သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ သမၼတေရြးေကာက္ပြဲအတြက္ နယူးေယာက္က ျမန္မာေတြ မဲေပး


နယူးေယာက္က မဲေပးေနသူမ်ား

(Zawgyi/Unicode)

နယူးေယာက္ၿမဳိ႕က ျမန္မာ-အေမရိကန္ေတြ ဘယ္ သမၼတေလာင္းကို မဲေပးၾကသလဲဆိုတာ ကိုဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

ႏိုဝင္ဘာ ၃ ရက္ေန႔က က်င္းပတဲ့ ၂၀၂၀ အေမရိကန္သမၼတ ေရြးေကာက္ပဲြအတြက္ နယူးေယာက္က မဲ႐ုံေတြမွာ ခုထိ မဲဆက္ေပးေနၾကဆဲ ျဖစ္ပါတယ္။ နယူးေယာက္ ေဒသစံေတာ္ခ်ိန္ ည ၉ နာရီအထိ မဲရုံေတြ ဖြင့္ထားတဲ့အတြက္ အခု အသံလႊင့္ေနခ်ိန္ထိ မဲေပးေနၾကတာပါ။

နယူးေယာက္ၿမဳိ႕မွာ ေနၾကတဲ့ ျမန္မာအေမရိကန္ေတြကလည္း ရီပတ္ဘလစ္ကန္ သမၼတေလာင္း ေဒၚနယ္ထရမ့္ နဲ႔ ဒီမုိကရက္တစ္ သမၼတေလာင္း ဂ်ဳိးဘိုင္ဒန္ တို႔ ၂ ဦးထဲက သူတို႔ ႀကဳိက္ႏွစ္သူကို ေရြးခ်ယ္ မဲေပးခဲ့ၾကပါတယ္။

နယူးေယာက္ၿမဳိ႕က လုပ္ငန္းရွင္တဦးျဖစ္တဲ့ ဦးမုိးခ်မ္းက ဂ်ဳိးဘိုင္ဒန္ကို မဲေပးခဲ့တယ္လို႔ ဆိုပါတယ္။

" က်ေနာ္ကေတာ့ ဒီႏွစ္မွာ ဂ်ဳိးဘိုင္ဒန္ကို မဲေပးပါတယ္။ ဂ်ဳိးဘိုင္ဒန္ကို မဲထည့္ရတဲ့ အေၾကာင္းက ဒီလိုဗ် .. ေဒၚနယ္ထရမ့္က ဒီ ကိုဗစ္ကို ေသခ်ာ မကိုင္တြယ္တဲ့ အခ်ိန္က်ေတာ့ စီးပြားေရးပါ ထုိးက်တယ္ တခါထဲ။ ဘာေၾကာင့္ ထုိးက်လဲဆိုေတာ့ လူေတြက ေသကုန္ၾကတယ္ေလ ၊ ေသေတာ့ အျပင္မထြက္ရဲၾကေတာ့ဘူး ၊ အျပင္ မထြက္ရဲေတာ့ ေနာက္ဆက္တဲြအျဖစ္ စီးပြားပါ ယုိင္ကုန္ေရာ အခုေတာ့ အဲဒီရဲ႕ ဂယက္ေတြကို ဆက္ၿပီး ခံစားေနရၿပီ။ ၂၀၂၁ မွာမွ ဒီသမၼတက မေျပာင္းဘူးဆိုရင္ အဲဒီဂယက္က ဒီထက္ပိုႀကီးဖို႔ပဲ ရွိေတာ့တယ္။ ဘာေၾကာင့္လဲ - သူမွ စိတ္မဝင္စားပဲ ၊ ဆိုေတာ့ အဲဒီမွာတင္ ျပသနာရွိေနတယ္ ။ "

မိသားစုနဲ႔ နယူးေယာက္ၿမဳိ႕မွာ ေနထိုင္တဲ့ ေဒၚမီးမီးကေတာ့ သမၼတ ထရမ့္ကို ျပန္ ႏိုင္ေစခ်င္သူပါ ။

