သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲရက္ပိုင္းအလို ကန္သမၼတေလာင္းႏွစ္ဦး အျပင္းအထန္မဲဆြယ္


အေမရိကန္ သမၼတ Donald Trump (ယာ) နဲ႔ ဒီမိုကရက္တစ္သမၼတေလာင္း Joe Biden (ဝဲ)။

[Zawgyi/Unicode]

အေမရိကန္သမၼတေရြးေကာက္ပဲြ က်င္းပဖို႔ ရက္ပိုင္းပဲ လိုေတာ့တဲ့အခ်ိန္မွာ သမၼတေလာင္း ႏွစ္ ေယာက္ဟာ အေမရိကန္ႏုိင္ငံ အေနာက္အလယ္ပိုင္းက အႀကိတ္အနယ္ျဖစ္ေနတဲ့ ျပည္နယ္ေတြမွာ မဲဆြယ္စည္း႐ုံဖို႔အတြက္ အာ႐ုံစိုက္လုပ္လာေနၾကပါတယ္။

လက္ရွိသမၼတ ေဒၚနယ္လ္ထရမ့္က Michigan, Minnesota နဲ႔ Wisconsin ျပည္နယ္ေတြမွာ မဲဆြယ္စည္း႐ုံးသြားမွာျဖစ္ၿပီး ဒီမိုကရက္တစ္သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္ကေတာ့ Minnesota, Winconsin နဲ႔ Iowa ျပည္နယ္ေတြမွာ မဲဆြယ္စည္း႐ုံးေရးေတြ လုပ္သြားမွာျဖစ္ပါတယ္။ Michigan ျပည္နယ္က ကိုယ္စားလွယ္မဲ ၁၆ မဲ ရွိၿပီး Minnesota နဲ႔ Wisconsin ျပည္နယ္ေတြက ကိုယ္စားလွယ္မဲ ၁၀၊ Iowa က ၆ မဲ ျဖစ္ပါတယ္။

မေန႔ၾကာသပေတးေန႔ကေတာ့ သမၼတေလာင္း ႏွစ္ ေယာက္ဟာ အေရွ႕ေတာင္ပိုင္းက ဖေလာ္ရီဒါျပည္နယ္မွာ မဲဆြယ္စည္း႐ုံးခဲ့ၾကပါတယ္။ ဂ်ိဳးဘိုင္ဒန္ကေတာ့ တကယ္လို႔ ဖေလာ္ရီဒါျပည္နယ္မွာသာ သူအနုိင္ရမယ္ဆုိရင္ ေရြးေကာက္ပဲြႏုိင္ၿပီပဲလို႔ ေျပာပါတယ္။ သမၼတထရမ့္ဟာ ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါျဖစ္ေနခ်ိန္အတြင္း လူထုစုေ၀းပဲြေတြကို လူအေျမာက္အမ်ားနဲ႔ လုပ္ေဆာင္ၿပီး အဲဒီမွာ တက္ေရာက္လာတဲ့သူေတြကလည္း ႏွာေခါင္စည္းေတြမတပ္ၾကတဲ့အတြက္ ဒါဟာ ဗုိင္းရပ္စ္ အႀကီးအက်ယ္ကူးစက္ပ်ံ႕ႏွံ႔ေစတဲ့ပဲြေတြ ျဖစ္တယ္လို႔ ဂ်ိဳးဘိုင္ဒန္က ေ၀ဖန္ုပါတယ္။

သမၼတထရမ့္ကေတာ့ Tampa ၿမိဳ႕ အားကစားကြင္း ကားရပ္နားတဲ့ေနရာမွာ သူ႔ကို ေထာက္ခံသူေတြကို မိန္႔ခြန္းေျပာၾကားခဲ့ၿပီး လာမယ့္ ႏုိ၀င္ဘာ ၃ ရက္ေန႔မွာ ရီပတ္ဘလစ္ကန္ေတြ အုံနဲ႔က်င္းနဲ႔ ထြက္မဲေပးၿပီးေတာ့ အနီေရာင္လႈိင္းလုံးႀကီးေတြ ဖုံးအုပ္သြားမွာျဖစ္တယ္လို႔ေျပာပါတယ္။ က်ေနာ္တုိ႔ ဒီေရြးေကာက္ပဲြကို အႀကီးအက်ယ္အနုိင္ရမွာ ခင္ဗ်ားတုိ႔ ေစာင့္ၾကည့္ဆုိၿပီး သမၼတထရမ့္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲရက်ပိုင်းအလို ကန်သမ္မတလောင်းနှစ်ဦး အပြင်းအထန်မဲဆွယ်

အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ သမ္မတလောင်း နှစ် ယောက်ဟာ အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းက အကြိတ်အနယ်ဖြစ်နေတဲ့ ပြည်နယ်တွေမှာ မဲဆွယ်စည်းရုံဖို့အတွက် အာရုံစိုက်လုပ်လာနေကြပါတယ်။

လက်ရှိသမ္မတ ဒေါ်နယ်လ်ထရမ့်က Michigan, Minnesota နဲ့ Wisconsin ပြည်နယ်တွေမှာ မဲဆွယ်စည်းရုံးသွားမှာဖြစ်ပြီး ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်ကတော့ Minnesota, Winconsin နဲ့ Iowa ပြည်နယ်တွေမှာ မဲဆွယ်စည်းရုံးရေးတွေ လုပ်သွားမှာဖြစ်ပါတယ်။ Michigan ပြည်နယ်က ကိုယ်စားလှယ်မဲ ၁၆ မဲ ရှိပြီး Minnesota နဲ့ Wisconsin ပြည်နယ်တွေက ကိုယ်စားလှယ်မဲ ၁၀၊ Iowa က ၆ မဲ ဖြစ်ပါတယ်။

မနေ့ကြာသပတေးနေ့ကတော့ သမ္မတလောင်း နှစ် ယောက်ဟာ အရှေ့တောင်ပိုင်းက ဖလော်ရီဒါပြည်နယ်မှာ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။ ဂျိုးဘိုင်ဒန်ကတော့ တကယ်လို့ ဖလော်ရီဒါပြည်နယ်မှာသာ သူအနိုင်ရမယ်ဆိုရင် ရွေးကောက်ပွဲနိုင်ပြီပဲလို့ ပြောပါတယ်။ သမ္မတထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်နေချိန်အတွင်း လူထုစုဝေးပွဲတွေကို လူအမြောက်အများနဲ့ လုပ်ဆောင်ပြီး အဲဒီမှာ တက်ရောက်လာတဲ့သူတွေကလည်း နှာခေါင်စည်းတွေမတပ်ကြတဲ့အတွက် ဒါဟာ ဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်ပျံ့နှံ့စေတဲ့ပွဲတွေ ဖြစ်တယ်လို့ ဂျိုးဘိုင်ဒန်က ဝေဖန်ုပါတယ်။

သမ္မတထရမ့်ကတော့ Tampa မြို့ အားကစားကွင်း ကားရပ်နားတဲ့နေရာမှာ သူ့ကို ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားခဲ့ပြီး လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ရီပတ်ဘလစ်ကန်တွေ အုံနဲ့ကျင်းနဲ့ ထွက်မဲပေးပြီးတော့ အနီရောင်လှိုင်းလုံးကြီးတွေ ဖုံးအုပ်သွားမှာဖြစ်တယ်လို့ပြောပါတယ်။ ကျနော်တို့ ဒီရွေးကောက်ပွဲကို အကြီးအကျယ်အနိုင်ရမှာ ခင်ဗျားတို့ စောင့်ကြည့်ဆိုပြီး သမ္မတထရမ့်က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG