သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနောက်ရက် မဲရေတွက်မှု အကြမ်းဖက်မှုတွေ ရှိလာနိုင် Trump သတိပေး


Washington မြို့တော်ရှိ အိမ်ဖြူတော်မှာ တွေ့ရတဲ့ အမေရိကန်သမ္မတ Donald Trump။ (နိုဝင်ဘာ ၀၃၊ ၂၀၂၀)
Washington မြို့တော်ရှိ အိမ်ဖြူတော်မှာ တွေ့ရတဲ့ အမေရိကန်သမ္မတ Donald Trump။ (နိုဝင်ဘာ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က Pennsylvania ပြည်နယ်မှာ ရွေးကောက်ပွဲနေ့ နောက်ပိုင်းအထိ ရောက်လာတဲ့မဲတွေကို ဆက်လက်ရေတွက်ခွင့်ပြုထားတာကြောင့် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သမ္မတ Donald Trump က နောက်ဆုံးမဲဆွယ်ပွဲနေ့က သတိပေးခဲ့ပါတယ်။

စာတိုက်ကနေ ပို့တဲ့မဲတွေကို ရွေးကောက်ပွဲနေ့ကျော် ရက်တော်တော်ကြာတဲ့အထိ ဆက်လက်လက်ခံရေတွက်မယ့်ကိစ္စကြောင့် မဲခိုးမှုတွေဖြစ်အောင် ခွင့်ပြုရာရောက်သလို၊ အကြမ်းဖက်မှုတွေဖြစ်လာလိမ့်မယ်လို့ မနေ့က နောက်ဆုံးမဲဆွယ်ပွဲနေ့မှာ သမ္မတက Twitter ပေါ်မှာ ရေးသားခဲ့တာပါ။

ကြိုတင် သဘောထား စစ်တမ်းတွေအရ Pennsylvania ပြည်နယ်မှာ ပြိုင်ဘက် Joe Biden က သမ္မတ Trump ထက် ထောက်ခံမှု အနည်းငယ် ပိုရထားပါတယ်။ အဲဒီလို စာတိုက်ကပို့တဲ့ မဲတွေနဲ့ပတ်သက်ပြီး သမ္မတ ရေးသားတဲ့ Post အောက်မှာ ဒီအချက်တွေက ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် အထင်မှားစေတယ်လို့ Twitter ကဖော်ပြခဲ့ပါတယ်။ လမ်းတွေပေါ် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သမ္မတ Trump သတိပေးတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက Joe Biden ကိုမေးမြန်းရာမှာ သူ့အနေနဲ့ ဒီအပေါ် တစုံတရာ မတုံ့ပြန်ဘဲ၊ လူတွေအများကြီး မဲလာပေးကြတဲ့ ရိုးသား ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ မေ ျှာ်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲနောက်ရက် မဲရေတွက်မှု အကြမ်းဖက်မှုတွေ ရှိလာနိုင် Trump သတိပေး
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]



စာတိုကျကနေ ပို့တဲ့မဲတှကေို ရှေးကောကျပှဲနေ့ကြောျ ရကျတောျတောျကွာတဲ့အထိ ဆကျလကျလကျခံရတှေကျမယ့ျကိစ်စကွောင့ျ မဲခိုးမှုတှဖွေဈအောငျ ခှင့ျပွုရာရောကျသလို၊ အကွမျးဖကျမှုတှဖွေဈလာလိမ့ျမယျလို့ မနေ့က နောကျဆုံးမဲဆှယျပှဲနေ့မှာ သမ်မတက Twitter ပေါျမှာ ရေးသားခဲ့တာပါ။


XS
SM
MD
LG