" ထရမ့္ကို မဲထည့္ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တခုခုမ်ား ေျပာင္းလဲလားမလို႔ပါ ။ ဒီမိုကရက္ကေတာ့ ေကာင္းပါတယ္ Nice ျဖစ္တာေပါ့ေနာ္ ကိုယ္ေတြလည္း ဒီမုိကရက္ ပါတီဝင္ေတြပါပဲ ဒါေပမဲ့ ဒီမုိကရက္က နည္းနည္းမ်ား ေပ်ာ့သလားလို႔ပါ။ တခ်ဳိ႕ကိစၥေတ ြမွာ ရဲရဲတင္းတင္း ျပတ္ျပတ္သားသား ကိုင္တြယ္ ေစခ်င္တာေပါ့ေနာ္။ အခြန္ေပးေနရတာက က်မတို႔က ေပးေနရတာေလ ။ ေနာက္တခ်က္ကလည္း ထရမ့္က စီးပြားေရးသမားဆိုေတာ့ ထရမ့္က နည္းနည္းေျပာင္းလဲ မလားလို႔ပါ။ အေမရိကန္ သမၼတေတြက ျပႆနာ မ်ားမ်ား မရွာရင္ၿပီးေရာေပါ့ေနာ္ ဥပမာ စစ္မွာလည္းပါလိုက္၊ ဟိုဖက္ႏိုင္ငံျဖစ္လည္း ပါလိုက္ ဒီဖက္ႏိုင္ငံျဖစ္လည္း ပါလိုက္နဲ႔ ၿပီးရင္ ကုိယ္ေတြ ဒီႏိုင္ငံမွာ အေၾကြးေတြခ်ည္းပဲဆိုေတာ့ အဲဒါေၾကာင့္ပါ။ "

နယူးေယာက္ၿမဳိ႕ Long Island မွာ ႀကဳိတင္မဲ သြားေပးခဲ့သူ ဦးေဇာ္မင္းကေတာ့ အေမရိကန္ရဲ႕ ဒီမိုကေရစီ စံတန္ဖိုးေတြကို ႏွစ္သက္တဲ့အတြက္ ဂ်ဳိးဘိုင္ဒန္ကို သူ မဲေပးခဲ့တယ္လို႔ ေျပာပါတယ္။

" က်ေနာ္ ဒီႏွစ္မွာေတာ့ ဒီမုိကရက္တစ္ပါတီရဲ႕ သမၼတေလာင္း ဂ်ဳိးဘိုင္ဒန္ကို မဲေပးခဲ့တယ္။ ဂ်ဳိးဘိုင္ဒန္ရဲ႕ ႏိုင္ငံေရးလုပ္သက္ ၄၇ ႏွစ္မွာ ဒုသမၼတသက္တမ္း ၈ ႏွစ္၊ ႏိုင္ငံျခားဆက္ဆံေရး ေကာ္မတီ ဥကၠဌအျဖစ္နဲ႔က အႏွစ္(၂၀) ဆိုေတာ့ ႏိုင္ငံေရးလုပ္သက္ အေတြ႔အႀကဳံ ေကာင္းတဲ့ပုဂၢိဳလ္ ျဖစ္တယ္။ သမၼတ ထရမ့္က သူ႔လက္ထက္မွာ အေမရိကန္သာ ဦးစားေပးလို႔ ေၾကြးေၾကာ္ေနေပမယ့္ က်ေနာ္ေတာ့ အဲလို မထင္ဘူး။ ေနာက္ ထရမ့္အေနနဲ႔က ဆင္းရဲသားေတြနဲ႔ ပတ္သက္တဲ့ဟာေတြကို သိပ္ဂရုမစိုက္ဘူးလို႔ ျမင္တယ္။ အေမရိကန္ျပည္ေထာင္စုမွာ အစဥ္အလာရွိတဲ့ ဒီမိုကရက္တစ္ပါတီ ၊ အစဥ္အလာရွိတဲ့ ရီပတ္ဘလစ္ကန္ပါတီေတြက ဒီမုိကေရစီ နည္းက်က်နဲ႔ ကမၻာႀကီးကို ဦးေဆာင္ခဲ့ၾကတာ။ က်ေနာ္တုိ႔က ဒီမုိကေရစီကို ျမတ္ႏိုးတာ ။ ဘယ္ပါတီႏိုင္ႏိုင္ ကမၻာ့ ဦးေဆာင္မႈေနရာမွာ အေမရိကန္ ရွိသင့္တယ္။ အခုေလာေလာဆယ္မွာေတာ့ သမၼတ ထရမ့္သာ ရီပတ္ဘလစ္ကန္အေနနဲ႔ ဝင္ေရြးတာမ်ဳိးမဟုတ္ပဲ သူ႔ေနရာမွာ အျခားတေယာက္သာဆိုရင္ က်ေနာ္တုိ႔က ရီပတ္ဘလစ္ကန္ သမၼတေလာင္းကို စဥ္းစားေကာင္း စဥ္းစားရလိမ့္မယ္။ "

