သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက် သမ္မတ သက်တမ်း ၄နှစ်အတွက် Trump နဲ့ Biden ဘယ်သူ ဖြစ်မလဲ


(Zawgyi/Unicode)

အခု အင်္ဂါနေ့မှာ အမေရိကန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။

သန်းနဲ့ချီတဲ့ အမေရိကန်နိုင်ငံသားတွေ မဲရုံတွေမှာ မဲသွားပေးကြတော့မှာမို့ ဘယ်သူ့ကို ပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေ သူတို့ိကို မဲပေးလာအောင် ရီပတ်ဘလစ်ကင် ပါတီက သမ္မတဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်ကိုဟာ တနင်္လာနေ့မှာလည်း အပြိုင်မဲဆွယ်နေကြပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ် ခံနေရတာကြောင့် ကြိုတင်မဲ ပေးခဲ့သူက အခုဆို ၉ ၇ သန်း ကျော်နေပြီဖြစ်ပြီး ဒါဟာ ၂၀၁၆ က ဒီမိုကရက်တစ်ပါတီက Hillary Clinton ကို မမျှော်လင့်ပဲ သမ္မတထရမ့် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲပေးသူ ၁၃၉ သန်းနီးပါးနဲ့ ယှဉ်ရင် အခုကြိုတင်မဲ ပေးခဲ့သူက သုံးပုံ ၂ ပုံ ကျော်နေတာဖြစ်ပါတယ်။

စာတိုက်ကမဲပေးသူတွေနဲ့ မဲရုံတွေမှာ ကြိုတင်မဲလာထည့်သူတွေ ကို ရေတွက်ရာမှာ ပြည်နယ် တခုနဲ့ တခု လုပ်ဆောင်ပုံကွာခြားတဲ့ အတွက် ဘယ်သူ အနိုင်ရမယ် ဆိုတာကို မဲပေးပြီးချိန်မှာ ချက်ချင်းတော့ သိနိုင်ဦးမှာ မဟုတ်ပါဘူး။

သမ္မတထရမ့်ရော ပြိုင်ဘက် ဂျိုးဘိုင်ဒန်ပါ လာမယ့် ၄ နှစ်အတွက် နိုင်ငံကို ဘယ်သူခေါင်းဆောင် သင့်တယ်ဆိုတာကို ပြင်းပြင်းထန်ထန်ပြောကြားကြရင်း အပြိုင်မဲဆွယ်ခဲ့ကြတာ ဖြစ်သလို ၂ ဖက် ထောက်ခံသူတွေကြားမှာလည်း တင်းမာမှုတွေရှိခဲ့ပါတယ်။
သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့် အချိန်မှာ သမ္မတထရမ့်ဟာ အသက် ၇၄ နှစ်ရှိမှာ ဖြစ်သလို ဂျိုးဘိုင်ဒင်ကလည်း ၇၈ ရှိမှာ ဖြစ်တဲ့ အတွက် ဘယ်သူပဲ နိုင်နိုင်၊ အနို်င်ရသူဟာ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး ခေါင်းဆောင် ဖြစ်လာမှာပါ။

ဒီရွေးကောက်ပွဲကနေ တချိန်ထည်းမှာပဲ အောက်လွှတ်တော် အတွက် အမတ်နေရာ အားလုံးဖြစ်တဲ့ ၄၃၅ နေရာနဲ့ အထက်လွှတ်တော် အမတ်နေရာ ၁၀၀ ထဲက ၃၅ နေရာကို မဲဆန္ဒရှင်တွေက ရွေးချယ်ပေးကြမှာဖြစ်ပါတယ်။

နောက် သမ္မတ သက်တမ်း ၄နှစ်အတွက် Trump နဲ့ Biden ဘယ်သူ ဖြစ်မလဲ
please wait

No media source currently available

0:00 0:01:42 0:00
တိုက်ရိုက် လင့်ခ်


..............

နောကျ သမ်မတ သကျတမျး ၄နှဈအတှကျ Trump နဲ့ Biden ဘယျသူ ဖွဈမလဲ
(Unicode)








XS
SM
MD
LG