သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲအလွန် ဥပဒေကြောင်း ငြင်းခုံမှုများ တိုးလာနိုင်


အမေရိကန် သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း Joe Biden. (အောက်တိုဘာ ၂၂၊ ၂၀၂၀)
အမေရိကန် သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း Joe Biden. (အောက်တိုဘာ ၂၂၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၃ ရက်ပဲလိုတော့ပြီး သမ္မတ Donald Trump နဲ့ ဒီမိုကရက် သမ္မတလောင်း Joe Biden တို့ကြား ဘယ်သူအနိုင်ရတယ်ဆိုတာ ရွေးကောက်ပွဲနေ့ မဲရုံတွေအားလုံး ပိတ်သွားပြီးတဲ့နောက် ညဘက်မှာ ချက်ချင်းအဖြေထွက်မယ့် အလားအလာ မရှိပါဘူး။

သူတို့နှစ်ယောက်ထဲက တယောက် ပြတ်ပြတ်သားသား အနိုင်ရမလား ဆိုတာကလည်း မသေချာလှပါဘူး။

တနိုင်ငံလုံးကောက်ယူတဲ့ လူထုသဘောထား စစ်တမ်းတွေမှာ ဒုသမ္မတဟောင်း Biden က သမ္မတ Trump ထက် ပျမ်းမျှခြင်း ၈ ရာခိုင်နှုန်းပတ်ဝန်းကျင် ထောက်ခံမှု ပိုရနေပေမယ့် အပြင်းအထန် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာတော့ ထောက်ခံမှုအသာရတာက ရာခိုင်နှုန်းအနည်းငယ်ပဲ ရှိပါတော့တယ်။

တနိုင်ငံလုံး မဲအရေအတွက်နဲ့ တိုက်ရိုက်ရွေးချယ်တာမျိုး မဟုတ်တဲ့ အမေရိကန် ရွေးကောက်ပွဲစနစ်မှာ အပြင်းအထန် ယှဉ်ပြိုင်ရတဲ့ ပြည်နယ်မဲတွေက ရွေးကောက်ပွဲရလဒ် အဆုံးအဖြတ်ပေးရာမှာ အခရာကျပါတယ်။

ဒီအခြေအနေကြောင့် ဆန္ဒမဲတွေအားလုံးကို တရားဝင်ရေတွက်ပြီး အတည်ပြုပြီးချိန်ထိ ရွေးကောက်ပွဲရလဒ်ကို ကြေညာဖို့ နှောင့်နှေးမယ့် အလားအလာ ရှိနေပါတယ်။

သမ္မတ Trump ဒါမှမဟုတ် Mr. Biden တယောက်ယောက်ရတဲ့ မဲအရေအတွက်က သိသိသာသာ ကွာခြားမယ်ဆိုရင်တော့ ဘယ်သူအနိုင်ရတယ် ဆိုတာကို သေချာပေါက် ကြေညာနိုင်မှာပါ။

အဲဒီလိုမဟုတ်ဘဲ တချို့ပြည်နယ်တွေမှာ နှစ်ယောက်ကြား မဲအရေအတွက် သိပ်မကွာဘူးဆိုရင် ဆန္ဒမဲတွေကို ပြန်ရေတွက်ရနိုင်ခြေရှိသလို ဥပဒေကြောင်းအရ တရားစွဲဆိုတာတွေလည်း ရှိလာနိုင်ပါတယ်။ အဲဒီလို တရားစွဲဆိုတာတွေ ပြီးပြတ်ဖို့အတွက် အချိန်အကြာကြီး မဟုတ်ဘူးဆိုရင်တောင် သီတင်းပတ် အတော်ကြာနိုင်ပါတယ်။

အခုလက်ရှိမှာကိုပဲ စာတိုက်ကမဲပေးတာနဲ့ ကိုဗစ်ကပ်ရောဂါကာလ တခြားစည်းကမ်းတွေနဲ့ ပတ်သက်လို့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် နှစ်ဖက်လုံးက ရှေ့နေတွေ တရားစွဲဆိုထားတာ ရာပေါင်းများစွာ ရှိနေပြီးတော့ အမေရိကန် ရွေးကောက်ပွဲသမိုင်းမှာ တရားစွဲဆိုမှုအများဆုံး ရွေးကောက်ပွဲကာလအဖြစ် မှတ်တမ်းဝင်နေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)


အမရေိကနျသမ်မတရှေးကောကျပှဲ ကငြျးပဖို့ ၃ ရကျပဲလိုတော့ပွီး သမ်မတ Donald Trump နဲ့ ဒီမိုကရကျ သမ်မတလောငျး Joe Biden တို့ကွား ဘယျသူအနိုငျရတယျဆိုတာ ရှေးကောကျပှဲနေ့ မဲရုံတှအေားလုံး ပိတျသှားပွီးတဲ့နောကျ ညဘကျမှာ ခကြျခငြျးအဖွထှေကျမယ့ျ အလားအလာ မရှိပါဘူး။








XS
SM
MD
LG