သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏြယ္ အေမရိကန္ႏိုင္ငံသားေတြ ကန္ေရြးေကာက္ပဲြမဲေပး


နယူးေယာက္ျပည္နယ္ Queens ျမိဳ႕နယ္ရွိ မဲရံုတခု၏ ျမင္ကြင္း။ (ႏိုဝင္ဘာလ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

ဒီကေန႔ က်င္းပမယ့္ ၂၀၂၀ အေမရိကန္ေ႐ြးေကာက္ပြဲမွာ မဲေပးၾကမယ့္ အေမရိကန္ႏိုင္ငံသားျမန္မာႏြယ္ဖြားေတြဘက္က ႏိုင္ငံ့အေျပာင္းအလဲ ဘယ္ေလာက္ေမွ်ာ္လင့္ခ်က္ေတြရွိၾကလဲ မၾကာခင္ မဲရလဒ္အေျဖထြက္ေပၚလာမယ့္ ေရြးခ်ယ္ တင္ေျမႇာက္ခံရမယ့္ အေမရိကန္သမၼတ အေျပာင္းအလဲက အေမရိကန္ျပည္သူေတြ အပါအဝင္ ကမၻာနဲ႔ ျမန္မာအတြက္ ဘယ္လို သက္ေရာက္မႈေတြ ရွိႏိုင္ပါမလဲဆိုတဲ့- အေမရိကန္ ေရြးေကာက္ပြဲ ႀကိဳတင္မဲေပးခဲ့သူေတြ ေ႐ြးေကာက္ပြဲေန႔မွာ မဲသြားေပးမယ့္သူစတဲ့ အေမရိကန္ ျမန္မာေတြရဲ႕ သေဘာထား အျမင္ေတြကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ဆုမြန္ စုစည္း တင္ျပထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၃ ရက္ေန႔ ဒီကေန႔ အဂၤါေန႔ ေဒသစံေတာ္ခ်ိန္ မနက္ ၇ နာရီ ျမန္မာႏိုင္ငံ စံေတာ္ခ်ိန္ ညေန ၆နာရီခြဲကစၿပီး အေမရိကန္ျပည္ေထာင္စုရဲ႕ အေမရိကန္သမၼတကို အေမရိကန္ျပည္သူေတြ မဲေပး ေရြးခ်ယ္မယ့္ ေရြးေကာက္ပြဲ က်င္းပေနပါၿပီ။ ေျမာက္ကယ္ရိုလိုင္းနားျပည္နယ္ Chapel Hill ၿမိဳ႕က ျမန္မာအေမရိကန္ ကိုေအာင္သန္းက သူ ဘာေၾကာင့္ ဒီကေန႔ ေရြးေကာက္ပြဲေန႔မွာ သူကိုယ္တုိင္ မဲရံုအထိ မဲသြားေပးဖို႔ ဆံုးျဖတ္ရတာပါလဲ။

"ႏိုင္ငံသားတေယာက္ရဲ႕အခြင့္အေရးေပါ့ မိမိၾကိဳက္ႏွစ္သက္ရာပါတီကို ေရြးခ်ယ္ရမွာျဖစ္တဲ့အတြက္ေၾကာင့္မို႔ ႏိုဝင္ဘာလ ၃ ရက္ေန႔မွာ မဲသြားေပးျခင္းအားျဖင့္ ႏုိင္ငံသားတေယာက္ရဲ႕အခြင့္အေရးျဖစ္တဲ့ အစိုးရတရပ္ေျပာင္းလဲဖို႔၊ ႏိုင္ငံသားေတြ အေပၚမွာ ေရြးခ်ယ္တင္ေျမွာက္လိုက္တဲ့ အစိုးရတရပ္ကေနၿပီးေတာ့ တာဝန္ေက်မႈ တာဝန္ခံမႈအေပၚမွာ မိမိရဲ႕မဲတျပားက တန္ဖိုးရွိတဲ့အတြက္ က်ေနာ္တို႔က သြားေရာက္ၿပီးေတာ့ မဲေပးမွာျဖစ္ပါတယ္။

က်ေနာ္တို႔ မဲဆႏၵရွင္ေတြရဲ႕ မဲရလဒ္ေတြနဲ႔ေပါ့... ႏိုဝင္ဘာလ ၃ ရက္ေန႔မွာ ရီပတ္ပလစ္ကန္လား ဒီမိုကရက္လား အစိုးရျဖစ္မယ္။ Trump ျဖစ္ျဖစ္၊ Biden ပဲျဖစ္ျဖစ္ မည္သူပဲ သမၼတျဖစ္ျဖစ္ေပါ့ေနာ္ အားလံုးက လက္ခံရတယ္။ အဲ့ဒါက ဒီမိုကေရစီ ရင့္က်က္တဲ့တုိင္းျပည္ေတြရဲ႕သေဘာ သဘာဝပဲ။ က်ေနာ္ကိုယ္တုိင္က မိမိၾကိဳက္ႏွစ္သက္တဲ့ပါတီကို မဲေပးတဲ့အခါမွာ ရံႈးသည္ျဖစ္ေစ၊ ႏုိင္သည္ျဖစ္ေစ လက္ခံမွာပဲ။ ဒါက ဒီကေန႔ အေမရိကန္ႏုိင္ငံက အစိုးရတရပ္က မည္သူပဲလုပ္လုပ္ ျပည္သူေတြအေပၚမွာ တရားဥပေဒစိုးမိုးမႈ ရွိတယ္။ လူသား အခြင့္အေရးေတြကို ေလးစားလိုက္နာမႈ ရွိတယ္။ ဘာပဲျဖစ္ျဖစ္ လူတန္းစားတုိင္းအေပၚ ဥပေဒစိုးမိုးမႈရွိတဲ့အတြက္ က်ေနာ္တို႔အတြက္ကေတာ့ တရားမွ်တမႈရွိတဲ့ အစိုးရတရပ္ ဘယ္သူပဲတက္လာ၊ တက္လာ အားေကာင္းေမာင္းသန္နဲ႔ တိုင္းျပည္ကို ေမာင္းႏွင္မယ္လို ႔ယံုၾကည္တယ္ ဒါေၾကာင့္ မဲေပးတာျဖစ္တယ္။"

Nebraska ျပည္နယ္ Omaha ၿမိဳ႕ က အေမရိကန္ျမန္မာ ကိုေစာညီညီ ကလည္း သူယံုၾကည္လက္ခံတဲ့မူဝါဒေတြ နဲ႔ ေဆာင္ရြက္မႈေတြကို သေဘာက်ႏွစ္သက္တဲ့ပါတီကို ဒီကေန႔ ႏိုဝင္ဘာလ ၃ ရက္ေန႔ မဲရံုမွာ သူ ကိုယ္တုိင္မဲသြားေပးမွာပါ။

"ဟုတ္ကဲ့ က်ေနာ္ မဲေပးမွာကေတာ့ ရီပတ္ပလင္ကန္ကိုပဲ မဲေပးမွာပါ။ အဲ့လိုပဲ က်ေနာ္စီစဥ္ထားပါတယ္။ က်ေနာ္က မစၥတာထရမ့္ကိုပဲ ဆက္လက္ၿပီး အႏုိင္ရေစခ်င္ပါတယ္။ ရမယ္လို႔လည္း က်ေနာ္တို႔က ေမွ်ာ္လင့္ထားတယ္ ယံုၾကည္ထားတယ္။ မစၥတာထရမ့္ တက္လာၿပီးတဲ့ေနာက္ပိုင္းမွာ အေမရိကန္ရဲ႕စီးပြားေရးက အမ်ားၾကီးျပန္လည္ ဦးေမာ့လာတယ္ ဆိုတာ က်ေနာ္တို႔ကိုယ္တုိင္လည္း ခံစားရသလို သူကိုယ္တိုင္လည္း ေျပာထားၿပီးသားျဖစ္ပါတယ္။ ၿပီးေတာ့ သူ႔ကို က်ေနာ္တို႔ ဘာလို႔ေရြးခ်ယ္ရသလဲဆိုေတာ့ သူက အလုပ္မလုပ္ဘဲနဲ႔ အိမ္မွာေနၿပီးေတာ့ အစိုးရက ေပးတဲ့ေထာက္ပံ့ေၾကးနဲ႔ ထိုင္စားေနတဲ့သူေတြကို ေဒၚနယ္ထရမ့္က သိပ္မၾကိဳက္ဘူး။ ဒါက်ေနာ္တို႔ရဲ႕အျမင္။ စီးပြားေရးနဲ႔ ပတ္သက္ၿပီး ဒီအစိုးရကို ကိုင္တြယ္တဲ့ေနရာမွာ နုိင္ငံအတြက္ သူအေကာင္းဆံုး လုပ္ေပးႏုိင္တယ္လို႔ က်ေနာ္တို႔ျမင္သလို က်ေနာ္တို႔ ခရစ္ယာန္ဘာသာဝင္ တေယာက္အေနနဲ႔လည္း Same Marriageကို သူရႈတ္ခ်တယ္။ ဒါဘာသာေရးအရ က်ေနာ္တို႔လက္ခံတဲ့ အရာျဖစ္တယ္။သူ႔ရဲ႕ပြင့္ပြင့္လင္းလင္း ေျပာတတ္တဲ့အရာေတြက President တေယာက္အေနနဲ႔ ပံုစံမက်ဘူးလို႔ေျပာၾကေပမဲ့ က်ေနာ္တို႔အေနနဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ ဒါက ေျပာတဲ့ေနရာမွာ ျပတ္ျပတ္သားသားနဲ႔ေျပာတဲ့စကားေတြကိုလည္း က်ေနာ္တို႔ကၾကိဳက္တယ္။ သူသာ ဆက္လက္ၿပီးအုပ္ခ်ဳပ္မယ္ဆိုရင္ ဒီစီးပြားေရးဟာ ျပန္လည္ဦးေမာ့လာမယ္လို႔ က်ေနာ္ေတာ့ယံုၾကည္ပါတယ္။"

Portland ျပည္နယ္ Oregon ၿမိဳ႕က ျမန္မာႏြယ္ဖြား အေမရိကန္တဦးျဖစ္တဲ့ ကိုရႈိင္းဦးကလည္း သူကိုယ္တိုင္ ၾကိဳတင္မဲေပးေရြးခ်ယ္ခဲ့တဲ့ ပါတီကို ႏုိင္ငံကိုဦးေဆာင္ေစခ်င္ပါတယ္။

"က်ေနာ္ကေတာ့ မဲေပးၿပီးသြားၿပီေပါ့ေနာ္။ က်ေနာ္က ဒီမိုကရက္တစ္ပါတီကို မဲေပးတယ္။က်ေနာ္က Joe Biden သေဘာက်တယ္ေပါ့ေနာ္။ အဓိက Joe Biden ကို သေဘာက်ရတဲ့အေၾကာင္းရင္းက ဘာလို႔လဲဆိုေတာ့ အခုသမၼတ Trump တက္လာၿပီေနာက္မွာ စီးပြားေရးေတြကို က်ေနာ္သိပ္မေျပာခ်င္ဘူး။ တိုင္းျပည္က ဘာျဖစ္လာလဲဆိုေတာ့ အမုန္းတရားေတြျဖစ္လာတယ္ဗ် တုိင္းျပည္က ႏွစ္ျခမ္းက ကြဲသလို သိသာထင္ရွားမႈေတြ ျဖစ္လာတယ္။ ရီပတ္ပလင္ကန္နဲ႔ ဒီမိုကရက္ စကားေျပာေဆြးေႏြးရင္ေတာင္ အရင္လိုသိပ္မဟုတ္ေတာ့ဘူး။ ေဒါသေတြပါလာၾကတယ္.. သူတို႔ေတြကေလ။ တိုင္းျပည္က အဲ့သလိုျဖစ္လာတဲ့အေျခအေနအေပၚ က်ေနာ္ကေတာ့ မၾကိဳက္ဘူးဗ်။ ဥပမာအေနနဲ႔ေျပာရမယ္ဆို ျမန္မာနုိင္ငံလိုျဖစ္ေနတာေပါ့ဗ်ာ။ အမ်ိဳးသားေရးက တအုပ္စု တိုင္းျပည္ကို ေခတ္နဲ႔အညီ ေျပာင္းလဲခ်င္တဲ့သူေတြက တအုပ္စုဆိုတာမ်ိဳးေပါ့။ ဒါေၾကာင့္ Joe Bidenကို သမၼတျဖစ္ေစခ်င္တယ္ ဒီလိုႏွစ္ျခမ္းကြဲေနတဲ့ ကိစၥေတြ အမုန္းတရားေတြ ျဖစ္ေနတာေတြကို ကိုင္တြယ္နုိင္မယ္လို႔ က်ေနာ္က ယံုၾကည္တာျဖစ္တဲ့အတြက္ က်ေနာ္က Joe Biden ကို မဲေပးတာျဖစ္တယ္ဗ်။"

Maryland ျပည္နယ္ Abingdon ၿမိဳ႕က ၾကိဳတင္မဲေပးခဲ့တဲ့ အေမရိကန္ျမန္မာတဦးျဖစ္တဲ့ ကိုဝဏၰဝင္းသူကေတာ့ အခုလက္ရွိ ကမာၻ႔ကပ္ေရာဂါ COVID 19 ကမာၻတဝန္းျဖစ္ေနခ်ိန္ အေမရိကန္မွာလည္း လူသိန္းခ်ီထိခိုက္ေသဆံုးမႈေတြျဖစ္ရတဲ့ ေရာဂါေဘးကို ထိထိေရာက္ေရာက္ ကာကြယ္ေဆာင္ရြက္မႈေတြနဲ႔ စီမံေပးနုိင္တဲ့အစိုးရသစ္ကို သူက ပိုၿပီးေတာ့ လိုလားပါတယ္။

"က်ေနာ္ကေတာ့ Short term အေနနဲ႔ ေမွ်ာ္လင့္တာကေတာ့ COVID 19 ကို ထိထိေရာက္ေရာက္ Manage လုပ္ဖို႔ေပါ့ေနာ္။ ဘယ္သူႏုိင္ႏုိင္၊ ေနာက္ႏွစ္ေတြမွာ Vaccine ရၿပီးေတာ့ က်ေနာ္တို႔ေတြ က်န္းမာၿပီးေတာ့ ခရီးေတြဘာေတြ ျပန္ထြက္နုိင္ေအာင္ မိသားစုေတြ ျပန္ဆံုႏုိင္ေအာင္ က်ေနာ္က ေမွ်ာ္လင့္ပါတယ္... ေရတိုေပါ့ေနာ္။ ေရရွည္အတြက္ကိုေတာ့ Immigration Issue ေတြထက္စာရင္ က်ေနာ္က စီးပြားေရးကို ပိုစိတ္ဝင္စားတယ္။ အခုက အေမရိကန္ႏုိင္ငံက ကမာၻ႔နံပတ္ (၁) ကေန တေျဖးေျဖးေလ်ာ့က်သလိုျဖစ္ေနတာကိုး ႏုိင္ငံကို အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေစခ်င္တယ္။ ဘယ္သမၼတတက္တက္ ျဖစ္ခဲ့သမွ် ကိစၥေတြကို ျပန္ကုစားဖို႔ ျပန္တိုးတက္ဖို႔က အခ်ိန္ေတာ့လိုမွာပဲေလ လတ္တေလာမွာ ေမွ်ာ္လင့္တာကေတာ့ က်ေနာ္ကေတာ့ ဘယ္သမၼတတက္တက္ ေအးေအးေဆးေဆးနဲ႔ၿပီးသြားေစခ်င္တယ္။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း တရားမွ်တစြာနဲ႔ပဲ ၿပီးသြားေစခ်င္တယ္။ အခု ဒီမွာက ဟိုဘက္ ဒီဘက္ အၾကမ္းဖက္တာေတြ Violence ေတြနဲ႔ ဆုိင္ေတြဖ်က္ဆီးတာ ေသနတ္နဲ႔ပစ္တာေတြနဲ႔ လူမ်ိဳးေရးအစြန္းေရာက္ေတြဘက္က အၾကမ္းဖက္လာမွာေတြ မျဖစ္ေစခ်င္ဘူး။"

နယူးေယာက္ျပည္နယ္ Queens ျမိဳ႕နယ္ရွိ မဲရံုတခု၏ ျမင္ကြင္း။ (ႏိုဝင္ဘာလ ၀၃၊ ၂၀၂၀)
နယူးေယာက္ျပည္နယ္ Queens ျမိဳ႕နယ္ရွိ မဲရံုတခု၏ ျမင္ကြင္း။ (ႏိုဝင္ဘာလ ၀၃၊ ၂၀၂၀)

New York ၿမိဳ႕က နည္းပညာပညာရွင္ အေမရိကန္ျမန္မာ- ကိုမိုက္ကယ္ေက်ာ္သူက အေမရိကန္ႏုိင္ငံအတြက္ေရာ ျမန္မာအတြက္ပါ ေျပာင္းလဲမႈေတြျဖစ္ေစဖို႔ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ ဘယ္ပါတီကို မဲေပးျဖစ္ခဲ့သလဲ ဆိုတာေျပာျပပါတယ္။

"က်ေနာ့္ေမွ်ာ္လင့္ခ်က္ကေတာ့ လက္ရွိကိုယ္ေနတဲ့တုိင္းျပည္ အေမရိကန္နဲ႔ ပတ္သက္တဲ့ ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ေမွ်ာ္လင့္ခ်က္နဲ႔ ေနာက္တခုက ျမန္မာႏုိင္ငံရဲ႕အေရးမွာလည္း အေမရိကန္ရဲ႕အေျပာင္းအလဲျဖစ္မႈက ႏုိင္ငံေရးအရ အက်ိဳးသက္ေရာက္မႈရွိမလဲ ၂ခုေပါ့ေနာ္။ က်ေနာ္ကေတာ့ အခုလက္ရွိ အေမရိကန္ေရြးေကာက္ပြဲမွာ GOP (Grand Old Party) ရီပတ္ပလင္ကန္ကေနၿပီးေတာ့ ႏုိင္ေစခ်င္တယ္။ က်ေနာ္တို႔ Principal အရ ၾကည့္မယ္ဆိုရင္လက္ရွိ ရီပတ္ပလင္ကန္ပါတီရဲ႕ ရပ္တည္မႈအေနအထားက အားလံုးအတြက္ အားမွ်ေျခတခုျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားတဲ့အတြက္ေၾကာင့္မို႔ က်ေနာ္က ရီပတ္ပလင္ကန္ကိုပဲ ဒီႏွစ္ မဲေပးထားပါတယ္။ ေနာက္တခါ က်ေနာ္တို႔ ျမန္မာျပည္နဲ႔ပတ္သက္ၿပီး ေမွ်ာ္လင့္ခ်က္တခုက ဘာထားလဲဆိုေတာ့ ၾကည့္မယ္ဆို အေမရိကန္ဘက္က ၂၀၁၅ ကေန ၂၀၂၀ ၾကား ေတာ္ေတာ္ေလးကို ေဖးေဖးမမ ရွိခဲ့တယ္လို႔ေျပာလို႔ရတယ္။ ျမန္မာျပည္ႏုိင္ငံေရးအတြက္မွာလည္း လက္ရွိသမၼတ- ေနာက္ထပ္ သက္တမ္း ၄ ႏွစ္ရွိျခင္းအားျဖင့္ ျမန္မာျပည္မွာ ပိုမိုေကာင္းမြန္တဲ့ စီမံကိန္းေတြ ေပၚလစီေကာင္းေတြ ျဖစ္ေစႏိုင္မယ္လို႔ျမင္တယ္။ ဒါေၾကာင့္ လက္ရွိသမၼတကိုပဲ က်ေနာ္တို႔ ဆက္ရွိေနေစခ်င္တယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ့္အေနနဲ႔ လက္ရွိသမၼတကိုပဲ မဲေပးခဲ့ပါတယ္။"

ကယ္လီဖိုးနီးယားျပည္နယ္ San Francisco ၿမိဳ႕က ၾကိဳတင္မဲဆႏၵေပးခဲ့တဲ့ အေမရိကန္ျမန္မာ ဦးကိုကိုေလးကလည္း အေမရိကန္အစိုးရ အုပ္ခ်ဳပ္မႈ အေျပာင္းအလဲက ျမန္မာနုိင္ငံအေပၚ မူဝါဒေရးရာ အက်ိဳးသက္ေရာက္မႈရွိေစမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

"က်ေနာ္တို႔ အေမရိကန္ရဲ႕ ေရြးေကာက္ပြဲက အေျပာင္းအလဲေတြျဖစ္ႏုိင္ပါတယ္။ The United States မွာရွိတဲ့ အေျခအေနေတြပဲ အေျပာင္းအလဲသြားရံုမကဘဲနဲ႔ Foreign Policy ေပါ့ တက္တဲ့သမၼတေပၚမူတည္ၿပီး ေျပာင္းလဲသြားတာေတြ ရွိတာေပါ့။ အဲ့အတြက္ေၾကာင့္ ျမန္မာျပည္ေရးအတြက္ ေကာင္းတဲ့ေျပာင္းလဲျခင္းမ်ိဳး ဒီမိုကရက္ေတြ နိုင္မွျဖစ္မယ္။ Joe Biden တို႔ ဒီမိုကရက္ေတြ ႏုိင္မယ္ဆိုရင္ ဒီမုိကရက္ေတြက ႏုိင္ငံငယ္ေတြရဲ႕ Democratization Process ေတြကို စိတ္ဝင္စားတယ္။အဲ့ေတာ့ က်ေနာ္တို႔ရဲ႕ ၾကီးမားတဲ့ေမွ်ာ္လင့္ခ်က္ကေတာ့ ဒီမိုကရက္တစ္ဘက္က Joe Biden နဲ႔ Kamala Harris နိုင္ခဲ့မယ္ဆိုရင္ က်ေနာ္တို႔ ျမန္မာျပည္ရဲ႕ Democratization Process ဒီမိုကေရစီအေျပာင္းအလဲျဖစ္စဥ္ ျပည္သူေတြရဲ႕ ဆင္းရဲႏြမ္းပါးမႈ ပေပ်ာက္ေရးကိစၥေတြအတြက္ Development ကိစၥေတြ က်ေနာ္တို႔အတြက္ နုိင္ငံေရးအရ အမ်ားၾကီး အေထာက္အကူေတြရမယ္လို႔ ယံုၾကည္တယ္။အေမရိကန္ကုမၸဏီၾကီးေတြ ျမန္မာျပည္မွာ Investment လုပ္မယ္ဆိုရင္ က်ေနာ္တို႔ဆီက အလုပ္လက္မဲ့ျပႆနာေတြလည္း ေျပလည္သြားမယ္။ ေနာက္တခုက After Pandemic စီးပြားေရး ကပ္ဆိုက္မႈေတြကိုလည္း ျပန္လည္ေကာင္းမြန္လာေအာင္ လုပ္ႏိုင္မယ္လို႔ထင္တယ္။ အခု က်ေနာ္တို႔ ဖေလာ္ရီဒါကအဆံုးအျဖတ္ေပးမယ့္ အၿပိဳင္ Swing State လိုျဖစ္ေနတယ္။ က်ေနာ္တို႔ကေတာ့ ဒီမိုကရက္ Joe Biden နဲ႔Kamala Harris ႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္။"

Kentucky ျပည္နယ္ Union ၿမိဳ႕က အေမရိကန္ေရာက္ျမန္မာတဦးျဖစ္တဲ့ ကိုေအာင္ခ်ိဳဝင္း ကေတာ့ အေမရိကန္ေရာက္ ေရႊ႕ေျပာင္းသူေတြအေရး တရားမွ်တမႈရွိတဲ့ အခြင့္အေရးေပးႏုိင္တဲ့ အစိုးရတရပ္ေပၚေပါက္ဖို႔ လိုလားၿပီး အေမရိကန္ေရြးေကာက္ပြဲကို ပဋိပကၡမရွိ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အဆံုးသတ္ေစခ်င္သူပါ။

"က်ေနာ္ကေတာ့ အေမရိကန္ေတြ ရဲ႕ ႏုိင္ငံေရးေရြးေကာက္ပြဲ အေျပာင္းအလဲျဖစ္လို႔ရွိရင္ အေျပာင္းအလဲကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ပဲ ျဖစ္ေစခ်င္တာေပါ့။ ျမန္မာျပည္အတြက္လည္း အေမရိကန္ဘက္က Support လုပ္ေပးနုိင္မယ့္ ၿငိမ္းခ်မ္္းျခင္းမ်ိဳး ျဖစ္ေစခ်င္တယ္။ ေနာက္ ျဖစ္ေစခ်င္တာက- ဒီကအေမရိကန္ေရာက္ လူေတြအတြက္လည္း သက္ေတာင့္သက္သာျဖစ္တဲ့ စည္းမ်ဥ္းေတြခ်ေပးတဲ့ အစိုးရျဖစ္ေစခ်င္တယ္။ ေရႊ႕ေျပာင္းအေျခခ်တဲ့ Migrants ေတြအတြက္လည္း ဥပေဒကေတာ့ ဒီႏိုင္ငံအတြင္းမွာေတာ့ ရွိၿပီးသားေလ။ ဒါေပမဲ့ သက္ေတာင့္သက္သာနဲ႔ အဆင္ေျပၿပီးေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အဲ့လိုျဖစ္မယ္ဆို ပိုေကာင္းတာေပါ့။"

ဒီကေန႔မွာ အေမရိကန္တို႔ ေရြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးနဲ႔ ပဋိပကၡေတြမျဖစ္ေစေရး၊ လံုျခံဳေရး အျပည့္အဝခ် ထားခ်ိန္ -အေမရိကန္တဝန္းမွာ ရွိေနၾကတဲ့ ျမန္မာေတြ လံုျခံဳေရးအထူးသတိထားၾကပါလုိ႔ နယူးေယာက္ၿမိဳ႕က ရဲလုံျခံဳေရး တာဝန္ယူခဲ့သူ ကိုမိုက္ကယ္ေက်ာ္သူက သတိေပးပါတယ္။

Maryland ျပည္နယ္ montgomery ခရိုင္ရွိ မဲရံုတခု၏ ျမင္ကြင္း။ (ႏိုဝင္ဘာလ ၀၃၊ ၂၀၂၀)
Maryland ျပည္နယ္ montgomery ခရိုင္ရွိ မဲရံုတခု၏ ျမင္ကြင္း။ (ႏိုဝင္ဘာလ ၀၃၊ ၂၀၂၀)

"က်ေနာ့္အေနနဲ႔ အၾကံျပဳလိုတာကေတာ့ အေမရိကန္က ျမန္မာေတြအေနနဲ႔ မနက္ျဖန္ကစၿပီး ေသာၾကာေန႔ေလာက္အထိ အသြားအလာ ဆင္ျခင္သင့္တယ္လို႔ထင္တယ္။ အထူးသျဖင့္ ညဘက္ ၈ နာရီ ၉ နာရီေနာက္ပိုင္းမွာ မလိုအပ္ဘဲ အျပင္သြားတာမ်ိဳးေပါ့ေနာ္။ အခု က်ေနာ္တို႔ နယူးေယာက္မွာဆုိလည္း ၿပီးခဲ့တဲ့ရက္ေတြကစၿပီး စတိုးလ္ဆိုင္ေတြမွာ သစ္ျပားဘုတ္ေတြ ကာရံထားတာေတြလုပ္ေနၿပီ။ ပတၱေရာင္ေတြ ပိုၿပီး လွည့္ေပးဖို႔ တာဝန္ေပးထားၾကတယ္။ Election ညနဲ႔ ေနာက္ေန႔ေတြ အတြက္ကို Police Patrol လုပ္ဖို႔ တာဝန္ေတြေပးထားတယ္။ ဒါေၾကာင့္ က်ေနာ့္အေနနဲ႔ အၾကံျပဳလိုတာကေတာ့ ျဖစ္နုိင္ရင္ ညဘက္ေတြ လံုးဝ အျပင္မသြားၾကဖို႔နဲ႔ ေန႔ခင္းဘက္ေတြ အျပင္သြားမယ္ဆိုရင္လည္း ဆႏၵျပမယ့္သူေတြ ရွိေနတဲ့ေနရာေတြနဲ႔ တုိက္ဆိုင္မႈရွိ-မရွိ စစ္ၾကဖို႔ အၾကံျပဳလိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ၿပီးခဲ့တဲ့ အၾကမ္းဖက္မႈျဖစ္စဥ္ေတြမွာ လမ္းသြားရင္းနဲ႔ ကိုယ့္ကားက ဆႏၵျပမႈေတြၾကား ပိတ္မိရာကေန ဖ်က္ဆီးခံရတဲ့အျဖစ္ေတြလည္း ရွိခဲ့တယ္ဆိုေတာ့ အဲ့ဒါတာေလးေတြ သတိထားၾကဖို႔ အၾကံျပဳခ်င္ပါတယ္။"

အေမရိကန္ေရြးေကာက္ပြဲမဲေပးခဲ့ၾကတဲ့ အေမရိကန္ျပည္သူေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ ရလဒ္အေျဖေပးနုိင္မယ့္ အေမရိကန္ေရြးေကာက္ပဲြ မဲေတြကိုေတာ့ ဒီကေန႔ညေန မဲရံုပိတ္ၿပီး စတင္ မဲေရတြက္မွာပါ - ဒါေပမဲ့လည္း ေရြးေကာက္ပဲြ ရလဒ္ကေတာ့ အရင္ကလို ေနာက္တေန႔မနက္ ခ်က္ျခင္းသိႏိုင္ဖို႔ ခဲယဥ္းမယ္လို႔ ေလ့လာသူေတြက ယူဆထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနွယ် အမေရိကန်နိုင်ငံသားတွေ ကန်ရွေးကောက်ပွဲမဲပေး

ဒီကနေ့ ကျင်းပမယ့် ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးကြမယ့် အမေရိကန်နိုင်ငံသားမြန်မာနွယ်ဖွားတွေဘက်က နိုင်ငံ့အပြောင်းအလဲ ဘယ်လောက်မျှော်လင့်ချက်တွေရှိကြလဲ မကြာခင် မဲရလဒ်အဖြေထွက်ပေါ်လာမယ့် ရွေးချယ် တင်မြှောက်ခံရမယ့် အမေရိကန်သမ္မတ အပြောင်းအလဲက အမေရိကန်ပြည်သူတွေ အပါအဝင် ကမ္ဘာနဲ့ မြန်မာအတွက် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါမလဲဆိုတဲ့- အမေရိကန် ရွေးကောက်ပွဲ ကြိုတင်မဲပေးခဲ့သူတွေ ရွေးကောက်ပွဲနေ့မှာ မဲသွားပေးမယ့်သူစတဲ့ အမေရိကန် မြန်မာတွေရဲ့ သဘောထား အမြင်တွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ဆုမွန် စုစည်း တင်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်နေ့ ဒီကနေ့ အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီ မြန်မာနိုင်ငံ စံတော်ချိန် ညနေ ၆နာရီခွဲကစပြီး အမေရိကန်ပြည်ထောင်စုရဲ့ အမေရိကန်သမ္မတကို အမေရိကန်ပြည်သူတွေ မဲပေး ရွေးချယ်မယ့် ရွေးကောက်ပွဲ ကျင်းပနေပါပြီ။ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Chapel Hill မြို့က မြန်မာအမေရိကန် ကိုအောင်သန်းက သူ ဘာကြောင့် ဒီကနေ့ ရွေးကောက်ပွဲနေ့မှာ သူကိုယ်တိုင် မဲရုံအထိ မဲသွားပေးဖို့ ဆုံးဖြတ်ရတာပါလဲ။

"နိုင်ငံသားတယောက်ရဲ့အခွင့်အရေးပေါ့ မိမိကြိုက်နှစ်သက်ရာပါတီကို ရွေးချယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ နိုဝင်ဘာလ ၃ ရက်နေ့မှာ မဲသွားပေးခြင်းအားဖြင့် နိုင်ငံသားတယောက်ရဲ့အခွင့်အရေးဖြစ်တဲ့ အစိုးရတရပ်ပြောင်းလဲဖို့၊ နိုင်ငံသားတွေ အပေါ်မှာ ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရတရပ်ကနေပြီးတော့ တာဝန်ကျေမှု တာဝန်ခံမှုအပေါ်မှာ မိမိရဲ့မဲတပြားက တန်ဖိုးရှိတဲ့အတွက် ကျနော်တို့က သွားရောက်ပြီးတော့ မဲပေးမှာဖြစ်ပါတယ်။

ကျနော်တို့ မဲဆန္ဒရှင်တွေရဲ့ မဲရလဒ်တွေနဲ့ပေါ့... နိုဝင်ဘာလ ၃ ရက်နေ့မှာ ရီပတ်ပလစ်ကန်လား ဒီမိုကရက်လား အစိုးရဖြစ်မယ်။ Trump ဖြစ်ဖြစ်၊ Biden ပဲဖြစ်ဖြစ် မည်သူပဲ သမ္မတဖြစ်ဖြစ်ပေါ့နော် အားလုံးက လက်ခံရတယ်။ အဲ့ဒါက ဒီမိုကရေစီ ရင့်ကျက်တဲ့တိုင်းပြည်တွေရဲ့သဘော သဘာဝပဲ။ ကျနော်ကိုယ်တိုင်က မိမိကြိုက်နှစ်သက်တဲ့ပါတီကို မဲပေးတဲ့အခါမှာ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ လက်ခံမှာပဲ။ ဒါက ဒီကနေ့ အမေရိကန်နိုင်ငံက အစိုးရတရပ်က မည်သူပဲလုပ်လုပ် ပြည်သူတွေအပေါ်မှာ တရားဥပဒေစိုးမိုးမှု ရှိတယ်။ လူသား အခွင့်အရေးတွေကို လေးစားလိုက်နာမှု ရှိတယ်။ ဘာပဲဖြစ်ဖြစ် လူတန်းစားတိုင်းအပေါ် ဥပဒေစိုးမိုးမှုရှိတဲ့အတွက် ကျနော်တို့အတွက်ကတော့ တရားမျှတမှုရှိတဲ့ အစိုးရတရပ် ဘယ်သူပဲတက်လာ၊ တက်လာ အားကောင်းမောင်းသန်နဲ့ တိုင်းပြည်ကို မောင်းနှင်မယ်လို့ယုံကြည်တယ် ဒါကြောင့် မဲပေးတာဖြစ်တယ်။"

Nebraska ပြည်နယ် Omaha မြို့ က အမေရိကန်မြန်မာ ကိုစောညီညီ ကလည်း သူယုံကြည်လက်ခံတဲ့မူဝါဒတွေ နဲ့ ဆောင်ရွက်မှုတွေကို သဘောကျနှစ်သက်တဲ့ပါတီကို ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မဲရုံမှာ သူ ကိုယ်တိုင်မဲသွားပေးမှာပါ။

"ဟုတ်ကဲ့ ကျနော် မဲပေးမှာကတော့ ရီပတ်ပလင်ကန်ကိုပဲ မဲပေးမှာပါ။ အဲ့လိုပဲ ကျနော်စီစဉ်ထားပါတယ်။ ကျနော်က မစ္စတာထရမ့်ကိုပဲ ဆက်လက်ပြီး အနိုင်ရစေချင်ပါတယ်။ ရမယ်လို့လည်း ကျနော်တို့က မျှော်လင့်ထားတယ် ယုံကြည်ထားတယ်။ မစ္စတာထရမ့် တက်လာပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်ရဲ့စီးပွားရေးက အများကြီးပြန်လည် ဦးမော့လာတယ် ဆိုတာ ကျနော်တို့ကိုယ်တိုင်လည်း ခံစားရသလို သူကိုယ်တိုင်လည်း ပြောထားပြီးသားဖြစ်ပါတယ်။ ပြီးတော့ သူ့ကို ကျနော်တို့ ဘာလို့ရွေးချယ်ရသလဲဆိုတော့ သူက အလုပ်မလုပ်ဘဲနဲ့ အိမ်မှာနေပြီးတော့ အစိုးရက ပေးတဲ့ထောက်ပံ့ကြေးနဲ့ ထိုင်စားနေတဲ့သူတွေကို ဒေါ်နယ်ထရမ့်က သိပ်မကြိုက်ဘူး။ ဒါကျနော်တို့ရဲ့အမြင်။ စီးပွားရေးနဲ့ ပတ်သက်ပြီး ဒီအစိုးရကို ကိုင်တွယ်တဲ့နေရာမှာ နိုင်ငံအတွက် သူအကောင်းဆုံး လုပ်ပေးနိုင်တယ်လို့ ကျနော်တို့မြင်သလို ကျနော်တို့ ခရစ်ယာန်ဘာသာဝင် တယောက်အနေနဲ့လည်း Same Marriageကို သူရှုတ်ချတယ်။ ဒါဘာသာရေးအရ ကျနော်တို့လက်ခံတဲ့ အရာဖြစ်တယ်။သူ့ရဲ့ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့အရာတွေက President တယောက်အနေနဲ့ ပုံစံမကျဘူးလို့ပြောကြပေမဲ့ ကျနော်တို့အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါက ပြောတဲ့နေရာမှာ ပြတ်ပြတ်သားသားနဲ့ပြောတဲ့စကားတွေကိုလည်း ကျနော်တို့ကကြိုက်တယ်။ သူသာ ဆက်လက်ပြီးအုပ်ချုပ်မယ်ဆိုရင် ဒီစီးပွားရေးဟာ ပြန်လည်ဦးမော့လာမယ်လို့ ကျနော်တော့ယုံကြည်ပါတယ်။"

Portland ပြည်နယ် Oregon မြို့က မြန်မာနွယ်ဖွား အမေရိကန်တဦးဖြစ်တဲ့ ကိုရှိုင်းဦးကလည်း သူကိုယ်တိုင် ကြိုတင်မဲပေးရွေးချယ်ခဲ့တဲ့ ပါတီကို နိုင်ငံကိုဦးဆောင်စေချင်ပါတယ်။

"ကျနော်ကတော့ မဲပေးပြီးသွားပြီပေါ့နော်။ ကျနော်က ဒီမိုကရက်တစ်ပါတီကို မဲပေးတယ်။ကျနော်က Joe Biden သဘောကျတယ်ပေါ့နော်။ အဓိက Joe Biden ကို သဘောကျရတဲ့အကြောင်းရင်းက ဘာလို့လဲဆိုတော့ အခုသမ္မတ Trump တက်လာပြီနောက်မှာ စီးပွားရေးတွေကို ကျနော်သိပ်မပြောချင်ဘူး။ တိုင်းပြည်က ဘာဖြစ်လာလဲဆိုတော့ အမုန်းတရားတွေဖြစ်လာတယ်ဗျ တိုင်းပြည်က နှစ်ခြမ်းက ကွဲသလို သိသာထင်ရှားမှုတွေ ဖြစ်လာတယ်။ ရီပတ်ပလင်ကန်နဲ့ ဒီမိုကရက် စကားပြောဆွေးနွေးရင်တောင် အရင်လိုသိပ်မဟုတ်တော့ဘူး။ ဒေါသတွေပါလာကြတယ်.. သူတို့တွေကလေ။ တိုင်းပြည်က အဲ့သလိုဖြစ်လာတဲ့အခြေအနေအပေါ် ကျနော်ကတော့ မကြိုက်ဘူးဗျ။ ဥပမာအနေနဲ့ပြောရမယ်ဆို မြန်မာနိုင်ငံလိုဖြစ်နေတာပေါ့ဗျာ။ အမျိုးသားရေးက တအုပ်စု တိုင်းပြည်ကို ခေတ်နဲ့အညီ ပြောင်းလဲချင်တဲ့သူတွေက တအုပ်စုဆိုတာမျိုးပေါ့။ ဒါကြောင့် Joe Bidenကို သမ္မတဖြစ်စေချင်တယ် ဒီလိုနှစ်ခြမ်းကွဲနေတဲ့ ကိစ္စတွေ အမုန်းတရားတွေ ဖြစ်နေတာတွေကို ကိုင်တွယ်နိုင်မယ်လို့ ကျနော်က ယုံကြည်တာဖြစ်တဲ့အတွက် ကျနော်က Joe Biden ကို မဲပေးတာဖြစ်တယ်ဗျ။"

Virginia ျပည္နယ္ Arlington ၿမိဳ႕က မဲရံုတခု၏ ျမင္ကြင္း။ (ေအာက္တိုဘာ ၀၃၊ ၂၀၂၀)
Virginia ျပည္နယ္ Arlington ၿမိဳ႕က မဲရံုတခု၏ ျမင္ကြင္း။ (ေအာက္တိုဘာ ၀၃၊ ၂၀၂၀)

Maryland ပြည်နယ် Abingdon မြို့က ကြိုတင်မဲပေးခဲ့တဲ့ အမေရိကန်မြန်မာတဦးဖြစ်တဲ့ ကိုဝဏ္ဏဝင်းသူကတော့ အခုလက်ရှိ ကမ္ဘာ့ကပ်ရောဂါ COVID 19 ကမ္ဘာတဝန်းဖြစ်နေချိန် အမေရိကန်မှာလည်း လူသိန်းချီထိခိုက်သေဆုံးမှုတွေဖြစ်ရတဲ့ ရောဂါဘေးကို ထိထိရောက်ရောက် ကာကွယ်ဆောင်ရွက်မှုတွေနဲ့ စီမံပေးနိုင်တဲ့အစိုးရသစ်ကို သူက ပိုပြီးတော့ လိုလားပါတယ်။

