(Zawgyi / Unicode)
ႏုိဝင္ဘာ ၃ ရက္၊ အဂၤါေန႔ အေမရိကန္သမၼတေရြးေကာက္ပဲြ မတိုင္ခင္ေလးမွာပဲ သမၼတ Donald Trump နဲ႔ ဒီမိုုကရက္သမၼတေလာင္း Joe Biden တုိ႔ဟာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရမယ့္ ျပည္နယ္ေတြမွာ ဒီကေန႔ မဲဆြယ္ပြဲေတြ လုပ္ဖုိ႔ရွိပါတယ္။
သမၼတ Trump က ပန္ဆယ္လ္ေဗးနီးယားျပည္နယ္မွာ မဲဆြယ္မွာျဖစ္ၿပီး ဒုသမၼတေဟာင္း Biden က မီရွီဂန္ျပည္နယ္မွာ မဲဆြယ္မွာပါ။
စေနေန႔မဲဆြယ္ပြဲေတြမွာ သမၼတေဟာင္း Barack Obama လည္း ပထမဆံုးအႀကိမ္အျဖစ္ မစၥတာ Biden နဲ႔ အတူတြဲၿပီး ပါဝင္မွာျဖစ္ပါတယ္။ မီရွီဂန္ျပည္နယ္ ႏွစ္ရက္ၾကာ မဲဆြယ္ပြဲအတြက္ Mr. Biden နဲ႔ သမၼတေဟာင္း Obama တို႔ဟာ Flint နဲ႔ Detroit ၿမိဳ႕ေတြကို ဒီကေန႔ အရင္ဆံုးသြားၾကမွာပါ။
ကားေတြေပၚမွာပဲေနၿပီး ပါဝင္ၾကရမယ့္ Detroit ၿမိဳ႕ မဲဆြယ္ပြဲမွာ နာမည္ေက်ာ္အဆိုေတာ္ Stevie Wonder လည္း ပါဝင္ပါမယ္။ Stevie Wonder ဟာ သမၼတေဟာင္း Obama ရဲ႕ ၂၀၀၈ နဲ႔ ၂၀၁၂ ခုႏွစ္ မဲဆြယ္ပြဲေတြ၊ ႏုိင္ငံျခားေရးဝန္ႀကီးေဟာင္း Hillary Clinton ရဲ႕ ၂၀၁၆ မဲဆြယ္ပြဲေတြ အပါအဝင္ ဒီမိုကရက္ပါတီရဲ႕ပြဲေတြမွာ အရင္တုန္းကလည္း ပါဝင္သီဆို ေဖ်ာ္ေျဖဖူးပါတယ္။
သမၼတ Trump ကေတာ့ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္တဝန္း မဲဆြယ္ပြဲေလးခု ဒီကေန႔လုပ္ဖို႔ စီစဥ္ထားပါတယ္။ ၂၀၁၆ ခုႏွစ္ ေရြးေကာက္ပြဲတုန္းက ပန္ဆယ္လ္ေဗးနီးယားမွာ မဲအနည္းငယ္အသာနဲ႔ သမၼတ Trump အႏုိင္ရခဲ့တာပါ။ လက္ရွိ လူထုစစ္တမ္းေတြမွာေတာ့ Mr. Biden က အနည္းငယ္ အသာရေနပါတယ္။
ေရြးေကာက္ပြဲလုပ္မယ့္ ႏုိဝင္ဘာလ ၃ ရက္ေန႔ညမွာ ဘယ္လိုအစီအစဥ္ေတြ ရွိတယ္ဆိုတာ မဆံုးျဖတ္ရေသးဘူးလို႔ သမၼတ Trump က ေသာၾကာေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။
ဝါရွင္တန္ဒီစီိၿမိဳ႕ေတာ္က Trump အျပည္ျပည္ဆိုုင္ရာဟုိတယ္မွာ လုပ္မယ့္ ပြဲတပြဲကို တက္မယ့္အစီအစဥ္ သမၼတ Trump က ဖ်က္လိုက္ၿပီလို႔ The New York Times သတင္းစာက ေရးခဲ့ၿပီးတဲ့ေနာက္ သမၼတ Trump က အဲဒီလိုေျပာတာ ျဖစ္ပါတယ္။
------------------------
(Unicode)
ကန်သမ္မတကိုယ်စားလှယ်လောင်း ၂ ဦး စနေနေ့ မဲဆွယ်လှုပ်ရှား
