သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြိတ်အနယ်ယှဉ်ရမယ့် ပြည်နယ်တွေ Trump နဲ့ Biden အဓိကစည်းရုံး


အပြိုင်အဆိုင် မဲဆွယ်နေကြတဲ့ သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden. (အောက်တိုဘာ ၃၁၊ ၂၀၂၀)
အပြိုင်အဆိုင် မဲဆွယ်နေကြတဲ့ သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden. (အောက်တိုဘာ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

မနက်ဖြန် အင်္ဂါနေ့ဆိုရင် အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်လို့ ရီပတ်ဘလစ်ကန်ပါတီက သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိတဲ့ ပြည်နယ်တွေမှာ အပြိုင် မဲဆွယ်နေကြပါတယ်။

သမ္မတ Trump ကတော့ ၅ ပြည်နယ် စည်းရုံးရေးခရီးစဉ်အဖြစ် မစ်ရှီဂန်ပြည်နယ်က စတင်ပြီး အိုင်အိုဝါ၊ မြောက်ကာရိုလိုင်းနား၊ ဂျော်ဂျီယာနဲ့ ဖလော်ရီဒါ ပြည်နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပခင် လူထုစုဝေးပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။ မစ်ရှီဂန်ပြည်နယ်ဟာ ၂၀၁၆ ရွေးကောက်ပွဲတုန်းက ပြိုင်ဘက် Hillary Clinton ကို မမျှော်လင့်ဘဲ မဲ ၁၁,၀၀၀ တောင် မပြည့်တဲ့ အသာနဲ့ သမ္မတ Trump အနိုင်ရခဲ့တဲ့ ပြည်နယ်ပါ။

မစ်ရှီဂန်၊ ဝစ္စကွန်ဆင်နဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ် သုံးပြည်နယ်ဟာ အစဉ်အလာအားဖြင့် ဒီမိုကရက်တွေ အခိုင်အမာရှိတဲ့ ပြည်နယ်တွေဖြစ်ပေမယ့် ၂၀၁၆ တုန်းက သမ္မတ Trump က ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden ကတော့ မနက်ဖြန်ရွေးကောက်ပွဲမှာ ဒီပြည်နယ်သုံးခုကို သူ အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။

လူထုစစ်တမ်းတွေမှာလည်း Joe Biden ကပဲ လူထုထောက်ခံမှု ပိုရနေတယ်လို့ ဖော်ပြကြပါတယ်။

အရင် ၂၀၁၆ တုန်းက Hillary Clinton နိုင်ခဲ့တဲ့ ပြည်နယ်တွေအားလုံးမှာ Joe Biden နိုင်ဖို့ ရှေ့ကပြေးနေတယ်လို့ လူထုစစ်တမ်းတွေမှာ ဖော်ပြတာကြောင့် မစ်ရှီဂန်၊ ဝစ္စကွန်ဆင်နဲ့ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်သုံးခုမှာပါ ထပ်နိုင်မယ်ဆိုရင် Joe Biden အတွက် သမ္မတရွေးကောက်ပွဲ အနိုင်ရဖို့ လမ်းပွင့်သွားစေနိုင်ပါတယ်။

သမ္မတ Trump ရဲ့ နိုင်ငံရေးအနာဂတ်ကို အဓိက ဆုံးဖြတ်ပေးနိုင်တဲ့ ပြည်နယ်တွေလည်း ဖြစ်နေပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden လည်း ပန်ဆယ်လ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့မှာ သူ့ကိုထောက်ခံတဲ့ လူထုကို မဲဆွယ်မိန့်ခွန်း ပြောကြားပါတယ်။ စနေနေ့တုန်းကတော့ မစ်ရှီဂန်ပြည်နယ် ဒက်ထရွိုက်မြို့မှာ ကျင်းပတဲ့ မဲဆွယ်ပွဲမှာ သမ္မတဟောင်း Barack Obama လည်း Joe Biden အတွက် လိုက်ပါ မဲဆွယ်စည်းရုံးပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)










XS
SM
MD
LG