(Zawgyi/Unicode)
သမၼတေရြးေကာက္ပဲြ က်င္းပဖို႔ သံုးရက္သာ လိုေတာ့တဲ့ အေမရိကန္ျပည္ေထာင္စုမွာ ႀကိဳတင္မဲေပးသူအေရအတြက္ စုစုေပါင္း ၈၅ သန္းေက်ာ္ရွိသြားပါၿပီ။ ျပည္နယ္အသီးသီးမွာရွိေနတဲ့ ျမန္မာႏြယ္ဖြားအမ်ားအျပားလည္း ႀကိဳတင္မဲေတြ ေပးခဲ့ၾကတယ္လို႔ ဗီြအိုေအက စံုစမ္းသိရွိရပါတယ္။
ဒီတႀကိမ္ သမၼတေရြးေကာက္ပဲြမွာ အေမရိကန္ျပည္သူေတြ ဘာေၾကာင့္ ဆႏၵမဲေတြေပးဖို႔ စိတ္အားထက္သန္ေနၾကသလဲ။ မအင္ၾကင္းႏိုင္က တင္ျပထားပါတယ္။
တကၠဆက္ျပည္နယ္မွာဆိုရင္ ႀကိဳတင္မဲေပးတဲ့ အေရအတြက္ဟာ ၂၀၁၆ခုႏွစ္ သမၼတေရြးေကာက္ပဲြမွာ စုစုေပါင္း မဲေပးခဲ့တဲ့ အေရအတြက္ထက္ ေက်ာ္လြန္ေနၿပီး လက္ရွိ စာရင္းအရ ၉သန္းေက်ာ္သြားၿပီလို႔ ျပည္နယ္အစိုးရ ထိပ္တန္းတာ၀န္ရွိသူတဦးက ေသာၾကာေန႔က ေၾကညာခဲ့ပါတယ္။ ဒါအျပင္ ဒီတႀကိမ္ေရြးေကာက္ပဲြမွာ အသက္အရြယ္ ငယ္သူေတြသာမကအသက္ႀကီးသူေတြပါ လူေပါင္း သန္းနဲ႔ခ်ီၿပီး တက္တက္ၾကြၾကြနဲ႔ ပါ၀င္မဲထည့္ၾကတာကို ေတြ႕ျမင္ေနရတယ္လုိ႔ အေမရိကန္ သတင္းဌာနေတြက ေဖၚျပခဲ့ၾကပါတယ္။ စာတိုက္ကေန ႀကိဳတင္မဲေပးသူေတြလည္းရွိသလို၊ သက္ဆိုင္ရာ မဲဆႏၵနယ္ေျမေတြမွာ လူကိုယ္တိုင္ မဲထည့္ၾကသူေတြလည္းရွိပါတယ္။
နယူးေရာက္ျပည္နယ္မွာႀကိဳတင္မဲေတြ ေပးခဲ့ၾကသူေတြထဲပါ၀င္တဲ့ နယူးေရာက္ၿမိဳ႕က ျမန္မာ့အေရးတက္ၾကြလႈပ္ရွားသူ ကိုမိုးခ်မ္းကေတာ့ သူဘာေၾကာင့္ ႀကိဳတင္မဲ ေပးခဲ့သလဲဆိုတာကို အခုလို ဗီြအိုေအကိုေျပာပါတယ္။
"အဓိကကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ ကပ္ေရာဂါေပါ့ဗ်ာ၊ ကိုဗစ္ကိစၥလို႔ပဲ အဓိကေျပာရမွာေပါ့။ ႏို၀င္ဘာလ (၃) ရက္ေန႔မွာ လုပ္မယ့္ေရြးေကာက္ပဲြက တရက္တည္းပဲဆိုေတာ့၊ ပံုမွန္အားျဖင့္ တရက္ပဲ ဆိုေတာ့၊ လူေတြအားလံုးက မဲရံုေတြမွာ ၿပံဳေနမွာေလ။ ေနာက္ၿပီး ေျခာက္ေပခြာရမယ္ဆိုတဲ့ စည္းကမ္းခ်က္ေတြရွိေနတဲ့ အခါက်ေတာ့၊ ဘယ္လိုနည္းနဲ႔မွ တရက္တည္း မၿပီးႏိုင္ဘူး။ အဲဒီအခ်ိန္က်ေတာ့ က်ေနာ္တို႔ မဲမေပးလိုက္ရမွာလည္း စိုးရိမ္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ႀကိဳတင္မဲ ေပးရတာပါ။
ေမး။။ ဘာေၾကာင့္ မဲ မေပးလိုက္ရမွာကို စိုးရိမ္ရတာလဲရွင့္။
ေျဖ။။ ဘာေၾကာင့္လဲ ဆိုေတာ့ ဒီတေခါက္က ေတာ္ေတာ္ေလး အေရးႀကီးတယ္။ ကပ္ေရာဂါ ျဖစ္တဲ့ တၿပိဳင္နက္တည္းမွာပဲ လက္ရွိရွိေနတဲ့ သမၼတက က်ေနာ္အျမင္မွာေတာ့ အရမ္းကို ဖရိုဖရဲႏိုင္တယ္။ ကိုဗစ္ကို ႏိုင္ႏိုင္နင္းနင္းနဲ႔ မထိန္းသိမ္းတဲ့ အတြက္ေၾကာင့္၊ ေနာက္ ဒီိပိုးသည္ တရုတ္ျပည္ကလာတယ္လို႔ သူက စြပ္စဲြတယ္။ တၿပိဳင္နက္တည္းမွာပဲ တျခားႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ တရုတ္ျပည္ကလာတယ္ဆိုၿပီး တခ်ိန္လံုး ထိုင္ေအာ္ေနၾကတာမဟုတ္ဘူး။ ကိုယ့္တိုင္းျပည္ကို ကိုယ္ကာကြယ္ေနၾကတာေတြ ျမင္ေတြ႕ရလိမ့္မယ္။ ဒါေပမဲ့ ဒီသမၼတက အဲဒီလို လုပ္တာမေတြ႔ရဘူး။
အလားတူ ေမရီလန္းျပည္နယ္မွာ ေနထုိင္တဲ့ ကခ်င္ႏြယ္ဖြား Gun San Nsang ကလည္း သူ႔မိသားစု၀င္ေတာ္ေတာ္မ်ား ႀကိဳတင္မဲေပးခဲ့ၾကေၾကာင္း အခုလိုေျပာပါတယ္။
” က်ေနာ္တို႔ ေဆြမ်ဳိးေတြ၊ မိသားစုေတြ ထဲမွာ ေတာ္ေတာ္မ်ားမ်ားက ႀကိဳတင္မဲကို စာတိုက္ကေန ပို႔ၾကတာေပါ့ေနာ္။ ဒါေပမဲ့ က်ေနာ္ကေတာ့ မဲရံုမွာ ကိုယ္တိုင္ပဲ မဲသြားထည့္မယ္။”
၂၀၂၀ ႏို၀င္ဘာ သမၼတေရြးေကာက္ပဲြအတြက္ အေမရိကန္ျပည္သူေတြ ဘာေၾကာင့္ တက္တက္ၾကြၾကြနဲ႔ မဲထည့္ေနၾကသလဲဆိုတဲ့ ေမးခြန္းကိုေတာ့-
”အဓိကကေတာ့ ကိုဗစ္ကာလမွာ သမၼတရဲ႕ စြမ္းေဆာင္မႈကို တခ်ဳိ႕က ေက်နပ္သလို၊ တခ်ဳိ႕ကလည္း အင္မတန္ မေက်မနပ္ျဖစ္ေနၾကပါတယ္။ တကယ္ကို အေမရိကန္ႏိုင္ငံက ကိုယ္ႀကိဳက္တဲ့ ပါတီဘက္ကို စဲြစဲြၿမဲၿမဲျဖစ္တာကိုေတာ့ ျမင္ေနရတယ္။ အဲေတာ့ ဒီႏွစ္ကေတာ့ မဲေပးမယ့္သူ အင္မတန္ ကိုမ်ားတဲ့ အဆင့္ေရာက္သြားတယ္ခင္ဗ်။”
သမၼတ Trump နဲ႔ ဒီမိုကရက္ သမၼတေလာင္း Joe Biden တို႔ႏွစ္ဦးလံုးကေတာ့ မေန႔ ေသာၾကာေန႔က သူတို႔အႀကိတ္အနယ္ယွဥ္ၿပိဳင္ရမယ့္ အေနာက္အလယ္ပိုင္း ျပည္နယ္ေတြမွာ အၿပိဳင္အဆိုင္မဲဆြယ္စည္းရံုးေနၾကပါတယ္။
သမၼတ Turmp အေနနဲ႔ ပထမတႀကိမ္က အလြယ္တကူ အႏိုင္ရခဲ့တဲ့ ျပည္နယ္တခ်ဳိ႕မွာ ဒီတႀကိမ္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရဖို႔ရွိေနၿပီး မီခ်ီဂန္၊ မင္နီဆိုးတားနဲ႔ Wisconsin ေတြကို သြားေရာက္ မဲဆြယ္ဖို႔ ရွိေနပါတယ္။ ဒီမိုကရက္သမၼတေလာင္း Joe Biden ကေတာ့ ေသာၾကာေန႔က အိုင္အို၀ါျပည္နယ္ မွာ ေရာက္ရွိ မဲဆြယ္စည္းရံုးေနပါတယ္။
...............