ဒီ ၂၀၂၀ အေမရိကန္ ေရြးေကာက္ပဲြမွာ ႀကဳိတင္မဲေပးထားသူ (၉၈)သန္း ရွိတယ္လို႔ လူထု စစ္တမ္းေကာက္ယူေရး အဖြဲ႔ေတြရဲ႕ စာရင္းအရ သိရၿပီး ဒီအေရအတြက္ဟာ ၂၀၁၆ ေရြးေကာက္ပဲြမွာ မဲေပးခဲ့သူ စုစုေပါင္း (၁၃၉) သန္းရဲ႕ သုံးပုံႏွစ္ပုံေလာက္ ရွိတယ္လို႔ဆိုပါတယ္။ ေနာက္ထပ္ ႀကဳိတင္မဲေတြ စာတုိက္ကတဆင့္ ထပ္ေရာက္လာဖို႔ ရွိေသးတယ္လို႔ သိရပါတယ္။

ဒီ ေရြးေကာက္ပဲြအတြက္ နယူးေယာက္ၿမဳိ႕မွာ ႀကဳိတင္မဲ ေပးသူ (၁.၁ )သန္းေက်ာ္ ရွိတယ္လို႔ နယူးေယာက္ၿမဳိ႕ ေရြးေကာက္ပဲြ ေကာ္မရွင္ စာရင္းမွာ ေဖၚျပပါတယ္။

အေမရိကန္တႏိုင္ငံလုံးမွာ မဲေပးႏိုင္ဖို႔ သတ္မွတ္ခ်က္ ျပည့္မီသူ သန္း(၂၄၀)ေလာက္ရွိၿပီး ႀကဳိတင္မဲေတြေရာ ၊ လူကိုယ္တုိင္ပါ ၂၀၂၀ ေရြးေကာက္ပဲြအတြက္ မဲေပးမယ့္သူ စုစုေပါင္း သန္း(၁၅၀) ရွိႏိုင္တယ္လို႔ စစ္တမ္းေကာက္ယူေရး အဖြဲ႔ေတြက ခန္႔မွန္းထားပါတယ္။

ကိုဗစ္ကပ္ေရာဂါကာလ ျဖစ္ေနခ်ိန္မို႔ မဲ႐ုံကို မဲလာေပးၾက သူေတြဟာ တေယာက္နဲ႔တေယာက္ (၆) ေပအကြာ တန္းစီရတာ ၊ ႏွာေခါင္းစည္းတပ္ရတာ ၊ မဲ႐ုံအတြင္းမွာ လက္ပိုးသတ္ေဆးရည္ေတြ ခ်ထားေပးတာ စတဲ့ ကိုဗစ္ကာကြယ္ေရး စည္းကမ္းေတြအတိုင္း မဲေပးၾကတာ ေတြ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကန် သမ္မတရွေးကောက်ပွဲအတွက် နယူးယောက်က မြန်မာတွေ မဲပေး

(Unicode)

နယူးယောက်မြို့က မြန်မာ-အမေရိကန်တွေ ဘယ် သမ္မတလောင်းကို မဲပေးကြသလဲဆိုတာ ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပတဲ့ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် နယူးယောက်က မဲရုံတွေမှာ ခုထိ မဲဆက်ပေးနေကြဆဲ ဖြစ်ပါတယ်။ နယူးယောက် ဒေသစံတော်ချိန် ည ၉ နာရီအထိ မဲရုံတွေ ဖွင့်ထားတဲ့အတွက် အခု အသံလွှင့်နေချိန်ထိ မဲပေးနေကြတာပါ။

နယူးယောက်မြို့မှာ နေကြတဲ့ မြန်မာအမေရိကန်တွေကလည်း ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် နဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန် တို့ ၂ ဦးထဲက သူတို့ ကြိုက်နှစ်သူကို ရွေးချယ် မဲပေးခဲ့ကြပါတယ်။

နယူးယောက်မြို့က လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမိုးချမ်းက ဂျိုးဘိုင်ဒန်ကို မဲပေးခဲ့တယ်လို့ ဆိုပါတယ်။

" ကျနော်ကတော့ ဒီနှစ်မှာ ဂျိုးဘိုင်ဒန်ကို မဲပေးပါတယ်။ ဂျိုးဘိုင်ဒန်ကို မဲထည့်ရတဲ့ အကြောင်းက ဒီလိုဗျ .. ဒေါ်နယ်ထရမ့်က ဒီ ကိုဗစ်ကို သေချာ မကိုင်တွယ်တဲ့ အချိန်ကျတော့ စီးပွားရေးပါ ထိုးကျတယ် တခါထဲ။ ဘာကြောင့် ထိုးကျလဲဆိုတော့ လူတွေက သေကုန်ကြတယ်လေ ၊ သေတော့ အပြင်မထွက်ရဲကြတော့ဘူး ၊ အပြင် မထွက်ရဲတော့ နောက်ဆက်တွဲအဖြစ် စီးပွားပါ ယိုင်ကုန်ရော အခုတော့ အဲဒီရဲ့ ဂယက်တွေကို ဆက်ပြီး ခံစားနေရပြီ။ ၂၀၂၁ မှာမှ ဒီသမ္မတက မပြောင်းဘူးဆိုရင် အဲဒီဂယက်က ဒီထက်ပိုကြီးဖို့ပဲ ရှိတော့တယ်။ ဘာကြောင့်လဲ - သူမှ စိတ်မဝင်စားပဲ ၊ ဆိုတော့ အဲဒီမှာတင် ပြသနာရှိနေတယ် ။ "

မိသားစုနဲ့ နယူးယောက်မြို့မှာ နေထိုင်တဲ့ ဒေါ်မီးမီးကတော့ သမ္မတ ထရမ့်ကို ပြန် နိုင်စေချင်သူပါ ။

" ထရမ့်ကို မဲထည့်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တခုခုများ ပြောင်းလဲလားမလို့ပါ ။ ဒီမိုကရက်ကတော့ ကောင်းပါတယ် Nice ဖြစ်တာပေါ့နော် ကိုယ်တွေလည်း ဒီမိုကရက် ပါတီဝင်တွေပါပဲ ဒါပေမဲ့ ဒီမိုကရက်က နည်းနည်းများ ပျော့သလားလို့ပါ။ တချို့ကိစ္စတေ ွမှာ ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ကိုင်တွယ် စေချင်တာပေါ့နော်။ အခွန်ပေးနေရတာက ကျမတို့က ပေးနေရတာလေ ။ နောက်တချက်ကလည်း ထရမ့်က စီးပွားရေးသမားဆိုတော့ ထရမ့်က နည်းနည်းပြောင်းလဲ မလားလို့ပါ။ အမေရိကန် သမ္မတတွေက ပြဿနာ များများ မရှာရင်ပြီးရောပေါ့နော် ဥပမာ စစ်မှာလည်းပါလိုက်၊ ဟိုဖက်နိုင်ငံဖြစ်လည်း ပါလိုက် ဒီဖက်နိုင်ငံဖြစ်လည်း ပါလိုက်နဲ့ ပြီးရင် ကိုယ်တွေ ဒီနိုင်ငံမှာ အကြွေးတွေချည်းပဲဆိုတော့ အဲဒါကြောင့်ပါ။ "

နယူးယောက်မြို့ Long Island မှာ ကြိုတင်မဲ သွားပေးခဲ့သူ ဦးဇော်မင်းကတော့ အမေရိကန်ရဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေကို နှစ်သက်တဲ့အတွက် ဂျိုးဘိုင်ဒန်ကို သူ မဲပေးခဲ့တယ်လို့ ပြောပါတယ်။

" ကျနော် ဒီနှစ်မှာတော့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို မဲပေးခဲ့တယ်။ ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံရေးလုပ်သက် ၄၇ နှစ်မှာ ဒုသမ္မတသက်တမ်း ၈ နှစ်၊ နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဌအဖြစ်နဲ့က အနှစ်(၂၀) ဆိုတော့ နိုင်ငံရေးလုပ်သက် အတွေ့အကြုံ ကောင်းတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ သမ္မတ ထရမ့်က သူ့လက်ထက်မှာ အမေရိကန်သာ ဦးစားပေးလို့ ကြွေးကြော်နေပေမယ့် ကျနော်တော့ အဲလို မထင်ဘူး။ နောက် ထရမ့်အနေနဲ့က ဆင်းရဲသားတွေနဲ့ ပတ်သက်တဲ့ဟာတွေကို သိပ်ဂရုမစိုက်ဘူးလို့ မြင်တယ်။ အမေရိကန်ပြည်ထောင်စုမှာ အစဉ်အလာရှိတဲ့ ဒီမိုကရက်တစ်ပါတီ ၊ အစဉ်အလာရှိတဲ့ ရီပတ်ဘလစ်ကန်ပါတီတွေက ဒီမိုကရေစီ နည်းကျကျနဲ့ ကမ္ဘာကြီးကို ဦးဆောင်ခဲ့ကြတာ။ ကျနော်တို့က ဒီမိုကရေစီကို မြတ်နိုးတာ ။ ဘယ်ပါတီနိုင်နိုင် ကမ္ဘာ့ ဦးဆောင်မှုနေရာမှာ အမေရိကန် ရှိသင့်တယ်။ အခုလောလောဆယ်မှာတော့ သမ္မတ ထရမ့်သာ ရီပတ်ဘလစ်ကန်အနေနဲ့ ဝင်ရွေးတာမျိုးမဟုတ်ပဲ သူ့နေရာမှာ အခြားတယောက်သာဆိုရင် ကျနော်တို့က ရီပတ်ဘလစ်ကန် သမ္မတလောင်းကို စဉ်းစားကောင်း စဉ်းစားရလိမ့်မယ်။ "

ဒီ ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးထားသူ (၉၈)သန်း ရှိတယ်လို့ လူထု စစ်တမ်းကောက်ယူရေး အဖွဲ့တွေရဲ့ စာရင်းအရ သိရပြီး ဒီအရေအတွက်ဟာ ၂၀၁၆ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူ စုစုပေါင်း (၁၃၉) သန်းရဲ့ သုံးပုံနှစ်ပုံလောက် ရှိတယ်လို့ဆိုပါတယ်။ နောက်ထပ် ကြိုတင်မဲတွေ စာတိုက်ကတဆင့် ထပ်ရောက်လာဖို့ ရှိသေးတယ်လို့ သိရပါတယ်။

ဒီ ရွေးကောက်ပွဲအတွက် နယူးယောက်မြို့မှာ ကြိုတင်မဲ ပေးသူ (၁.၁ )သန်းကျော် ရှိတယ်လို့ နယူးယောက်မြို့ ရွေးကောက်ပွဲ ကော်မရှင် စာရင်းမှာ ဖေါ်ပြပါတယ်။

အမေရိကန်တနိုင်ငံလုံးမှာ မဲပေးနိုင်ဖို့ သတ်မှတ်ချက် ပြည့်မီသူ သန်း(၂၄၀)လောက်ရှိပြီး ကြိုတင်မဲတွေရော ၊ လူကိုယ်တိုင်ပါ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးမယ့်သူ စုစုပေါင်း သန်း(၁၅၀) ရှိနိုင်တယ်လို့ စစ်တမ်းကောက်ယူရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ ဖြစ်နေချိန်မို့ မဲရုံကို မဲလာပေးကြ သူတွေဟာ တယောက်နဲ့တယောက် (၆) ပေအကွာ တန်းစီရတာ ၊ နှာခေါင်းစည်းတပ်ရတာ ၊ မဲရုံအတွင်းမှာ လက်ပိုးသတ်ဆေးရည်တွေ ချထားပေးတာ စတဲ့ ကိုဗစ်ကာကွယ်ရေး စည်းကမ်းတွေအတိုင်း မဲပေးကြတာ တွေ့ရပါတယ်။

XS
SM
MD
LG