နိုဝင်ဘာ ၃ ရက်၊ အင်္ဂါနေ့ အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်ခင်လေးမှာပဲ သမ္မတ Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Joe Biden တို့ဟာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ ဒီကနေ့ မဲဆွယ်ပွဲတွေ လုပ်ဖို့ရှိပါတယ်။
သမ္မတ Trump က ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ မဲဆွယ်မှာဖြစ်ပြီး ဒုသမ္မတဟောင်း Biden က မီရှီဂန်ပြည်နယ်မှာ မဲဆွယ်မှာပါ။
စနေနေ့မဲဆွယ်ပွဲတွေမှာ သမ္မတဟောင်း Barack Obama လည်း ပထမဆုံးအကြိမ်အဖြစ် မစ္စတာ Biden နဲ့ အတူတွဲပြီး ပါဝင်မှာဖြစ်ပါတယ်။ မီရှီဂန်ပြည်နယ် နှစ်ရက်ကြာ မဲဆွယ်ပွဲအတွက် Mr. Biden နဲ့ သမ္မတဟောင်း Obama တို့ဟာ Flint နဲ့ Detroit မြို့တွေကို ဒီကနေ့ အရင်ဆုံးသွားကြမှာပါ။
ကားတွေပေါ်မှာပဲနေပြီး ပါဝင်ကြရမယ့် Detroit မြို့ မဲဆွယ်ပွဲမှာ နာမည်ကျော်အဆိုတော် Stevie Wonder လည်း ပါဝင်ပါမယ်။ Stevie Wonder ဟာ သမ္မတဟောင်း Obama ရဲ့ ၂၀၀၈ နဲ့ ၂၀၁၂ ခုနှစ် မဲဆွယ်ပွဲတွေ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ရဲ့ ၂၀၁၆ မဲဆွယ်ပွဲတွေ အပါအဝင် ဒီမိုကရက်ပါတီရဲ့ပွဲတွေမှာ အရင်တုန်းကလည်း ပါဝင်သီဆို ဖျော်ဖြေဖူးပါတယ်။
သမ္မတ Trump ကတော့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်တဝန်း မဲဆွယ်ပွဲလေးခု ဒီကနေ့လုပ်ဖို့ စီစဉ်ထားပါတယ်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတုန်းက ပန်ဆယ်လ်ဗေးနီးယားမှာ မဲအနည်းငယ်အသာနဲ့ သမ္မတ Trump အနိုင်ရခဲ့တာပါ။ လက်ရှိ လူထုစစ်တမ်းတွေမှာတော့ Mr. Biden က အနည်းငယ် အသာရနေပါတယ်။
ရွေးကောက်ပွဲလုပ်မယ့် နိုဝင်ဘာလ ၃ ရက်နေ့ညမှာ ဘယ်လိုအစီအစဉ်တွေ ရှိတယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သမ္မတ Trump က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်က Trump အပြည်ပြည်ဆိုင်ရာဟိုတယ်မှာ လုပ်မယ့် ပွဲတပွဲကို တက်မယ့်အစီအစဉ် သမ္မတ Trump က ဖျက်လိုက်ပြီလို့ The New York Times သတင်းစာက ရေးခဲ့ပြီးတဲ့နောက် သမ္မတ Trump က အဲဒီလိုပြောတာ ဖြစ်ပါတယ်။