ကန် ရွေးကောက်ပွဲအတွက် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေရဲ့ ကြိုတင်မဲပေး
(Unicode)
သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ သုံးရက်သာ လိုတော့တဲ့ အမေရိကန်ပြည်ထောင်စုမှာ ကြိုတင်မဲပေးသူအရေအတွက် စုစုပေါင်း ၈၅ သန်းကျော်ရှိသွားပါပြီ။ ပြည်နယ်အသီးသီးမှာရှိနေတဲ့ မြန်မာနွယ်ဖွားအများအပြားလည်း ကြိုတင်မဲတွေ ပေးခဲ့ကြတယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။
ဒီတကြိမ် သမ္မတရွေးကောက်ပွဲမှာ အမေရိကန်ပြည်သူတွေ ဘာကြောင့် ဆန္ဒမဲတွေပေးဖို့ စိတ်အားထက်သန်နေကြသလဲ။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
တက္ကဆက်ပြည်နယ်မှာဆိုရင် ကြိုတင်မဲပေးတဲ့ အရေအတွက်ဟာ ၂၀၁၆ခုနှစ် သမ္မတရွေးကောက်ပွဲမှာ စုစုပေါင်း မဲပေးခဲ့တဲ့ အရေအတွက်ထက် ကျော်လွန်နေပြီး လက်ရှိ စာရင်းအရ ၉သန်းကျော်သွားပြီလို့ ပြည်နယ်အစိုးရ ထိပ်တန်းတာဝန်ရှိသူတဦးက သောကြာနေ့က ကြေညာခဲ့ပါတယ်။ ဒါအပြင် ဒီတကြိမ်ရွေးကောက်ပွဲမှာ အသက်အရွယ် ငယ်သူတွေသာမကအသက်ကြီးသူတွေပါ လူပေါင်း သန်းနဲ့ချီပြီး တက်တက်ကြွကြွနဲ့ ပါဝင်မဲထည့်ကြတာကို တွေ့မြင်နေရတယ်လို့ အမေရိကန် သတင်းဌာနတွေက ဖေါ်ပြခဲ့ကြပါတယ်။ စာတိုက်ကနေ ကြိုတင်မဲပေးသူတွေလည်းရှိသလို၊ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေမှာ လူကိုယ်တိုင် မဲထည့်ကြသူတွေလည်းရှိပါတယ်။
နယူးရောက်ပြည်နယ်မှာကြိုတင်မဲတွေ ပေးခဲ့ကြသူတွေထဲပါဝင်တဲ့ နယူးရောက်မြို့က မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုမိုးချမ်းကတော့ သူဘာကြောင့် ကြိုတင်မဲ ပေးခဲ့သလဲဆိုတာကို အခုလို ဗွီအိုအေကိုပြောပါတယ်။
"အဓိကကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ရောဂါပေါ့ဗျာ၊ ကိုဗစ်ကိစ္စလို့ပဲ အဓိကပြောရမှာပေါ့။ နိုဝင်ဘာလ (၃) ရက်နေ့မှာ လုပ်မယ့်ရွေးကောက်ပွဲက တရက်တည်းပဲဆိုတော့၊ ပုံမှန်အားဖြင့် တရက်ပဲ ဆိုတော့၊ လူတွေအားလုံးက မဲရုံတွေမှာ ပြုံနေမှာလေ။ နောက်ပြီး ခြောက်ပေခွာရမယ်ဆိုတဲ့ စည်းကမ်းချက်တွေရှိနေတဲ့ အခါကျတော့၊ ဘယ်လိုနည်းနဲ့မှ တရက်တည်း မပြီးနိုင်ဘူး။ အဲဒီအချိန်ကျတော့ ကျနော်တို့ မဲမပေးလိုက်ရမှာလည်း စိုးရိမ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ကြိုတင်မဲ ပေးရတာပါ။
မေး။။ ဘာကြောင့် မဲ မပေးလိုက်ရမှာကို စိုးရိမ်ရတာလဲရှင့်။
ဖြေ။။ ဘာကြောင့်လဲ ဆိုတော့ ဒီတခေါက်က တော်တော်လေး အရေးကြီးတယ်။ ကပ်ရောဂါ ဖြစ်တဲ့ တပြိုင်နက်တည်းမှာပဲ လက်ရှိရှိနေတဲ့ သမ္မတက ကျနော်အမြင်မှာတော့ အရမ်းကို ဖရိုဖရဲနိုင်တယ်။ ကိုဗစ်ကို နိုင်နိုင်နင်းနင်းနဲ့ မထိန်းသိမ်းတဲ့ အတွက်ကြောင့်၊ နောက် ဒီပိုးသည် တရုတ်ပြည်ကလာတယ်လို့ သူက စွပ်စွဲတယ်။ တပြိုင်နက်တည်းမှာပဲ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် တရုတ်ပြည်ကလာတယ်ဆိုပြီး တချိန်လုံး ထိုင်အော်နေကြတာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ်ကာကွယ်နေကြတာတွေ မြင်တွေ့ရလိမ့်မယ်။ ဒါပေမဲ့ ဒီသမ္မတက အဲဒီလို လုပ်တာမတွေ့ရဘူး။
အလားတူ မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ ကချင်နွယ်ဖွား Gun San Nsang ကလည်း သူ့မိသားစုဝင်တော်တော်များ ကြိုတင်မဲပေးခဲ့ကြကြောင်း အခုလိုပြောပါတယ်။
” ကျနော်တို့ ဆွေမျိုးတွေ၊ မိသားစုတွေ ထဲမှာ တော်တော်များများက ကြိုတင်မဲကို စာတိုက်ကနေ ပို့ကြတာပေါ့နော်။ ဒါပေမဲ့ ကျနော်ကတော့ မဲရုံမှာ ကိုယ်တိုင်ပဲ မဲသွားထည့်မယ်။”
၂၀၂၀ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲအတွက် အမေရိကန်ပြည်သူတွေ ဘာကြောင့် တက်တက်ကြွကြွနဲ့ မဲထည့်နေကြသလဲဆိုတဲ့ မေးခွန်းကိုတော့-
”အဓိကကတော့ ကိုဗစ်ကာလမှာ သမ္မတရဲ့ စွမ်းဆောင်မှုကို တချို့က ကျေနပ်သလို၊ တချို့ကလည်း အင်မတန် မကျေမနပ်ဖြစ်နေကြပါတယ်။ တကယ်ကို အမေရိကန်နိုင်ငံက ကိုယ်ကြိုက်တဲ့ ပါတီဘက်ကို စွဲစွဲမြဲမြဲဖြစ်တာကိုတော့ မြင်နေရတယ်။ အဲတော့ ဒီနှစ်ကတော့ မဲပေးမယ့်သူ အင်မတန် ကိုများတဲ့ အဆင့်ရောက်သွားတယ်ခင်ဗျ။”
သမ္မတ Trump နဲ့ ဒီမိုကရက် သမ္မတလောင်း Joe Biden တို့နှစ်ဦးလုံးကတော့ မနေ့ သောကြာနေ့က သူတို့အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် အနောက်အလယ်ပိုင်း ပြည်နယ်တွေမှာ အပြိုင်အဆိုင်မဲဆွယ်စည်းရုံးနေကြပါတယ်။
သမ္မတ Turmp အနေနဲ့ ပထမတကြိမ်က အလွယ်တကူ အနိုင်ရခဲ့တဲ့ ပြည်နယ်တချို့မှာ ဒီတကြိမ် အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ရှိနေပြီး မီချီဂန်၊ မင်နီဆိုးတားနဲ့ Wisconsin တွေကို သွားရောက် မဲဆွယ်ဖို့ ရှိနေပါတယ်။ ဒီမိုကရက်သမ္မတလောင်း Joe Biden ကတော့ သောကြာနေ့က အိုင်အိုဝါပြည်နယ် မှာ ရောက်ရှိ မဲဆွယ်စည်းရုံးနေပါတယ်။