"ကျနော်ကတော့ Short term အနေနဲ့ မျှော်လင့်တာကတော့ COVID 19 ကို ထိထိရောက်ရောက် Manage လုပ်ဖို့ပေါ့နော်။ ဘယ်သူနိုင်နိုင်၊ နောက်နှစ်တွေမှာ Vaccine ရပြီးတော့ ကျနော်တို့တွေ ကျန်းမာပြီးတော့ ခရီးတွေဘာတွေ ပြန်ထွက်နိုင်အောင် မိသားစုတွေ ပြန်ဆုံနိုင်အောင် ကျနော်က မျှော်လင့်ပါတယ်... ရေတိုပေါ့နော်။ ရေရှည်အတွက်ကိုတော့ Immigration Issue တွေထက်စာရင် ကျနော်က စီးပွားရေးကို ပိုစိတ်ဝင်စားတယ်။ အခုက အမေရိကန်နိုင်ငံက ကမ္ဘာ့နံပတ် (၁) ကနေ တဖြေးဖြေးလျော့ကျသလိုဖြစ်နေတာကိုး နိုင်ငံကို အကောင်းဆုံးဖြစ်အောင် လုပ်စေချင်တယ်။ ဘယ်သမ္မတတက်တက် ဖြစ်ခဲ့သမျှ ကိစ္စတွေကို ပြန်ကုစားဖို့ ပြန်တိုးတက်ဖို့က အချိန်တော့လိုမှာပဲလေ လတ်တလောမှာ မျှော်လင့်တာကတော့ ကျနော်ကတော့ ဘယ်သမ္မတတက်တက် အေးအေးဆေးဆေးနဲ့ပြီးသွားစေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်း တရားမျှတစွာနဲ့ပဲ ပြီးသွားစေချင်တယ်။ အခု ဒီမှာက ဟိုဘက် ဒီဘက် အကြမ်းဖက်တာတွေ Violence တွေနဲ့ ဆိုင်တွေဖျက်ဆီးတာ သေနတ်နဲ့ပစ်တာတွေနဲ့ လူမျိုးရေးအစွန်းရောက်တွေဘက်က အကြမ်းဖက်လာမှာတွေ မဖြစ်စေချင်ဘူး။"

New York မြို့က နည်းပညာပညာရှင် အမေရိကန်မြန်မာ- ကိုမိုက်ကယ်ကျော်သူက အမေရိကန်နိုင်ငံအတွက်ရော မြန်မာအတွက်ပါ ပြောင်းလဲမှုတွေဖြစ်စေဖို့မျှော်လင့်ချက်အပြည့်နဲ့ ဘယ်ပါတီကို မဲပေးဖြစ်ခဲ့သလဲ ဆိုတာပြောပြပါတယ်။

"ကျနော့်မျှော်လင့်ချက်ကတော့ လက်ရှိကိုယ်နေတဲ့တိုင်းပြည် အမေရိကန်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မျှော်လင့်ချက်နဲ့ နောက်တခုက မြန်မာနိုင်ငံရဲ့အရေးမှာလည်း အမေရိကန်ရဲ့အပြောင်းအလဲဖြစ်မှုက နိုင်ငံရေးအရ အကျိုးသက်ရောက်မှုရှိမလဲ ၂ခုပေါ့နော်။ ကျနော်ကတော့ အခုလက်ရှိ အမေရိကန်ရွေးကောက်ပွဲမှာ GOP (Grand Old Party) ရီပတ်ပလင်ကန်ကနေပြီးတော့ နိုင်စေချင်တယ်။ ကျနော်တို့ Principal အရ ကြည့်မယ်ဆိုရင်လက်ရှိ ရီပတ်ပလင်ကန်ပါတီရဲ့ ရပ်တည်မှုအနေအထားက အားလုံးအတွက် အားမျှခြေတခုဖြစ်လာမယ်လို့ မျှော်လင့်ထားတဲ့အတွက်ကြောင့်မို့ ကျနော်က ရီပတ်ပလင်ကန်ကိုပဲ ဒီနှစ် မဲပေးထားပါတယ်။ နောက်တခါ ကျနော်တို့ မြန်မာပြည်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်တခုက ဘာထားလဲဆိုတော့ ကြည့်မယ်ဆို အမေရိကန်ဘက်က ၂၀၁၅ ကနေ ၂၀၂၀ ကြား တော်တော်လေးကို ဖေးဖေးမမ ရှိခဲ့တယ်လို့ပြောလို့ရတယ်။ မြန်မာပြည်နိုင်ငံရေးအတွက်မှာလည်း လက်ရှိသမ္မတ- နောက်ထပ် သက်တမ်း ၄ နှစ်ရှိခြင်းအားဖြင့် မြန်မာပြည်မှာ ပိုမိုကောင်းမွန်တဲ့ စီမံကိန်းတွေ ပေါ်လစီကောင်းတွေ ဖြစ်စေနိုင်မယ်လို့မြင်တယ်။ ဒါကြောင့် လက်ရှိသမ္မတကိုပဲ ကျနော်တို့ ဆက်ရှိနေစေချင်တယ်။ ဒါကြောင့်မို့လို့ ကျနော့်အနေနဲ့ လက်ရှိသမ္မတကိုပဲ မဲပေးခဲ့ပါတယ်။"

ကယ်လီဖိုးနီးယားပြည်နယ် San Francisco မြို့က ကြိုတင်မဲဆန္ဒပေးခဲ့တဲ့ အမေရိကန်မြန်မာ ဦးကိုကိုလေးကလည်း အမေရိကန်အစိုးရ အုပ်ချုပ်မှု အပြောင်းအလဲက မြန်မာနိုင်ငံအပေါ် မူဝါဒရေးရာ အကျိုးသက်ရောက်မှုရှိစေမယ်လို့ မျှော်လင့်ပါတယ်။

"ကျနော်တို့ အမေရိကန်ရဲ့ ရွေးကောက်ပွဲက အပြောင်းအလဲတွေဖြစ်နိုင်ပါတယ်။ The United States မှာရှိတဲ့ အခြေအနေတွေပဲ အပြောင်းအလဲသွားရုံမကဘဲနဲ့ Foreign Policy ပေါ့ တက်တဲ့သမ္မတပေါ်မူတည်ပြီး ပြောင်းလဲသွားတာတွေ ရှိတာပေါ့။ အဲ့အတွက်ကြောင့် မြန်မာပြည်ရေးအတွက် ကောင်းတဲ့ပြောင်းလဲခြင်းမျိုး ဒီမိုကရက်တွေ နိုင်မှဖြစ်မယ်။ Joe Biden တို့ ဒီမိုကရက်တွေ နိုင်မယ်ဆိုရင် ဒီမိုကရက်တွေက နိုင်ငံငယ်တွေရဲ့ Democratization Process တွေကို စိတ်ဝင်စားတယ်။အဲ့တော့ ကျနော်တို့ရဲ့ ကြီးမားတဲ့မျှော်လင့်ချက်ကတော့ ဒီမိုကရက်တစ်ဘက်က Joe Biden နဲ့ Kamala Harris နိုင်ခဲ့မယ်ဆိုရင် ကျနော်တို့ မြန်မာပြည်ရဲ့ Democratization Process ဒီမိုကရေစီအပြောင်းအလဲဖြစ်စဉ် ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကိစ္စတွေအတွက် Development ကိစ္စတွေ ကျနော်တို့အတွက် နိုင်ငံရေးအရ အများကြီး အထောက်အကူတွေရမယ်လို့ ယုံကြည်တယ်။အမေရိကန်ကုမ္ပဏီကြီးတွေ မြန်မာပြည်မှာ Investment လုပ်မယ်ဆိုရင် ကျနော်တို့ဆီက အလုပ်လက်မဲ့ပြဿနာတွေလည်း ပြေလည်သွားမယ်။ နောက်တခုက After Pandemic စီးပွားရေး ကပ်ဆိုက်မှုတွေကိုလည်း ပြန်လည်ကောင်းမွန်လာအောင် လုပ်နိုင်မယ်လို့ထင်တယ်။ အခု ကျနော်တို့ ဖလော်ရီဒါကအဆုံးအဖြတ်ပေးမယ့် အပြိုင် Swing State လိုဖြစ်နေတယ်။ ကျနော်တို့ကတော့ ဒီမိုကရက် Joe Biden နဲ့Kamala Harris နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။"

