သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Biden အကြိတ်အနယ် ပြိုင်ရမယ့် ပြည်နယ်တွေမှာ ဆက်လက်မဲဆွယ် 


Trump in Michigan, Biden in Iowa October 30 2020
Trump in Michigan, Biden in Iowa October 30 2020

(Zawgyi/Unicode)

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့ချိန်မှာ ရီပတ်ဘလစ်ကင်ပါတီက သမ္မတဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒင်တို့ဟာ သူတို့အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အနောက်အလယ်ပိုင်း ပြည်နယ် ၄ ခုမှာ အပြိုင်မဲဆွယ် နေကြပါတယ်။

သောကြာနေ့မှာ သမ္မတထရမ့်က Michigan, Minnesota နဲ့ Wisconsin ပြည်နယ်တွေကို သွားရောက်နေသလို ဂျိုးဘိုင်ဒင်ကလည်း Minnesota, Wisconsin နဲ့ Iowa ပြည်နယ်တွေမှာ မဲဆွယ်ပွဲတွေ ကျင်းပနေတာပါ။

Michigan ပြည်နယ်မှာ electoral votes လို့ခေါ်တဲ့ ကိုယ်စားလှယ်မဲ ၁၆ မဲ ရှိသလို Minnesota နဲ့ Wisconsin ပြည်နယ်တွေမှာ ၁၀ မဲစီနဲ့ Iowa မှာတော့ ၆ မဲရှိတဲ့ အတွက် ဒီမဲတွေရဖို့ ၂ ဦးစလုံး ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ကတော့ ၂၀၁၆ မှာ သမ္မတထရမ့် အနိုင်ရခဲ့တဲ့ ဖလော်ရီဒါမှာ ပါတီ ၂ ရပ်စလုံးက မဲဆွယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဖလော်ရီဒါမှာ ဒီမိုကရက် အထိမ်းအမှတ် အပြာရောင် နယ်မြေ ဖြစ်သွားရင် သူနိုင်ပြီလို့ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သလို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွါးနေတဲ့ ကြားက လူအများအပြား တက်ရောက်တဲ့ လူထုစုဝေးပွဲတွေ လုပ်နေတဲ့ သမ္မတ ထရမ့်ကို ဝေဖန်ခဲ့ပါတယ်။ ဒီလူထုစုဝေးပွဲတက်ရောက်သူ အများစုဟာ နှာခေါင်းစည်း မတပ်ကြတဲ့ အတွက် ဒီပွဲတွေဟာ ဒီရောဂါ အထူးပြန့်ပွားစေတဲ့ ပွဲတွေလို့လည်း ပြောပါတယ်။

သမ္မတထရမ့်ကတော့ ဖလော်ရီဒါပြည်နယ် Tampa မှာ ကျင်းပတဲ့ လူထုစုဝေးပွဲကို တက်ရောက် လာတဲ့ လူအုပ်ကြီးကိုမိန့်ခွန်းပြောခဲ့ပြီး နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲနေ့ ကျရင် ရီပတ်ဘလစ်ကင်တွေရဲ့ အထိမ်းအမှတ် အနီရောင် က လွှမ်းခြုံသွားလိမ့်မယ်လို့ ဟောကိန်း ထပ်ထုတ်ခဲ့တာပါ။ အမေရိကန်နိုင်ငံအတွက် COVID-19 ကာကွယ်ဆေးဟာလည်း သီတင်းပတ် အနည်းငယ် အတွင်းမှာ ရဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ electoral votes ခေါ်ကိုယ်စားလှယ်မဲက ၂၉ မဲရှိတဲ့ အတွက် ပြိုင်ဘက် ၂ ဦးအတွက် လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ အတွက် ဒီပြည်နယ်က သိပ်အရေးပါ နေတာဖြစ်ပြီး ၁၉၉၆ ခုနှစ်ကစပြီး ဖလော်ရီဒါပြည်နယ်မှာ အနိုင်ရသူဟာ အမေရိကန် သမ္မတဖြစ်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


..........


(Unicode)







XS
SM
MD
LG