုလို ဆုံးျဖတ္ခဲ့တာလည္း ျဖစ္ပါတယ္။

ေမြးျမဴေရးလုပ္ငန္းရွင္ Andahl ဟာ သူ႔ေကာင္တီဇုံနယ္ေျမလုပ္ငန္း ေကာ္မရွင္မွာ တာဝန္ထမ္းေဆာင္ေနတာ ၁၂ ႏွစ္ရွိၿပီျဖစ္ပါတယ္။ ေျမာက္ Dakota ျပည္နယ္ အလယ္ပိုင္း Bismarck ၿမိဳ႕ေျမာက္ဘက္ မဲဆႏၵနယ္ေၿမ အမွတ္ (၈) လႊတ္ေတာ္ကိုယ္စားလွယ္ ၂ ေနရာ အတြက္ Andahl နဲ႔ တျခားကိုယ္စားလွယ္ေလာင္းတဦးျဖစ္တဲ့ Dave Nehring တို႔ အတူအဖြဲ႕ဖြဲ႕ၿပီး ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီႏွစ္အေစာပိုင္း ျပဳလုပ္ခဲ့တဲ့ ပါတီ ကိုယ္စားလွယ္ေလာင္း ပဏာမ ေရြးေကာက္ပြဲမွာ သူတို႔ႏွစ္ဦးလုံးစလုံးက ျပည္နယ္တြင္း ၾသဇာ ႀကီးမားတဲ့ သက္တမ္းရွည္ ဥပေဒျပဳအမတ္ Jeff Delzer ကို အႀကိတ္အနယ္ ယွဥ္ၿပိင္အနိုင္ရရွိထားတာပါ။

Andahl မဲဆြယ္စည္း႐ုံးပြဲလုပ္တဲ့ အခ်ိန္ေတြကလည္း ျပည္နယ္တြင္း အဓိက ၾသဇာအႀကီးမားဆုံး ရီပတ္ဘလစ္ကန္ေတြျဖစ္တဲ့ ျပည္နယ္အုပ္ခ်ဳပ္ေရးမႈး Doug Burgum နဲ႔ အေမရိကန္ အထက္လႊတ္ေတာ္ အမတ္ Kevin Cramer တို႔က သူ႔ကို ေထာက္ခံမႈ ေပးထား တာ ျဖစ္ပါတယ္။ သမၼတထရမ့္ကို ခိုင္ခိုင္မာမာေထာက္ခံသူအထက္လႊတ္ေတာ္အမတ္ Kevin Cramerကထရမ့္ကို ေထာက္ခံသူေတြ ျပည္နယ္လႊတ္ေတာ္ ထဲ ပိုလိုအပ္တယ္လို႔ ေျပာၿပီး သူ႔ကို ေထာက္ခံမႈ ေပးခဲ့တာလည္း ျဖစ္ပါတယ္။

ေျမာက္ Dakota ျပည္နယ္မွာကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အဆိုးဆုံးရင္ဆိုင္ခဲ့ရတဲ့အခ်ိန္မွာ Andahl ေရာဂါကူးစက္ခံခဲ့ရတာျဖစ္ ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

COVID ကြောင့် သေဆုံးပြီးသူ ပြည်နယ်လွှတ်တော်အမတ် အရွေးခံရ
(Unicode)

အမေရိကန် ပြည်ထောင်စု (အနောက်အလယ်ပိုင်းဒေသက အထက်ပိုင်းပြည်နယ်တခုဖြစ်တဲ့) မြောက် Dakota ပြည်နယ်မှာ COVID-19 ကြောင့် အောက်တိုဘာလအစောပိုင်းက သေဆုံးသွားခဲ့ရသူ ကိုယ်စားလှယ်တစ်ဦး နိုဝင်ဘာ ပြည်နယ် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲမှာ ရွေးကောက် တင်မြှောက်ခံရပါတယ်။

ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၈)နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း David Andahl ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အောက်တိုဘာလ ၅ ရက်နေ့က သေဆုံးခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သူ့မှာ တခြားရောဂါအခံတွေရှိတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေနဲ့ သေဆုံးခဲ့ရ တာလို့လည်း သူ့မိသားစုက Facebook စာမျက်နှာမှာ ရေးသားထားတာပါ။

Andahl ကွယ်လွန်ခဲ့ပေမဲ့ သူအနိုင်ရရင် သူ့နေရာမှာ ကော်မတီတစ်ခုက အစားထိုးလူ ရွေးချယ်တာ ဒါမှ မဟုတ် မဲဆန္ဒရှင်တွေက အထူး ရွေးကောက်ပွဲတစ်ခုလုပ်ဖို့ တောင်းဆိုတာမျိုး လုပ်နိုင်တယ်လို့ ပြည်နယ်ရှေ့နေချုပ်က ပြောအပြီးမှာ ရွေးကောက်ပွဲ အာဏာပိုင်တွေက သူ့နာမည်ကို မဲပြားပေါ်မှာ ဆက်ပြီး ထားရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကြိုတင်မဲပေးတာတွေ စတင် လုပ်နေပြီ ဖြစ်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မွေးမြူရေးလုပ်ငန်းရှင် Andahl ဟာ သူ့ကောင်တီဇုံနယ်မြေလုပ်ငန်း ကော်မရှင်မှာ တာဝန်ထမ်းဆောင်နေတာ ၁၂ နှစ်ရှိပြီဖြစ်ပါတယ်။ မြောက် Dakota ပြည်နယ် အလယ်ပိုင်း Bismarck မြို့မြောက်ဘက် မဲဆန္ဒနယ်မြေ အမှတ် (၈) လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ အတွက် Andahl နဲ့ တခြားကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ Dave Nehring တို့ အတူအဖွဲ့ဖွဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်း ပြုလုပ်ခဲ့တဲ့ ပါတီ ကိုယ်စားလှယ်လောင်း ပဏာမ ရွေးကောက်ပွဲမှာ သူတို့နှစ်ဦးလုံးစလုံးက ပြည်နယ်တွင်း သြဇာ ကြီးမားတဲ့ သက်တမ်းရှည် ဥပဒေပြုအမတ် Jeff Delzer ကို အကြိတ်အနယ် ယှဉ်ပြိင်အနိုင်ရရှိထားတာပါ။

Andahl မဲဆွယ်စည်းရုံးပွဲလုပ်တဲ့ အချိန်တွေကလည်း ပြည်နယ်တွင်း အဓိက သြဇာအကြီးမားဆုံး ရီပတ်ဘလစ်ကန်တွေဖြစ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှုး Doug Burgum နဲ့ အမေရိကန် အထက်လွှတ်တော် အမတ် Kevin Cramer တို့က သူ့ကို ထောက်ခံမှု ပေးထား တာ ဖြစ်ပါတယ်။ သမ္မတထရမ့်ကို ခိုင်ခိုင်မာမာထောက်ခံသူအထက်လွှတ်တော်အမတ် Kevin Cramerကထရမ့်ကို ထောက်ခံသူတွေ ပြည်နယ်လွှတ်တော် ထဲ ပိုလိုအပ်တယ်လို့ ပြောပြီး သူ့ကို ထောက်ခံမှု ပေးခဲ့တာလည်း ဖြစ်ပါတယ်။

မြောက် Dakota ပြည်နယ်မှာကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးဆုံးရင်ဆိုင်ခဲ့ရတဲ့အချိန်မှာ Andahl ရောဂါကူးစက်ခံခဲ့ရတာဖြစ် ပါတယ်။

XS
SM
MD
LG