Kentucky ပြည်နယ် Union မြို့က အမေရိကန်ရောက်မြန်မာတဦးဖြစ်တဲ့ ကိုအောင်ချိုဝင်း ကတော့ အမေရိကန်ရောက် ရွှေ့ပြောင်းသူတွေအရေး တရားမျှတမှုရှိတဲ့ အခွင့်အရေးပေးနိုင်တဲ့ အစိုးရတရပ်ပေါ်ပေါက်ဖို့ လိုလားပြီး အမေရိကန်ရွေးကောက်ပွဲကို ပဋိပက္ခမရှိ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်စေချင်သူပါ။

"ကျနော်ကတော့ အမေရိကန်တွေ ရဲ့ နိုင်ငံရေးရွေးကောက်ပွဲ အပြောင်းအလဲဖြစ်လို့ရှိရင် အပြောင်းအလဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဖြစ်စေချင်တာပေါ့။ မြန်မာပြည်အတွက်လည်း အမေရိကန်ဘက်က Support လုပ်ပေးနိုင်မယ့် ငြိမ်းချမ်းခြင်းမျိုး ဖြစ်စေချင်တယ်။ နောက် ဖြစ်စေချင်တာက- ဒီကအမေရိကန်ရောက် လူတွေအတွက်လည်း သက်တောင့်သက်သာဖြစ်တဲ့ စည်းမျဉ်းတွေချပေးတဲ့ အစိုးရဖြစ်စေချင်တယ်။ ရွှေ့ပြောင်းအခြေချတဲ့ Migrants တွေအတွက်လည်း ဥပဒေကတော့ ဒီနိုင်ငံအတွင်းမှာတော့ ရှိပြီးသားလေ။ ဒါပေမဲ့ သက်တောင့်သက်သာနဲ့ အဆင်ပြေပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အဲ့လိုဖြစ်မယ်ဆို ပိုကောင်းတာပေါ့။"

ဒီကနေ့မှာ အမေရိကန်တို့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ ပဋိပက္ခတွေမဖြစ်စေရေး၊ လုံခြုံရေး အပြည့်အဝချ ထားချိန် -အမေရိကန်တဝန်းမှာ ရှိနေကြတဲ့ မြန်မာတွေ လုံခြုံရေးအထူးသတိထားကြပါလို့ နယူးယောက်မြို့က ရဲလုံခြုံရေး တာဝန်ယူခဲ့သူ ကိုမိုက်ကယ်ကျော်သူက သတိပေးပါတယ်။

Maryland ျပည္နယ္ montgomery ခရိုင္ရွိ မဲရံုတခု၏ ျမင္ကြင္း။ (ႏိုဝင္ဘာလ ၀၃၊ ၂၀၂၀)
Maryland ျပည္နယ္ montgomery ခရိုင္ရွိ မဲရံုတခု၏ ျမင္ကြင္း။ (ႏိုဝင္ဘာလ ၀၃၊ ၂၀၂၀)

ဒီကနေ့မှာ အမေရိကန်တို့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ ပဋိပက္ခတွေမဖြစ်စေရေး၊ လုံခြုံရေး အပြည့်အဝချ ထားချိန် -အမေရိကန်တဝန်းမှာ ရှိနေကြတဲ့ မြန်မာတွေ လုံခြုံရေးအထူးသတိထားကြပါလို့ နယူးယောက်မြို့က ရဲလုံခြုံရေး တာဝန်ယူခဲ့သူ ကိုမိုက်ကယ်ကျော်သူက သတိပေးပါတယ်။

"ကျနော့်အနေနဲ့ အကြံပြုလိုတာကတော့ အမေရိကန်က မြန်မာတွေအနေနဲ့ မနက်ဖြန်ကစပြီး သောကြာနေ့လောက်အထိ အသွားအလာ ဆင်ခြင်သင့်တယ်လို့ထင်တယ်။ အထူးသဖြင့် ညဘက် ၈ နာရီ ၉ နာရီနောက်ပိုင်းမှာ မလိုအပ်ဘဲ အပြင်သွားတာမျိုးပေါ့နော်။ အခု ကျနော်တို့ နယူးယောက်မှာဆိုလည်း ပြီးခဲ့တဲ့ရက်တွေကစပြီး စတိုးလ်ဆိုင်တွေမှာ သစ်ပြားဘုတ်တွေ ကာရံထားတာတွေလုပ်နေပြီ။ ပတ္တရောင်တွေ ပိုပြီး လှည့်ပေးဖို့ တာဝန်ပေးထားကြတယ်။ Election ညနဲ့ နောက်နေ့တွေ အတွက်ကို Police Patrol လုပ်ဖို့ တာဝန်တွေပေးထားတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ အကြံပြုလိုတာကတော့ ဖြစ်နိုင်ရင် ညဘက်တွေ လုံးဝ အပြင်မသွားကြဖို့နဲ့ နေ့ခင်းဘက်တွေ အပြင်သွားမယ်ဆိုရင်လည်း ဆန္ဒပြမယ့်သူတွေ ရှိနေတဲ့နေရာတွေနဲ့ တိုက်ဆိုင်မှုရှိ-မရှိ စစ်ကြဖို့ အကြံပြုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ လမ်းသွားရင်းနဲ့ ကိုယ့်ကားက ဆန္ဒပြမှုတွေကြား ပိတ်မိရာကနေ ဖျက်ဆီးခံရတဲ့အဖြစ်တွေလည်း ရှိခဲ့တယ်ဆိုတော့ အဲ့ဒါတာလေးတွေ သတိထားကြဖို့ အကြံပြုချင်ပါတယ်။"

အမေရိကန်ရွေးကောက်ပွဲမဲပေးခဲ့ကြတဲ့ အမေရိကန်ပြည်သူတွေ စောင့်မျှော်နေကြတဲ့ ရလဒ်အဖြေပေးနိုင်မယ့် အမေရိကန်ရွေးကောက်ပွဲ မဲတွေကိုတော့ ဒီကနေ့ညနေ မဲရုံပိတ်ပြီး စတင် မဲရေတွက်မှာပါ - ဒါပေမဲ့လည်း ရွေးကောက်ပွဲ ရလဒ်ကတော့ အရင်ကလို နောက်တနေ့မနက် ချက်ခြင်းသိနိုင်ဖို့ ခဲယဉ်းမယ်လို့ လေ့လာသူတွေက ယူဆထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG