သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ ရွေးကောက်ပွဲ ဥရောပ စောင့်ကြည့်အဖွဲ့ အကဲခတ်မည်


အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် Oklahoma မှာ ကြိုတင်မဲပေးဖို့ တန်းစီနေသူများ။ (အောက်တိုဘာ ၃၀၊ ၂၀၂၀)
အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် Oklahoma မှာ ကြိုတင်မဲပေးဖို့ တန်းစီနေသူများ။ (အောက်တိုဘာ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ ၃ ရက်နေ့ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ဥရောပက OSCE (Organization for Security and Cooperation in Europe) အဖွဲ့က စောင့်ကြည့်လေ့လာမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ကိုဦးဆောင်တဲ့ Ursula Gacek က အခု ၂၀၂၀ ရွေးကောက်ပွဲဟာ အရင် OSCE က စောင့်ကြည့် လေ့လာခဲ့တဲ့ ရွေးကောက်ပွဲ ၉ ခုနဲ့ ကွာခြားမှာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ OSCE အဖွဲ့ဝင် တနိုင်ငံဖြစ်ပြီး သက္ကရာဇ် ၂၀၀၀ အမေရိကန် သမ္မတရွေးကောက်ပွဲ နောက်ပိုင်းကစပြီး အမေရိကန်အစိုးရရဲ့ ဖိတ်ခေါ်မှုနဲ့ ဥရောပစောင့်ကြည့်လေ့လာသူတွေ လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ မဖြစ်ပွားခင်က စောင့်ကြည့်လေ့လာသူ ၅၀၀ စေလွှတ်ဖို့ စီစဉ်ထားပေမယ့် အခု ကပ်ရောဂါဒဏ် ခံခဲ့ရတဲ့နောက်မှာ အယောက် ၃၀ ပဲ စေလွှတ်ဖို့ စီစဉ်ခဲ့တယ်လို့လည်း Gacek က ပြောပါတယ်။ သူတို့အဖွဲ့ဟာ အောက်တိုဘာလ အစောပိုင်းကတည်းက အမေရိကန်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဟာ အင်္ဂါနေ့မှာ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် စနေနေ့မှာ ရီပတ်ဘလစ်ကန်ပါတီက သမ္မတ Trump နဲ့ သူ့ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက Joe Biden တို့ဟာ သူတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိတဲ့ ပြည်နယ်တွေမှာ အပြိုင်မဲဆွယ်နေကြပါတယ်။ သမ္မတ Trump က စနေနေ့မှာ ပန်ဆယ်လ်ဗေးနီးယားကို သွားရောက်နေသလို ဒုသမ္မတဟောင်း Joe Biden ကလည်း မီရှီဂန်ပြည်နယ်မှာ မဲဆွယ်နေတာ ဖြစ်ပါတယ်။

မဲဆွယ်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် သမ္မတဟောင်း Barack Obama နဲ့အတူ စနေနေ့မှာ မီရှိဂန်ပြည်နယ်က Flint နဲ့ Detroit မြို့တွေမှာ ပြုလုပ်တဲ့ပွဲတွေမှာ မဲဆွယ်ခဲ့တာပါ။

သမ္မတ Trump ကတော့ ၂၀၁၆ တုန်းက ကပ်ပြီးနိုင်ခဲ့တဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ် တလွှားက မြို့တွေမှာ လူထုစုဝေးပွဲ ၄ ခု ကျင်းပပြီး မဲဆွယ်နေတာ ဖြစ်ပါတယ်။

သောကြာနေ့ကတော့ သူတို့ ၂ ဦးစလုံးဟာ အနောက်အလယ်ပိုင်းက ပြည်နယ်တွေမှာ မဲဆွယ်ခဲ့ကြပါတယ်။ သမ္မတ Trump က မီရှီဂန်၊ မင်နီဆိုးတားနဲ့ ဝစ္စကွန်ဆင်ပြည်နယ်တွေကို သွားရောက်ခဲ့သလို Joe Biden ကတော့ မင်နီဆိုးတား၊ ဝစ္စကွန်ဆင်နဲ့ အိုင်အိုဝါပြည်နယ်တွေကို သွားရောက်ခဲ့တာပါ။

စနေနေ့ နေ့လယ်အထိဆို အမေရိကန်နိုင်ငံမှာ ကြိုတင်မဲပေးခဲ့သူပေါင်းက သန်း ၉၀ ရှိနေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)










XS
SM
MD
LG