သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေရြးေကာက္ပဲြ ႏွစ္ရက္အလို သမၼတေလာင္းႏွစ္ဦး အၿပိဳင္အဆိုင္မဲဆြယ္


အၿပိဳင္အဆုိင္ မဲဆြယ္ေနတဲ့ သမၼတ Donald Trump နဲ႔ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း Joe Biden.

(Zawgyi / Unicode)

အေမရိကန္သမၼတေရြးေကာက္ပဲြ က်င္းပဖို႔ ရက္ပိုင္းပဲ လုိေတာ့တဲ့အခ်ိန္မွာ သမၼတ Donald Trump နဲ႔ ဒီမုိကရက္တစ္ပါတီ သမၼတေလာင္း Joe Biden တုိ႔ ႏွစ္ေယာက္ဟာ ေရြးေကာက္ပဲြအတြက္ အႀကိတ္အနယ္ျဖစ္ေနတဲ့ ျပည္နယ္ေတြကို သြားေရာက္ၿပီးေတာ့ မဲဆြယ္ခဲ့ၾကပါတယ္။

သမၼတ Trump ကေတာ့ မေန႔ စေနေန႔က ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ကို သြားေရာက္ခဲ့ၿပီး ဒု-သမၼတေဟာင္း Joe Biden ကေတာ့ မီရွီဂန္ျပည္နယ္မွာ သမၼတေဟာင္း Barack Obama နဲ႔အတူ မဲဆြယ္ခဲ့တာပါ။ ဒါဟာ သမၼတေလာင္း Joe Biden အေနနဲ႔ သမၼတေဟာင္း Obama နဲ႔ အတူတဲြၿပီး ပထမဆုံးအႀကိမ္ မဲဆြယ္တာျဖစ္ပါတယ္။

သမၼတ Trump ဟာ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ေရြးေကာက္ပဲြမွာ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ကို အႏုိင္ရခဲ့ေပမယ့္ အခုႏွစ္ လူထုစစ္တမ္းေတြမွာေတာ့ Joe Biden က သူ႔ထက္ အနည္းငယ္ အသာစီးရေနပါတယ္။

ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ ေရြးေကာက္ပဲြ တာဝန္ရွိသူေတြက ႀကိဳတင္မဲေတြကို လက္ခံဖို႔အတြက္ ၃ ရက္ ထပ္တုိးလိုက္တာကို တားဆီးဖို႔ ရီပတ္ဘလစ္ကန္ေတြဘက္က ႀကိဳးပမ္းမႈကို အေမရိကန္တရား႐ုံးခ်ဳပ္က လက္မခံဘဲ ပယ္ခ်လိုက္တဲ့အေပၚမွာ သမၼတ Trump က နယူးေတာင္းၿမိဳ႕မွာ ေဝဖန္လိုက္ပါတယ္။

“ဒါက အေမရိကန္ တရား႐ုံးခ်ဳပ္အေနနဲ႔ က်ေနာ္တုိ႔ႏုိင္ငံကို ေတာ္ေတာ္ကို ဆုိးဆုိးရြားရြား လုပ္ေဆာင္လုိက္တာျဖစ္ပါတယ္။ ဘယ္သူႏုိင္လဲဆုိတာကို က်ေနာ္တုိ႔ သိဖို႔လိုပါတယ္” လုိ႔ သမၼတ Trump ေျပာသြားခဲ့တာပါ။

ဒီမုိကရက္တစ္ပါတီ သမၼတေလာင္း Joe Biden နဲ႔ သမၼတေဟာင္း Barack Obama တုိ႔ကေတာ့ မီရွီဂန္ျပည္နယ္ ဖလင့္တ္နဲ႔ ဒက္ထ႐ြိဳက္ၿမိဳ႕ေတြကို သြားေရာက္ခဲ့ၾကၿပီး ကပ္ေရာဂါအေပၚမွာ သမၼတ Trump ကိုင္တြယ္ေဆာင္ရြက္ပုံေတြကို ေဝဖန္လိုက္ပါတယ္။

“က်ေနာ္တုိ႔အေနနဲ႔ ဒီဗုိင္းရပ္စ္ကို ႏုိင္ေအာင္တုိက္ၿပီး ထိန္းခ်ဳပ္ႏုိင္ဖို႔ လုပ္သြားမွာျဖစ္ၿပီး ဒါကိုလုပ္ဖို႔ ပထမအဆင့္ကေတာ့ Donald Trump ကုိ ႏုိင္ဖို႔ျဖစ္တယ္” လို႔ Joe Biden က ေျပာလိုက္တာျဖစ္ပါတယ္။

ေလာေလာဆယ္ တႏုိင္ငံလုံး အတုိင္းအတာနဲ႔ ေကာက္ထားတဲ့ လူထုစစ္တမ္းေတြမွာေတာ့ Joe Biden က သမၼတ Trump ထက္ လူထုေထာက္ခံမႈ ၇ ရာခုိင္ႏႈန္းကေန ၈ ရာခုိင္ႏႈန္းေလာက္ အသာရထားတယ္လို႔ ေဖာ္ျပေနပါတယ္။ မေန႔ကအထိေတာ့ အေမရိကန္ႏုိင္ငံတဝန္းမွာ ႀကိဳတင္မဲေပးထားသူ ၉၂ သန္း ေက်ာ္သြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ကန်ရွေးကောက်ပွဲ နှစ်ရက်အလို သမ္မတလောင်းနှစ်ဦး အပြိုင်အဆိုင်မဲဆွယ်

အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden တို့ နှစ်ယောက်ဟာ ရွေးကောက်ပွဲအတွက် အကြိတ်အနယ်ဖြစ်နေတဲ့ ပြည်နယ်တွေကို သွားရောက်ပြီးတော့ မဲဆွယ်ခဲ့ကြပါတယ်။

သမ္မတ Trump ကတော့ မနေ့ စနေနေ့က ပန်ဆယ်လ်ဗေးနီးယားပြည်နယ်ကို သွားရောက်ခဲ့ပြီး ဒု-သမ္မတဟောင်း Joe Biden ကတော့ မီရှီဂန်ပြည်နယ်မှာ သမ္မတဟောင်း Barack Obama နဲ့အတူ မဲဆွယ်ခဲ့တာပါ။ ဒါဟာ သမ္မတလောင်း Joe Biden အနေနဲ့ သမ္မတဟောင်း Obama နဲ့ အတူတွဲပြီး ပထမဆုံးအကြိမ် မဲဆွယ်တာဖြစ်ပါတယ်။

သမ္မတ Trump ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်ကို အနိုင်ရခဲ့ပေမယ့် အခုနှစ် လူထုစစ်တမ်းတွေမှာတော့ Joe Biden က သူ့ထက် အနည်းငယ် အသာစီးရနေပါတယ်။

ပန်ဆယ်လ်ဗေးနီးယားပြည်နယ် ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ကြိုတင်မဲတွေကို လက်ခံဖို့အတွက် ၃ ရက် ထပ်တိုးလိုက်တာကို တားဆီးဖို့ ရီပတ်ဘလစ်ကန်တွေဘက်က ကြိုးပမ်းမှုကို အမေရိကန်တရားရုံးချုပ်က လက်မခံဘဲ ပယ်ချလိုက်တဲ့အပေါ်မှာ သမ္မတ Trump က နယူးတောင်းမြို့မှာ ဝေဖန်လိုက်ပါတယ်။

“ဒါက အမေရိကန် တရားရုံးချုပ်အနေနဲ့ ကျနော်တို့နိုင်ငံကို တော်တော်ကို ဆိုးဆိုးရွားရွား လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ ဘယ်သူနိုင်လဲဆိုတာကို ကျနော်တို့ သိဖို့လိုပါတယ်” လို့ သမ္မတ Trump ပြောသွားခဲ့တာပါ။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden နဲ့ သမ္မတဟောင်း Barack Obama တို့ကတော့ မီရှီဂန်ပြည်နယ် ဖလင့်တ်နဲ့ ဒက်ထရွိုက်မြို့တွေကို သွားရောက်ခဲ့ကြပြီး ကပ်ရောဂါအပေါ်မှာ သမ္မတ Trump ကိုင်တွယ်ဆောင်ရွက်ပုံတွေကို ဝေဖန်လိုက်ပါတယ်။

“ကျနော်တို့အနေနဲ့ ဒီဗိုင်းရပ်စ်ကို နိုင်အောင်တိုက်ပြီး ထိန်းချုပ်နိုင်ဖို့ လုပ်သွားမှာဖြစ်ပြီး ဒါကိုလုပ်ဖို့ ပထမအဆင့်ကတော့ Donald Trump ကို နိုင်ဖို့ဖြစ်တယ်” လို့ Joe Biden က ပြောလိုက်တာဖြစ်ပါတယ်။

လောလောဆယ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ထားတဲ့ လူထုစစ်တမ်းတွေမှာတော့ Joe Biden က သမ္မတ Trump ထက် လူထုထောက်ခံမှု ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက် အသာရထားတယ်လို့ ဖော်ပြနေပါတယ်။ မနေ့ကအထိတော့ အမေရိကန်နိုင်ငံတဝန်းမှာ ကြိုတင်မဲပေးထားသူ ၉၂ သန်း ကျော်သွားပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG