သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေရြးေကာက္ပဲြတရက္အလို မစ္ခ်ီဂန္ျပည္နယ္ သမၼတ Trump မဲဆြယ္မည္


အေမရိကန္ သမၼတ Donald Trump ကို Georgia ျပည္နယ္ Rome ၿမိဳ႕မွာ ေတြ႔ရ။ (ႏိုဝင္ဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ၁ ရက္သာလိုေတာ့တဲ့ တနလၤာေန႔မွာ သမၼတ Donald Trump ဟာ Michigan ျပည္နယ္ထဲက ေနရာ ၂ ခုကို သြားေရာက္ မဲဆြယ္ဖုိ႔ ႐ွိပါတယ္။ ၂၀၁၆ ေ႐ြးေကာက္ပြဲမဲဆြယ္ခဲ့သလိုပဲ Conservative ေတြအမ်ားစု႐ွိတဲ့ ျပည္နယ္အေနာက္ပိုင္းက Grand Rapids ၿမိဳ႕မွာ လုပ္မယ့္ မဲဆြယ္ပြဲနဲ႔ သမၼတရဲ႕ မဲဆြယ္စည္း႐ံုးမႈေတြကို အဆံုးသတ္မွာျဖစ္ပါတယ္။

တနဂၤေႏြေန႔တုန္းကေတာ့ သမၼတ Trump ေရာ Democratic ပါတီၿပိဳင္ဖက္ Joe Biden ပါ ေ႐ြးေကာက္ပဲြႏိုင္ဖုိ႔ အေရးပါတဲ့ ျပည္နယ္ေတြကို သြားေရာက္ၿပီး မဲဆြယ္ခဲ့ၾကပါတယ္။ Michigan, Iowa, ေျမာက္ Carolina, Georgia နဲ႔ Florida စတဲ့ ျပည္နယ္ ၅ ခုကို သမၼတ Trump သြားေရာက္ မဲဆြယ္ပါတယ္။ စာတိုက္ကေနေပးပို႔တဲ့ ႀကိဳတင္မဲေတြကို ျပည္နယ္တခ်ဳိ႕မွာ ေ႐ြးေကာက္ပြဲေန႔ ေနာက္ပိုင္းအထိ လက္ခံေရတြက္ခြင့္ျပဳထားတဲ့အေပၚ Iowa ျပည္နယ္မဲဆြယ္ပြဲမွာ သမၼတက ထပ္မံ ေဝဖန္ခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲက်င္းပတဲ့ ႏိုဝင္ဘာ ၃ ရက္ေန႔ညမွာ ရလဒ္သိသင့္တယ္လို႔ သမၼတက စည္း႐ံုးမဲဆြယ္ပြဲမွာ ေျပာၾကားသြားတာျဖစ္ပါတယ္။ ဥေရာပမွာ COVID ကပ္ေရာဂါထိန္းခ်ဳပ္ဖို႔ lockdown ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္ေနတာဟာ သိပ္ကို ျပင္းထန္လြန္းတယ္လို႔ Michigan ျပည္နယ္မဲဆြယ္ပြဲမွာ သမၼတ Trump ကေျပာၾကားခဲ့သလို အေမရိကန္မွာ စီးပြားလုပ္ငန္းေတြကို ဖြင့္ထားေပးမယ္ဆိုတာကို ထပ္မံဂတိျပဳခဲ့ပါတယ္။ အႀကိတ္အနယ္ျဖစ္မယ့္ Pennsylvania ျပည္နယ္ထဲမွာ တနဂၤေႏြေန႔ တေန႔လံုး မဲဆြယ္စည္း႐ံုးခဲ့တဲ့ Democratic ပါတီသမၼတေလာင္း Joe Biden ကေတာ့ COVID ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ Trump အစိုးရရဲ႕ ကိုင္တြယ္ပံုေတြကို ေဝဖန္ခဲ့ၿပီး Trump ဟာ virus ျဖစ္တယ္လို႔ ရည္ၫႊန္းေျပာၾကားခဲ့ပါတယ္။

ဒီေန႔မွာေတာ့ ၂၀၁၆ ေ႐ြးေကာက္ပြဲတုန္းက Trump ကပ္ၿပီးအႏုိင္ရခဲ့တဲ့ Ohio ျပည္နယ္ကို ဒုသမၼတေဟာင္း Joe Biden သြားေရာက္ မဲဆြယ္မွာျဖစ္ပါတယ္။ တနဂၤေႏြေန႔အထိ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပးသူ ၉၃ သန္းေက်ာ္႐ွိၿပီး ဒါဟာ ၂၀၁၆ ေ႐ြးေကာက္ပြဲမွာ မဲေပးခဲ့သူ စုစုေပါင္းရဲ႕ ၃ ပံု ၂ ပံုေလာက္ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်ရွေးကောက်ပွဲတရက်အလို မစ်ချီဂန်ပြည်နယ် သမ္မတ Trump မဲဆွယ်မည်

အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ ၁ ရက်သာလိုတော့တဲ့ တနင်္လာနေ့မှာ သမ္မတ Donald Trump ဟာ Michigan ပြည်နယ်ထဲက နေရာ ၂ ခုကို သွားရောက် မဲဆွယ်ဖို့ ရှိပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲမဲဆွယ်ခဲ့သလိုပဲ Conservative တွေအများစုရှိတဲ့ ပြည်နယ်အနောက်ပိုင်းက Grand Rapids မြို့မှာ လုပ်မယ့် မဲဆွယ်ပွဲနဲ့ သမ္မတရဲ့ မဲဆွယ်စည်းရုံးမှုတွေကို အဆုံးသတ်မှာဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ သမ္မတ Trump ရော Democratic ပါတီပြိုင်ဖက် Joe Biden ပါ ရွေးကောက်ပွဲနိုင်ဖို့ အရေးပါတဲ့ ပြည်နယ်တွေကို သွားရောက်ပြီး မဲဆွယ်ခဲ့ကြပါတယ်။ Michigan, Iowa, မြောက် Carolina, Georgia နဲ့ Florida စတဲ့ ပြည်နယ် ၅ ခုကို သမ္မတ Trump သွားရောက် မဲဆွယ်ပါတယ်။ စာတိုက်ကနေပေးပို့တဲ့ ကြိုတင်မဲတွေကို ပြည်နယ်တချို့မှာ ရွေးကောက်ပွဲနေ့ နောက်ပိုင်းအထိ လက်ခံရေတွက်ခွင့်ပြုထားတဲ့အပေါ် Iowa ပြည်နယ်မဲဆွယ်ပွဲမှာ သမ္မတက ထပ်မံ ဝေဖန်ခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၃ ရက်နေ့ညမှာ ရလဒ်သိသင့်တယ်လို့ သမ္မတက စည်းရုံးမဲဆွယ်ပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။ ဥရောပမှာ COVID ကပ်ရောဂါထိန်းချုပ်ဖို့ lockdown ကန့်သတ်ချက်တွေ ထုတ်ပြန်နေတာဟာ သိပ်ကို ပြင်းထန်လွန်းတယ်လို့ Michigan ပြည်နယ်မဲဆွယ်ပွဲမှာ သမ္မတ Trump ကပြောကြားခဲ့သလို အမေရိကန်မှာ စီးပွားလုပ်ငန်းတွေကို ဖွင့်ထားပေးမယ်ဆိုတာကို ထပ်မံဂတိပြုခဲ့ပါတယ်။ အကြိတ်အနယ်ဖြစ်မယ့် Pennsylvania ပြည်နယ်ထဲမှာ တနင်္ဂနွေနေ့ တနေ့လုံး မဲဆွယ်စည်းရုံးခဲ့တဲ့ Democratic ပါတီသမ္မတလောင်း Joe Biden ကတော့ COVID ကပ်ရောဂါနဲ့ ပတ်သက်လို့ Trump အစိုးရရဲ့ ကိုင်တွယ်ပုံတွေကို ဝေဖန်ခဲ့ပြီး Trump ဟာ virus ဖြစ်တယ်လို့ ရည်ညွှန်းပြောကြားခဲ့ပါတယ်။

ဒီနေ့မှာတော့ ၂၀၁၆ ရွေးကောက်ပွဲတုန်းက Trump ကပ်ပြီးအနိုင်ရခဲ့တဲ့ Ohio ပြည်နယ်ကို ဒုသမ္မတဟောင်း Joe Biden သွားရောက် မဲဆွယ်မှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့အထိ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူ ၉၃ သန်းကျော်ရှိပြီး ဒါဟာ ၂၀၁၆ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူ စုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံလောက်ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG